ဇန်န၀ါရီ ၃၀၊ ၂၀၁၄
M-Media
– အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများအတွင်း ဖန်းဆီးထားသည့် ဆန္ဒပြသူများစွာအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဥပဒေမူကြမ်းတစ်ခုကို ယူကရိန်း ပါလီမန် က ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။
သို့သော်လည်း ဆန္ဒပြသူများအနေဖြင့် ၎င်းတို့ သိမ်းပိုက်ထားသော အစိုးရအဆောက်အဦးများမှ ထွက်ခွာပေးရမည်ဖြစ်ပြီး၊ ၎င်းတို့ပြုလုပ်ထားသည့် အတားအဆီးများကိုလည်း ဖယ်ရှားပေးရမည်ဟု ဖော်ပြထားသည်။ ထိုမူကြမ်းအား အတည်ပြုနိုင်ရန်အတွက် အင်္ဂါနေ့ကတည်းက ပါလီမန်တွင် အကြိတ် အနယ် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ ဆန္ဒပြမှုအားလုံးအား ရုပ်သိမ်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု စောစောပိုင်းက စီစဉ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ပယ်ဖျက်ခဲ့ကာ ယခုကဲ့သို့ ပြည်လည်စီစဉ်ခဲ့ခြင်းဖြစ်သည်။
ပါလီမန်အမတ် ၂၃၂ ဦးက ထောက်ခံခဲ့သည် ထိုမူကြမ်းကို အတိုက်အခံများဘက်မှ သဘောတူညီခဲ့ခြင်းမရှိဘဲ၊ ၎င်းတို့ သိမ်းပိုက်ထားသော အဆောက်အဦး များ ထဲမှ ဖယ်ခိုင်းသည့်အချက်အား လက်မခံနိုင်ဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ယန်ဆန်ယွတ်က ပြောကြားခဲ့သည်။
Ref : Aljazeera

Leave a Reply
You must be logged in to post a comment.