News @ M-Media

Blog

  • နိုက်ဂျီးရီယား လက်ရွေးစင် ဘောလုံးသမားဟောင်း တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    ဇန်နဝါရီ ၁၁ ၊ ၂၀၁၄
    M-Media
    Nigerian-Footballer-Reverts-to-Islam
    – နိုက်ဂျီးရီယားလက်ရွေးစင် ဘောလုံးကစားသမားဟောင်းဖြစ်သူ အီမဲကာ အက်ဇယူဂိုမှာ အစ္စလာမ် သာသနာသို့ပြောင်းလဲ သက်ဝင်လာသည်ဟု သိရသည်။

    အသက် ၄၆ နှစ်အရွယ်ရှိ ဇယူဂိုမှာ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုက်ဂျီးရီးယားအသင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီး၊ တမန်တော် မုဟမ္မဒ်သခင်၏ အထုပတ္တိအား ဖတ်ရှုပြီးနောက် အစ္စလာမ်သာသနာအား လက်ခံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ စူးစမ်းလေ့လာချင်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘာသာအယူဝါဒ အများအပြားကိုလည်း လေ့လာခဲ့ပါတယ်။ မုဟမ္မဒ်သခင်ရဲ့ ထေရုပ္ပတ္တိကို လေ့လာပြီးတဲ့နောက်မှာတော့ အရမ်းလေးစား အားကျခဲ့ပြီး အစ္စလာမ်ကို လက်ခံလာခဲ့တာပါ” ဟု အက်ဇယူဂိုက ယခုသီတင်းပတ် အစောပိုင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဇယူဂိုမှာ အိန္ဒိယ I လိဂ်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် Mohammedan Sporting Club ဘောလုံးအသင်းတွင် ဆယ်စုနှစ်တစ်ခုနီးပါး ကစားခဲ့သူဖြစ်ပြီး၊ မုဟမ္မဒ်သခင်၏ နောက်လိုက်ဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း၊ မုဟမ္မဒ်သခင်မှာ အလ္လာဟ်အရှင်မြတ် စေလွှတ်ခဲ့သည့် တမန်တော်များတွင် အကြီးကျယ်ဆုံး တမန်တော်တစ်ပါးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အက်ဇယူဂို အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ကြောင်း သတင်းမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ထွက်ပေါ်ခဲ့သော်လည်း ယခုသီတင်းပတ်တွင်မှ အက်ဇယူဂိုက သတင်းမီဒီယာများအား တရားဝင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ကြောင်း သက်သေခံချက် (ရှဟာဒါ) ကို ပြီးခဲ့သည့်တစ်ပါတ်က အစ္စလာမ် ဓမ္မပညာရှင်ဖြစ်သူ Mohammedan အသင်း မန်နေဂျာ အမီရရုလ် အစ္စလာမ်ထံတွင် ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး သက်သေခံချက် ထွက်ဆိုချိန်တွင် အသင်းဖော်များဖြစ်သည့် ကိုင်စာဟာမစ်၊ အမီရ်ဖိုင်ဆယ်နှင့် အသင်းတာဝန်ရှိသူ အဘူဟာဆန် ပရင့်စ်တို့ ရှိနေကြသည်။ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ပြီးနောက် အက်ဇယူဂိုမှာ ၎င်း၏ နာမည်အား မွတ်စတာဖာ မိုဟမ္မဒ်အဖြစ် ပြောင်းလဲခဲ့သည်။

    ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင် မိမိကိုယ်မိမိ ပိုမိုယုံကြည်လာစေပြီး၊ အစ္စလာမ်က ပြဌာန်ထားသည့် ၀တ်ပြုမှုများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကျင့်ကြံခဲ့ပြီးနောက် မိမိ၏ ဘ၀မှာ ပိုမိုစည်းကမ်းရှိလာသည်ဟု ခံစားရကြောင်း ၎င်းက ပြောကြားခဲ့သည်။

    “ကျွန်တော် သစ်စေ့တစ်စေ့ကို စတင်စိုက်ပျိုးခဲ့ပြီး သစ်ပင်တစ်ပင်ကြီးဖြစ်လာအောင် ရေလာင်း၊ ပေါင်းသင်ပြီး အာဟာရဖြည့်ပေးရပါမယ်။ ကျွန်တော့်ရဲ့ ဒီဆုံးဖြတ်ချက်က အချိန်နဲ့အမျှ ကောင်းမွန်တဲ့အရာတွေ တွေ့ရလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ အခုလောလောဆယ်တော့ အစ္စလာမ်ဟာ ကျွန်တော်ဘ၀ကို ပိုပြီးစည်းကမ်းရှိအောင် ပြုလုပ်လိုက်တယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါတယ်”

    နိုက်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်ဘသာသို့ ပြောင်းလဲ သက်ဝင်လာမှုများရှိနေပြီး ပြီးခဲ့သည်နိုဝင်ဘာလကလည်း  Igbo လူမျိုး ၁၈ ဦးမှာ နိုက်ဂျီးရီးယားမြို့တော် အဘူဂျာရှိ ဗလီဝတ်ကျောင်းတော်တွင် အစ္စလာမ် သာသနာအား လက်ခံခဲ့သည်။ နိုက်ဂျီးရီးယားနိုင်ငံ၏ ပြည်သူ သန်း ၁၄၀တွင် ခရစ်ယာ န်ဘာသာဝင်များမှာ ၅၅ ရာခိုင်နှုန်းရှိပြီး အစ္စလာမ်ဘာသာဝင်များမှာ ၄၀ ရာခိုင်နှုန်းရှိသည်။

    Ref: OnIsalm

  • ဗြိတိန် ဗလီတစ်လုံးတွင် လူမျိုး၊ ဘာသာမရွေး လာရောက်နိုင်သည့် လက်ဝှေ့အားကစားရုံဖွင့်

    ဇန်နဝါရီ ၁၁ ၊ ၂၀၁၄
    M-Media

    IMG_1245
    (ဓာတ်ပုံ) Netheredge မှ ဂျာမီယဟ်ဗလီရှိ လူမျိုးဘာသာမရွေး အများသုံးလက်ဝှေ့အားကစားရုံ

    ယော့ခ်ရှိုင်းယားတောင်ပိုင်း ။       ။ အင်္ဂလန်တွင် ဒုစရိုက်ဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်းကို အာရုံပြောင်းရန်အတွက် Sheffield နယ်အတွင်းရှိလူမျိုး ဘာသာမရွေး လာရောက်နိုင်သော လက်ဝှေ့ အားကစားရုံ တစ်ခုကို ဗလီတစ်လုံးမှ ပထမဆုံး ဖွင့်လှစ်ပေးလိုက်သည်။

    “ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ဒီဒေသအတွင်း လူမှုရေးအသွင် မတူခြင်းဆန့်ကျင်တဲ့ပြဿနာ ၁၂၆ ခုအထက်ရှိခဲ့တယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာတော့ အမှု ၁၀၀ လောက်ပဲရှိတော့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်မှုကို ပိုမိုဖော်ထုတ်ပေးနိုင်မယ့် – ရေရှည်ထိန်းသိမ်းနိုင်မယ့်အရာတွေ လိုအပ်နေပါတယ် ” ဟု တစ်နိုင်တည်းသားများ စင်တာ One Nation Community Centre တည်ထောင်သူ ၀ါဂျစ် နဇီးရ် Wajid Nazir က ဇန္န၀ါရီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် BBC သို့ ပြောကြားခဲ့သည်။

    Netheredge ရှိ ဂျာမီယဟ်ဗလီဝတ်ကျောင်း နှင့် အုစ်မာနီယဟ် ပညာရေးဌာန Usmania Education Centre အတွင်း တည်ရှိသော One Nation Community Centre ၌ ဖွင့်လှစ်ထားသည့် အများသုံးလက်ဝှေ့ရုံမှာ Sharrow Vale နှင့် Netheredge ၀န်းကျင်မှ လူမျိုးဘာသာမရွေး လူတိုင်းအတွက် တံခါးဖွင့်ပေးထားပါသည်။

    “ ဒီဌာနက လူမျိုးဘာသာ အဆင့်အတန်းမရွေး လူတိုင်းကို ကြိုဆိုနေပါတယ် ” ဟု လက်ဝှေ့လေ့ကျင့်ရေးသင်တန်းသား Max Cundy က ဆိုသည်။

    ယင်းအသိုင်းအ၀ိုင်းရှိ လေ့ကျင့်ရေး သင်တန်းသားများအား လန်းဆန်းတက်ကြွလာစေရန် နှစ်ထပ်ကွမ်းကမ္ဘာ့ချန်ပီယံ Paul silky Jones မှ ရှောင်တခင်လာရောက်လည်ပတ်ကာ လက်ဝှေ့အားကစားဖြင့် အားလပ်ချိန် အသုံးချခြင်းအပေါ် ချီးမွှမ်းအားပေးခဲ့သည်။

    “ ကမ္ဘာ့ချန်ပီယံဆိုတဲ့အရာက နည်းပြဆရာတွေကို ငွေကြေး အမြောက်အများ ရရှိစေတယ်။ အသင်တို့ အချင်းချင်း ပူးပေါင်းသွားမယ်ဆိုရင် လူမျိုး၊ လိင်၊ အသိုင်းအ၀ိုင်းအသီးသီးနဲ့ပတ်သက်ပြီး တွေးခေါ်တတ်လာမယ်။ ဒါဟာ မိမိကိုယ်တိုင်အကြောင်းကို တော်တော်များများ ကောင်းကောင်းသိလာအောင် သင်ကြားပေးတာပါပဲ ” ဟု ဂျုံးစ် က ပြောပြ၏။

    ဗြိတိန်၌ မွတ်စ်လင်မ်ပေါင်း ၂.၇ သန်းနီးပါး နေထိုင်ကြပြီး လူနည်းစုဝင်ဖြစ်သည်။

    ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် University of Essex မှပြုလုပ်သော Institute for Social and Economic Research ၏ အစီရင်ခံစာအရ မွတ်စ်လင်မ်တို့သည် ဗြိတိန်အမျိုးသားရေးခံယူချက်၌ အခြားအုပ်စုများနှင့် ထပ်တူထပ်မျှပင်ဖြစ်သည်ဟု ဆိုထားသည်။

    ၂၀၁၁ ခုနှစ်ကလည်း ဗြိတိန်ရှိမွတ်စ်လင်မ်တို့သည် အခြားသူများထက် မျိုးချစ်စိတ်ပြင်းထန်ကြောင်း think tank Demo မှ ဖော်ပြခဲ့သည်။

    “ ကျွန်ုပ်သည် ဗြိတိန်နိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူသည် ” ဟူသောဆောင်ပုဒ်အပေါ် ၈၃ ရာခိုင်နှုန်းသော မွတ်စ်လင်မ်တို့က မိမိတို့မှာ ဗြိတိန်နိုင်ငံသားဖြစ်ခြင်းအပေါ်ဂုဏ်ယူပါသည်ဟု တုန့်ပြန်ခဲ့ကြပါသည်။ ၄င်းမှာ တစ်နိုင်ငံလုံးလူဦးရေပမာဏ၏ ပျမ်းမျှတုန့်ပြန်နှုန်း ၇၉ ရာခိုင်နှုန်းထက် မြင့်မားနေပါသည်။

    Ref: OnIslam

  • မိတ္ထီလာမြို့ ပြည်သာယာ၌ ဖဲဝိုင်းတွင် လူငယ်ချင်း စကားများရာမှ ဓါးထိုးမှုဖြစ်

    မိတ္ထီလာမြို့ ပြည်သာယာ၌ ဖဲဝိုင်းတွင် လူငယ်ချင်း စကားများရာမှ ဓါးထိုးမှုဖြစ်

    ဇန်န၀ါရီ ၁၁-၂၀၁၄
    M-Media

    မိတ္ထီလာမြို့ ပြည်သာယာ တောင်ဘက်ကမ်း ရပ်ကွက် ဖဲဝိုင်းတွင် လူငယ်ချင်းစကားများကာ ဓါးထိုးမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။

    ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။

  • မြန်မာ့ဝါးတွေကို ထိန်းသိမ်းဖို့လိုအပ်ကြောင်း ၀ါးချစ်သူများအဖွဲ့မှ ပြောကြား

    ဇန်န၀ါရီလ ၁၁-၂၀၁၄
    M-Media
    သီရိ

    30

    ရန်ကုန်။          ။ မြန်မာနိုင်ငံ အစိမ်းရောင်ကွန်ယက်မှ ကြီးမှူးကျင်းပသည့် ၀ါးချစ်သူများအသင်း အခမ်းအနားကို ရန်ကုန်မြို့ ORCHID HOTEL တွင် နေ့လည် ၁ နာရီမှ နေလည် ၃ နာရီ ထိ ကျင်းပခဲ့ပါသည်။

    ထိုအခမ်းအနားတွင် ၀ါးကိုချစ်သောသူများ တက်ရောက်ခဲ့ပြီး ၀ါးအကြောင်းများကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော အောင်ပင်လယ် လူမှု ၀န်းကျင် မဂ္ဂဇင်းမှ အယ်ဒီတာချုပ်၊ မြန်မာအစိမ်းရောင် ကွန်ယက် တာဝန်ခံ ဒေါ်ဒေ၀ီသန့်ဇင်မှ “မြန်မာပြည်မှာ ၀ါးဟာ တကယ်ကို တန်ဖိုးရှိတဲ့ အဖိုးတန် ကုန်ကြမ်းဖြစ်တယ်၊ အခုခေတ်လူတွေက ၀ါးတန်ဖိုးကိုသိပ် မသိကြတော့ဘူး နှမြောဖို့ကောင်းတယ်၊ လူတွေက ၀ါးကို ခုတ်ဖို့ပဲသိကြတယ်၊ စိုက်ဖို့မသိကြဘူး၊ ၀ါးတွေကို ဒီတိုင်း ဆက်ရောင်းနေမယ်ဆိုရင်တော့ နောက်မျိုးဆက်သစ်တွေက ၀ါးအကြောင်းကို သမိုင်းတွေမှာပဲ သိရတော့မယ့် အခြေနေဖြစ်နေပြီ၊  ပြည်တွင်း သယံဇာတတွေကို မပျောက်ဆုံးစေချင်ဘူး၊ ၀ါးတွေကို ထိန်းသိမ်းဖို့လိုအပ်နေပါပီ” ဟု မိတ်ဆက်စကားပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး သစ်တောတက္ကသိုလ် ပါမောက္ခ ဒေါက်တာ ဆန်းဝင်းမှ အရည်အသွေးကောင်းမွန်တဲ့ ၀ါးတွေမှာ ရှားပါးနေပြီ ဖြစ်ပြီး ၀ါးကို အထူးစိုက်ပျိုးဖို့ လိုအပ်ကြောင်း၊ ၀ါး၏ အထူး အသုံးဝင်ပုံနှင့် ၀ါးကိုတန်ဖိုးထားတတ်သင့်ကြောင်း၊ ၀ါးနှင့်ပြုလုပ်ထားသည့် ပစ္စည်းများသည် တကယ် အနုပညာ လက်ရာ မြောက်ကြောင်း စသည်ဖြင့် ၀ါးနှင့် ပတ်သက်သည့် အသုံးဝင်ပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ၀ါးချစ်သူများဖြစ်ကြသော ဦးအောင်ဇော်မိုး၊ ဦးအောင်စိုး၊ ဦးမန်းကိုကိုကြီး တို့မှလည်း ၀ါးနှင့်  ပတ်သက်သည့် ဗဟုသုတ ရဖွယ်များနှင့် ပညာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    အခမ်းနားတွင် ၀ါးနှင့် ပတ်သက်သည့် အနုပညာလက်ရာမြောက်သော ပစ္စည်းများကို ခင်းကျင်းပြသထားပြီး ၀ါးချစ်သူအသင်းဝင်များကို ဖိတ်ခေါ်လျက်ရှိပြီး  သဘာဝပတ်ဝန်းကျင် လုပ်ငန်းများကိုပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

  • ၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်ပြည့် စိန်ရတု အခမ်းအနားကျင်းပ

    ဇန်န၀ါရီ ၁၁-၂၀၁၄
    M-Media
    သီရိ
    11
    ရန်ကုန်။       ။ ၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်ပြည့် စိန်ရတုသဘင်ကို ယနေ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံ ရေကြည်တော် ဝတ်အသင်း ခန်းမ၌  ကျင်းပခဲ့ပါသည်။ ထိုအခမ်းနားကို တို့ဗမာအစည်းရုံးဝင် သခင်၊သခင်မကြီးများမှ စုပေါင်းပါဝင်လှူဒါန်းခဲ့ပါသည်။

    အခမ်းနားကို သံဃာတော်များ၊ သခင်ဖိုးလှကြီး၏သမီးဖြစ်သူ ဒေါ်ကျဉ်ကျဉ်ဝေ၊ သခင်ဘသော်၊ ဦးမောင်မောင်ကြီး နှင့် သခင်မျိုးဆက်များ၏ သားသမီးမြေးမြစ်များ ၁၀၀ ကျော်တက်ရောက်ခဲ့ကြပါသည်။

    “ဒီပွဲကို သခင် စိတ်သက်သက်နဲ့ တက်ရောက်ခဲ့တာဖြစ်တယ်၊ ဒီပွဲကိုတော့ တို့ဗမာအစည်းရုံးမှ သခင်ကြီးများ၏ သားသမီးများက ဦးစီး ကျင်းပတာဖြစ်တယ်၊ ဒီပွဲဟာ သမိုင်းကိုပြန်လည်ဖော်ထုတ်တာဖြစ်တယ်၊ ဒီပွဲကိုတက်ရောက်လာရလို့ အရမ်းကိုဝမ်းသာပါတယ်၊ သေပျော်ပါပီ၊ တိုင်းပြည်မှာ ဒီလိုပွဲတွေကို လုပ်သင့်နေတာကြာပါပီ၊ သခင်တွေရဲ့ မျိုးဆက်တွေ ၆၀ ကျော်လောက်တက်ရောက်ခဲ့တယ် ” ဟု အခမ်းနားကို တက်ရောက်လာသူ တစ်ဦးဖြစ်သော ဦးသန်းဝင်းအောင် မှ ပြောကြားခဲ့ပါသည်။

    “ဒီပွဲမှာ သခင်ကြီးတွေနဲ့ ပြန်ဆုံရတာ တွေ့ခွင့်ရတာကို အရမ်းကိုဝမ်းသာမိပါတယ်၊ လူတွေကိုလဲ အစုံအလင်တွေ့ရတယ် ပျော်လဲပျော်ပါတယ်” ဟု သခင်လှမြိုင်၏ သားဖြစ်သူ ဦးမောင်မောင်ကြီးမှ ၀မ်းသာပီတိကို ပြောကြားခဲ့ပါသည်။

    နေ့လည်တွင် သံဃာတော် ၇၅ ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။