News @ M-Media

Blog

  • မန်ယူနည်းပြ မိုရက်စ် အား ရာထူးမှ ထုတ်ပယ် လက်ကျန်ပွဲများ ရိုင်ယံဂစ် ကိုင်တွယ်ဖွယ်ရှိနေ

    ဧပြီ ၂၁၊ ၂၀၁၃
    M-Media

    David-Moyes-Man-United1

    ပြီးခဲ့သည့် တနင်္ဂနွေနေ့ က အီဗာတန်ကို ရှုံးပြိးနောက် မန်ယူအသင်း နည်းပြ ဒေးဗစ် မိုယက်စ်အား ရာထူးမှ ဖယ်ရှားဖို့ မန်ချက်စတာ ယူနိုက်တက်အသင်း ဘုတ်အဖွဲ့မှ ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ ။ ပရီမီးယားလိဂ်တွင် အအောင်မြင်ဆုံး စံချိန်တင်ထားသည့် မန်ယူအသင်းရဲ့ ဂန္တဝင်နည်းပြ ဖာဂူဆန် အနားယူပြီး ယခုနှစ် ရာသီတွင် အီဗာတန်နည်းပြ မိုရက်စ်အား နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

    မိုရက်စ်လက်ထက် လက်ရှိ ၃၄ ပွဲ ကစားပြီး အိမ်ကွင်း (၆)ပွဲ ၊ အဝေးကွင်း(၅) ပွဲရှုံးနိမ့်ပြီး စုစုပေါင်း (၁၁) ပွဲရှုံးနိမ့်ကာ အဆင့် ၇ တွင် ရှိနေသည်။ ဖာဂူဆန်လက်ထက် နှစ်စဉ်နီးပါး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့သည့် မန်ယူအသင်းမှာ နောက်နှစ် ချန်ပီယံလိဂ်တွင် မြင်တွေ့ရတော့မည် မဟုတ်ပေ။

    မန်ယူရဲ့ လက်ကျန် (၄) ပွဲ ကို အသင်းရဲ့ သက်တော်ရှည် ဂန္တဝင်းကစားသမားကြီး ရိုင်ယံဂစ်မှ ကစာသမားနည်းပြအဖြစ် ကိုင်တွယ်ဖွယ်ရှိကြောင်းကို The Sun သတင်းစာမှ ရေးသားထားသည်။

  • တိမ်းမှောက်ခဲ့သည့် တောင်ကိုရီယား သင်္ဘောမှ သင်္ဘောမှုထမ်း အချို့၏ လုပ်ရပ် လက်မခံနိုင်စရာဟု သမ္မတပြော

    ဧပြီ ၂၁၊ ၂၀၁၄
    M-Media
    5400090-3x2-700x467
    – ဗုဒ္ဓဟူးနေ့က တိမ်းမှောက်သွားခဲ့သည့် ခရီးသည်တင် သင်္ဘောမှ ကပ္ပတိန်နှင့် သင်္ဘောသားများ၏ လုပ်ရပ်မှာ လက်မခံနိုင်စရာဖြစ်ပြီး လူသတ်မှု ကျူးလွန်သည့် သဘောသို့ သက်ရောက်သွားသည်ဟု တောင်ကိုရီးယား သမ္မတက ပြောကြားလိုက်သည်။

    “ကပ္ပတိန်နဲ့ သင်္ဘောအမှုထမ်းအချို့ရဲ့ အပြုအမူဟာ လုံးဝကို နားမလည်နိုင်စရာပါ။ ပြီးတော့ လက်ခံနိုင်စရာမရှိဘဲ လူသတ်တဲ့သဘော သက်ရောက်သွားခဲ့ပါတယ်။ ကျွန်မမှ မဟုတ်ပါဘူး တောင်ကိုရီးယားပြည်သူ အားလုံးရဲ့ နှလုံးသားတွေ ကွဲကြေခဲ့ရပြီး၊ တုန်လှုပ်မှုတွေ၊ ဒေါသတွေနဲ့ ပြည့်နှက်ခဲ့ရပါတယ်” ဟု တောင်ကိုရီးယား အကြီးတန်း အရာရှိများနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် သမ္မတ ပက်ဂျုံဟေးက ပြောကြားခဲ့သည်။

    ကျောင်းသားအများစုအပါအ၀င် ခရီးသည် ၄၇၆ ဦးနှင့် ယာဉ်အစီးရေ ၁၅၀ ကျော်တင်ဆောင်သွားခဲ့သည့် အဆိုပါ Sewol သင်္ဘောမှာ အနောက်မြောက်ဘက် ဂျဲဂျူးကျွန်းအနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန် အထိ ခရီးသည့် ၁၇၄ ဦးသာ ကယ်တင်ထားနိုင်ပြီး သေဆုံးသူ ၆၄ ဦးရှိကာ ၂၃၈ ဦးမှာ ပျောက်ဆုံးနေသည်။

    သင်္ဘောစတင် နစ်မြုပ်စဉ် ကပ္ပတိန်နှင့် သင်္ဘောဝန်ထမ်း အချို့မှာ ကယ်ဆယ် လုပ်ငန်းများ လုပ်ဆောင်ရန် မလိုအပ်ဘဲကြန့်ကြာနေခဲ့ပြီး သင်္ဘောအား ပထမဆုံး စွန့်ခွာခဲ့ကြသည်ဟု သမ္မတက ဆိုသည်။ သင်္ဘောကပ္ပတိန် လီဂျွန်ဆွက်၊ ပဲ့ကိုင်တစ်ဦးနှင့် အခြားအရာရှိတစ်ဦး စုစုပေါင်း ၃ ဦးကို ကြာသာပတေးနေ့က ဖမ်းဆီးခဲ့ပြီး ယနေ့နံနက်တွင်လည်း အခြားသာ သင်္ဘောအမှုထမ်း ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။

    သင်္ဘောတိမ်းမှောက်မှုအတွက် အစိုးရဘက်မှ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ခရီးသည်များ၏ ဆွေမျိုးများကလည်း ဝေဖန်မှုများလည်းရှိနေသည်။

    Ref:Agencies

  • ဥရောပရွှေဖိနပ်ဆု စာရင်းတွင် ဆွာရက်ဇ်ဦးဆာင်

    ဧပြီ ၂၁၊ ၂၀၁၄
    M-Media
    Untitled
    – ဥရောပရွှေဖိနပ်ဆုစာရင်းတွင် လီဗာပူးလ် တိုက်စစ်မှူးး ဆွာရက်ဇ်မှာ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုထက် ၂ ဂိုးအသာဖြင့် ထိပ်ဆုံး၌ ဦးဆောင်နေသည်ဟု ဆိုသည်။

    ဆွာရက်ဇ်မှာ ယမန်နေ့က နော်ဝစ်ခ်ျအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် ၁ ဂိုး သွင်းယူခဲ့ပြီး နောက်ဆုံး ၅ ပွဲတွင် ၁၂ ဂိုးအထိ သွင်းယူထားနိုင်ကာ ပြိုင်ပွဲအားလုံးတွင် သွင်းယူထားသည့် ဂိုးမှာ ၃၀ အထိ ရှိလာပြီဖြစ်သည်။

    ထိုကြောင့် ရော်နယ်ဒိုထက် ၂ ဂိုးအသာ ရမှတ် ၆၀ ဖြင့် ဥရောပရွှေဖိနပ်ဆု စာရင်း ထိပ်ဆုံးတွင် ရှိနေသည်။ ရွှေဖိနပ်စုစာရင်းတွင် အက်သလက်တီကို တိုက်စစ်မှူး ကော်စတာက ၂၇ ဂိုး ရမှတ် ၅၄ မှတ်ဖြင့် တတိယ၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ၂၇ ဂိုး ရမှတ် ၅၂ ဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။
    Goal

  • မလေးရှား လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဂီယာပြဿနာကြောင့် လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရ

    ဧပြီ ၂၁၊ ၂၀၁၄
    M-Media

    Malaysia Airlines Unveils New Aircraft Livery

    – မြေပြင်သို့ ဆင်းသက်သည့် ဂီယာပြဿနာကြောင့် မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းမှာ လမ်းတစ်ဝက်မှ ပြန်လှည့်လာရကာ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အန္တရာယ်ကွင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။

    မလေးရှားလေကြောင်းလိုင်းမှ  လေယာဉ်အမှတ် MH192 ဘိုးအင်း ၇၃၇-၈၀၀ မှာ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၆ ဦး တင်ဆောင်ကာ ကွာလာလမ်ပူမှ အိန္ဒိယနိုင်ငံ ဘန်ဂလောပြည်နယ်သို့ ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း လေယာဉ်၏ ယာဘက်ဘီးမှ မြေပြင်သို့ ဆင်းသက်သည့် ဂီယာပြဿနာကြောင့် ကွာလာလမ်ပူသို့ လမ်းတစ်ဝက်မှ ပြန်လှည့်လာခဲ့ရပြီး ယနေ့နံနက်ပိုင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။ လေယာဉ်ဆင်းသက်စဉ် မီးသတ်ကားများ အဆင်သင့် စောင့်ဆိုင်းနေရကာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း မလေးရှားလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

    ပြီးခဲ့သည့်လ အစောပိုင်းက မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည့် လေယာဉ်အမှတ် MH- ၃၇၀ မှာ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့ပြီး မလေးရှားအစိုးရက ထိုလေယာဉ်မှာ အိန္ဒိယ သမုဒ္ဒရာအတွင်း ပျက်ကျခဲ့သည်ဟု ပြောကြားထားသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်။

  • အစ္စလာမ်ဆန့်ကျင်ရေး Fitna ရုပ်ရှင် ထုတ်လုပ်သူ၏ သားဖြစ်သူအစ္စလာမ်သို့ သက်ဝင်ကူးပြောင်း

    ဧပြီ ၂၁၊ ၂၀၁၄
    M-Media

    အစ္စလာမ်ဆန့်ကျင်ရေး Fitna ရုပ်ရှင်ကို ထုတ်လုပ်သူ အစ္စလာမ်သို့ ကူးပြောင်းပြီး ၁ နှစ်အကြာ သားဖြစ်သူပါ အစ္စလာမ်သို့ သက်ဝင်ကူးပြောင်း

    son of Arnoud van Doorn
    – အစ္စလာမ်သာသနာနှင့် ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံဖော်ပြထားသည် Fitna ရုပ်ရှင်ဇာတ်ကားအား ဖြန့်ဖြူးသော နယ်သာလန် နိုင်ငံရေးသမား၏ သားဖြစ်သူမှာ အစ္စလာမ်သာသနာကို လက်ခံလိုက်ပြီဟု သိရသည်။

    နာမည်ကျော် ဒက်ခ်ျနိုင်ငံရေးသမား အာနော့ဒ် ဗန်ဒေါန်(Arnoud Van Doorn)သားဖြစ်သူ အသက် ၂၂ နှစ်အရွယ် အစ္စကန်ဒါ အေမီအန် ဒီ ဗရီမှာ ၃ ရက်ကြာ ကျင်းပခဲ့သည့် ဒူဘိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင် အစ္စလာမ်ကိုသက်ဝင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

    “အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သူမရှိ၊ တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်ဖြစ်တော်မူ၏ ” ဟူသည့် သက်သေခံချက်အား အစ္စကန်ဒါက ရွတ်ဆိုခဲ့ကာ အစ္စလာမ်သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

    ထိုညီလာခံတွင် အစ္စလာမ်သို့ သက်ဝင်ကြောင်း ကြေညာသူ ၃၇ ဦး ရှိခဲ့သည်။

    အစ္စလာမ်သာသနာနှင့် ပတ်သက်သည့် မှားယွင်းစွာ ဖော်ပြထားသော Fitna ရုပ်ရှင်ကားမှာ ၂၀၀၈ ခုနှစ်တွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး အာနော့ဒ်မှာ ထိုဇာတ်ကားအား ဖြန့်ဖြူးသူ တစ်ဦးဖြစ်ခဲ့သည်။

    သို့သော်လည်း ၅ နှစ်ကြာပြီးနောက် စိတ်ပြောင်းလဲလာခဲ့သည့် အာနော့ဒ်မှာ အစ္စလာမ်သာသနာအကြောင်း လေ့လာခဲ့ပြီး အစ္စလာမ် သာသနာအား ပြောင်းလဲ သက်ဝင်ခဲ့သည်။ အစ္စလာမ်မှာ “ငြိမ်းချမ်းသော သာသနာ” ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    ဖခင်ဖြစ်သူ အစ္စလာမ်သို့ပြောင်းလဲသက်ဝင်ခဲ့ခြင်းနှင့် ပတ်သက်၍ အစ္စကန်ဒါက

    “အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ပြီးနောက်ပိုင်းမှာ ကျွန်တော့်အဖေဟာ ပိုပြီး တည်ငြိမ်အေးချမ်းလာတာကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။ ဒီသာသနာမှာ ကောင်းတာ တစ်ခုခုတော့ ရှိရမယ်လို့ အဲဒီအချိန်ကစပြီး သိခဲ့တာပါ။ မွတ်စလင်တွေ အပေါ် ကျွန်တော့်ရဲ့အမြင်ကလည်း ပြောင်းလဲခဲ့ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကို ကျွန်တော်စလေ့လာခဲ့တယ်။ ပြီးတော့ နာမည်ကျော် မွတ်စလင်ပညာရှင်တွေရဲ့ တရားဓမ္မတွေကိုလည်းနားထောင်ခဲ့ပါတယ်” ဟု Khaleej Times နှင့် အင်တာဗျူးတွင် အစ္စကန်ဒါက ပြောကြားခဲ့သည်။

    ထို့ပြင် စစ်မှန်သော မွတ်စလင်တစ်ယောက်အဖြစ် ဘ၀သက်တမ်းအား မည်ကဲ့သို့ မွေးမြူရမည်ကို စံနမူနာပြခဲ့သည် သူငယ်ချင်းဖြစ်သူ ယူနစ်ကိုလည်း ကျေးဇူး တင်ကြောင်း အစ္စကန်ဒါက ဆိုသည်။

    “ကျွန်တော့သူငယ်ချင်း ယူနစ်က အစ္စလာမ့်အဆုံးမကို လက်တွေ့လိုက်နာကျင့်သုံးတဲ့ မွတ်စလင်တစ်ယောက်ပါ။ သူဟာ နေ့တိုင်း ကျွန်တော့ကို (အစ္စလာမ့်အဆုံးအမ) အသစ် တစ်ခုခု သင်ပေးပါတယ်။ သူဟာ ကျွန်တော့်အပေါ်မှာ စိတ်ရှည်သည်းခံပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စကန်ဒါမှာ ယခုလက်ရှိတွင် ဆော်ဒီသို့သွားရောက်ကာ အွမ္မရာ ဘုရားဖူးခရီးသွားရန် စီစဉ်နေပြီး၊ မိခင်ဖြစ်သူမှာလည်း မကြာခင် အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာလိမ့်မည်ဟု ၎င်းက မျှော်လင့်နေသည်။

    တစ်ချိန်က ဟော်လန်ရှိ လက်ယာစွန်းရောက် အစ္စလာမ် ဆန့်ကျင်ရေး Freedom ပါတီ၏ အဖွဲ့ဝင်ဖြစ်ခဲ့သူ အာနော့ဒ်မှာ European Dawah ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ထားပြီး ဥရောပတွင်ဖြစ်ပေါ်နေသည့် အစ္စလာမ်ကြောက်ရောဂါအား တိုက်ဖျက်ရန် ဆောင်ရွက်နေသည်။ Fitna ဇာတ်ကားအား ဖြန့်ဝေခဲ့သည့် ၎င်း၏ အမှားကို ပြင်ဆင်သည့်အနေဖြင့် အစ္စလာမ်၏ တရားစစ် တရားမှန်များကို ဖော်ပြသည့် ရုပ်ရှင်ကားတစ်ကားကို ထုတ်လုပ်ရန် စီစဉ်နေသည်။

    Ref: Khaleej Times

    ဆက်စပ်သတင်းများဖတ်ရန်

    အစ္စလာမ်ဆန့်ကျင်သည့် ဒတ်ခ်ျ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း
    အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့