News @ M-Media
Blog
  • မန်ယူမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ကလပ်အသင်းဟု နည်းပြသစ်ဗန်ဂါးလ်ပြော
    ဇူလိုင် ၁၉ ၊ ၂၀၁၄
    M-Media
    433919_heroa
    – မန်ချက်စတာယူနိုက်တက်အသင်းမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ကလပ်အသင်းဖြစ်သည်ဟု နည်းပြသစ် ဗန်ဂါးလ်က ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
    ဗန်ဂါးလ်မှာ ဗုဒ္ဓဟူးနေ့က မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီး နည်းပြတာဝန်ထမ်းဆောင်ခဲ့ကာ ကြာသာပတေးနေ့ တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည် ယခုလက်ရှိ မန်ယူအသင်းတွင် အလျင်အမြန်ဆောင်ရွက်ရမည့် အရာများရှိကြောင်းကို သိရှိသည်ဟုလည်း ၎င်းက ဆိုသည်။
    “ကမ္ဘာတစ်ဝှမ်း ဘယ်လောက် လူကြိုက်များတယ်ဆိုတဲ့ အကြောင်းကြောင့်ဆိုရင်တော့ ဒီအသင်းဟာ အကြီးကျယ်ဆုံး အသင်းပါ။ ဒါပေမယ့် အားကစားမှာ ဘယ်တော့မှ ထိပ်ဆုံးရောက်နေတဲ့ အသင်းမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က (ပရီးမီးယားလိဂ်မှာ) ကျွန်တော်တို့ အဆင့် ၇ ချိတ်ခဲ့ပါတယ်။ ကျွန်တော်တို့ အကြီးကျယ်ဆုံး အသင်းမဖြစ်ခဲ့ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ၎င်း၏ ပထမဆုံးရာသီတွင် အသင်းအား မည်သည့်နည်းဖြင့် ကိုင်တွယ် သွားမည်ကို မပြောခဲ့ဘဲ၊ မိမိအနေဖြင့် အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကစားသမားများ မိမိ၏ ပုံစံနှင့် အံဝင်ခွင်ကျဖြစ်ရန် အတွက်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဗန်ဂါလ်မှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်အသင်းတို့ကို ယခင်က ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
    “စပိန်မှာနံပါတ် ၁ အသင်းဖြစ်တဲ့ ဘာစီလိုနာ၊ ဟော်လန်မှာ နံပါတ် ၁ ဖြစ်တဲ့ အေဂျက်စ်နဲ့ ဂျာမနီမှာ အကြီးဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျွန်တော် နည်းပြခဲ့ဖူးပါတယ်။ အခုတော့ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးအသင်းမှာ ကျွန်တော်ရောက်နေပါပြီ”
    နည်းပြမိုယက်စ် ထွက်ခွာသွားခဲ့ပြီးနောက် ဗန်ဂါလ်အား ပြီးခဲ့သည့်မေလက မန်ယူအသင်းမှ စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး လက်ထောက် နည်းပြအဖြစ် မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်က ဆောင်ရွက်သွားမည်ဖြစ်သည်။
  • မက္ကဟ်ရှိ ကအ်ဗာပရဝုဏ် အတွင်း ၅ မိုင်ခွဲ အကွာမှကြားနိုင်မည့် အရည်အသွေးမြင့် စပီကာ ၄၀၀၀ တပ်ဆင်
    ဇူလိုင် ၁၉ ၊ ၂၀၁၄
    M-Media
    grand mosque_0
    – ရမ်ဇာန်ဥပုသ်လနှင့် ဟဂ်ျကာလတို့တွင် မွတ်စလင်ထောင်းပေါင်းများစွာ လာရောက်၍ ဘာသာရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ထိပ်တန်းအသံအရည်အသွေးရှိသည့် စပီကာ ၄၀၀၀ ကျော်ကို ကအ်ဗာကျောင်းတော် ပရ၀ုဏ်အတွင်း တိုးချဲ့တပ်ဆင်လိုက်သည်ဟု သိရသည်။
    “စပီကာတွေကို လူသွားလမ်းတွေနဲ့ ရင်ပြင်တွေမှာ တပ်ဆင်ထားပြီးပါပြီ။ ၆၅၆ လုံးကို ရမ်ဇာန်လအတွင်းမှာ စုပေါင်းဝတ်ပြုဖို့ အသစ်ဖွင့်လှစ်လိုက်တဲ့ အထပ်တွေမှာ တပ်ဆင်ထားပါတယ်” ဟု ကအ်ဗာကျောင်တော် စီမံခန့်ခွဲရေး ဒါရိုက်တာဖြစ်သူ ဖါရက်စ် အလ် ဆအက်ဒီက ပြောကြားခဲ့သည်။
    အဆိုပါစပီကာများကို နည်းပညာကော်မတီက ကမ္ဘာပေါ်ရှိ အရည်အသွေး အကောင်းဆုံးများထဲမှ ရွေးချယ် ခဲ့ခြင်းဖြစ်ပြီး ရှေ့ဆောင်ဆရာတော်၏ ဦးဆောင် ၀တ်ပြုမှုကို မီတာ ၉၀၀၀ (၅.၅၆ မိုင်) အကွာအဝေးမှပင် ကြားနိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါ စပီကာများမှာ wind-proof အမျိုးအစားများဖြစ်ပြီး ရာသီဥတု ဆိုးရွားသည့်အခါမျိုးတွင်ပင် အသံများကို ကြည်လင်ပြတ်သားစွာ နားထောင်နိုင်မည်ဖြစ်သည်။
    မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သည့် မက္ကာနာရီစင်တွင်လည်း အဆိုပါ စပီကာများကို တပ်ဆင်ထားပြီး ၇ ကီလိုမီတာအကွာအဝေးအထိ ရောက်ရှိနိုင်မည်ဖြစ်ကာ ၀တ်ပြုသူများ၏ အခက်အခဲကို ပြေလည်စေမည်ဖြစ်သည်။ ထို့ပြင် ၀တ်ပြုချိန်များကိုဖော်ပြပေးသည့် အားကောင်းသော အစိမ်းရောင်နှင့် အဖြူရောင် မီးများကိုလည်း ထိုနာရီစင်ပေါ်တွင် တပ်ဆင်ထားကာ ကီလိုမီတာ ၃၀ အကွာမှပင် မြင်တွေ့နိုင်သည်။
    အစ္စလာမ်ဘာာဝင်များမှာ တစ်နေ့လျှင် ၅ ကြိမ်ဝတ်ပြုရပြီး ကအ်ဗအ်ကျောင်းတော် ပရ၀ုဏ်အတွင်းတွင် ၀တ်ပြုချိန်များ၌ လူထောင်းပေါင်းမျာစွာရှိကာ ဟဂ်ျဘုရားဖူးကာလတွင် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ လာရောက်ကြသောကြောင့် နေ့စဉ် ၀တ်ပြုသူ သန်းနှင့်ချီ၍ ရှိလေသည်။
    Ref: Arab News
  • ဗိုလ်ချုပ်အောင်ဆန်းအား အမြဲသတိရနေသည့် ဘာဘူကြီး တစ်ဦး (ဓါတ်ပုံ)
    ဇူလိုင် ၁၉ ၊၂၀၁၄
    M-Media
    Photo viaBaydar Lam
    “ဗိုလ်ချုပ်အောင်ဆန်းအား အမြဲသတိရနေသည့် ဘာဘူကြီးတစ်ဥင်္ိးမှ နို့စားနွားမ အပါအဝင် နွားငါးကောင်ကို ဒေါ်ခင်ကြည်သို့ လှုဒါန်းနေပုံ”
    ၁၅.၇.၁၉၇၀ နေ့ထုတ် အိုးဝေ ဂျာနယ်မှ
    10462972_696376203767010_4041142397123212741_n
  • (၆၇) နှစ်မြောက် အာဇာနည်နေ့နှင့် ကျွန်ုပ်၏ အတွေး
    ဇူလိုင် ၁၉ ၊၂၀၁၄
    M-Media
    .မောင်သမာဓိ
    19_July_14_2014-07-19_20.45.41
    ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြပါရှိသော ရွှေတိဂုံ အလယ်ပစ္စယံတွင်ဟောသော ဝံသာနု ရက္ခိတ တရားနဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမ များမှာ ပြောခဲ့သော လွတ်လပ်ရေးရဲ့ အဓိပွါယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်းဆန်းရဲ့ မိန်းခွန်းတွေကို ဖတ်ပြီးနောက် ကျွန်ုပ် နားလည်သလို ပြောဆို ပါတော့ မည်။
    (၁) နေ့ခင်းကြောင်တောင် ကျူးလွန်သော တရားခံများကို မမိခြင်း။
    မြန်မာနိုင်ငံမှာ အရှိန်မသေသေးတဲ့ လူမျိုးရေး ဘာသာရေး ပိဋပက္ခတွေရဲ့ နောက်ကွယ်မှ ကြိုးကိုင် သူများကို ဖေါ်ထုတ်၊ အရေးယူမယ်လို့ သမ္မတ ဦးသိန်းစိန် အကြိမ်ကြိမ် ပြောခဲ့ဘူးသော်လည်း ယနေ့တိုင် တရားခံ ရှာလို့ မတွေ့သေးပါ။
    (၂) အကြမ်းဖက်သမားများသည် ဥပဒေ အားလုံး၏ အထက်တွင် ရှိနေခြင်း။
    အထိကရုံးဖြစ်တိုင်း အကြမ်းဖက် အုပ်စုနှင့် ဦးဆောင်သူများသည် လုံခြုံရေးချထားသော ရဲများ ရှေ့ မှောက်တွင် ပေါ်ပေါ်ထင်ထင် အဖျက်လုပ်ငန်းများကို ဦးစီးကွပ်ကဲခွင့်၊ ပြုလုပ်ခွင့် ရှိသည်အထိ ဥပဒေ အထက် တွင် ရှိနေကြရုံမက တာဝန်ရှိသူများက အကာအကွယ် မပေးသည့်အပြင် အကြမ်းဖက်ခံ သားကောင် (Victims) များကို မိမိတို့ နေအိမ်များမှ ကြိုတင် စွန့်ခွာပေးကြရန် ပြောကြား တိုက်တွန်းမှုများ ရှိခဲ့ပါသည်။
    (၃) စနစ်ကကျ လေ့ကျင့်ထားသူများ ဖြစ်နေခြင်း။
    အကြမ်းဖက် သမားများသည် လိုအပ်ချိန်တွင် တပြိုင်နက် စုပြုံရောက်လာအောင် ဆက်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး မြန်ဆန်ကောင်းမွန် ရုံမျှမက၊ မလိုအပ်ချိန်တွင် စနစ်တကျ တပ်ဖျောက်နိုင်အောင် စနစ်ကျ လေ့ကျင့်ပေးထားသူ စစ်ချီ၊ စစ်တက် တတ်ကျွမ်းသူများ ဖြစ်နေသည်ဟု မျက်မြင်သက်သေများက ထွက်ဆိုကြ ပါသည်။
    (၄) အုပ်ချုပ်သူများတွင် မှားခွင့်ရှိသော်လည်း ပြည်သူများတွင် ဥပဒေမဲ့ တုန့်ပြန်ခွင့်မရှိခြင်း။
    လစဉ်ပြောကြားသော ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီပြုပြင်ရေး ခရီးစဉ်တွင် အမှားများကို လုပ်ခွင့်ပေးပြီး ကိုယ့်အမှား ကိုယ်ပြင်စေသည့် နည်းလမ်းဖြင့် အုပ်ချုပ်သူ လုပ်ဖေါ်ကိုင်ဖက်များကို လက်တွဲခေါ်ယူပြီး၊ ပြည်သူများကိုမူ အကြမ်းဖက်သမား၏ ရန်ကို ဥပဒေမဲ့ မတုန့်ပြန်ရန်တိုက်တွန်း ပြောကြားခဲ့ပါသည်။
    (၅) ဒို့ဗိုလ်ချုပ်ကို ဆန့်ကျင်သူများဖြစ်နေခြင်း။
    ဗိုလ်ချုပ်ပြောသော ဝံသာနုရက္ခိတ တရားနှင့် လွတ်လပ်ရေး၏ အဓိပွါယ်တို့ဖြင့် ဆန့်ကျင် ကွဲလွဲစွာ တစ်မျိုး သားလုံး ကောင်းစားရေးဟု ကြွေးကြော် လုပ်ဆောင် နေသူ များသည် အခြားနိုင်ငံသားများ၏ အကျိုး စီးပွားကို ကမ္ဘာ့မီဒီယာများရှေ့တွင် မျက်ဝါးထင်ထင် ဖျက်ဆီးနေကြပါသည်။
    (၆) ကျွန်ုပ်တို့၏ ဘုံရန်သူ။
    ထို့ကြောင့် ဗိုလ်ချုပ်၏ သမိုင်းကို ဖျောက်ရန် ကြိုးစားအားထုတ်ခဲ့ဘူးသော၊ ဗိုလ်ချုပ်၏ မိန့်ခွန်းများကို ထိန်ချန်ထားခဲ့သော အုပ်စုနှင့် ဗိုလ်ချုပ်၏ လမ်းညွှန် ချက်များကို ဆန့်ကျင်စွာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ များကို လက်တွေ့ လုပ်ဆောင်နေသူများ သည် အုပ်စုတစ်ခုတည်း ဖြစ်ရုံ မျှမက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများလည်း တဖန် ဖြစ်နေပြန်သောကြောင့် ကျွန်ုပ်တို့ တိုင်းပြည်၏ ဘုံရန်သူ များပင် ဖြစ်ကြောင်း ကျွန်ုပ်နားလည်သလို ပြောဆိုလိုက် ပါသည်။
    မောင်သမာဓိ
    ၁၉ ဇူလိုင် ၂၀၁၄
  • ကြေးမုံသတင်းစာတွင် အာဇာနည် ခေါင်းဆောင်ကြီးများပုံ မျက်နှာဖုံးအပြည့် ဖော်ပြ
    ဇူလိုင် ၁၉ ၊ ၂၀၁၄
    M-Media
    .သီဟ
    Book 58.indb
    ယနေ့ တွင် ကြရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့တွင် အစိုးရ သတင်းစာ တစ်စောင်ဖြစ်သည့် ကြေးမုံ သတင်းစာတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဓါတ်ပုံဖြင့် မျက်နှာဖုံး အပြည့်ဖော်ပြထားတာကို ထူးခြားချက်အနေဖြင့် တွေ့ရှိရပါတယ်။
    စစ်အစိုးရ လက်ထက် ယခုကဲ့သို့ ဖော်ပြခဲ့မှု များ မရှိသလောက်ပါ။
    ရန်ကုန်မြို့တွင် အာဇာနည်နေ့ ကားဟွန်းမတီးရန် ကြေညာချက်များ ထုတ်ခဲ့ပါတယ်။ အာဇာနည်နေ့ ကျင်းပမည့် တရက် အလိုတွင် မီသတ်ဌာနမှ မီးသတ်ကားများ ဥသြဆွဲပြိး ဂုဏ်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များမှ အမိန့်ထုတ်ပြန်ကြောင်း သတင်းများမှာ ဖော်ပြပါတယ်။  ယနေ့ အာဇာနည်ခေါင်းဆောင်ကြိးများ ကျဆုံးသည့် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်နှင့် မန္တလေးမြို့တွေမှာ ကားဟွန်းတီးပြီး ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရပါတယ်။