News @ M-Media

Blog

  • ဘောလုံးကွင်းအတွင်း ဦးခေါင်း ထိခိုက်မှုနှင့် ပတ်သက်၍ ဖီဖာမှ လေ့လာမှုများပြုလုပ်မည်

    ဘောလုံးကွင်းအတွင်း ဦးခေါင်း ထိခိုက်မှုနှင့် ပတ်သက်၍ ဖီဖာမှ လေ့လာမှုများပြုလုပ်မည်

    သြဂုတ် ၁၅ ၊ ၂၀၁၄
    M-Media
    436173_heroa
    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအနေဖြင့် ဘောလုံးပွဲများတွင် ဦးခေါင်းထိခိုက်မှုများ၊ သတိလစ်မေ့မြော ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ စုံစမ်းလေ့လာမှုများကို ပြုလုပ်နေသည်ဟု သိရသည်။

    မကြာမီက ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကစားသမားအချို့မှာ ဦးခေါင်း၌ ထိခိုက်မှုများဖြစ်ပွားခဲ့ပြီး သတိလစ်မေ့မြောမှုများ ရှိခဲ့သည်။ ထိုကစားသမားများထဲတွင် မာရှေရာနို၊ အလ်ဗာရို ပီရီရာနှင့် ခရစ္စတို့ဖ် ကရ်မာတို့ကဲ့သို့ ထိပ်တန်း ကစားသမားများလည်း ပါဝင်သည်။

    ထိုအဖြစ်အပျက်များကြောင့် ဖီဖာမှာ ဝေဖန်မှုများကို ခံခဲ့ရပြီးနောက် ထိုပြဿနာအတွက် ပိုမိုနားလည်နိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။

    “ကာကွယ်တားဆီးရေး ဆောင်ရွက်ခြင်းနဲ့ ဘောလုံးသမားတွေရဲ့ ဦးခေါင်းဒဏ်ရာအတွက် အသင့်လျော်ဆုံး ဆေးဝါးကုသမှုပေးဖို့ အရေးကြီးပါတယ်။ ဒီကိစ္စအတွက် ဖီဖာဟာ ဇူးဇစ်မြို့ ဆေးရုံနှစ်ခုက သုတေသနပညာရှင်တွေနဲ့အတူ ပူးပေါင်ပြီး ပရောဂျက်တစ်ခု ဆောင်ရွက်နေသလို၊ ဦးခေါင်းဒဏ်ရာရသွားတဲ့ ကစားသမားတစ်ဦး အချိန်ဘယ်လောက်ကြာကြာနားပြီး ဘောလုံးကွင်းထဲ ပြန်ဝင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ ဆုံးဖြတ်ဖို့ လိုအပ်တဲ့ ကနဦး ဆောင်ရွက်ချက်တွေကိုလည်း သတ်မှတ်ပြီးပါပြီ” ဟု ဖီဖာမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ လေ့လာမှုများကို ဖီဖာဆေးအဖွဲ့အကြီးအကဲ ဒေါက်တာ ဂျီရီ ဒီဗိုရက်က ကြီးကြပ်နေပြီး၊ ဦးခေါင်းထိခိုက်သွားသည့် ကစားသမားအနေဖြင့် အနည်းဆုံး ၂၄ နာရီအတွင်း ထိုဒဏ်ရအား စမ်းသပ်စစ်ဆေးကာ သင့်လျော်သော ဆေးကုသမှု ပြုလုပ်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။

    ဘောလုံးကစားသမားများ ဦးခေါင်းထိခိုက်ခြင်းနှင့်ပတ်သက်၍ လိုအပ်သော ဆောင်ရွက်မှုများကို ယခုနှစ် ဘောလုံးရာသီမှစတင်ကာ ဆောင်ရွက်သွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြီးခဲ့သည် သီတင်းပတ်တွင် ကြေညာခဲ့သည်။

  • ပြင်သစ်ကွင်းလယ်လူ ရီဘာရီ လက်ရွေးစင်ကစားသမားဘ၀မှ အနားယူပြီ

    ပြင်သစ်ကွင်းလယ်လူ ရီဘာရီ လက်ရွေးစင်ကစားသမားဘ၀မှ အနားယူပြီ

    သြဂုတ် ၁၄၊ ၂၀၁၄
    M-Media

    391193_heroa– ပြင်သစ်အသင်း၏ အဓိက ကွင်းလယ်လူ ရီဘာရီက ၎င်းမှာ နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူခဲ့ပြီဟု ကြေညာခဲ့သည်။

    ၂၀၀၆ ခုနှစ်ကတည်းက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သည့် ရီဘာရီမှာ ပြင်သစ်အသင်းနှင့်အတူ ဆုဖလား ၈၂ ခုရရှိခဲ့ပြီး ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် နောက်ကျောဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

    “အချိန်ကျပြီဆိုတာ ကျွန်တော်သိခဲ့ပါယ်။ ကျွန်တော့်ရဲ့ မိသားစုနဲ့ ဘိုင်ယန်အသင်းအတွက် နှစ်မြှုပ်ထားချင်ပါတယ်။ ပြီးတော့ ခြေစွမ်းကောင်းတဲ့ လူငယ်ကစားသမားတွေ အတွက်လည်း နေရာပေးချင်ပါတယ်။ အခုအချိန်ဟာ တစ်ခြားကစားသမားတွေကို ရှေ့ထွက်လာဖို့ အချိန်ပါပဲ။ အတက်အကျတွေ အများကြီးရှိခဲ့ပေမယ့် ကျွန်တော့်ဘ၀ စာမျက်နှာသစ်ဖွင့် အချိန်ကတော့ ရောက်လာခဲ့ပါပြီ” ဟု ရီဘာရီက Kicker သို့ ပြောကြားခဲ့သည်။

    ရီဘာရီမှာ ပြင်သစ်ကွင်းလယ်တွင် အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

  • ဂါဇာရှိ စာသင်ကျောင်းများ သြဂုတ်နှောင်းပိုင်းတွင် ပြန်ဖွင့်မည်၊ အပစ်ရပ်ရေး ထပ်မံ၍ ၅ ရက် သက်တမ်းတိုး

    ဂါဇာရှိ စာသင်ကျောင်းများ သြဂုတ်နှောင်းပိုင်းတွင် ပြန်ဖွင့်မည်၊ အပစ်ရပ်ရေး ထပ်မံ၍ ၅ ရက် သက်တမ်းတိုး

    သြဂုတ် ၁၄၊ ၂၀၁၄
    M-Media
    _76504209_76501624
    – အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ များပြားနေသည့် ဂါဇာကမ်းမြှောင်ဒေသတွင် စာသင်ကျောင်းများကို သြဂုတ်လ ၂၄ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဟု ပညာရေးနှင့် အဆင့်မြင့်ပညာ ၀န်ကြီး ခွာလာ အလ်-ရှက်ဆဲလ်ဟီရ်က ပြောကြားခဲ့သည်။

    ဂါဇာနှင့် အနောက်ဘက်ကမ်းခြေတို့ရှိ ပညာရေးနှင့် အဆင့်မြင့်ပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ဗီဒီယိုညီလာခံပြုလုပ်ခဲ့ပြီး၊ ဂါဇာဒေသရှိ ပညာရေးဝန်ထမ်းများအား အကြံဥာဏ်များ ပေးအပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချတ် ချခဲ့ခြင်းဖြစ်သည်ဟု အလ်-ရှက်ဆဲလ်ဟီရ်က ဆိုသည်။ ပညာရေးဝန်ထမ်းများအတွက်မူ ကျောင်းများကို သြဂုတ်လ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

    ကျောင်းဖွင့်ရာသီစတင်ရန်နှင့် အထက်တန်းကျောင်းသားများအတွက် ဒုတိယအကျော့ စာမေးပွဲများပြုလုပ်ရန် အတွက် အစီအစဉ်များကို နည်းပညာနှင့် စီမံခန့်ခွဲရေး ကော်မတီများက ပြလုပ် သွားမည်ဖြစ်ပြီး ရက်အတိအကျကိုမူ မကြာမီ ကြေညာဖွယ်ရှိနေသည်။

    အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့သည့် စာသင်ကျောင်းများအား ပြင်ဆင်မွမ်းမံခြင်း၊ စာရေးကိရိယာပစ္စည်းများ၊ ပြဌာန်းစာအုပ်များ ထောက်ပံ့ခြင်းတို့ကို ၀န်ကြီးဌာနက ပြုလုပ် သွားမည်ဖြစ်ပြီး ကျောင်းသားများ၊ ဆရာများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအတွက် စာရိတ္တပိုင်းဆိုင်ရာ ကူညီမှုများကိုလည်း ဆောင်ရွက် သွားမည်ဟု ပညာရေးဝန်ကြီးက ဆိုသည်။

    ထို့ပြင် စစ်ပွဲကြောင့် စိတ်ဒဏ်ရာရရှိနေသူ ကျောင်းသားများအတွက် အထူးလေ့ကျင့်ထားသည့် ပညာရှင်များက စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပေးအပ် သွားမည်ဖြစ်သည်။ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများကြောင့် ဂါဇာပြည်သူ သန်းဝက်ခန့်မှာ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရပြီး ၂သိန်းခွဲခန့်မှာ ကုလ၏ စာသင်ကျောင်းများတွင် ခိုလှုံနေရသူများဖြစ်သည်။

    အင်္ဂါနေ့က စတင်ခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း ကိုယ်စားလှယ်များမှာ ကိုင်ရိုတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၅ ရပ်ထပ်မံ၍ အပစ်ရပ်ရေး ယမန်နေ့က သဘောတူညီခဲ့ကြသည်။

    ref_Middle East Monitor

  • ဘာလီတွင် အမေရိကန် အမျိုးသမီး အလောင်း ခရီးဆောင်သေတ္တာထဲ၌တွေ့ ၊ သမီးဖြစ်သူနှင့် ၄င်း၏ ချစ်သူကို ဖမ်းဆီးထား

    ဘာလီတွင် အမေရိကန် အမျိုးသမီး အလောင်း ခရီးဆောင်သေတ္တာထဲ၌တွေ့ ၊ သမီးဖြစ်သူနှင့် ၄င်း၏ ချစ်သူကို ဖမ်းဆီးထား

    သြဂုတ် ၁၄၊ ၂၀၁၄
    M-Media
    140813124149-bali-suitcase-story-body– အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ တက္ကစီတစ်စီး၏ ကားနောက်ခန်းတွင် ခရီးဆောင် သေတ္တာဖြင့် ထည့်ထားသည့် အမေရိကန်အမျိုးသမီး၏ အလောင်း တစ်ခုကို အင်္ဂါနေ့က တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    သေဆုံးသူမှာ အသက် ၆၂ နှစ်အရွယ်ရှိ ရှီလာ ဗွန် ဝေစီ မက် ဆိုသူဖြစ်ပြီး ရိုက်နှက်ဒဏ်ရာအများအပြားဖြင့် သေဆုံးနေခြင်းဖြစ်ကာ အလောင်းကို အိပ်ယာခင်းများဖြင့် ထုတ်ပိုးထားခြင်းဖြစ်သည်။

    တက္ကဆီဒရိုက်ဘာကမူ လူငယ် စုံတွဲနှစ်ဦးမှာ အဆိုပါ ခရီးဆောင်အိတ်ဖြင့် ၎င်း၏ ကားကို ငှားစီးခဲ့ပြီးနောက် ကြယ်ငါးပွင့် ဟိုတယ်တစ်ခုနား အရောက်တွင် တက္ကဆီခ ပေးရန်အတွက် အခြားတစ်ဦးကို သွားရောက် ခေါ်ဆောင်မည်ဟု ဆိုကာ ဆင်းသွားခဲ့ကြောင်း၊ ၂ နာရီကျော် ကြာသည်အထိ ပြန်လည် ရောက်ရှိလာခြင်း မရှိသောကြောင့် ဟိုတယ်ရှိ လုံခြုံရေးများကို ခေါ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

    ကားနောက်ခန်းရှိ အဆိုပါသေတ္တာအား မသင်္ကာသောကြောင့် ဟိုတယ်လုံခြုံရေးများက ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပြီး လာရောက်ဖွင့်ကြည့်ရာမှ ယခုကဲ့သို့ အလောင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ထို့ပြင် သွေးများစွန်းပေနေသည့် တာဝါများထည့်ထားသော သေတ္တာငယ်နှစ်ခုကိုလည်း St. Regis Bali အပန်းဖြေစခန်းရှိ ပန်းခြံတွင် ထပ်မံတွေ့ရှိခဲ့ရသည်။

    နောက်ပိုင်းတွင် ဝေစီမက်၏ ၁၉ နှစ်အရွယ် သမီးဖြစ်သူနှင့် ၂၁ နှစ်အရွယ် ၎င်း၏ ချစ်သူတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မေးမြန်ရာ မိမိတို့မှာ လက်နက်ကိုင် အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မိခင်ဖြစ်သူမှာ အသတ်ခံခဲ့ရကာ မိမိတို့နှစ်ဦးက လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    သို့သော်လည်း ၎င်းတို့နှစ်ဦးအား ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဘာလီ ရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ref_CNN

  • သင်္ချာ နိုဘယ်လ်ဆုကို အမျိုးသမီးထဲတွင် ပထမဆုံးအဖြစ် အီရန်နွယ်ဖွား အမျိုးသမီး ဆွတ်ခူး

    သင်္ချာ နိုဘယ်လ်ဆုကို အမျိုးသမီးထဲတွင် ပထမဆုံးအဖြစ် အီရန်နွယ်ဖွား အမျိုးသမီး ဆွတ်ခူး

    သြဂုတ် ၁၄၊ ၂၀၁၄
    M-Media
    Fields Medal winner Maryam Mirzakhani
    – နိုင်ငံတကာ သင်္ချာပညာရှင်များ အစည်းအရုံးမှ ချီးမြှင့်သည့် သင်္ချာပညာရဲ့ နိုဘဲလ်ဆုအဖြစ် တန်းတူသတ်မှတ်ထားတဲ့ သင်္ချာဘာသာရပ်ဆိုင်ရာအမြင့်ဆုံး Fields Medal ဆုကို အီရန်နွယ်ဖွား အမျိုးသမီး မရ်ယမ် မီရ်ဇာခါနီက ဆွတ်ခူးရှိခဲ့သည်ဟု သိရသည်။

    အသက် ၃၇ နှစ်အရွယ်ရှိ မီရ်ဇာခါနီမှာ အီရန်တွင် မွေးဖွားပြီး အင်္ဂလန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ Ph.D ဘွဲ့ကို ရရှိခဲ့ကာ လက်ရှိတွင် ကယ်လီဖိုးနီးယားရှိ  စတန်းဖို့ဒ် တက္ကသိုလ်၌ သင်္ချာပါမောက္ခအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး  Fields Medal ဆုကို ပထမဆုံး ရရှိသော အမျိုးသမီးဖြစ်လာခဲ့သည်။

    ဆုချီးမြှင့်ပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး ဆုတံဆိပ်နှင့်အတူ မီရ်ဇာခါနီမှာ ဆုကြေးငွေ ပေါင် ၈ထောင် ရရှိခဲ့သည်။ Fields Medal ဆုမှာ သင်္ချာပညာရပ်နယ်ပယ်တွင် နိုဘယ်ဆုကဲ့သို့ ကျော်ကြားသည့် အမြင့်ဆုံး ဆုတံဆိပ်လည်း ဖြစ်သည်။

    Fields Medal ဆုကို ၁၉၃၆ ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ချီးမြှင့်ခြင်းဖြစ်ပြီး ယခင် ဆုရရှိခဲ့ဘူးသူ ပညာရှင်ပေါင်း ၅၂ ဦးစလုံးမှာ အမျိုးသားများ ချည်းသာ ဖြစ်သည်။

    ယခုနှစ်တွင် မီရ်ဇာခါနီနှင့်အတူ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ သင်္ချာပညာရှင် သုံးဦးတို့က အဆိုပါဆုကို ရရှိခဲ့သည်။

    ငယ်စဉ်အခါက စာပေဘက်တွင် ၀ါသနာတ၏ထုံပြီး အကိုတစ်ဦး၏ ဥာဏ်စမ်းတစ်ခုကြောင့် သင်္ချာပညာရပ်ကို စိတ်ဝင်စားလာခဲ့သူ မီရ်ဇာခါနီက မိမိအနေဖြင် ယခုကဲ့သို့ ဆုရရှိခြင်းကြောင့် သင်္ချာပညာရှင် အမျိုးသမီးများအတွက် အားဖြစ်စေပြီး၊ အမျိုးသမီးဆုရှင်များ ထပ်မံပေါ်ထွက်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    The Guardian