News @ M-Media

မက္ကဟ်ရှိ ကအ်ဗာပရဝုဏ် အတွင်း ၅ မိုင်ခွဲ အကွာမှကြားနိုင်မည့် အရည်အသွေးမြင့် စပီကာ ၄၀၀၀ တပ်ဆင်

ဇူလိုင် ၁၉ ၊ ၂၀၁၄
M-Media
ဝတ်ပြုမှုများကို အလွန်ဝေးကွာသည့်နေရာများမှ အလွယ်တစ်ကူ ကြားနိုင်ရန်အတွက် အရည်အသွေးမြင့် စပီကာ ၄၀၀၀ ကျော်ကို ကအ်ဗာ ပရ၀ုဏ်အတွင်း တိုးချဲ့တပ်ဆင်

grand mosque_0

– ရမ်ဇာန်ဥပုသ်လနှင့် ဟဂ်ျကာလတို့တွင် မွတ်စလင်ထောင်းပေါင်းများစွာ လာရောက်၍ ဘာသာရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ထိပ်တန်းအသံအရည်အသွေးရှိသည့် စပီကာ ၄၀၀၀ ကျော်ကို ကအ်ဗာကျောင်းတော် ပရ၀ုဏ်အတွင်း တိုးချဲ့တပ်ဆင်လိုက်သည်ဟု သိရသည်။

“စပီကာတွေကို လူသွားလမ်းတွေနဲ့ ရင်ပြင်တွေမှာ တပ်ဆင်ထားပြီးပါပြီ။ ၆၅၆ လုံးကို ရမ်ဇာန်လအတွင်းမှာ စုပေါင်းဝတ်ပြုဖို့ အသစ်ဖွင့်လှစ်လိုက်တဲ့ အထပ်တွေမှာ တပ်ဆင်ထားပါတယ်” ဟု ကအ်ဗာကျောင်တော် စီမံခန့်ခွဲရေး ဒါရိုက်တာဖြစ်သူ ဖါရက်စ် အလ် ဆအက်ဒီက ပြောကြားခဲ့သည်။

အဆိုပါစပီကာများကို နည်းပညာကော်မတီက ကမ္ဘာပေါ်ရှိ အရည်အသွေး အကောင်းဆုံးများထဲမှ ရွေးချယ် ခဲ့ခြင်းဖြစ်ပြီး ရှေ့ဆောင်ဆရာတော်၏ ဦးဆောင် ၀တ်ပြုမှုကို မီတာ ၉၀၀၀ (၅.၅၆ မိုင်) အကွာအဝေးမှပင် ကြားနိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါ စပီကာများမှာ wind-proof အမျိုးအစားများဖြစ်ပြီး ရာသီဥတု ဆိုးရွားသည့်အခါမျိုးတွင်ပင် အသံများကို ကြည်လင်ပြတ်သားစွာ နားထောင်နိုင်မည်ဖြစ်သည်။

မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သည့် မက္ကာနာရီစင်တွင်လည်း အဆိုပါ စပီကာများကို တပ်ဆင်ထားပြီး ၇ ကီလိုမီတာအကွာအဝေးအထိ ရောက်ရှိနိုင်မည်ဖြစ်ကာ ၀တ်ပြုသူများ၏ အခက်အခဲကို ပြေလည်စေမည်ဖြစ်သည်။ ထို့ပြင် ၀တ်ပြုချိန်များကိုဖော်ပြပေးသည့် အားကောင်းသော အစိမ်းရောင်နှင့် အဖြူရောင် မီးများကိုလည်း ထိုနာရီစင်ပေါ်တွင် တပ်ဆင်ထားကာ ကီလိုမီတာ ၃၀ အကွာမှပင် မြင်တွေ့နိုင်သည်။

အစ္စလာမ်ဘာာဝင်များမှာ တစ်နေ့လျှင် ၅ ကြိမ်ဝတ်ပြုရပြီး ကအ်ဗအ်ကျောင်းတော် ပရ၀ုဏ်အတွင်းတွင် ၀တ်ပြုချိန်များ၌ လူထောင်းပေါင်းမျာစွာရှိကာ ဟဂ်ျဘုရားဖူးကာလတွင် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ လာရောက်ကြသောကြောင့် နေ့စဉ် ၀တ်ပြုသူ သန်းနှင့်ချီ၍ ရှိလေသည်။

Ref: Arab News

Comments

Leave a Reply