News @ M-Media

Blog

  • ဇနီးဖြစ်သူမှ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် ဓါတ်ပုံ Share ခဲ့မှု ဦးရဲထွဋ်တောင်းပန်၊

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    .ဝေယံ

    ဇနီးဖြစ်သူမှ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် ဓါတ်ပုံ Share ခဲ့မှု ဦးရဲထွဋ်တောင်းပန်၊ 

    U Ye Htut Wife
    အမျိုးသားဒီမိုကရေ အဖွဲ့ချူပ် ဥက္ကဌ နှင့် ပြည်သူလွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ စော်ကား တိုက်ခိုက်ထားသည့် ဓါတ်ပုံပါ ပိုစ်တခုကို ပြန်ကြားရေး ဒုဝန်ကြီး နှင့် နိုင်ငံတော်သမ္မတရဲ့ တဦးတည်းသော ပြောေ၇း ဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးရဲထွဋ်၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာထွန်းမှ ၄င်း၏ Facebook စာမျက်နှာမှာ ထပ်ဆင့်မျှဝေခဲ့ပါတယ်။

    အဆိုပါ လုပ်ရပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ထောက်ခံသူများ အကြား ဝေဖန်ပြစ်တင်မှုတွေ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီးနောက် ဒေါ်ခင်စန္ဒာထွန်းမှ ၄င်း Facebook စာမျက်နှာကို ပိတ်ထားခဲ့ကြောင်းတွေ့ရပါတယ်။

    အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဒုဝန်ကြီး ဦးရဲထွဋ်မှ ၄င်း၏ ကိုယ်ပိုင် Facebook စာမျက်နှာထပ်မှာ တရားဝင်တောင်းပန်လိုက်ပါတယ်။

    U_Ye_Htut

    တောင်းပန်စာတွင် ၄င်းရဲ့ ဇနီးဖြစ်သူ လုပ်ရပ်ကို ဝန်ခံခဲ့ပြီး အဆိုပါလုပ်ရပ်ဟာ သူလက်ခံထားတဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူများ လိုက်နာရမယ့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက်တွေ မဖြစ်ရဘူးဆိုတဲ့ ကျင့်ဝတ်နဲ့ လွဲချော်နေကြောင်း ဝန်ခံခဲ့တာကိုတွေ့ရပါတယ်။

    ဒါအပြင် သူဇနီးရဲ့ လုပ်ဆောင်ချက်ဟာ ဒီမိုကရေတစ်စံနှုန်းတွေနဲ့ပါ လွဲချော်နေတဲ့အတွက် ချက်ခြင်း ဖျက်ခိုင်းခဲ့ကြောင်းကို ထည့်သွင်းရေးသားထားပါတယ်။

    ဦးရဲထွဋ်မှ အများလိုက်နာတဲ့ စံနှုန်းတွေကို သူမိသားစုအပေါ်ကို အိမ်ထောင်ဦးစီး တယောက် အနေနဲ့  ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ဝန်ခံပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုး ထောက်ခံသူများနဲ့ သူရဲ့ စာဖတ်ပရိတ်သတ်ကို တောင်းပန်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။

    အလားတူ ဒေါ်ခင်စန္ဒာထွန်းမှာ ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်ပြီး အမုန်းပွားစေမည့် ပိုစ်များကိုလဲ ထပ်ဆင့်မျှဝေခဲ့တာကို တွေ့ရရှိရပါတယ်။

    တည်ဆဲ အီလက်ထရေနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄ တွင် အဖွဲအစည်းတခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောတစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့) ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ထားမှုများကို ဖြန်ချိခြင်းများ ပြုလုပ်ပါက အရေးယူခြင်းခံရမည်ဟု ပြဌာန်းထားပါတယ်။

  • ဆီးရီးယားရွေးကောက်ပွဲ လက်ရှိသမ္မတ အာဆတ် အပြတ်အသတ်အနိုင်ရရှိ

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    201464232750674734_20
    – ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘာရှာ အလ်-အာဆတ်က မဲအရေအတွက် ၈၈.၇ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    အာဆတ်၏ ပြိုင်ဘက်နှစ်ဦးဖြစ်သည့် ဟာဆန် အလ်-နူရီနှင့် မဟာ ဟာဂျာရ်တို့မှာ မဲအရေအတွက် ၄.၃ ရာခိုင်နှုန်းနှင့် ၃.၂ ရာခိုင်နှုန်းအသီးသီး ရှိခဲ့ကြသည်။ ယခုကဲ့သို့ အနိုင်ရရှိမှုကြောင့် အာဆတ်မှာ တိုင်းပြည်အား ၇ နှစ် ထပ်မံ၍ အုပ်ချုပ်ခွင့်ရရှိမည်ဖြစ်သည်။

    အဆိုပါရွေးကောက်ပွဲတွင် အတိုက်အခံဘက်မှ သမ္မတလောင်းများမပါဝင်ဘဲ အစိုးရတပ်များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်သာပြုလုပ်ခဲ့ပြီး မဲပေးသူ အရေအတွက် ၇၃.၄၂ ရာခိုင်နှုန်းရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

    သူပုန်များနှင့် အနောက်နိုင်ငံများကမူ ထိုရွေးကောက်ပွဲအား ရှုတ်ချခဲ့ပြီး သူပုန်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ အိုမာရ် အဘူလီလာကမူ ၎င်းတို့အနေဖြင့် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies

  • ယူကရိန်းအရေး G 7 နိုင်ငံများ ယမန်နေ့က တွေ့ဆုံ၊ ရုရှားအား ပိတ်ဆို့မှုအသစ်များ ပြုလုပ်သွားမည်ဟုဆို

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    20146545537527734_20
    – ယူကရိန်းအရေး ရုရှား၏ စွက်ဖက်မှုနှင့်ပတ်သက်၍ အမေရိကန် အပါအ၀င် G 7 နိုင်ငံများမှာ ယမန်နေ့က ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ပူတင်အနေဖြင့် ယူကရိန်းနယ်စပ်တွင် ချထားသည့် ၎င်း၏တပ်များကို ရုပ်သိမ်းပြီး နိုင်ငံအရှေ့ပိုင်းတွင် ရှိနေသည့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား ရပ်တန့်ပစ်ရမည်ဟု အဆိုပါ အစည်းအဝေးက ဆိုသည်။

    “ယူကရိန်းအရှေ့ပိုင်းဒေသကို မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ လုပ်ရပ်တွေဟာ လက်မခံနိုင်စရာဖြစ်ပြီး ဒါတွေကို ရပ်တန့်ရပါမယ်။ သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေပါတယ်” ဟု အစည်းအဝေးပြီးနောက် G 7 အဖွဲ့မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်  ဖော်ပြထားသည်။

    သို့သော်လည်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်ကမူ ယူကရိန်းအခြေအနေ တိုးတက်မှု မရှိမှသာလျှင် ပိတ်ဆို့မှု အသစ်များကို ပြုလုပ် သွားမည်ဟု ပြောကြားခဲ့သည်။

    ရုရှားသမ္မတ ပူတင်ကမူ ၎င်းအနေဖြင့် ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကို၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့နှင့် တွေ့ဆုံက ယူကရိန်း အရေး ဆွေးနွေးချင်သည်ဟု ပြောကြားထားသည်။

    Ref: Al Jazeera and agencie

  • ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်နှင့် ၀န်ကြီးဟောင်းအချို့ ပိုင်ဆိုင်မှုများကို စစ်ဆေးခံရမည်

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    69d9fb7132ef0f011d4af106f9c27bd0
    – ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ပိုင်ဆိုင်သည့် ပစ္စည်းများအား စစ်ဆေးရန်အတွက် ကော်မတီတစ်ခုဖွဲ့စည်းရန် ထိုင်းအမျိုးသား ချစားမှုတိုက်ဖျက်ရေး ကော်မရှင် NACC က ယနေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှု၌ လယ်သမားများဆီမှ စပါးဝယ်ယူမှု အစီအစဉ်တွင် ပါဝင်ခဲ့သည့် ၀န်ကြီးဟောင်းများဖြစ်သော ကုန်သွယ်ရေးဝန်ကြီးများ၊ လက်ထောက် ၀န်ကြီးများလည်း ပါဝင်မည်ဖြစ်ပြီး စပါးဝယ်ယူမှု အစီအစဉ်မှ ပုံမှန်မဟုတ်သည့် ငွေကြေးပိုင်ဆိုင်မှုများကို စုဆောင်းထားခြင်း ရှိမရှိ စစ်ဆေး သွားရန်ဖြစ်သည်ဟု ကော်မရှင်၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

    ယင်းလပ်၏ ကတ်ဘိနတ်အဖွဲ့ဟောင်းတွင် ပါဝင်သူများမှာ ဇွန်လ ၅ ရက်နေ့မှ စတင်ကာ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို NACC သို့ ပြသရမည်ဖြစ်ပြီး စစ်ဆေးမှု ရလဒ်များကို ဇူလိုင်လ အစောပိုင်းတွင် ထုတ်ပြန်သွားရန် NACC က စီစဉ်ထားသည်။

    ယင်းလပ်မှာ အာဏာအလွဲသုံးစားလုပ်သည်ဟူသော စွဲချက်ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ မေလ ၇ ရက်နေ့တွင် ၀န်ကြီးချုပ်ရာထူးအား စွန်လွှတ်ခဲ့ရသည်။ ထိုင်းနိုင်ငံတွင် လက်ရှိအချိန်အထိ စစ်တပ်က အုပ်ချုပ်နေပြီး စောစာပိုင်းက ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်ကိုလည်း အချို့နေရာများတွင် လျှော့ပေါ့ပေးထားသည်။

    ဆင်ဟွာ

  • အန်ဖီးလ်ကွင်းအား တိုးချဲ့မည့်အစီအစဉ် လီဗာပူးလ်ထုတ်ပြန်

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    400286_heroa
    – အန်ဖီးလ်ကွင်းအား ပရိတ်သတ် ၅၈၈၀၀ ကြည့်ရှုနိုင်မည့် ကွင်းကြီးဖြစ်လာစေရန် တိုးချဲ့ပြင်ဆင်မည့် အစီအစဉ်တစ်ရပ်ကို လီဗာပူးလ်အသင်းက ထုတ်ပြန် ခဲ့သည်ဟု သိရသည်။

    အဆိုပါ ပြင်ဆင်တိုးချဲ့မည့်အစီအစဉ်အား လီဗာပူးလ်မြို့တော်ကောင်စီသို့ ယမန်နေ့က တင်ထားပြီး ခွင့်ပြုမိန့်ကျပါက အဓိကပွဲကြည့်စင်တွင် ထိုင်ခုံ ၈၅၀၀ နှင့် အန်ဖီးလ်လမ်းရှိ ပွဲကြည့်စင်တွင် ထိုင်ခုံ ၄၈၀၀ တိုးချဲ့သွားမည်ဖြစ်ဟု အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ကွင်းတိုးချဲ့မှုကို ၂၀၁၆-၁၇ ဘောလုံးရာသီ အမှီ ပြုလုပ်သွားမည်ဖြစ်သည်။

    အန်ဖီးလ်ကွင်းကို လီဗာပူးလ်ဘောလုံးအသင်း စတင် တည်ထောင်သည့် ၁၈၉၂ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပရိတ်သတ် ၄ သောင်း ၅ ထောင်ကျော် ၀င်ဆံ့ကာ အင်္ဂလန်တွင် သတ္တမမြောက် အကြီးဆုံး ဘောလုံးကွင်းဖြစ်သည်။