ဇူလိုင် ၁၇ ၊ ၂၀၁၄
M-Media
ခရီးသည် ၂၈၀ နှင့် လေယာဉ် အမှုထမ်း ၁၅ ဦးလိုက်ပါလာသည့် မလေးရှားလေကြောင်းလိုင်းမှ MH17 ဘိုးရင်း 777 လေယာဉ် တစင်း ယူကရိန်းနှင့် ရုရှားနိုင်ငံ နယ်စပ်ရှိ လေပိုင်နက်မှာ ပျက်ကျခဲ့ကြောင်းသိရပါတယ်။
လေယာဉ်ပျက်ခဲ့တဲ့ နယ်မြေဟာ ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေး လက်နက်ကိုင်တပ်များနှင့် ယူကရိန်း အစိုးရ တပ်များ တိုက်ပွဲ ဖြစ်ပွားနေရာ ဒေသအတွင်းမှာ ဖြစ်ကြောင်းသိရပါတယ်။
ပျက်ကျခဲ့တဲ့ မလေးရှား MH 17 လေယာဉ်ဟာ အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာစဉ် မတော်တဆမှုဖြစ်ပွားခဲ့တာပါ။
ပျက်ကျရတဲ့ အကြောင်းအရင်းကို မသိရှိရသေးပါ။
Ref: The Star Online
Leave a Reply
You must be logged in to post a comment.