News @ M-Media

Blog

  • တာလီဘန် အကျဉ်းသား ၅ ဦးနှင့် အမေရိကန် အကျဉ်းသား ၁ ဦး လှဲလှယ်

    ဇွန် ၁ ၊ ၂၀၁၄
    M-Media

    တာလီဘန်နှင့် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ဖြင့် တစ်ဦးတည်းသော အမေရိကန်စစ်သား လွတ်မြောက်လာ

    US soldier freed in Taliban prisoner swap

    – တာလီဘန်တို့၏ ဖမ်းဆီးခြင်းကို ခံထားရသည့် တစ်ဦးတည်းသော အမေရိကန်စစ်သားတစ်ဦးမှာ တာလီဘန်-အမေရိကန် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

    ကာတာအစိုးရက ကြားဝင်စေ့စပ်ပေးသောကြောင့် ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် တပ်ကြပ် ဘာ့ဂ်ဒါလ်မှာ လွတ်မြောက်လာခဲ့သည်။ ၎င်းအား ယမန်နေ့ညနေက အာဖဂန်အရှေ့ပိုင်းတွင် အမေရိကန်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဘာ့ဂ်ဒါလ်မှာ ကျန်းမာရေးကောင်းမွန်ပြီး အာဖဂန်ရှိ အမေရိကန် လေတပ်စခန်းတွင် ဆေးစစ်ခဲ့ပြီးနောက် ဂျာမနီရှိ အမေရိကန် စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု အမေရိကန်စစ်တပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    201453120505964734_20
    အမေရိကန်ကလည်း ဆိုးရွားစွာ ညှင်းပမ်းနှိပ်စက်မှုများ ရှိနေသည်ဟု သတင်းထွက်နေသည့် ဂွာတာနာမိုအကျဉ်းစခန်းမှ တာလီဘန် အကြီးတန်း အဖွဲ့ဝင် ၅ ဦးကို C-17 လေယာဉ်ဖြင့် ကာတာသို့ ပို့ဆောင်ပေးခဲ့သည်။ တာလီဘန် အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ၎င်းတို့ဘက်မှ အကျဉ်သားလွှတ်ပေးမှုမှာ ၀မ်းမြောက်ခြင်းကို ယူဆောင်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အမေရိကန်ကမူ ၎င်းတို့၏ အကျဉ်းသား လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သော ကာတာ အစိုးရအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    Al Jazeera and agencies
  • ဘင်္ဂလား နဲ့ မြန်မာ စစ်ဖြစ်ဖို့ဆိုတာ ဒီအချက်တွေကြောင့် မဖြစ်နိုင်ဘူး

    ဇွန် ၁ ၊ ၂၀၁၄
    M-Media
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်
    bangladesh and myanmar
    မြန်မာနဲ့ ဘင်္ဂလား စစ်ဖြစ်ဖို့ ဖိန့်လုံးတွေ လှိမ့်လုံးတွေ နဲ့ လုပ်နေသူတွေအတွက် တစ်ခုေ တာ့ ပြောချင်တယ်။ ခင်ဗျားတို့ ဖိန့်နေသလို ဗမာနဲ့ ဘင်္ဂလား စစ်ဘယ်တော့မှ ဖြစ် မှာ မ ဟုတ်ဘူး။ ဒီမေးခွန်းမေးတဲ့ သူတွေကသာ အဟုတ်ထင်ယုံချင်ယုံ။ ကျူပ်တော့မယုံဘူး။ ဒီတော့ ဘင်္ဂလားနဲ့ စစ်ဖြစ်ရင် ဘယ် ဖက်ပါမလဲ ဆိုတဲ့ ပေါတောတော မေးခွန်းတွေ မေးတဲ့သူတွေ နဲ့ ဖြေတဲ့ သူတွေ အကုန် လုံး ကို အံ့သြမိပါတယ် လို့ပဲ တင်စားချီးမွှမ်းချင်တယ်။

    ၁။ တရုတ်ကြီးက သူ့ရဲ့ မဟာဗျူဟာမြောက် အိန္ဒိယသမုဒ္ဓရာ မိန်းထွက်ပေါက်ဖြစ်တဲ့ ရခိုင် နယ် စပ် လိုနေရာမှာ ဘယ်တော့မှ စစ်အဖြစ်ခံမှာ မဟုတ်ဘူး။ သူကိုယ်တိုင်က အိန္ဒိယကို ၀ိုင်းပတ် ပိတ်ဆို့ထားရေး မဟာပုလဲသွယ်ဆိုတဲ့ စီမံကိန်းတစ်ခုရှိတယ်။ ဒါကို လုပ်နေဆဲ သာ ဖြစ်ပြီး လက်စသတ်ဖို့က အများကြိး ပြင်ဆင်နေရဆဲ ကာလမှာ ဒီစီမံကိန်းအ တွက် အ သုံးတော်ခံတွေ ဖြစ်တဲ့ ဘင်္ဂလားရော၊ မြန်မာမှာပါ ကြီးကျယ်တဲ့ စစ်ရေး ပဋိပက္ခ တွေကို ခွင့်ြ ပုဖို့ မရှိဘူး။

    ဘင်္ဂလားရော၊ မြန်မာရော နှစ်နိုင်ငံစ လုံးက တရုတ်ပြည်ကြီးက သေဆိုသေ ရှင်ဆိုရှင် ကြိုက် သလို အမိန့်ပေးနိုင်တဲ့ အနေအထားမှာ အခု ရောက်နေတယ်။

    ၂။ မြန်မာရော ဘင်္ဂလားရော နှစ်နိုင်ငံစလုံးကလည်း လုံးဝ စစ်အဖြစ်ခံမှာ မဟုတ်ဘူး။ ဘာ လို့လည်း ဆိုတော့ သူတို့နှစ်နိုင်ငံစလုံး ရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဘင်္ဂလားပင်လယ်ေ အာ် ထဲက အဓိက ပြောရရင် သဘာဝ ဓါတ်ငွေ့သိုက် တွေက ရကာစ မြိုးမြိုးမြတ်မြတ် အကျိုး အ မြတ် အဖူးအငုံလေးတွေ ကို အထိခံမှာ မဟုတ်ဘူး။

    ဒီကဏ္ဍတွေမှာ တကယ်တမ်းရင်းနှီးမြုပ်နှံ ထားကြတာက နိုင်ငံတကာ က ကုမ္ပဏီကြီးတွေ၊ပါ။ အခုလို အလှုပ်အရှားလေး ဖြစ်သွားတာ လောက် နဲ့တင်ကို ဒီကုမ္ပဏီကြီးတွေရဲ့ စတော့ ရှယ် ယာဈေးကွက် အနေအထားတွေမှာ ထိခိုက် မှုလေးတွေ ရှိလာတယ်။ ဒီကုမ္ပဏီ ကြီးတွေက ဒီနှ စ်နိုင်ငံ အစိုးရ အပေါ်မှာ ရှိထား တဲ့ သြဇာအရှိန်အ၀ါဟာလည်း အမေရိကန် ၊ တရုတ် တို့ ထက် မလျော့ဘူး။ ဒါ့ကြောင့် လည်း စစ်ဖြစ် ဖို့ ဆိုတာ ဟာသသက်သက်ပဲ။

    ၃။ လက်ရှိ အိန္ဒိယ မှာ အသစ်စက်စက် အာဏာရလာတဲ့ ဘာရတီယာ ဂျနာတာ ပါတီ အနေနဲ့ ကတော့ စစ်ဖြစ်ချင် ဖြစ်ပါစေ ဆိုတဲ့ ဆန္ဒရှိမှာ အမှန်ပဲ။ အိန္ဒိယဟာ အစဉ်အလာအရ တရုတ် ရဲ့ ဒေသတွင်း ပြိုင်ဖက် ဖြစ်လို့ တရုတ်အကြပ်ရိုက်မယ့် ကိစ္စ မှန်သမျှ အတွက် ကျေနပ်နေ မှာ ဖြစ်သလို အခု ရခိုင်ကမ်းလွန်ကထွက်တဲ့ ဓာတ်ငွေ့တွေကို တရုတ်ပေးတဲ့ဈေးထက် ပိုပေး ပါ့ မယ်၊ သူ့ကို ရောင်းပါလို့ အကြိမ်ကြိမ်အဖန်ဖန် တိုးလျှိုးတောင်းပန်ခဲ့ပေမယ့် သူ့ကို အဖက် မ လုပ်ဘဲ တရုတ်ကိုသာ မြန်မာက ရောင်းလိုက်တာကို သူတို့ လုးံဝ မကျေနပ်ဘူး။

    ဒါ့ကြောင့် ဒီဒေ သတွင်း ဗရုတ်သုက္ခတွေ ဖြစ်လာလို့ရှိရင် ၀မ်းအသာဆုံး ဖြစ်မယ့်သူဟာ အိန္ဒိ ယ ပဲ။ သို့ပေမဲ့ သူဘယ်လောက်ပဲ ဖြစ်စေချင်ချင် သူ့ကို တစ်ဖက်က အမေရိကန် နဲ့ ဥရောပ သမဂ္ဂ နိုင်ငံ တွေလို သူနဲ့ အကြီးအကျယ်စီးပွားဖက် အင်အားစုတွေက ဒေသတွင်းတည်ငြိမ်ေ ရး ဆိုတဲ့ အ ကြောင်းပြချက် နဲ့ ပြန်ထိန်းထားမှာမို့ ဒါကလည်း အညှောင့် လုပ်တာလောက်ပဲ လုပ်ချင် လုပ် နိုင်မယ်။ ညှောင့်ပြီး ပွဲဆူအောင် နည်းနည်းပါးပါး လုပ်တာကလွဲလို့ တကယ် တမ်းလက်တွေ့မှာ ဖြစ်လာဖို့မရှိဘူး။

    အိန္ဒိယ မှာ လည်း ဆယ်စုနှစ် နှစ်ခုလောက် အရင် ထဲက အကြီးကြီး မျှော်ကိုးထားပြီး အကောင် အထည်ဇော်တို့ ကြိုးစားနေတဲ့ အရှေ့မျှော် မူဝါဒ (Look East Policy) ဆိုတာရှိတယ်။ သူ့ရဲ့ အရှေ့မြောက်ဖက်ပိုင်း ပြည်နယ် ခြောက်ခု ဟာ အိန္ဒိယ ပြည်မကြီး နဲ့ ကုန်းလမ်းက အဆက် အသွယ် ၊ ပြောရရင် ထောက်ပို့လမ်းကြောင်းဟာ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါကြားက အင်မတန်မှ ကျဉ်းမြောင်းပြီး သွားလာရ သိပ်ခက် တဲ့ ကုန်းလမ်းလေးတစ်ခုသာ အသက်သွေးကြော အဖြစ် ရှိနေတယ်။နောက်တစ်ခါ အဲ့ဒီပြည်နယ် ခြောက်ပြည်နယ်ကို ရေလမ်းကနေတစ်ဆင့် ကုန်စည် တွေကို မြန်ဆန် လွယ်ကူစွာ ပို့လိုတယ်။ မြန်မာနဲ့ လုပ်ထားတဲ့ စစ်တွေ ရေနက် ဆိပ် ကမ်း က အဓိက သက်သေပဲ။

    နောက်တစ်ခါ အဲ့ဒီ ပြည်နယ်ခြောက်ခု ရဲ့ ပြင်ပကမ္ဘာကို ထွက်ပေါက်အဖြစ် မြန်မာ နဲ့ ဘင်္ဂ လားဒေ့ရှ် နှစ်နို င် ငံကနေဖြတ်ပြီး တရုတ် နဲ့ အရှေ့တောင် အာရှ နိုင်ငံတွေဖက်ကို ကုန်းလမ်း ကုန်သွယ်ရေး လမ်းကြောင်း ပွင့် သွားအောင် လည်း ဖွင့်ချင်တယ်။ ဒါကို သူတို့အရေးတကြီးလို အပ်နေတယ်။ ကုလားတန် စီမံကိန်းက ကအဓိက သက်သေပဲ။ ဒီကုလားတန် စီမံကိန်း အတွက် မရှိမဖြစ် အရေးပါနေတာက မြန်မာ နဲ့ ဘင်္ဂလား နှစ်နိုင်ငံစလုံးပဲ။ တစ်နိုင်ငံငံမှာ ပိတ် ဆို့သွားခဲ့ရင် လည်း သူတို့ စီမံကိန်း အားလုံးရေစုန် မျောသွားလိမ့်မယ်။ ဒီတော့ ဒီနှစ်နိုင်ငံ စစ်ဖြစ်ဖို့ ဆိုရာမှာ အိန္ဒိယ အနေနဲ့ ဒီနှစ်နိုင်ငံကို မတည့်အောင်နည်းနည်းပါးပါး တိုက်ပေး ပြီး သူလိုသလိုလေး ကစားနိုင်အောင် ဖန်တီးဖို့ ဆိုတာကထက် ပိုပြီး စစ်ပွဲကြီးတစ်ရပ်ဖြစ် သွား လောက်အောင်ထိ ဖန်တီးပေးဖို့ထိတော့ သူတို့ မိုက်လိမ့်မယ် မထင်ဘူး။

    ၄။ အမေရိကန် နဲ့ ဂျပန်၊ ကိုရီးယား အနောက်ဥရောပ နိုင်ငံတွေက တရုတ်ကို အကြပ်ရိုက်ေ စ ဖို့၊ လက်ရှိ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ငပွကြီး လုပ်နေတာကို တန်ပြန်တဲ့အနေနဲ့ ဒီဒေ သမှာ ရှုပ်ရှု့ပ်ထွေးထွေး ဖြစ်သွားတာမျိုးကို လိုလားကောင်းလိုလားနိုင်တာ ဖြစ်နိုင် ပေ မယ်လိုက တကယ် သာ စစ်ပွဲက စဖြစ်သွားပြီဆိုရင် နှစ်ဖက် အကျိုးစီးပွား တွေဖက်က အင် အားကြီးတွေပါ ပါလာပြီး ရေရှည်စစ်ပွဲ အဖြစ် ပေရှည်သွားနိုင်တာမို့ သူတို့ ကိုယ်တိုင် စီး ပွားရေး နာလန်ထမှု့ အတွက် မနည်း ရုန်းကန်နေရတဲ့ အနောက်နိုင်ငံတွေ ကလည်း ရေရှည် ပဋိပက္ခ ထဲကို မပါလာချင်ဘူး။ ဒါ့ကြောင့် ဒါဟာ အဓိပ္ပါယ်မရှိဘူး။

    ဒီတော့ ဘင်္ဂလားနဲ့ မြန်မာ စစ်ဖြစ်မယ် ဘာညာဆိုတာက လူပြိန်းကြိုက် ခန့်မှန်းချက်သက် သက် ထက် ဘာမှမပိုဘူး။ အချိန်ကုန်ခံ ခေါင်းစားမနေနဲ့။

    ( ရောဘတ်အယ်လ်ဟို့စ်)

  • အကြမ်းဖက်ခံ ဒုက္ခသည် စခန်းများမှ ကလေးများ၏ ပန်းချီလက်ရာများ ပြပွဲပြုလုပ်

    ဇွန် ၁၊ ၂၀၁၄
    M-Media
    လမင်း

    9
    ရန်ကုန်။     ။ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှု ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့ရသော ရခိုင်ပြည်နယ်နှင့် မိထ္ထီလာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ၏ ပန်းချီလက်ရာများကို ဧရာဝတီ ပန်းချီပြခန်း၌ ပန်းချီပြပွဲတစ်ရပ်အား ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

    ယခုလိုပန်းချီပြပွဲပြုလုပ်ရခြင်းမှာ ဒုက္ခသည်စခန်းတွင် ရှိနေသည့် ကလေးသူငယ်များ၏ ခံစားချက်များကို အပြင်လောကလူတွေနဲ့ထိတွေ့ပေးချင်သောကြောင့် ဖြစ်ပါတယ်လို့ ပန်းချီပြပွဲကိုစီစဉ်သူ ကိုစိုင်းဟန်ထိုက်(အပေအတေ အကိတ်လေး) ကဆိုသည်။

    “စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက ဒုက္ခသည်စခန်းတွေကို သွားဖြစ်ချင်မှ သွားဖြစ်လိမ့်မယ်။ အဲ့လိုမရောက်တဲ့လူတွေကို ဒုက္ခသည်စခန်းမှာဖြစ်ပျက်နေတဲ့ ကလေးသူငယ်တွေရဲ့ပန်းချီကားတွေကို ပြပေးချင်တာပါ။ ပန်းချီကားတွေထဲမှာ ကလေးငယ်တွေရဲ့ အဓိပ္ပါယ်ရှိတဲ့အရာတွေပါဝင်နေတာတွေရှိပါတယ်။ သူတို့ထိခိုက်ခံစားနေရတာတွေကို လူတွေသိလာစေချင်လို့ အခုလိုလုပ်ဖြစ်တာပါ” ဟု ၎င်းမှ ယခုကဲ့သို့ ပန်းချီပြပွဲလုပ်ဖြစ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

    ယခုကဲ့သို့ ပန်းချီကားများရရှိရန် ကလေးငယ်များထံမှ အချိန် ၁ နှစ်ကျော်ကြာအောင် စုဆောင်းခဲ့ရပြီး ၎င်းတို့လိုအပ်နေသော စိတ်ပျော်ရွှင်မှု၊ စိတ်ဓာတ်ခွန်အားများ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ကလေးတွေဆိုတာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တိုင်းပြည်တစ်ခုရဲ့အနာဂတ်ပါ။အဲ့လိုကလေးတွေရဲ့ ပျော်ရွှင်မှု၊ စိတ်ဓာတ်တက်ကြွမှုဆိုတာ လိုအပ်ကြောင်း၊ ယခု့ကဲ့သို့ ပန်းချီကားများကို ကြည့်ရရုံဖြင့် ကလေးငယ်တို့၏စိတ်ထဲကို ထိုးဖောက်မြင်ရကြောင်း ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှု့သူတစ်ဦးဖြစ်သူ တာမွေမြို့နယ်မှ မသက်မြတ်နိုး မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။

    ဓါတ်ပုံများ ကြည့်ရန် Click Here

  • ကျောင်းနေအရွယ် နွမ်းပါး ကလေးများအား လူမျိုးဘာသာမခွဲခြားဘဲ ပုဇွန်တောင် အစ္စလာမ်ကောင်စီ လှူဒါန်း

    ဇွန် ၁၊ ၂၀၁၄
    M-Media
    လမင်း
    8
    ရန်ကုန်။        ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပုဇွန်တောင်မြို့နယ အစ္စလာမ်သာသနာရေးရာကောင်စီ် မှ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းနေရွယ် ကလေးများအား လူမျိုးဘာသာ မခွဲခြားဘဲ ကျောင်းသုံး ပစ္စည်းများအား ယနေ့ ဇွန်လ ၁ ရက်နေ့တွင် လှူဒါန်းခဲ့ပါတယ်။

    ၂၀၀၈- ၂၀၀၉ ပညာသင်နှစ်မှစတင်ကာ ယခုကဲ့သို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၆ ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ် ၁၀ ရပ်ကွက်အတွင်းရှိ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ဆင်းရဲနွမ်းပါးသူ ကလေးသူငယ်များအားလုံးကို လှူဒါန်းလျှက်ရှိပါတယ်။

    “ကျောင်းသူ ကျေင်းသားကလေးတွေကို မိဘတွေက ဆင်းရဲနွမ်းပါးလို့ ကျောင်း မထားနိုင်တာမျိုးတွေလည်း ဒီရပ်ကွက်ထဲမှာ ရှိပါတယ်။ အဲ့လိုတွေမဖြစ်ရအောင် ကျွန်တော်တို့ သူငယ်ချင်းတွေပေါင်းပြီး အလှူရှင် အနည်းငယ်နဲ့ ယခုလိုလှူဒါန်းလာခဲ့တာပါ။ကျောင်းစတက်ရတော့မဲ့နေ့မှာ
    ကလေးတွေက ပစ္စည်း အသစ်လေးတွေနဲ့ကျောင်း တက်ရတော့ သူတို့လေးတွေစိတ်ချမ်းသာမှုရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပုဇွန်တောင်အစ္စလာမ် သာသနာရေးရာကောင်စီမှ ဒု-ဥက္ကဌ ဦးဟန်တင်က M-Media ကို ပြောပါတယ်။

    ကလေးများ၏ ပညာရည်မြင့်မားလာစေရန်နှင့် ကလေးတွေ ကျောင်းတက်ချင်အောင်လိုအပ်တာလေးတွေဖြည့်ဆည်းပေးပြီး မတတ်နိုင်တဲ့မိဘများ အစားကူညီခြင်းဖြစ်ကြောင်း ကိုလည်း ၎င်းမှထပ်လောင်းပြောကြားခဲ့ပါတယ်။

    ပုဇွန်တောင်မြို့နယ်အတွင်းရှိ လာရောက်လျှောက်ထားသူ လူမျိုးဘာသာမရွေး ကလေးသူငယ်များအား ကျောင်းဝတ်စုံ ၃ စုံနှင့် စာအုပ် ၁ဒါဇင်မှ ၃ ဒါဇင်၊ ခံတံ၊ ကွန်ဗာဗူး၊ ဘောပင်၊ လွယ်အိတ် စသည့်ကျောင်းသုံးပစ္စည်းများနှင့် ကလေးငယ်များအတန်းအလိုက် ပိုက်ဆံ ကျပ် ၃၀၀၀ မှ ၄၀၀၀၀ ထိ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

    “အခုလို ဒီကနေပေးတာကို အရမ်းပဲကျေးဇူးတင်လှပါတယ်။ ကလေးတွေကို ၀ယ်လည်း မပေးနိုင်ဘူး။ လိုအပ်တဲ့အရာတွေ အခုလိုဖြည့်ဆည်းပေးတဲ့ အတွက်အများကြီးဝမ်းသာရပါတယ်” ဟု ပုဇွန်တောင် ၃ ရပ်ကွက်မှ ကျောင်းသား မိခင်တစ်ဦးဖြစ်သူ မအေးသန္တာက M-Media ကို ပြောပါတယ်။

    ယင်း ပုဇွန်တောင် အစ္စလာမ် သာသနာရေးရာကောင်စီတွင် အခြားကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် စကားပြောသင်တန်း များကို လူမျိုးဘာသာမရွေး နေရာဒေသ မရွေး တက်ရောက်သင်ကြားနိုင်ရန် သင်တန်းများကိုလည်း ဖွင့်လှစ်ထားလျှက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

     

    ဓါတ်ပုံများ ကြည့်ရန် Click Here

  • သရဲမွေးပြီး အပင်းသွင်း ၊ ဆေးပြန်ကုပြီး ကယ်တင်ရှင်လုပ်တဲ့ အောက်လမ်းဆရာ အာဏာရှင်များ

    သရဲမွေးပြီး အပင်းသွင်း ၊ ဆေးပြန်ကုပြီး ကယ်တင်ရှင်လုပ်တဲ့ အောက်လမ်းဆရာ အာဏာရှင်များ

    ဇွန် ၁ ၊ ၂၀၁၄
    ရေးသူ- ဦးဦးမှော်ဆရာ

    ဖြစ်ရပ်(၁)။ ။ တချိန်က ရုရှားသမ္မတ ဘောရစ်ရဲလ်ဆင်က ဗလာဒီမာပူတင်ဆိုတဲ့ လူတစ်ယောက်ကို ရုရှားနိုင်ငံရေးလောကထဲ ဆွဲခေါ်လာစကဆိုရင် သူ့ကိုသိတဲ့လူ မရှိသလောက်နည်းတယ်။ ပူတင်ဆိုတာ နိုင်ငံရေးမျိုးရိုးလည်းမရှိ၊ နိုင်ငံရေးနောက်ခံ လည်း လုံးဝမရှိတဲ့ ကေဂျီဘီထောက်လှမ်းရေး ဗိုလ်မှုးတစ်ယောက်ပဲ ဖြစ်တယ်။

    ဒါပေမဲ့ နောက်သုံးလလောက်အတွင်းမှာ ပူတင်ကို လူတွေ တော်တော်လေး သတိထားမိလာကြတယ်။ ဒီလိုနဲ့ အဲဒီအချိန်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပူတင်ကို လူတော်တော်များများ ထောက်ခံခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတာ ပြန်ဆန်းစစ်ကြည့်ရင် ဒီလိုတွေ့ရတယ်။

    ပူတင်နိုင်ငံရေးစင်မြင့်ပေါ် တက်လာတဲ့ အဲဒီသုံးလလောက် အတွင်းမှာ ရုရှားနိုင်ငံတ၀ှမ်းလုံးမှာ နေရာအနှံ့ဗုံးတွေ မကြာခဏ ပေါက်ကွဲခဲ့တယ်။ အဲဒီလို ပေါက်ကွဲမှုဖြစ်တဲ့အခါတိုင်းမှာ ပူတင်က ရောက်လာပြီး အကြမ်းဖက်သမား တွေကို ချက်ချင်း ဖေါ်ထုတ်ပေးခဲ့တယ်။ ဘယ်သူတွေလဲ ဆိုတော့ ချေချင်းညာသူပုန် တွေ လက်ချက်ပဲပေါ့.. ပြီးတော့ ပူတင်က နောက်ဒါမျိုးတွေ ထပ်မဖြစ်လာအောင် ရုရှားနိုင်ငံနဲ့ ပြည်သူလူထုကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိတွေပေးခဲ့တယ်။ ဒီလိုနဲ့ ရွေးကောက်ပွဲမှာ လူထုက ပူတင်ကို ထောက်ခံခဲ့ကြလို့ ၀န်ကြီးချုပ် ဖြစ်လာတယ်။ သမ္မတဖြစ်လာတယ်။ ခုဆိုရင် ရုရှားသမ္မတရာထူးနေရာမှာ ပူတင်တက်ထိုင်နေခဲ့တာ ၁၅ နှစ် လောက်ရှိသွားပြီ။ နောက်ထပ်လည်း ၁၅ နှစ်လောက် အေးအေးဆေးဆေး နေနိုင်မယ့် အခြေအနေရှိတယ်။

    အဲဒီလို မကြာခဏဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အချိန်မှာ မြို့တစ်မြို့မှာ မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ အကြမ်းဖက်သမားတွေ ဗုံးလာထောင်နေတုန်း အနီးအနားကလူတွေ သတိထားမိပြီး သံသယဖြစ်လို့ ၀ိုင်းရှာကြတော့ တနေရာမှာ တကယ်ပဲ ဗုံးထောင်ထားတာ တွေ့ရတယ်။ ဒီတော့ ရဲစခန်းကိုအကြောင်းကြားပြီး အဲဒီလူတွေက အကြမ်းဖက်သမားတွေကို လိုက်ဖမ်းတာ ၁၅ ကီလိုမီတာအကွာ လောက်မှာ လူနှစ်ယာက်ကို ဖမ်းမိသွားခဲ့တယ်။ ဒီအကြမ်းဖက်သမား နှစ်ယောက် ကိုရိုက်နှက်ပြီး ရဲလက်ထဲ အပ်လိုက်တယ်။ ရဲကလည်း ဗုံးထောင်တဲ့ အကြမ်းဖက် သမားတွေကို စစ်ဆေးတဲ့အခါ ကေဂျီဘီထောက်လှမ်းရေးတွေ ဖြစ်နေတာတွေ့ရတယ်။ ဟိုလူတွေက ရိုက်နှက်ခံရမှာ၊ အဖမ်းခံရမှာကြောက်တဲ့အတွက် ကေဂျီဘီ ထောက်လှမ်းရေး ၀န်ထမ်းကဒ်တွေ ထုတ်ပြလိုက်တာကိုး။ ဒါပေမဲ့ ဒေသခံရဲက လက်မခံဘူး။ ထောက်လှမ်းရေးပဲဖြစ်ဖြစ် ဘာကောင်ပဲဖြစ်ဖြစ် ရဲစခန်းရောက်မှရှင်း ဆိုပြီး ခေါ်သွားတယ်။ စခန်းရောက်တော့ အမှုဖွင့်မယ်၊ ရုံးတင်မယ်၊ ပြီးရင် ထောင် ထဲပို့မယ်ဆိုပြီး လုပ်နေတုန်းမှာပဲ မော်စကိုက အစိုးရထိပ်ပိုင်းအရာရှိတစ်ဦးက အဲဒီ မြို့နယ်ရဲစခန်းကို ဖုန်းဆက်လာတယ်။ ဖုန်းဆက်ပြီး ဘာအမိန့်ပေးတာလဲဆိုတော့ –

    “ခုဖမ်းထားတဲ့ ကေဂျီဘီထောက်လှမ်းရေးနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ပါ။ သူတို့က ခုလို ဗုံးလာထောင်တယ်ဆိုတာ အစမ်းလေ့ကျင့်နေတာ ဖြစ်တယ်။ ရဲတွေရဲ့ စွမ်းရည်ပြည့်ဝမှု ရှိမရှိ သိချင်လို့၊ နောက်ပြီး ဒေသခံပြည်သူတွေရဲ့နိုးကြားမှု ရှိမရှိ စမ်းသပ်ကြည့်တာဖြစ်တယ်” .. တဲ့။ ဒီလို အမိန့်ပေးတဲ့အတွက် ပြန်လွှတ်ပေးလိုက် ရတယ်။ သို့သော်လည်း အဲဒီလို အစမ်းလာလေ့ကျင့်တယ်ဆိုတဲ့ ထောက်လှမ်းရေး နှစ်ယောက်လည်း အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီလူနှစ်ယောက် ဘယ်ရောက်သွားသလဲဆိုတာ ဘယ်သူကမှ မသိရပေမဲ့ နှုတ်ပိတ်သတ်ဖြတ်ခံလိုက်ရပြီလို့ ယူဆရတယ်။ အဲဒီလူနှစ်ယောက်အကြောင်းကို အခွင့်အခါကြုံတိုင်း လွှတ်တော်မှာဖြစ်စေ၊ လွှတ်လပ်တဲ့ သတင်းမီဒီယာတွေကဖြစ်စေ စုံစမ်းစစ်ဆေးဖို့ကြိုးစားတာ သုံးကြိမ်လောက်ရှိခဲ့ပေမဲ့ အစိုးရက ခွင့်မပြုဘဲ ပိတ်ပင်လေ့ရှိခဲ့တာ ခုချိန်ထိပါပဲ..။အဲဒါမျိုး လိမ်ဆင်တွေအများကြီး ဖြစ်ခဲ့ပါတယ်။

    အကြမ်းဖက်သမားတွေ နယ်စပ်မှာတိုက်ခိုက်နေကြ သလို၊ ပြည်တွင်းထိပါ ထိုးဖေါက်စိမ့်ဝင်နေပြီလားဆိုတဲ့ စိုးရိမ်မှုနဲ့အတူ စစ်တပ်ရဲ့ အရေးပါမှုအပေါ် လူထုရဲ့အမြင်က ဘယ်လိုဖြစ်လာမလဲ.. အဲဒီထဲမှာမှ အင်မတန်ကံဆိုးစွာနဲ့ အထင်ကရ ဘုရားကြီးတစ်ခုခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့မယ်ဆိုရင် လူအများစုကြီးရဲ့ တုန့်ပြန်မှု ဘယ်လိုဖြစ်လာမလဲ .. ခြေဥပြင်ဖို့ ကြိုးစားနေတဲ့ကိစ္စ ဘယ်လိုဖြစ်သွားမလဲ ..

    ဖြစ်ရပ်(၂)။ ။ (၁၉၄၈/၄၉)တုန်းက အင်မတန်ရက်စက်လွန်းတယ်လို့ နာမည်ကြီးခဲ့တဲ့ သာယာဝတီထောင်မှာ ပုဒ်မ(၅)နဲ့ဝင်နေတဲ့ ကွန်မြူနစ်တွေထဲက အဘိုကြီးတွေကို နှိပ်စက်တဲ့နည်းလမ်းတွေထဲမှာ သြကာသယိမ်းကတာလည်း တနည်းပါတယ်။ ပုဒ်မ(၅) တွေထဲက အသက်(၆၀)ကျော် လေးယောက်စီ မျက်နှာချင်းဆိုင်ရပ်ပြီး ( ဗုဒ္ဒဘာသာဝင်တွေ ဘုရားရှိခိုးရင် ရွတ်ဆိုတဲ့) သြကာသကို တစ်ခွန်းနှစ်ကျော့စီ ဆိုရင်း လက်လှုပ်ခြေလှုပ် က ခိုင်းတာ။ ထောင်မှုးတွေက ခရစ်ယာန်ဘာသာဝင်တွေ။ ည အိပ်ထောင်ကိုပြန်ရောက် တဲ့အခါ ကွန်မြူနစ်အဘိုးကြီး တချို့ တက်တခေါက်ခေါက်နဲ့ လက်စားချေမယ် တကဲကဲ ကျိန်းဝါးခဲ့ကြတာ.. ကျနော်ပြောချင်တာက ဘာသာရေးနဲ့ တို့ပေးလိုက်ရင် ဘယ်သူမဆို ဆပ်ဆပ်ခါသွားတတ်ကြတယ်။

    မြန်မာပြည်အကြောင်း ဆက်ပါဦးမယ်။ ဒီနှစ်ဆန်းထဲက သိန်းစိန်အစိုးရဘက်က ရှေ့တန်းတင်ထားတာတွေကိုကြည့်ရင် သန်းခေါင်စာရင်း..၊ အဲဒါပြီးရင် ၀ှိုက်ကတ် ကိစ္စ.. ပြီးတာနဲ့ မျိုးစောင့်ဥပဒေဆိုပြိး (၆)လပိုင်းထိ တန်းစီနေတာတွေ့ရတယ်။ တဘက်မှာလည်း မြေသိမ်း လယ်သိမ်း ဆန္ဒပြမှုတွေအပြင် ခြေဥပြင်ဆင်ဖို့အတွက် လှုပ်ရှားတာတွေက အင်နဲ့အားနဲ့ဖြစ်လာတယ်။ ဒါတွေကိုကြည့်ပြီး ကျနော်ထင်ခဲ့တာက ခုကစလို့ နောက်၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်အတွင်းမှာ မုဒိမ်းမှုတွေထပ်စာရင် ဗုံးပေါက်ကွဲမှုတွေ ဖြစ်နိုင်ချေ ပိုများတယ်လို့ မှန်းထားခဲ့တာ။ ခုလို ဘင်္ဂလားနယ်စပ်မှာ စစ်ဆွယ်မယ့် အကြံအစည်ကို မတွေးမိခဲ့ဘူး။

    မီလိုဆီဗစ်တုန်းကလည်း ဆလိုဗေးနီးယား နယ်စပ်မှာ ခုလိုမျိုး စစ်ပွဲတစ်ခုကို ဖန်တီးပြီးတိုက်ခဲ့တယ်။ ခုလည်း နေရင်းထိုင်ရင်း သတင်းမှားတွေ တောက်လျောက် လွင့်ရင်း ကိုယ့်ဘက်က ရန်စတိုက်ခိုက်ပြီး စစ်ဆွယ် ခဲ့တာ။ ဟိုဘက်ဒီဘက် အပြန်အလှန်ပစ်ခတ်တာလောက်ပဲဆိုပေမဲ့ ဒါက အစိုးရအတွက် အကြောင်းပြချက် ကောင်းကောင်းရစေတယ်။ `အာရုံတွေ မများနဲ့.. မင်းတို့ရဲ့ တကယ့် ရန်သူက အနားရောက်နေပြီ´လို့ အချက်ပြလိုက်သလိုပဲ။ ပြီးတော့ ဒီလို အပြန်အလှန် ပစ်ခတ်မှုလေးကိုပဲ စစ်ပွဲကြီးတစ်ပွဲ ဆင်နွဲနေရသယောင် သတင်းတွေဆက်တိုက်လွင့်ပြီး
    မြောင်းထဲရောက်နေတဲ့ စစ်တပ်ရဲ့ အနေအထားကို ပြန်ဆွဲတင်ဖို့လုပ်တာ။ `မရှိမဖြစ် တပ်မတော်´ဆိုတဲ့ နေရာကမဆင်းရဖို့ အကြံအဖန်လုပ်တာ။

    တကယ်တမ်း RSO တွေ နဲ့ တိုက်ပွဲဖြစ်နေတာမှန်ရင် လူလုံးပြပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရမှာပေါ့။ ဘင်္ဂလား ဒေ့ရှ်အစိုးရကို တရားဝင် ကန့်ကွက်ရဲရမှာပေါ့။ တေ့တေ့ဆိုင်ဆိုင် မေးရင် ဘယ်သူကမှ RSO ပါလို့ တိတိကျကျမဖြေနိုင်ဘဲ သတင်းတွေမှာတော့ RSO တွေနဲ့တိုက်ပွဲဖြစ်နေ
    တယ် ဆိုတဲ့ ကောလဟလသတင်းတွေကိုလည်း မငြင်းဘဲ မျောထားပြီး လူထုရဲ့စိတ်ထဲ ယုံထင်ကြောင်ထင်ဖြစ်အောင် လုပ်ထားတယ်။ တဘက်မှာလည်း ဒီသတင်းတွေက တကယ်မှန်သယောင်ယောင် လူထုကို ပိုပြီးသွေးကြွလာအောင် ရခိုင်ရွာတွေမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ် (၁၀)လက်စီ တပ်ဆင်ပေး လိုက်သေးတယ်။

    တကယ်လို့ ဒီနောက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာစတိုးဆိုင်ကြီးတွေ၊ ပန်းခြံ လိုနေရာတစ်ခုခုမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာမယ်ဆိုရင် လူတွေရဲ့ စိုးရိမ်စိတ်တွေ မြှင့်တက်လာနိုင်တယ်။ အရင်တုန်းကတော့ ခင်ညွှန့်တို့၊ ခင်ရီတို့၊ ကျော်ဆန်းတို့က တီဗီရှေ့ပေါ်လာပြီး တရားခံတွေက KNU နဲ့ ABSDF တို့နဲ့ ပြည်တွင်းက အန်အဲလ်ဒီပါတီဝင်တို့ ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ ဖေါ်ထုတ်ခဲ့ကြတာ အကြိမ်ကြိမ်..။ ခုချိန်မှာသာ ဒါမျိုးတွေဖြစ်လာပြီး အစိုးရက RSO နဲ့ ပြည်တွင်းကမွတ်ဆလင်တချို့ ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း ဖေါ်ထုတ်ပြခဲ့မယ်ဆိုရင် … အကြမ်းဖက်သမားတွေ နယ်စပ်မှာတိုက်ခိုက်နေကြ သလို၊ ပြည်တွင်းထိပါ ထိုးဖေါက်စိမ့်ဝင်နေပြီလားဆိုတဲ့ စိုးရိမ်မှုနဲ့အတူ စစ်တပ်ရဲ့ အရေးပါမှုအပေါ် လူထုရဲ့အမြင်က ဘယ်လိုဖြစ်လာမလဲ.. အဲဒီထဲမှာမှ အင်မတန်ကံဆိုးစွာနဲ့ အထင်ကရ ဘုရားကြီးတစ်ခုခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့မယ်ဆိုရင် လူအများစုကြီးရဲ့ တုန့်ပြန်မှု ဘယ်လိုဖြစ်လာမလဲ .. ခြေဥပြင်ဖို့ ကြိုးစားနေတဲ့ကိစ္စ ဘယ်လိုဖြစ်သွားမလဲ .. ၂၀၁၅ ရဲ့ အနေအထား ဘယ်လို ဖြစ်လာမလဲ ..