“အစ္စလာမ့်နိုင်ငံတွေ နိုးကြားလာတာ၊ ထင်ရှားတဲ့ တော်လှန်ရေးတွေနဲ့ အစ္စလာမ့်နိုင်ငံတွေ လွပ်လပ်ရေးရလာတာတွေဟာ အစ္စရေးနိုင်ငံရဲ့ ထောက်ပံ့မှုတွေကို လျော့ကျစေပြီး၊ အစ္စလာမ့်နိုင်ငံတွေ အင်အားကောင်းလာတာပါ” လို့ အီရန်တပ်မတော် ဝန်ထမ်းအင်အား ပူတွဲအကြီးအကဲများ၏ သဘာပတိက ကြာသာပတေးနေ့က ပြောကြားသွားပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ဒေသရဲ့ ရေနံအရင်းအမြစ်တွေကို မှီခိုနေရပြီး အစ္စလာမ့်နိုင်ငံတွေက ဆန္ဒပြခြင်းခံရတဲ့ အကျင့်ပျက်အာဏာရှင်တွေဟာ တကယ်တော့ အနောက်နိုင်ငံတွေရဲ့ အသုံးချခံတွေဖြစ်တယ်လို့ Firouzabadi ပြောခဲ့ပါတယ်။
“ဒီဆန္ဒပြမှုတွေဟာ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ အစ္စရေးနိုင်ငံတွေကို ခြိမ်းခြောက်နေပါတယ်” လို့ အီရန်တပ်မှုးရဲ့ပြောဆိုချက်ကို IRNA က ဖော်ပြခဲ့ပါတယ်။
လူတွေရဲ့အာရုံတွေကို ဆန္ဒပြမှုတွေကနေ အီရန်နျူကလီယား ပရိုဂရမ်ဆီကိုရောက်အောင် ဆွဲယူနေတာဟာ ဒေသတွင်းလှုပ်ရှားမှုတွေကို ကြောက်လို့ဖြစ်ကြောင်း ထပ်လောင်းပြောကြားသွားပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတော်တော်များများဟာ သူတို့နိုင်ငံတွေရဲ့ ကာလရှည်အုပ်ချုပ်နေတဲ့ အာဏာရှင်တွေကိုဆန္ဒပြနေတာကို မျက်မြင်တွေ့နေရပါတယ်။
တူနီးရှားနဲ့ အီဂျစ်က သူတို့ရဲ့ ဆယ်စုနှစ်ရှည် အာဏာရှင်တွေကိုဖြုတ်ချနိုင်ခဲ့တဲ့ ထင်ရှားတဲ့တော်လှန်ရေးတွေ အပြီးမှာတော့ အကြီးစားဆန္ဒပြပွဲတွေဟာ ဘာရိန်း၊ ယီမင်၊ လစ်ဗျားနဲ့ အခြားဒေသတွင်းနိုင်ငံတွေမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ လစ်ဗျားမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို Muammar Gaddafi ရဲ့နှိမ်နှင်းချက်ကြောင့် လွန်ခဲ့တဲ့ ၁၆ ရက်အတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
ဘာရိန်း၊ အိုမန်နဲ့ ယီမင်နိုင်ငံတွေမှာလည်း အလားတူ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်နေပြီး ဆင်းရဲမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေက မီးလောင်ရာလေပင့်ခဲ့ပါတယ်။
MYA/AKM/MB
Leave a Reply
You must be logged in to post a comment.