News @ M-Media

Blog

  • တာမင်နစ္စတန်ဆိုင်ရာ အီတလီသံအမတ် လူကုန်ကူးသည့် စွပ်စွဲချက်ဖြင့် ဖိလစ်ပိုင်တွင် အဖမ်းခံရ

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ကလေးများအား လူကုန်ကူးမှုနှင့် စော်ကားမှု စွပ်စွဲချက်ဖြင့် ဖိလစ်ပိုင် ကမ်းခြေရောက် တာ့ခ်မင်နစ္စတန်ဆိုင်ရာ အီတလီ သံအမတ်အား ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    italian-envoy-turkmenistan-daniele-bosio

    ကလေးများအခွင့်အရေး ဆောင်ရွက်နေသည့် Bahay Tuluyan အဖွဲ့က ရဲတပ်ဖွဲ့အား တိုင်တန်းခဲ့ပြီးနောက် လာဂူနာပြည်နယ်ရှိ ကမ်းခြေတစ်ခုတွင် သံအမတ် ဒန်နီယဲလ်လီ ဘိုစီယိုအား စနေနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကလေးသုံးဦးနှင့်အတူ တွေ့ရှိရခြင်းဖြစ်သည်ဟု ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အသက် ၄၆ နှစ်အရွယ်ရှိ ဘိုစီယိုမှာ ဖိလစ်ပိုင်နိုင်ငံ၏ ကလေးငယ်များ လူကုန်ကူးမှုဥပဒေနှင့် ကလေးငယ်များအား စော်ကားမှုဥပဒေတို့ကို ချိုးဖောက်သည်ဟု Bahay Tuluyan အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ လီလီ ဖလော်ဒီလစ်က ပြောကြားခဲ့သည်။

    “သူ(ဘိုစီယို)ဟာ ကလေးတွေနဲ့ ပတ်သက်မှုမရှိဘူးဆိုတာ ထင်ရှားတဲ့အတွက်ကြောင့် ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ နောက်ပိုင်းမှာမှ သူဟာ သံတမန်တစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရတာပါ” ဟု ဖလော်ဒီလစ်က ပြောကြားခဲ့သည်။

    ဘိုစီယိုအဖမ်းခံရမှုကို အီတလီနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း အတည်ပြုခဲ့ပြီး၊ ဘိုစီယိုကမူ ထိုစွပ်စွဲချက်အား ငြင်းပယ်ခဲ့ကာ အပျော်သက်သက် အတွက် ကလေးငယ်များက လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

  • ယူကရိန်း မတည်ငြိမ်မှု ရုရှားမှ အေးဂျင့်များလွှတ်ကာ ဆောင်ရွက်နေသည်ဟု အမေရိကန်စွပ်စွဲ

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံ မတည်မငြိမ်ဖြစ်ရန် နိုင်ငံအရှေ့ပိုင်းပြည်နယ်ရှိ မြို့များသို့ ရုရှားမှ အေးဂျင့်များလွှတ်ကာ ဆောင်ရွက်နေကာ ခရိုင်းမီးယားကဲ့သို့ ဖန်တီးနေခြင်းဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    20144816311411580_20

    အမေရိကန်ကွန်ဂရက်တွင် ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk၊ Kharkiv နှင့် Luhansk မြို့များတွင် စစ်ရေးအရ ၀င်ရောက် သိမ်းပိုက်ရန် မူမမှန်သော အကြောင်းပြချက်ဖြင့် မတည်ငြိမ်မှုများဖြစ်အောင် ဖန်တီးနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ကျွန်တော်တို့တွေ့သမျှ အရာ အားလုံးကတော့ ရုရှားက ရန်စသူတွေ၊ အေးဂျင့်တွေဟာ ယူကရိန်းအရှေ့ပိုင်းမှာ ၀င်ရောက် လှုပ်ရှားနေတာပါ။ ပြီးတော့ သူတို့ဟာ အဲဒီဒေသတွေမှာ ဆူပူမှုတွေဖြစ်အောင် လုပ်ဖို့ ပို့ခြင်းခံထားရတယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်” ဟု ကယ်ရီကဆိုပြီး၊ လာမည့် သီတင်းပတ်တွင် ထိုကိစ္စအတွက် ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလာဗရော့ဗ်နှင့် တွေ့ဆုံရန်ရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ကယ်ရီ၏ အဆိုပါမှတ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက် ယူကရိန်းလုံခြုံရေးဌာန SBU က ရုရှား လိုလားသူများမှာ ၎င်းတို့ သိမ်းပိုက်ထားသည့် အစိုးရအဆောက်အအုံများတွင် ဗုံးများထောင်ထားပြီး လူ ၆၀ ကိုလည်း ဓားစာခံ အဖြစ် ဖမ်းဆီးထားသည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း Luhansk မြို့ရှိ ရုရှားထောက်ခံသူများက ထိုထုတ်ပြန်ချက်အား ငြင်းဆန်ခဲ့သည်။

    Ref: Reuters

  • NGO မှ နိုင်ငံခြား အမျိုးသမီး ဝန်ထမ်း သာသနာအလံကို မဖွယ်မရာ မလုပ်ခဲ့ဟု သတင်းထုတ်ပြန်

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အိုင်အင်န်ဂျီအိုများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းအား မတ်လ ၂၆၊ ၂၇-ရက်များက အကြမ်းဖက် ဖျက်ဆီးခံခဲ့ရမှုများအား စုံစမ်းစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များ နှင့် ထပ်မံလုပ်ဆောင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အစိုးရ၏ သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ အစီရင်ခံစာတွင် Malteser International အဖွဲ့မှ နိုင်ငံခြားသူမှာ သာသနာအလံကို မဖွယ်မရာ လုပ်ခဲ့ခြင်းမရှိကြောင်း၊ အဖွဲ့အစည်းရဲ့ မူအရသာ အလံကို ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း မမှန်မကန် လှုံ့ဆော်သူများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဒေသခံများ အထင်အမြင် လွဲမှားမှုများ မြင့်တတ်လာခြင်းဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားအချို့၏ ဖျက်ဆီးမှုကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့ အစည်း ၁၈ ဖွဲ့တို့၏ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ်၁၄ စီး၊ ရေယာဉ် နှစ်စင်း၊ မော်တော် ဆိုင်ကယ်၂၉ စီးနှင့် ရုံးသုံး ပစ္စည်းများ ခန့်မှန်းတန်းဖိုး ငွေကျပ်သန်း ၄၃၀ ခန့်နှင့် အမေရိကန် ဒေါ်လာ ၄၃၀၀၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် အဆိုပါ နိုင်ငံခြားသူမှာ ၁၉၉၃ ခုနှစ် ကတည်းက ရောက်ရှိခဲ့ပြီး မြန်မာ ပြည်သူများ၏ အကျိုးကို အကူအညီပေး လိုသောကြောင့် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ၎င်းကိုယ်တိုင် လွန်ခဲ့ သည့် နှစ်၂၀ ခန့်မှစ၍ ဗုဒ္ဓဘာသာ တရားတော်ကို ယုံကြည်စွာ လေ့လာ ဆည်းပူးနေသူဖြစ်ပြီး ဗုဒ္ဓ ဘာသာဝင်တို့ အထွတ်အမြတ်ထားသည့် သာသနာ့အလံကို မဖွယ်မရာပြုလုပ်လိုသော စိတ်ဆန္ဒအလျှင်း မရှိ ကြောင်း သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဖြစ်စဉ်တွင် ရခိုင်ပြည်နယ်အစိုးရမှ အချိန်တိုတွင်း ထိရောက်သည့် ကာကွယ်မှုများမပေးနိုင်၍ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

    စစ်တွေမြို့တွင် ကျန်ရှိနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO ၀န်ထမ်းများ၏ လုံခြုံရေးများ အတွက်ဆောင်ရွက်ပေး မည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာ သွားသော နိုင်ငံတကာ အဖွဲ့အစည်းများမှ ဝန်ထမ်းများကိုလည်း မူလအခြေအနေတိုင်း လုံခြုံစိတ်ချစွာ တာဝန် ထမ်းဆောင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

    လူစုလူဝေးဖြင့် ဖျက်ဆီးခဲ့ရာတွင် ပါဝင်ကျူးလွန်သူများနှင့် မမှန်မကန်သတင်းဖြန့် စည်းရုံးလှုံ့ဆော်ခဲ့သူများ အရေးယူဖော်ထုတ် မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    အခင်းဖြစ်ပွားသည်မှာ ၁၀ ရက်ကျော်ရှိနေပြီဖြစ်ပြီး လက်ရှိ အရေးယူထားသည့် အခြေအနေကို ထည့်သွင်း ဖော်ပြထားခြင်း မရှိသေးပေ။

    သတင်းထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန်

    1622020_648271731912193_3233825201323395193_n

  • လိင်တူချစ်သူ အတူနေ အမျိုးသမီး ၂ ဦး၏ သမီးငယ်အား နှစ်ခြင်းခံ၊ အာဂျင်တီးနားတွင် ပထမဆုံးဖြစ်

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – အာဂျင်တီးနားနိုင်ငံတွင် လိင်တူချစ်သူ အတူနေ အမျိုးသမီး ၂ ဦး၏ သမီးငယ်အား ပထမဆုံး အကြိမ်အဖြစ် ခရစ်ယာန် ကက်သလစ် အသင်းတော်မှ နှစ်ခြင်းခံမင်္ဂလာ(ခရစ်ဘာသာဝင် အဖြစ်ခံယူခြင်း) ပြုပေးခဲ့သည်ဟု သိရသည်။
    Carina-Villarroel-and-Soledad-Ortiz
    လိင်တူစိတ်ဝင်စားသူ ကာရီနာ ဗီလာရိုအဲလ်နှင့် ဆိုလာဒက် အော်တစ်ဇ်ဟု အမည်ရသည် အတူနေအမျိုးသမီး ၂ ဦးမှာ ၎င်းတို့၏ သမီးငယ် အမ်မာ အဇူလ်အား နှစ်ခြင်းခံ မင်္ဂလာပြုပေးရန် ဂိုဏ်ချုပ်ဘုန်းတော်ကြီး ကားလို့စ် ဂျိုဆေး နာနက်ဇ်အား တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု Telam သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ဘုန်းတော်ကြီးကမူ ၎င်းတို့ ၂ ဦး၏ လိင်ပိုင်းဆိုင်ရာ အခြေအနေက ကလေးငယ်အပေါ် သက်ရောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    အဆိုပါကလေးငယ်၏ နှစ်ခြင်းခံ မင်္ဂလာပြုခြင်း အခမ်းအနားကို ကော်ဒိုဘာမြို့ရှိ ကက်သလစ် ဘုရားကျောင်းတွင် ပြုလုပ် ခဲ့သည်။

    အာဂျင်တီးနား၏ လက်ရှိ သမ္မတ ခရစ္စတီနာ ဖာနန်ဒက်စ် ဒီ ကီရ်ခ်ျနာမှာ ထိုသမီးငယ်၏ ခေါင်းကိုင် မိခင်ဖြစ်ပြီး ထို အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ ကိုယ်စားလှယ်ဖြစ်သူကိုသာ စေလွှတ်ခဲ့သည်။ သမ္မတအား ခေါင်းကိုင် မိခင်အဖြစ် တာဝန်ယူရန် မိမိက ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လိင်တူလက်ထပ်မှု ဥပဒေကို ပြဌာန်းပေး ခဲ့ကာ မိမိတို့အား အခွင့် အရေးပေးခဲ့သည့် သမ္မတဟောင်း နက်စတာ ကီရ်ခ်ျနာကိုလည်း ကျေးဇူး တင်ကြောင်း အော်တစ်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့နှစ်ဦးမှာ ဘုရားကျောင်းတွင် လက်ထပ်ခွင့်ရရန် မျှော်လင့်နေပြီး ထိုအတွက်လည်း တိုက်ပွဲဝင် သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အာဂျင်တီးနားနိုင်ငံတွင် လိင်တူ လက်ထပ်ခွင့်ကို ၂၀၁၀ ခုနှစ်က စတင်ကာ တရားဝင်ခွင့်ပြုခဲ့သော်လည်း၊ ခရစ်ယာန် ကက်သလစ်အသင်းတော်ကမူ လိင်တူ လက်ထပ်မှုအား လက်ခံခွင့်ပြုခြင်း မရှိပေ။ အာဂျင်တီးနားနိုင်ငံမှာ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မွေးဖွားရာနိုင်ငံလည်းဖြစ်သည်။

    လိင်တူလက်ထပ်မှုမှာ အပြစ်ရှိသော လုပ်ရပ်တစ်ခုဖြစ်သည်ဟု ကက်သလစ်အသင်းတော်က သတ်မှတ်ထားသော်လည်း ၎င်းတို့ ဘ၀နေထိုင်မှုတွင် အသင်းတော်က အယူအဆပိုင်းဆိုင်ရာ ၀င်ရောက် စွက်ဖက်မှု ပြုလုပ်မည် မဟုတ်ဟု ပုပ်ရဟန်းမင်းကြီးက ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။

    Ref: CNN
    Photo-Agencies

  • ကံ- ကံ ၏ အကျိုး

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media
    စိန်ဌေးဟန်

    10153864_418802898257236_94106186_n

    သိပ္ပံ
    ~~~
    သက်ရောက်မှုတိုင်း၌

    ပမာဏတူညီပြီး

    လားရာဘက်ဆန့်ကျင်သော

    တန်ပြန်သက်ရောက်မှုရှိ၏။

    (နယူတန်)

    အစ္စလာမ်
    ~~~~~
    ချစ်သား –

    အပြုအမူ တစ်စုံတရာသည်

    မုန်ညှင်းစေ့မျှဖြစ်ပြီး

    ကျောက်ဆောင်တစ်ခု၌

    တည်နေလျှင်လည်းကောင်း

    ကောင်းကင်၌

    တည်နေလျှင်လည်းကောင်း

    မြေပြင်၌

    တည်နေလျှင်လည်းကောင်း

    အသင်၏ရှေ့ မှောက်သို့

    အသင့် ရောက်ရှိစေတော်မူမည်။

    (ကုရ်အာန် ၃၁း ၁၆)

    *(Quran 99:7-8) ကိုလည်း ရှု *

    ဗုဒ္ဓ
    ~~

    မကောင်းမှု ပြုသူသည်

    ကောင်းကင်၌

    တည်နေသော်လည်းကောင်း

    သမုဒ္ဓရာအလယ်၌

    တည်နေသော်လည်းကောင်း

    တောင်ခေါင်း၌

    တည်နေသော်လည်းကောင်း

    မကောင်းမှုမှ မလွတ်ရာတည်း။

    (ဓမ္မပဒ -127)

    ခရစ်ယာန်
    ~~~~~
    လူတိုင်းအဖို့

    မိမိ၏ ကျင့်ကြံမှုနှင့်လျှော်ညီသော

    အကျိုး-အပြစ်ကို

    ဘုရားသခင်က

    ပေးတော်မူပေမည်။

    (ရောမသြဝါဒစာ 2:7)