News @ M-Media
Blog
  • မက္ကာနှင့် မဒီနာ မြို့များးကို ဆက်သွယ်ထားသည့် ဟာရာမိန်းမြန်နှုန်းမြင့် ရထားလမ်း ၂၀၁၄ နှစ်ဆန်းတွင်ဖွင့်လှစ်နိုင်မည်
    စက်တင်ဘာ၊ ၁၄ ၊ ၂၀၁၃
    M-Media
    skorostnoy_poesdဆော်ဒီအာရေဗျနိုင်ငံ မက္ကာ၊ မဒီနာနှင့် ဂျစ်ဒါမြို့တို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာ ၄၅၀ ရှည်လျားသည့် ဆောက်လုပ်ဆဲ မြန်နှုန်းမြင့် မီးရထားလမ်းအား လာမည့် ၂၀၁၄ နှစ်ဆန်းတွင် အသုံးပြုနိုင် လိမ့်မည်ဟု ဆော်ဒီရထားလမ်းပို့ဆောင်ရေးအဖွဲ့အစည်း(SRO) က ကြေညာခဲ့သည်။
    အဆိုပါရထားလမ်းမှာ စီးပွားရေးမြို့သစ်များ၊ စက်မှုဇုံများနှင့် လူထူထပ်သည့်မြို့များကိုဖြတ်ကာ တောင်နှင့်မြောက် ဆက်သွယ်ထားသည့်မီးရထားလမ်းဖြစ်သည်။ ဆော်ဒီပို့ဆောင်ရေးဝန်ကြီးနှင့် SRO ဘုတ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဂျာဘာရာ အလ် ဆီရာအစ္စရီက မူလကသတ်မှတ်ထားသည့် ဘူတာရုံငါးခုတည်ဆောက်ပြီးသည့်နောက်ပိုင်းတွင် မဒီနာရှိ အဘ်ယာအလီဒေသတွင် ဘူတာရုံးတစ်ခု ထပ်မံတိုးချဲ့ဆောက်လုပ်ဖွယ်ရှိနေသည်ဟု Saudi Press Agency သို့ပြောကြားခဲ့သည်။
    SRO ကုမ္ပဏီမှာ ရထားလမ်း၏ ဒုတိယ အဆင့်ကိုတည်ဆောက်ရန် ကန်ဒေါ်လာ ၉.၄ ဘီလီယံတန်သည့် ပရောဂျက်အား လွန်ခဲ့သည့်အောက်တိုဘာလက AlShoula ကုမ္ပဏီမှ ရရှိခဲ့သည်။ ဒုတိယအဆင့် တည်ဆောက်မှုတွင် ရထားလမ်းပိုင်းများတည်ဆောက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင်ခြင်း၊ ထိန်းချုပ်ရေးစင်တာတည်ဆောက်ခြင်း၊ အချက်ပြစနစ်နှင့် ဆက်သွယ်ရေး စနစ်များ တပ်ဆင်ခြင်းနှင့် Talgo 350 ရထား ၃၅ စီးတင်သွင်းခြင်းတို့ပါဝင်မည်ဖြစ်သည်။
    မက္ကာနှင့် မဒီနာမြို့နှစ်မြို့ကို အဓိကထားပြီး ဂျစ်ဒါ၊ ရီယာဒ့်နှင့် ဒန်မာန်မြို့များနှင့်လည်းဆက်သွယ်ထားသည့် အဆိုပါရထားလမ်း ပြီးစီးသွားပါက တစ်နေ့တွင် ခရီးသည်ပေါင်း ၁၅၀,၀၀၀ ကျော်ကို ပို့ဆောင်နိုင်မည်ဖြစ်သည်။
    Ref: http://islam.ru
  • ဥပဒေ ဒီပလိုမာကို အွန်လိုင်းမှတဆင့် ရယူနိုင်
    ဥပဒေ ဒီပလိုမာကို အွန်လိုင်းမှတဆင့် ရယူနိုင်
    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    လင်းလင်း
    ရန်ကုန်   ။         ။   အွန်လိုင်းမှတဆင့် သင်ယူနိုင်သော ဥပဒေ ဒီပလိုမာ သင်တန်းကို ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေရေးရာဌာနသို့ အွန်လိုင်းမှ လျှောက်ထားနိုင်ကြောင်း သိရသည်။
    စာမေးပွဲဖြေဆိုရာ၌ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူများအတွက် ပိုမိုအဆင်ပြေစေရန် နံနက် ၆ နာရီမှ ည ၆ နာရီ အထိ သတ်မှတ်ပေးထာကြောင်း၊ ယခုနှစ်တွင် ဒုတိယ အသုတ် ဒီပလိုမာသင်တန်း ပထမနှစ်ဝက်ဖြေဆိုသူ ၁၀၀-ကျော်ရှိပြီး ပထမ အသုတ် ဒီပလိုမာသင်တန်း ဒုတိယနှစ်ဝက်ဖြေဆိုသူ ၅၄-ဦးရှိကြောင်း ဖြေဆိုပြီး ရက်ပိုင်းအတွင်း၌ ရလဒ်များကို Online ၌ ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေ ဒီပလိုမာကို www. yudeonline.com.mm မှ လျှောက်ထားနိုင်ကြောင်း သိရသည်။
    ရန်ကုန်အဝေးသင်တက္ကသိုလ်ရှိ ကျန်ဘာသာရပ်များလည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှစပြီး အွန်လိုင်းမှတစ်ဆင့် ဒီဂရီပေးနိုင်ရန် စတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
    ရန်ကုန်အဝေးသင်တက္ကသိုလ်ဥပဒေရေးရာဌာနအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဥပဒေဒီပလိုမာသင်တန်းကို ၂၀၁၂-ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဒီပလိုမာသင်တန်းကို နှစ်ဝက် စာသင်ကာလ နှစ်ခုနှင့် တစ်ခုကို ၅-လတာ သတ်မှတ်ကာ ပထမနှစ်ဝက်တွင် ဘာသာရပ် ၅-ခု သင်ကြား ခဲ့ကြောင်း ဘာသာရပ်တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြားရန်ပြဠာန်းထားသည်။ ဒုတိယနှစ်ဝက်တွင်လည်း ဥပဒေပညာရပ် ၄-ခု ပြဋ္ဌာန်း သင်ကြားပေး ပြီး အဲဒီအနက် ဥပဒေဘာသာရပ်တစ်ခုကို စာတမ်းပြုစုတင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခ ဒေါ်မမလေးမှ ပြောကြားခဲ့သည်။
    ကိုးကား >> ကြေးမုံသတင်းစာ
  • ဒိုင်းမွန်းရွှေကြည်သည် မြန်မာမွတ်စလင်ခေါင်းဆောင် မဟုတ်သလို လူမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း လုံးဝမဟုတ်ပါ။
    ဒိုင်းမွန်းရွှေကြည်သည် မြန်မာမွတ်စလင်ခေါင်းဆောင် မဟုတ်သလို လူမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း လုံးဝမဟုတ်ပါ။
    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ယမန်နေ့က ဝေါလ်စထရိဂျာနယ်မှ မြန်မာမွတ်စလင်ခေါင်းဆောင်နှင့် ဦးဝီရသူတို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးကြဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖော်ပြခဲ့ပါသည်။
    ယင်းတွင် မြန်မာမွတ်စလင်ခေါင်းဆောင်ဟု ဖော်ပြသုံးစွဲထားလင့်ကစား ထိုခေါင်းဆောင်မှာ ဒိုင်းမွန်းရွှေကြည်ဖြစ်သည်ဟု လည်း ဖော်ပြထားပါသည်။
    ဒိုင်းမွန်းရွှေကြည်မှာ မြန်မာမွတ်စလင်ခေါင်းဆောင်မဟုတ်သလို မွတ်စလင်အများစုက ၄င်း၏အမည်ကိုပင် သိပင်မသိကြပါ။ ထို့ကြောင့် မြန်မာမွတ်စလင် တက်ကြွလှုပ်ရှားသူ ကိုမင်းသူမှ ဝေါလ်စထရိဂျာနယ်သို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီး အမ်မီဒီယာအား ဖော်ပြပေးဖို့ရာ ဆက်သွယ်လာသဖြင့် သူ၏ ပေးစာကို ဖော်ပြအပ်ပါသည်။
    The Wall Street Journal အယ်ဒီတာဘုတ်အဖွဲ့ သို့ အိတ်ဖွင့်ပေးစာ
    51zucz4MeHL._SL500_AA300_.png
    သို့
    အယ်ဒီတာဘုတ်အဖွဲ့ (The Wall Street Journal)
    ငြိမ်းချမ်းပါစေကြောင်း ဦးစွာ မေတ္တာပို့ သလိုက်ပါတယ်ခင်ဗျာ။ ကျွန်တော်ဟာ အသက် ၂၇နှစ်အရွယ် မြန်မာမွတ်စလင် ပြည်သူ့ ကျန်းမာရေး ဆရာဝန် တစ်ဦးဖြစ်ပါတယ် ခင်ဗျာ။ မြန်မာမွတ်စလင်လူမှုအသိုင်းအဝန်းရဲ့ လူမှုရေး လှုပ်ရှားမှု လုပ်ငန်းများမှာလည်း ပရဟိတလုပ်အားပေးတစ်ဦးအနေနဲ့ ပါဝင်ခဲ့ ပါတယ်။ လူကြီးမင်းတို့ ရဲ့ နိုင်ငံတကာသတင်းဂျာနယ်တွေထဲမှာ မြန်မာမွတ်စလင်အရေးနဲ့ ပတ်သက်တာတွေ ရေးသားတင်ပြပေးတဲ့ အတွက် အလွန် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အဲ့ဒါကြောင့် နိုင်ငံတကာအသိုင်းအဝန်းရဲ့ အာရုံစိုက်မှုကို ရပြီး အဲ့ဒါက ဒီအကျပ်အတည်းအချိန်မျိုးမှာ ကျွန်တော်တို့ အလိုအပ်ဆုံးအရာပါပဲ။
    WSJ ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့အတွက် WSJ ဝက်ဆိုဒ်ကို မကြာခဏဆိုသလို ကြည့်ဖြစ် ဖတ်ဖြစ်ပါတယ်။ မနေ့ က မြန်မာမွတ်စလင်အရေးနဲ့ ပတ်သက်ပြီး သတင်းတိုတစ်ပုဒ်နဲ့ ဗီဒီယိုတစ်ခု တင်ထားတာတွေ့ ပါတယ်။
    (http://online.wsj.com/article/SB10001424127887324576304579072701949027852.html)
    ဒါပေမယ့် အဲ့ဒီ့သတင်းထဲက မှားယွင်းတဲ့ အချက်အလက်တွေကြောင့် ကျွန်တော် အင်မတန်မှကိုပဲ စိတ်မချမ်းမသာဖြစ်မိပါတယ်။ သတင်းထဲမှာ ရွှေကြည်ဆိုသူဟာ မြန်မာမွတ်စလင်ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်းနဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အဲ့ဒီအချက်ဟာ အပြင်မှာဖြစ်ပျက်နေတဲ့ တကယ့်အခြေအနေတွေနဲ့ လုံးဝကို ဆန့် ကျင်နေပါတယ်။ ကျွန်တော်တို့ မြန်မာမွတ်စလင်အသိုင်းအဝန်းမှာ အားလုံးလိုလိုက သူ့ ကို မနှစ်သက်ကြပါဘူး။ ရူးကြောင်ကြောင် အတွေးရှိပြီး သူရဲဘောကြောင်သူ တစ်ဦးအနေနဲ့ ပဲ လက်ခံထားပါတယ်။ မှန်တဲ့နည်းနဲ့ ပဲဖြစ်ဖြစ် မှားတဲ့ နည်းနဲ့ ပဲဖြစ်ဖြစ် ဘယ်နည်းနဲ့ မဆို သူ့ ကိုသူ နာမည်ကြီးအောင်လုပ်ဖို့ ပဲ သိတဲ့ သူတစ်ယောက်က ဘယ်လိုလုပ် လူ့ အသိုင်းအဝန်းတစ်ခုရဲ့ ခေါင်းဆောင် တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်နိုင်မှာလဲ ခင်ဗျာ။ သူနဲ့ သူ့ ကျေးဇူးခံ လူတစ်စုလောက်က အသိအမှတ်ပြုတဲ့ အမည်ခံခေါင်းဆောင်ပဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တကယ့်အဖြစ်မှန်က ကျွန်တော်တို့ မြန်မာမွတ်စလင်တွေ ရခိုင်နဲ့ မိတ္ထီလာမှာ အစိုးရရဲ့ အကာအကွယ်လုံးဝမဲ့ပြီး အစွန်းရောက် ဗုဒ္ဓဘာသာဝင်အုပ်စုတွေရဲ့ အကြမ်းဖက်မှုကို ခံနေရတဲ့အချိန်မှာ သူက နာမည်ဆိုးနဲ့ ကမ္ဘာကျော်တဲ့ ဘုန်းကြီးဝီရသူဆီမှာသွားပြီး ဦးညွတ်နာခံခဲ့တဲ့သူပါ။ ကျွန်တော် အာမခံပြောရဲတာကတော့ ကျွန်တော့်လိုပဲ ကျန်တဲ့ အင်တာနက်သုံးတဲ့မြန်မာမွတ်စလင်အများစုကြီးကလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး တော်တော်လေးကို စိတ်အနှောင့်အယှက်ဖြစ်နေကြတယ် ဆိုတာပါပဲ။ ဒိုင်းမွန်းရွှေကြည်ဟာ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင် လုံးဝမဟုတ်သလို တက်ကြွ လှုပ်ရှားသူတစ်ဦးလည်း လုံးဝမဟုတ်ပါဘူး။ သူ မြန်မာမွတ်စလင်လူထု အတွက် ဘာတစ်ခုမှ အကျိုးဆောင်ပေးခဲ့တာ လှုပ်ရှားဆောင်ရွက်ပေးခဲ့တာ မရှိပါဘူး။
    ဒါကြောင့် လူကြီးမင်းတို့ အနေနဲ့ အဲ့ဒီသတင်းပါအချက်အလက်တွေကို ပြန်လည်သုံးသပ်ဖို့ အတွက် လေးလေးနက်နက် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ အဲ့လိုမလုပ်ခဲ့ဘူးဆိုရင် အစွန်းရောက်အားပေးအုပ်စုတွေက လူကြီးမင်းတို့ ရဲ့ အကြမ်းဖက်ခံတွေဘက်က ရပ်တည်ပေး လိုတဲ့၊ ငြိမ်းချမ်းရေးကို ဆော်သြ ပေးလိုတဲ့ စေတနာကောင်းကို အမြတ် ထုတ်သွားကြမှာကို ကျွန်တော်တကယ့်ကို စိုးရိမ်မိပါတယ်။ လူကြီးမင်းတို့ ပြန်လည်သုံးသပ်လိုက်ရင် အဲ့ဒီသတင်းထဲမှာ ပြန်လည်တည်းဖြတ်ဖို့ လိုအပ်တဲ့ အခြေအမြစ်မရှိတဲ့ အချက်တွေ ရှာတွေ့မှာ သေချာပါတယ်ခင်ဗျာ။
    လေးစားစွာဖြင့်
    သူ
    မြန်မာ
    မိတ္တူပေးရန်- [email protected] (WSJ ၏ အီလက်တရောနစ် စာစောင်များနှင့်ပတ်သက်၍ ဝန်ဆောင်အဖွဲ့ အီးမေးလ် )
    [email protected] ((WSJ ၏ ပုံနှိပ်စာစောင်များနှင့်ပတ်သက်၍ ဝန်ဆောင်အဖွဲ့ အီးမေးလ်)
    WSJသို့ ဆက်သွယ်ရန်ဖုန်း – 1-800-JOURNAL (1-800-568-7625)
    ရုံးချိန် – တနင်္လာ မှ သောကြာ နံနက် ၇ မှ ည ၁၀၊ စနေ နံနက် ၇ မှ ညနေ ၃ နာရီ
    ========================================
    Diamond Shwe Kyi is neither Myanmar Muslim leader nor activist!!!
    (Open Letter to the Wall Street Journal Editorial Board)
    Dear Editorial board of the Wall Street Journal,
    Peace be upon you all. I’m a 27-year-old Myanmar Muslim public health profession. Also, I’ve volunteered in many activities of Myanmar Muslim Community. I really appreciate you all for supporting my community by mentioning Myanmar Muslim related news in your products which are globally popular. In this way, we have certainly got the attention of the international community. It is what we need urgently and essentially at this critical time.
    Being a regular online customer, I very often read your web and yesterday, I found a piece of news and video about Myanmar Muslim issue (http://online.wsj.com/article/SB10001424127887324576304579072701949027852.html). However, I felt too unhappy for this news because it includes totally wrong fact that is Shwe Kyi was mentioned to be a Myanmar Muslim activist as well as leader. It is entirely opposite to the real world. In our community, almost all Muslims completely dislike him and accept him as a stupid coward. The one who only knows to make himself popular in all possible ways – either right or wrong is how can be a leader or social activist? May be a so-called one! The true story is that he bowed down to the internationally notorious Buddhist Monk, Wirathu at the time when our brothers from Rakhine and Meikthila were persecuted and terrorized by Buddhist extremist groups and the government could not protect them from those series of attacks at all. I’m sure majority of online Myanmar Muslim users are feeling upset with this news like me. He is neither our leader nor activist! He did nothing for the community.
    Thus, may I seriously encourage you all to analyse the facts mentioned in it since I surely worry that the pro-radical groups would take advantage on your good deed of standing for victims and lobbying peace. I’m certain you all will find out some baseless information required to edit after your evaluation.
    Yours,
    Thu
    Myanmar
    Cc: [email protected] (Contact Email of Customer Services of WSJ for digital products)
    [email protected] (Contact Email of Printed Customer Services of WSJ for printed products)
    Phone Contact of WSJ – 1-800-JOURNAL (1-800-568-7625)
    Hours: Monday – Friday: 7am to 10pm EST, Saturday: 7am to 3pm EST
  • စက်တင်ဘာ ၁၃ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    စက်တင်ဘာ၊ ၁၃ ၊
    M-Media
    အကြမ်းဖက်မှုများ ရပ်တန့်အောင် မိမိတစ်ဦးတည်းဖြင့် လုပ်ရန် မလွယ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
    အကြမ်းဖက်မှုတွေ ပြေလည်နိုင်ရန် တရားဥပဒေစိုးမိုးဖို့ အရေးကြီးတယ်ဆိုတာကြောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ရပ်တန့် ပပျောက်ရေးဟာ မိမိတစ်ဦးတည်း ဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တာကြောင့် တရားဥပဒေ စိုးမိုးရေး ဘယ်လောက် လုပ်နိုင်မလဲဆိုတာ အဖြေဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း RFA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
    ________________________
    လူကုန်ကူးမှု အများဆုံးစာရင်းတွင် မန္တလေးခရိုင် ၆-မြို့နယ်ပါဝင်
့မြန်မာနိုင်ငံတွင် ၃၃၀ မြို့နယ်တွင် (၁၁၉) မြို့နယ်တွင် လူကုန်ကူးမှု ဖြစ်ပွားပြီး အများဆုံးဖြစ်ပွားသည့် ၄၂-မြို့နယ်တွင် မန္တလေးခရိုင်မှ အမရပူရ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံ နှင့် ပုသိမ်ကြီး မြို့နယ် တို့ပါဝင်ကြောင်း၊ တရုတ်သို့ ၈၀ ရာခိုင်နှုန်း၊ ထိုင်းသို့ ၁၀ ရာခိုင်နှုန်း၊ မလေးရှားသို့ ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှာပင် ၄ ရာခိုင်နှုန်းဖြစ်ကြောင်း မန္တလေး၌ ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် ပြောကြားကြောင်း မြန်မာခေတ်သတင်းတပုဒ်မှာ ဖော်ပြထားတာတွေ့ရှိရပါတယ်။
    _________________________
    ရခိုင်မှာ အစမ်းကောက်ခံနေတဲ့ ရပ်ဆိုင်း သန်းခေါင်စာရင်း ပြန်ကောက်မည်ဟု ဦးခင်ရီ ပြော
    ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအား သန်းခေါင်စာရင်း ကောက်ယူနေရာ ရိုဟင်ဂျာအစား ဘင်္ဂါလီဟု ရေးသားမှုများကြောင့် ရိုဟင်ဂျာများနှင့် အခြေအတင်ဖြစ်ကာ ဧပြီလ ၂၆-ရက်နေ့က ရပ်နားထားခဲ့သော သန်းခေါင်စာရင်းအား ပြန်လည် ကောက်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း နှင့် ၎င်း သန်းခေါင်စာရင်းမှာ အစမ်းကောက်ခံခဲ့တာဖြစ်ပြီး ရပ်နားထားတာကို ပြန်လည်ကောက်ယူဖို့ လုပ်ဆောင်နေပြီး ကွင်းဆင်းကောက်ယူရတဲ့ ရည်ရွယ်ချက်ကို သေချာရှင်းလင်းပြောပြပြီး နားလည်လက်ခံချိန်မှ ကောက်ယူမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဧရာဝတီ သတင်းဌာနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။
    _________________________
    ဗိုလ်ချူပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ရေး အဆို ရန်ကုန်တိုင်းလွှတ်တော်မှာ ရှုံးနိမ့်
    မြန်မာရှိ ငွေစက္ကူများတွင် ရှေးယခင်က ဗိုလ်ချုပ်အောင်ဆန်းပုံကို ရိုက်နှိပ်သုံးစွဲခဲ့သော်လည်း နောက်ပိုင်း တဖြေးဖြေးနှင့် ဗိုလ်ချုပ်အောင်ဆန်းပုံမှာ လုံးဝ ကွယ်ပျောက်ခဲ့ပါတယ်။ ယခုတဖန် မြန်မာ ငွေစက္ကူများမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထုတ်ဝေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းရာ ကန့်ကွက်ခဲ့သဖြင့် မဲခွဲရာတွင် ထောက်ခံမဲ ၂-မဲ၊ ကန့်ကွက်မှု ၁၂၁ မဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။ အဆိုတင်သွင်းသူမှာ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP) လွှတ်တော်ကိုယ်စားလှယ် ဦးကျော် ဖြစ်ပြီး ကန့်ကွက်သူမှာ ပြည်ဖြိုင်ဖြိုးပါတီ အမတ် ဒေါက်တာစောလှထွန်းဖြစ်ကြောင်း ဧရာဝတီ သတင်းစာမျက်နှာမှ တဆင့် သိရှိရပါတယ်။
    _________________________
    မလေးရှားမှာ အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် သွားရောက်ဆွေးနွေးခဲ့တဲ့ ၀န်ကြီးဦးအေးမြင့်
    မလေးရှားနိုင်ငံမှာ တရားမ၀င် ၀င်ရောက်နေထိုင်သူတွေအား စိစစ်ရန်နှင့် မှုခင်းများ လျော့ချရန် စီမံချက်နဲ့ မလေးရှားအစိုးရ နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေလည်း ဖမ်းခံခဲ့ရတာကြောင့်  မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်က မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။  မြန်မာနိုင်ငံသားများအနေနဲ့ မလေးရှားနိုင်ငံမှာ စာရွက်စာတမ်း အထောက်အထားမရှိ၊ အလုပ်လုပ်ခွင့် မရှိကြသူများ လျော်ကြေးပေးစရာ မလိုအပ်ပဲ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးမှ ပြန်ခေါ်မှာဖြစ်တယ် လို့လည်း မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့် ပြောဆိုလိုက်ကြောင်း VOA သတင်း စာမျက်နှာမှတဆင့် သိရှိရပါတယ်
    _________________________
    ၁။ ရုရှားနိုင်ငံရှိ စိတ်ကျန်းမာရေးဆေးရုံ တစ်ခု မီးလောင်မှုဖြစ်ပွား လူသုံးဦးသေဆုံး
    20139137756727621_20
    ရုရှားနိုင်ငံရှိ စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် ယနေ့နံနက်အစောပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်း လူ ၃ ဦးသေဆုံးခဲ့ကာ ၃၀ ကျော်မှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု သိရသည်။
    ရုရှားနိုင်ငံအနောက်မြောက်ဘက် နောဗ့်ဂိုရော့ဒေသ လူကာရွာရှိ စိတ်ရောဂါကုဆေးရုံဖြစ်ပြီး ဒေသစံတော်ချိန် ယနေ့နံနက် ၃ နာရီတွင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ အဆောက်အအုံအစိတ်အပိုင်းအများစုမှာ သစ်သားဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် ဆေးရုံတစ်ခုလုံးကို လျင်မြန်စွာလောင်ကျွမ်းသွားခဲ့သည်။
    လူနာတစ်ဦး၏ဆေးလိပ်မီးမှစတင်လောင်ကျွမ်းသည်ဟုယူဆရပြီး မီးလောင်ကျွမ်းချိန်တွင် လူ ဆေးရုံထဲတွင် လူ ၆၀ ခန့်ရှိနေခဲ့သည်။ ၂၃ ဦးကိုကယ်တင်နိုင်ခဲ့ပြီး လူနာနှစ်ဦးနှင့် လူနာများအားကယ်တင်ရန်ကြိုးစားခဲ့သူ သူနာပြုတစ်ဦးသေဆုံးခဲ့သည်။
    ကျန် လူ ၃၀ ကျော်မှာ စိုးရိမ်ဖွယ်ရာ အနေအထားတွင်ရှိနေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    Ref: aljazeera
    —————————————
    ၂။ အလ်ရှာဘတ် စစ်သွေးကြွအဖွဲ့အား ဆိုမာလီအစ္စလာမ့်ပညာရှင်များ ရှုတ်ချ
    ဆိုမာလီနိုင်ငံမှ အစ္စလာမ့်ဓမ္မပညာရှင်များက ဆိုမာလီယာတွင် ကျက်စားနေသည့် အလ်ရှာဘတ်အဖွဲ့၏အကြမ်းဖက်လုပ်ရပ်များအားရှုတ်ချလိုက်ပြီး ထိုအဖွဲ့အတွက် အစ္စလာမ်တွင်နေရာမရှိဟု ပြောဆိုလိုက်သည်။
    “ဆိုမာလီနိုင်ငံသားတွေကို သတ်ဖြတ်ဖို့ဖြစ်လာတဲ့ ဂိုဏ်းတစ်ခုပါပဲ။ တရားလည်းမ၀င်သလို မှန်လည်းမမှန်ပါဘူး။ သူတို့ဖန်တီးချင်တဲ့ တစ်ခုတည်းသောအရာက တိုင်းပြည်အတွင်းမတည်ငြိမ်မှုတွေပါပဲ။ ဒါမှသူတို့ အသက်ဆက်နိုင်မှာပါ” ဟု အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးဖြစ်သူ ရှိခ် ဟာဆန် ဂျာမိုင်က ဘီဘီစီသတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။
    ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တွင် ကျင်းပပြလုပ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအား ကိုင်တွယ်အရေးယူရေး လေးရက်တာ အစည်းအဝေး အပြီးတွင်ပြော ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးအပြီးတွင် အစ္စလာမ့်ဓမ္မပညာရှင်များက အလ်ရှာဘတ်မှာ အစ္စလာမ့်၏သွန်သင်ချက်များနှင့်ဆန့်ကျင်ကြောင်း ဖသ်ဝါ(ဓမ္မသတ်)ထုတ်ပြန်ခဲ့သည်။
    “အလ်ရှာဘတ်ရဲ့လုပ်ရပ်များမှာ အစ္စလာမ်၏လမ်းစဉ်နှင့် သွေဖည်နေပြီး ဆိုမာလီပြည်သူများအား မှားယွင်းသောလမ်းဆီသို့ ဦးတည်ခေါ်ဆောင်ခြင်းသာဖြစ်သည်။ ၎င်းတို့ဝါဒဖြန်နေသော အယူအဆများမှာ အစ္စလာမ်သာသနာတော်အတွက် အန္တရာယ်ဖြစ်စေသကဲ့သို့ ဆိုမာလီလူ့အဖွဲ့အစည်းအတွက်လည်း အန္တရာယ်ဖြစ်စေသည်။” ဟု အဆိုပါဓမ္မသတ်တွင် ရေးသားဖေါ်ပြထားသည်။
    Ref: OnIslam
    —————————————
    ၃။ ဒုတိယကမ္ဘာစစ် အတွင်း ပျောက်ဆုံးခဲ့သည့် လေတပ်သားနှစ်ဦး၏ အလောင်းပြန်တွေ့
    Soldiers honor fallen with flags at Arlington graves
    ဒုတိယကမ္ဘာစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွင်ပျောက်ဆုံးခဲ့သည့် အမေရိကန်လေတပ်သားနှစ်ဦး၏ ရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။ ပါပူအာ နယူးဂီနီနိုင်ငံရှိ တောင်တန်းတစ်ခုပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း အာလင်တန် အမျိုးသား စစ်သင်္ချိုင်းတွင် မြှပ်နှံသဂြိုဟ်မည်ဖြစ်သည်။
    ထိုလေတပ်သားနှစ်ဦးမှာ A-20G Havoc ဗုံးကြဲလေယာဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုဗိုလ် ဗလိုရီ အလ် ပိုလာဒ် နှင့် တပ်ကြပ် ဒိုမီနစ် ဂျေ လီကာရီ တို့ဖြစ်ကြပြီး ၁၉၄၄ ခုနှစ် မတ်လ ၁၃ရက်နေ့က ရန်သူ့စစ်စခန်းများအား တိုက်ခိုက်စဉ် ပျက်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
    Ref: CNN
    —————————————
    ၄။ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဘာရိန်းခြိမ်းချောက်
    kaffash20130213152949867
    ယနေ့တွင်ကျင်းပရန်စီစဉ်ထားသည့် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင် ပတ်သက်သူများအား အရေးယူမည်ဟု ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာနက ခြိမ်းခြောက်ပြောဆိုလိုက်သည်။ “ဥပဒေကိုဆန့်ကျင့်ဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေက စီစဉ်ပြုလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ ပါဝင်ပက်သက်တဲ့ဘယ်သူ့ကိုမဆို ဥပဒေအရေးယူရပါလိမ့်မယ်” ဟု ပြည်သူ့လုံခြုံရေးအကြီးအကဲ တာရစ် ဟာဆန် အလ် ဟာဆန်က ပြောကြားခဲ့သည်။
    ထို့ပြင် ယနေ့ပြုလုပ်မည့် ဆန္ဒပြပွဲအား ပြည်ထဲရေးမှ ပိတ်ပင်ထားကြောင်း၊ ဥပေဒကအာမခံထားသည့် လွတ်လပ်စွာထုတ်ဖော်မှုမှာ ဆန္ဒပြခြင်းနှင့် မည်သို့မှ ပက်သက်မှုမရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: presstv
    ——————————–
    ၅။ ၁၃ နှစ်အရွယ်လူငယ်လေးအား ပြန်ပေးဆွဲ သတ်ဖြတ်မှုတွင် ပါဝင်သည့် သံသယရှိသူ ၃ ဦးကို မက္ကဆီကိုတွင်ဖမ်းဆီး
    မက္ကဆီနိုင်ငံ၏မြို့တော်ရှိ အရက်ဘားတစ်ခုမှ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးအား ပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဟု သံသယရှိသူသုံးဦးကို မက္ကဆီကိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    ထို သံသယရှိသူသုံးဦးမှာ ဂျိုနသန်ရိုဘယ်လ်၊ ပက်ဒရို ဖရန်စစ္စကို ပက်ဇ်လိုပက်ဇ်နှင့် ဖာနန်ဒို ဖာနန်ဒက်ဇ်တို့ဖြစ်ကြပြီး ၁၃ နှစ်အရွယ်လူငယ်အား ပြန်ပေးဆွဲသတ်ဖြတ်မှုတွင်ပါဝင်သည်ဟု သံသယရှိသူများဖြစ်ကြသည်ဟု တရာလိုရှေ့နေများက ပြောကြားခဲ့သည်။
    အဆိုပါပြန်ပေးဆွဲမှုမှာ ပြီးခဲ့သည့်မေလကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက္ကဆီကိုရဲတပ်ဖွဲ့၏ အရေးယူရန်ပျက်ကွက်မှုကို သေဆုံးသူ၏ မိသားစုများက မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ရာမှ လူသိများလာခဲ့ခြင်းဖြစ်သည်။
    ——————————–
    ၆။ ဗြိတိန် ဥပဒေပြုလွှတ်တော်အမတ် မုဒိမ်းမှုဖြင့် တရားစွဲဆိုခံရ
    > on May 7, 2013 in London, England.
    ဗြိတိသျှအောက်လွှတ်တော်မှ အမတ်တစ်ဦးမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကကျူးလွန်ခဲ့သည့် များစွာသော လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ပက်သက်၍ တရားစွဲဆိုခြင်းခံရသောကြောင့် ရာထူးမှ နှုတ်ထွက်သွားသည်ဟုသိရသည်။
    နီဂဲလ် အီဗန့်ဟုအမည်ရသည့် အဆိုပါ ပုဂ္ဂိုလ်မှာ ရှေ့နေတစ်ဦးဖြစ်ပြီး ဗြိတိန်အာဏာရ ကွန်ဆာဗေးတစ်ပါတီဝင်တစ်ယောက်လည်းဖြစ်သည်။
    အီဗန့်က ထိုကိစ္စများမှာ စွပ်စွဲမှုများသာဖြစ်ပြီး ပြန်လည် ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံရေးလောကတွင် ဦးဆောင်သူတစ်ဦး အဖြစ်ရှိနေမည် မဟုတ်ဘဲ ပါလီမန်တွင်သာ ရှိနေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: CNN
    ————————————-
    ၇။ ဂျပန်နိုင်ငံတွင် ထရပ်ကားနှစ်စီးတိုက်မိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ
    ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာစီရင်စုတွင် ယနေ့နံနက်စောစောပိုင်းက ထရပ်ကားနှစ်စီးတိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၃ တန်ရှိသည့်ထရပ်ကားနှင့် ၈ တန်ရှိသည့် ထရပ်ကားသို့ ဖူကူအိုကာစီရင်စု မီယာမာမြို့ရှိ ကျူရှုအဝေးပြေးလမ်းမပေါ်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု Mainichi Shimbun နေ့စဉ်သတင်းစာတွင် ဖေါ်ပြခဲ့သည်။
    ၃ တန်ထရပ်ကားမှ ယဉ်မောင်းတစ်ဦးသေဆုံးခဲ့ပြီး ကျန်ခရီးသည်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုသိရသည်။
  • ၉-၁၁ နှစ်ပတ်လည် ပြုလုပ်မည့်နေရာတွင် ကုရ်အာန်ကျမ်းစာအုပ်များ မီးရှို့ရန် ကြံစည်ထားသော အမေရိကန်နိုင်ငံသား တယ်ရီဂျုံး ဖမ်းဆီးခံရ
    စက်တင်ဘာ၊ ၁၂ ၊
    M-Media
    pastor-terry-jones
    မိုင်ယာမီ။      ။ ဖလော်ရီဒါပြည်နယ်မှ အငြင်းပွားဖွယ်ရာပြုလေ့ရှိသော ပရိုတက်စတင့် ဘုန်းကြီးတစ်ဦးသည် ၉/၁၁ တိုက်ခိုက်မှုနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပုံနှိပ်ကုရ်အာန် ၃၀၀၀ ကို ရေနံဆီစိမ်ထားကာ မီးရှို့မည့်ဆဲဆဲ ဖမ်းဆီးခံရသည်ဟု အမေရိက မီဒီယာများက ဆိုသည်။
    အာဏာပိုင်များ၏အဆိုအရ ဂျုံးစ်သည် ပစ်ကပ်ကားတစ်စီးဖြင့် ရေနံဆီစိမ်ထားသည့် ကုရ်အာန်ကျမ်း စာအုပ်များကို နောက်တွဲယာဉ် အတွင်းထည့်၍ သယ်ဆောင်လာခဲ့သည့်အပြင် ထရပ်ကားနောက်ခန်းတွင် လောင်စာဆီများကိုလည်း ပုလင်းများဖြင့် အပိုဆောင်း ယူဆောင်လာခဲ့သည်ဟု ဆိုသည်။
    သမ္မတဘားရက်ခ် အိုဘားမားမှ ဆီးရီးယားအား စစ်ရေးအရ အရေးယူရလိမ့်မည်ဟု အသံထုတ်ထားချိန် အရှေ့အလယ်ပိုင်း၌ တင်းမာမှုကြီးထွားနေစဉ် ဂျုံးစ်က မွတ်စ်လင်မ်တို့တန်ဖိုးထားသော ကုရ်အာန်ကျမ်းစာအုပ်ကို လူအများရှေ့ မီးရှို့ပြရန်ကြံစည်ခဲ့ခြင်း ဖြစ်သည်။
    ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရသူများ အတွက် အောက်မေ့ဖွယ်ရာအဖြစ် Tampa Bay နေရာတွင် ကုရ်အာန် စာအုပ်ပေါင်း ၂၉၉၈ အုပ်ကို မီးရှို့ရန်ရည်ရွယ်သည်ဟု ဂျုံးစ်၏ ၀က်ဘ်ဆိုဒ်ပေါ် ဖော်ပြထားသည်။
    ဂျုံးစ် အား ကြံရာပါဖြစ်တော် ဘုန်းတော်ကြီး မာဗင် စက်ပ်(Marvin Sapp) နှင့်အတူ မီးရှို့မည့်အစီအစဉ် မပြုလုပ်မီ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
    ဖလော်ရီဒါပြည်နယ်၊ Gainesville ရှိ Dove World Outreach Center မှ ဘုန်းတော်ကြီး ဂျုံးစ်သည် ၂၀၁၀ ခုနှစ်ကလည်း ကုရ်အာန်စာအုပ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သဖြင့် အမေရိကန်ပြည်ထောင်စု အတွင်းအပြင်၌ အမျက်ဒေါသ အုံကြွမှုဖြစ်လာသောကြောင့် ၄င်း၏ အစီအစဉ်ကို ရုပ်သိမ်းခဲ့ရသည်။
    သို့သော် ၂၀၁၁ ခုနှစ်တွင် သူ့နောက်လိုက်များက မွတ်စ်လင်မ်တို့၏ ကုရ်အာန်ကျမ်းဂန်ကို မီးရှို့ပြခဲ့ပြီး၊ နောက်တစ်နှစ်တွင် အစ္စလာမ် ဆန့်ကျင်ရေးရုပ်ရှင်ဇာတ်ကား တကား ထုတ်လုပ်ရေးကို ၄င်းမှ ဦးဆောင်ခဲ့ပြန်သည်။
    ယင်းဖြစ်စဉ် သုံးရပ်သည် အရှေ့အလယ်ပိုင်း နှင့် အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်မှုများကို မီးမွှေးပေးခဲ့ခြင်း ဖြစ်သည်။
    – AFP/ir
    Photo-(AFP/Bill Pugliano)