News @ M-Media
Blog
  • အသင်းမှထွက်ခွာမည့် ဆုံးဖြတ်ချက်အား ပြန်မပြင်ဟု ဘာကာဂိုးသမားဆို
    ဇန်နဝါ၇ီ ၂၉ ၊ ၂၀၁၄
    M-Media
    290732_heroa
    – အသင်းဥက္ကဌ ရိုဆဲလ် ရာထူးမှနှုတ်ထွက်သွားခဲ့သော်လည်း မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေမည် မဟုတ်ဟု  ဘာစီလိုနာအသင်း၏ အဓိက ဂိုးသမားဖြစ်သူ ဗစ်တာဗားလ်ဒက်စ်က ပြောကြားခဲ့သည်။
    ဗားလ်ဒက်စ်မှာ ရိုဆဲလ်နှင့် ပုဂ္ဂိုလ်ရေးအရ ပြဿနာများ ရှိနေသောကြောင့် ယခုနှစ်ရာသီကုန်တွင် အသင်းမှ ထွက်ခွာတောမည့်ဟု စောစောပိုင်းက သတင်းများထွက်ပေါ်နေခဲ့သည်။ ယခု ရိုဆဲလ်နှုတ်ထွက် သွားသောကြောင့် ၎င်း၏ဆုံးဖြတ်ချက်အားပြင်တော့မည်ဆိုသည့် သတင်းများအား ဗားလ်ဒက်စ်က ငြင်းဆန်ခဲ့ပြီး ရိုဆဲလ်နှုတ်ထွက်ခြင်းက မိမိအပေါ် လွှမ်းမိုးမှုမရှိဟု ပြောကြားခဲ့သည်။
    အသက် ၃၂ နှစ်အရွယ်ရှိ ဗားလ်ဒက်စ်မှာ ဘာစီလိုနာအသင်းတွင် ကာလရှည်ကစားနေခဲ့သည့် ဂိုးသမားဖြစ်ပြီး လက်စွမ်းကောင်းများပြသနိုင်ခဲ့ကာ ယခုနှစ်တွင်လည်း လာလီဂါပွဲထွက်ခွင့် ၁၇ပွဲတွင် ၁၀ ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
  • လက်ကျန် ၂ ရက် အတွင်း အဓိက ခေါ်ယူမှုများ လီဗာပူးနည်းပြ ရော်ဂျာပြုလုပ်သွားမည်
    ဇန်နဝါ၇ီ ၂၉ ၊ ၂၀၁၄
    M-Media
    346022_heroa
    – ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမကုန်ခင် မိမိအနေဖြင့် လူခေါ်ယူမှုများကို ပြုလုပ်သွားရန် မျှော်လင့်နေသည်ဟု လီဗာပူးလ်အသင်း၏ နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။
    လီဗာပူးလ်အသင်းမှာ အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာအား ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ချယ်ဆီးအသင်းကခေါ်ယူနိုင်ခဲ့ပြီး လာမည့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်ရရှိရန် အတွက် တိုက်စစ်မှူး တစ်ဦးခေါ်ယူလိုနေခြင်းဖြစ်သည်။
    “နောက်နှစ်ရက်အတွင်းမှာ ကျွန်တော်တို့ တစ်ခုခုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တနင်္လာနေ့က သတင်းစာခေါင်းကြီးပိုင်းမှာ ကျွန်တော် အသင်းနဲ့ ပြဿနာတက်နေတယ်လို့ ရေးခဲ့ကြပါတယ်။ ဒါဟာ လုံးဝမဟုတ်ပါဘူး” ဟု ရော်ဂျာက ယမန်နေ့ အဲဗာတန်အသင်းအား ၄ ဂိုး ဂိုးမရှိသည့် အနိုင်ရခဲ့သည့်ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
    ဆာလာဟ်အားခေါ်ယူရန် မအောင်မမြင်ဖြစ်ပြီးနောက် ရော်ဂျာမှာ ယူကရိန်းကလပ် Dnipro အသင်းမှ ယူကရိန်းတောင်ပံကစားသမား ကိုနိုပလီယန်ကာအား ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
  • အပြောင်းအရွှေ့အတွက် လွန်ခဲ့သည့် ၃ နှစ်က ဘာကာထံမှ ယူရို ၁၀ သန်းလက်ခံခဲ့သည်ဟု နေးမာ၏ ဖခင် ၀န်ခံ
    ဇန်နဝါ၇ီ ၂၉ ၊ ၂၀၁၄
    M-Media
    362499_heroa
    – နေးမာအား ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပါက ၎င်းတို့အား ဦးစားပေးစဉ်စားရန် အတွက် မိမိ၏ ကုမ္ပဏီသို့ ဘာစီလိုနာအသင်းမှ လွန်ခဲ့သည့် ၃ နှစ်ခန့်က ယူရို ၁၀ သန်းပေးခဲ့သည်ဟု နေးမာ၏ ဖခင်ဖြစ်သူက ၀န်ခံခဲ့သည်။
    ယမန်နေ့က ၀န်ခံခဲ့ခြင်းဖြစ်ပြီး ထို ၁၀ သန်းမှာ ဘာစီလိုနာမှ နေးမာ၏ ဖခင်အား ပေးခဲ့သည့် သန်း ၄၀ ၏ ပထမအရစ်လည်းဖြစ်ကာ အပြောင်အရွှေ့ကာလတွင် အခြားသော အသင်းများထက် လက်ဦးမှုရယူရန် ရည်ရွယ်ခြင်းဖြစ်သည်။
    သို့သော်လည်း မိမိနေဖြင့် ထိုကဲ့သို့ လျှို့ဝှက်သဘောတူညီမှုတွင် ဥပဒေကို ချိုးဖောက်ခြင်းမရှိဘဲ၊ အကယ်၍ ဘာစီလိုနာသို့ နေးမာပြောင်းရွှေ့ခြင်းမရှိပါက ထို ၁၀ သန်းအား ပြန်လည်ပေးအပ်ရမည်ဟု နေးမာ၏ဖခင်က ကာကွယ်ပြောကြားခဲ့သည်။
    ရီးယဲလ်မက်ဒရစ်ထက် လက်ဦးမှုကို ရယူ၍ နေးမာအားခေါ်ယူနိုင်ခဲ့သည့် ဘာစီလိုနာအသင်းမှာ ထိုအပြောင်းအရွှေ့တွင် ငွေးကြေးမသမာမှုများရှိနေသည် ဆိုသည့် ဝေဖန်မှုများကိုခံနေရပြီး စပိန်တရားရုံးကလည်း ထိုကိစ္စအား စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထို့ကဲ့သို့ အရှုပ်အရှင်းပြဿနာများပေါ်ပေါက်လာပြီးနောက် ဘာစီလိုနာအသင်းဥက္က ရိုဆဲလ်လည်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။
  • ရာဇ၀တ်မှုကျူးလွန်ရင် အစိုးရအနေနှင့် အရေးယူဖို့ အသင့်ပါပဲဟု ဒု ၀န်ကြီး ဦးရဲထွဋ်ပြောကြား
    ရာဇ၀တ်မှုကျူးလွန်ရင် အစိုးရအနေနှင့် အရေးယူဖို့ အသင့်ပါပဲဟု ဒု ၀န်ကြီး ဦးရဲထွဋ်ပြောကြား
    ဇန်န၀ါရီ ၂၉၊ ၂၀၁၄
    M-Media
    သီရိ
    ရန်ကုန် ။       ။    ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီးရာတန်းကျေးရွာတွင် ရဲတပ်ကြီးအောင်ကျော်သိန်းသေဆုံးမှု၊ အစ္စလာမ်ဘာသာဝင် (၄၀)ခန့် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားသံရုံးမှ သံတမန်များသည် ဇန်န၀ါရီလ ၂၈-ရက်နေ့ တွင် နိုင်ငံခြားရေးဝန်ကြီးရုံး၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
    “အစ္စလာမ်ဘာသာဝင် အယောက်(၄၀) လောက်အသတ်ခံရပါတဲ့ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ်မရှိပါဘူး၊ ရာဇ၀တ်မှုကို ကျူးလွန်ထားတယ်ဆိုရင် ကျွန်တော်တို့ အစိုးရအနေနဲ့ အရေးယူဖို့အသင့်ပဲ၊ မခိုင်လုံတဲ့သတင်းတွေကိုတော့ သေချာမစစ်ဆေးပဲနဲ့ မတင်ပြသင့်ပါဘူး။ မွတ်စလင်တွေ အစုလိုက် အသတ်ခံရတယ် ဆိုတဲ့ နေရာကိုလဲ ကျွန်တော်တို့သွားရောက် စစ်ဆေးပြီးပါပြီ။ သတ်ခံရတယ်ဆိုတဲ့ အထာက်အထားကို ခိုင်လုံစွာမတွေ့ရပါဘူး။ တကယ် သေတာဆိုလို့ ရဲတပ်ကြီးအောင်ကျော်သိန်း သေတာပဲရှိတယ်။ သတင်းတွေကိုလည်း အလွယ်တကူ မယုံကြည်သင့်ပါဘူး” ဟု အစိုးရ ပြောရေးခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ပြောကြားခဲ့ပါသည်။
    အမေရိကန် သံအမတ်မှ အစိုးရမှစုံစမ်းစစ်ဆေးရေးတွေ လုပ်နေသော်လည်း သူတို့အနေနှင့် အပြည့်အ၀ယုံကြည်လို့မရသေးကြောင်း၊ နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေးတွေကိုလည်း ၎င်းတို့အနေနှင့် ပါဝင်ခွင့် တောင်းဆိုခဲ့သော်လည်း ယခုကိစ္စသည် ပြည်တွင်းရေးသာ ဖြစ်သည့် အတွက် လက်မခံနိုင်ကြောင်း နိုင်ငံတကာမှလူတွေကို ပါဝင်ခွင့်မပေးကြောင်း အစိုးရမှ ပြောကြားခဲ့ပါသည်။
    နိုင်ငံခြားရေးဌာန အစည်းအဝေးပွဲကိုတော့ ပြည်တွင်းမီဒီယာ (၄)ခုနှင့် ပြည်ပ မီဒီယာ (၆)ခု ကိုသာ ၀င်ခွင့်ပေးခဲ့ပြီး ကျန်သတင်းဌာနများကိုတော့ ၀င်ခွင့် မပေးခဲ့ကြောင်း သိရှိရပါသည်။
  • သီရိမင်္ဂလာဈေးဟောင်း မီးလောင်မှု သိန်းတစ်ရာခန့် ဆုံးရှုံး
    သီရိမင်္ဂလာဈေးဟောင်း မီးလောင်မှု သိန်းတစ်ရာခန့် ဆုံးရှုံး
    ဇန်န၀ါရီ ၂၉၊ ၂၀၁၄
    M-Media
    သီရိ
    ရန်ကုန်  ။         ။       ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် သီရိမင်္ဂလာဈေးဟောင်းတွင် ဇန်န၀ါရီလ ၂၈-ရက် ည ၁၁ နာရီအချိန်တွင် အပေါ်ဆုံးထပ်၌ ပရိဘောဂဆိုင်၌ မီးလောင်ကျွမ်းခဲ့ပါသည်။
    “ရေစုပ်ပန်ကာ ကနေ စတင်ပြီး လောင်တာပါ၊ အပူလွန်ကဲပြီးလောင်တာပါ။ ည ၁၁ နာရီ ကျော်လောက်ကစလောင်တာပါ။ ၁ နာရီလောက်ကျတော့ ငြိမ်းသွားတယ် မီးသတ်ကားကတော့ အစီး ၂၀-လောက်လာပါတယ်၊ ဒီအခန်းတစ်ခန်းပါပဲ တစ်ခြားအခန်းတွေကိုတော့ မီးမကူးသွားပါဘူး။ ထိခိုက်မှုလည်း တစ်စုံတစ်ယောက်မှ မရှိခဲ့ပါဘူး။ ညပိုင်းအလုပ်လုပ်နေရင်းနဲ့ ဖြစ်သွားတာပါ တစ်စုံတစ်ယောက်မှ ထိခိုက်မှုလဲမရှိခဲ့ပါဘူး။” ဟုမီးလောင်ကျွမ်းခဲ့သော ပရိဘောဂဆိုင်ပိုင်ရှင် ဦးအောင်ဝင်းမှ ပြောပါသည်။
    ကာလတန်ဖိုး သိန်းတစ်ရာကျော်ဖိုးလောက် ဆုံးရူံးခဲ့ပြီး သက်ဆိုင်ရာမှ မီးလောင်မှုနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နေကြောင်း သိရှိရပါသည်။