News @ M-Media

Blog

  • ဂါဇာကို ဗုံးကျဲမှု ဆန့်ကျင်သောအားဖြင့် အစ္စရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးခြင်း ချီလီရပ်ဆိုင်း

    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    Bss5zvTCUAAs_eK.jpg large
    – ဂါဇာကမ်းခြေရှိ ပါလက်စတိုင်းပြည်သူများအပေါ် ဗုံးကြဲနေမှုအား ဆန့်ကျင်သောအားဖြင့် အစ္စရေးနှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် ဆွေးနွေးမှုကို ချီလီနိုင်ငံက ရပ်ဆိုင်းခဲ့ပြီး တလ်အဗီးရှိ သံအမတ်ကိုလည်း ပြန်လည်ခေါ်ယူရန် စဉ်းစားနေသည်ဟု သိရသည်။

    ချီလီ-ပါလက်စတိုင်း ပါလီမန်အဖွဲ့က Hispan TV သို့ပြောကြားရာတွင် ၎င်းတို့မှာ နိုင်ငံခြားရေးဝန်ကြီး ဟီရာလ်ဒို မူနော့ဇ်နှင့် တွေဆုံပြီးခဲ့ပြီး အစ္စရေးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ရှုတ်ချရန် ချီလီအစိုးရက ကြိုးပမ်းသွားမည်ဟုဆိုသည်။

    ပါလက်စတိုင်းနွယ်ဖွား ချီလီပါလီမန်အမတ်များမှာ တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး ဂါဇာဒေသရှိ လုပ်ရပ်များနှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် အစ္စရေးအား ပိုမိုပြင်းထန်စွာ ဆန့်ကျင်ရန် တောင်းဆိုခဲ့ကြသည်။

    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်သွားခဲ့ပြီးနောက် ချီလီအစိုးရက မဆိုင်းမတွ အရေးယူမှုများပြုလုပ်ရန် အခြားသော ပါလီမန်အမတ်များကလည်း တောင်းဆိုခဲ့ကြသည်။ ဂါဇာအား ကျူးကျော်မှုအတွက် ပါလက်စတိုင်းနွယ်ဖွား အများစုရှိသည့် ချီလီမှာ နှုတ်ဆိတ်မနေခဲ့ဘဲ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ချီလီအစိုးရမှာ အစ္စရေး၏ ကျူးကျော်မှုအား ရှုတ်ချခဲ့သည်။

    ပါလက်စတိုင်းများကို ဆက်ဆံရာတွင် နိုင်ငံတကာဥပဒေများအား ချိုးဖောက်မှုကို တုံ့ပြန်သောအနေဖြင့် အစ္စရေးအား သပိတ်မှောက်ရန် ချီလီနိုင်ငံမှ တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှုမှာ အခြားသောနိုင်ငံများမှာလည်း ထိုကဲ့သို့ပြုလုပ်ရန် လမ်းဖွင့်ပေးခြင်းလည်း ဖြစ်လာမည်ဖြစ်သည်။

    Ref: Worldbulletin

  • ရုရှား- ယူကရိန်း နယ်စပ်မှာ ပျက်ကျသွားတဲ့ မလေးရှားလေယာဉ် ပစ်ချခံရတာလို့ ယူကရိန်းပြော

    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media

    MH17
    ခရီးသည် ၂၈၀ နှင့် လေယာဉ် အမှုထမ်း ၁၅ ဦးလိုက်ပါလာသည့် မလေးရှားလေကြောင်းလိုင်းမှ MH17 ဘိုးရင်း 777 လေယာဉ် တစင်း ယူကရိန်းနှင့် ရုရှားနိုင်ငံ နယ်စပ်ရှိ လေပိုင်နက်မှာ ပျက်ကျခဲ့တာဟာ ခွဲထွက်ရေးသမားတွေက ပစ်ချခဲ့တာ ဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီရဲ့ အကြံပေးက ပြောကြားလိုက်ကြောင်း အေဂျင်စီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

    အမြင့်ပေ ၃ သောင်း ၃ထောင်မှာ ပျံသန်းလာတဲ့ မလေးရှား လေယာဉ်ဟာ ခွဲထွက်ရေးသူပုန်တွေ ပစ်လွှတ်တဲ့ ဒုံးကျည် ထိမှန်ပြီး ပျက်ကျသွားကြောင်း ကို ယူကရိန်းပြည်ထဲေ၇း ဝန်ကြီးအကြံပေးက ပြောကြားခဲ့တာပါ။

    လေယာဉ်ပျက်ခဲ့တဲ့ နယ်မြေဟာ ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေးလက်နက်ပိုင်တပ်များနှင့် ယူကရိန်း အစိုးရ တပ်များ တိုက်ပွဲ ဖြစ်ပွားနေရာ ဒေသအတွင်းမှာ ဖြစ်ကြောင်းသိရပါတယ်။

    လေယာဉ်ပေါ်လိုက်ပါလာတဲ့ လူ ၂၉၅ ဦးစလုံးသေဆုံးသွားပြီလို့လဲ ရိုက်တာရဲ့ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဲ့ မလေးရှား MH 17 လေယာဉ်ဟာ အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပါတယ်။

  • ယူကရိန်း- ရုရှား နယ်စပ်တွင် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ပျက်ကျ

    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media

    screen shot 2014-07-17 at 11.17.50 am
    ခရီးသည် ၂၈၀ နှင့် လေယာဉ် အမှုထမ်း ၁၅ ဦးလိုက်ပါလာသည့် မလေးရှားလေကြောင်းလိုင်းမှ MH17 ဘိုးရင်း 777 လေယာဉ် တစင်း ယူကရိန်းနှင့် ရုရှားနိုင်ငံ နယ်စပ်ရှိ လေပိုင်နက်မှာ ပျက်ကျခဲ့ကြောင်းသိရပါတယ်။

    လေယာဉ်ပျက်ခဲ့တဲ့ နယ်မြေဟာ ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေး လက်နက်ကိုင်တပ်များနှင့် ယူကရိန်း အစိုးရ တပ်များ တိုက်ပွဲ ဖြစ်ပွားနေရာ ဒေသအတွင်းမှာ ဖြစ်ကြောင်းသိရပါတယ်။

    ပျက်ကျခဲ့တဲ့ မလေးရှား MH 17 လေယာဉ်ဟာ အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာစဉ် မတော်တဆမှုဖြစ်ပွားခဲ့တာပါ။

    ပျက်ကျရတဲ့ အကြောင်းအရင်းကို မသိရှိရသေးပါ။

    Ref: The Star Online

  • ဆွာရက်ဇ်မရှိသော်လည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်ဟု လီဗာပူးလ်နည်းပြရော်ဂျာဆို

    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    1268140-27354483-2560-1440
    – လူးဝစ်ဇ်ဆွာရက်စ်အား ဘာစီလိုနာအသင်းသို့ ရောင်းချခဲ့သော်လည်း မိမိတို့အသင်းမှာ လာမည့်ရာသီ ပရီးမီးယားလိဂ်အား စိန်ခေါ်နိုင်လိမ့်မည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။

    ဆွာရက်ဇ်အား ဘာစီလိုနာအသင်းသို့ ပေါင် သန်း ၇၀ ဖြင့် ရောင်းချခဲ့သည်ဆိုသည့် သတင်းအား ပြီးခဲ့သည့်သောကြောနေ့တွင် လီဗာပူးလ်က အတည်ပြုခဲ့ပြီး၊ ရော်ဂျာမှာလည်း ဆွာရက်ဇ်၏ နေရာအား ဖြည့်တင်းရန်အတွက် ဆောက်သက်တမ်အသင်းမှ အဒမ်လာလနာနှင့် ရစ်ကီလမ်ဘာ့တ်၊ လေဗာကူဆင် အလယ်တန်းကစားသမား အမ်မရီ ကန်နှင့် ဘင်ဖီကာ တောင်ပံကစားသမား လာဇာ မာကိုဗစ်တို့အား ခေါ်ယူရန် ပစ်မှတ်ထားနေသည်။

    “ဆွာရက်ဇ်ကိုရောင်းလိုက်တာဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို အားနည်းစေမှာ မဟုတ်ပါဘူး။ အသင်းအတွက် သူရဲ့ကူညီမှုတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားမှာဖြစ်ပြီး သင့်လျော်တဲ့ကစားသမားတွေကို ရှာဖွေသွားမှာဖြစ်ပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဆွာရက်ဇ်၏ ခြေစွမ်းပြမှုနှင့်အတူ လီဗာပူးလ်အသင်းမှာ ယမန်နှစ် ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲနိုင်သည့်အထိဖြစ်ခဲ့သော်လည်း ရာသီသိမ်းကာနီး ခြေချော်ခဲ့မှုကြောင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

    ရော်ဂျာကမူ ယခုနှစ်တွင် ပရီးမိးယားလိဂ် အသင်းများမှာ တောင့်တင်းလာပြီး ပြိုင်ဆိုင်မှုပြင်းထန်လာမည်ကို သိရှိကြောင်း၊ မိမိတို့အသင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

  • ဂါဇာအား အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှု ၁၀ ရက်ရှိပြီ၊ အပစ်ရပ်ရေး မသေချာသေး

    ဇူလိုင် ၁၇ ၊ ၂၀၁၄
    M-Media
    201471374633384734_20
    – ဂါဇာဒေသအား ကျူးကျော်တိုက်ခိုက်မှုများ အဆုံးသတ်ရန် အီဂျစ်မှကမ်းလှမ်းသည့် လုံးဝအပစ်ရပ်ရေးအား အစ္စရေးက စဉ်းစားနေသည်ဆိုသော သတင်းများမှ ဟုတ်မှန်ခြင်း မရှိဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး လီဘာမန်က ငြင်းဆိုလိုက်သည်။

    ဂါဇာဒေသတွင် ပိတ်မိနေသည့် ပါလက်စတိုင်းများအား လူသားချင်းစာနာသည့် အကူအညီများပေးရန်အတွက် ကုလမှ ကြားဝင်စေ့စပ်ပေးသည့် ၅ နာရီကြာ အပစ်ရပ်ရေးမှာ ဂင်းနစ်စံတော်ချိန် ယနေ့ နေ့လည် ၁၂ နာရီတွင် ပြီးဆုံးခဲ့ပြီး မနက်ဖြန် မနက်ပိုင်းမှ စတင်ကာ လုံးဝ အပစ်ရပ်ရန် အီဂျစ်၏ ကမ်းလှမ်းမှုအား အစ္စရေးက စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း သံတမန်များနှင့် တွေ့ဆုံစဉ် အစ္စရေးနိုင်ငံခြားရေး ၀န်ကြီး လီဘာမန်က ၎င်းမှာ ၀န်ကြီးချုပ်နေတန်ယာဟုနှင့်တွေ့ခဲ့ပြီး အပစ်ရပ်ရေး သတင်းမှာ မမှန်ကြောင်း ပြောကြားခဲ့သည်။

    ဖာတာအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အဇာ အလ်-အဟ်မဒ်ကလည်း ယခုအချိန်အထိ မည်သည့် သဘောတူညီချက်နှင့် မည်သည့်ဆက်သွယ်မှုမှ မရှိသေးဟု ပြောကြားခဲ့သည်။

    ဂါဇာအား အစ္စရေးက လေကြောင်းမှတိုက်ခိုက်နေမှုမှာ ၁၀ ရက်တာ ကြာမြင့်လာခဲ့ပြီး ယခုအချိန်အထိ သေဆုံးသူ ၂၃၁ ဦးရှိလာကာ အများစုမှာ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ ဒဏ်ရာရရှိသူများလည်း အနည်းဆုံး ၁၇၀၀ ခန့်ရှိပြီး ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။

    Al Jazeera and agencies