အရေအတွက်များလာသော မူစလင်ကျောင်းသူကျောင်းသားများအတွက် ဘာသာရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အီမာမ်များကို အချိန်ပြည့်ခန့်ထားရန် အမေရိကန်တက္ကသိုလ်နှင့် ကောလိပ်များမှ စီစဉ်ခန့်ထားလျက်ရှိနေသည်။ အခုလောလောဆယ်အနေဖြင့် ခန့်အပ်ထားပြီးသော တက္ကသိုလ်များမှာ Yale, Princeton နှင့် Duke တက္ကသိုလ်ကြီးများဖြစ်ကြသည်။ Cornell တက္ကသိုလ်မှလည်း မကြာမီအတွင်း အီမာမ်တစ်ဦးခန့်အပ်ရန် စီစဉ်နေသည်။ ထိုလုပ်ဆောင်မှုများသည် မူစလင်ကျောင်းသားများအတွက်သာမက အစ္စလာမ်နှင့်ပတ်သက်၍ သိနားလည်မှုအလွန်အားနည်းနေသော ဘာသာခြားအမေရိကန်ကျောင်းသားများအတွက်လည်း အင်မတန် အကျိုးများလှပေသည်။ Northwestern တက္ကသိုလ်မှ ပထမဦးဆုံး အီမာမ်ဖြစ်သော Tahera Ahmad က ” ကျွန်တော်က မူစလင်ကျောင်းသားကျောင်းသူတွေအတွက်ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော့်ရုံးခန်းကို ၀င်ထွက်နေတာက ဘာသာခြားကျောင်းသားကျောင်းသူတွေက ပိုများပါတယ်။ ကျွန်တော်က ပိုကြီးပြီးများပြားတဲ့ တက္ကသိုလ်ကြီးတစ်ခုလုံးအတွက် အလုပ်လုပ်နေတာပါ” ဟု သူ့အတွေ့အကြုံကို မျှဝေသွားသည်မှာ မြန်မာပြည်အပါအ၀င် ကမ္ဘာနိုင်ငံ အသီးသီးရှိ အစ္စလာမ့် ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် ထပ်တူအကောင်အထည်ဖော်ကာ မိမိဘာသာဝင်များသာမက ဘာသာခြားလူငယ်တို့အား အစ္စလာမ်နှင့် မိတ်ဆက်ပေးရန် အရေးတယူ စဉ်းစားသင့်လှပေသည်။
အမေရိကန်တက္ကသိုလ်များမှ အစ္စလာမ့်အီမာမ်များ မိမိတို့ကျောင်းအတွင်း သီးသန့်ခန့်ထားခြင်း
ကိုး- Onislam
Leave a Reply
You must be logged in to post a comment.