News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ထူးဆောင်ဆု လုံးဝရုပ်သိမ်းရေး ဆုံးဖြတ်ချက်ကို  လန်ဒန်မြို့ကော်ပိုရေးရှင်းက ပယ်ဖျက်

    ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ထူးဆောင်ဆု လုံးဝရုပ်သိမ်းရေး ဆုံးဖြတ်ချက်ကို လန်ဒန်မြို့ကော်ပိုရေးရှင်းက ပယ်ဖျက်

    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင်ဆု
    Honorary Freedom လုံးဝရုပ်သိမ်းရေးအစီအစဉ်ကို လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ပယ်ဖျက်လိုက်ပြီး ယာယီရုပ်သိမ်းဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

    ကော်ပိုရေးရှင်းရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်တဲ့ ဒီဆုကို ၂၀၁၇ ခုနှစ် မေလက ပေးအပ်ချီးမြှင့်ခဲ့တာပါ။ ‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့မှု၊ ပြည်တွင်တွေ ငြိမ်းချမ်း၊ လွတ်လပ်ပြီး လုံခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရေး မဆုတ်မနစ် ကြိုးပမ်းခဲ့မှု’ ကို ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံ အနောက်ပိုင်းက ရိုဟင်ဂျာလူမျိုးစုအပေါ် စစ်တပ်က ကျူးလွန်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုပြီး ဒီဆုကို ပြန်လည်ရုပ်သိမ်းဖို့အတွက် အခုနှစ် ဇန်နဝါရီလမှာ ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပြီး ဆုပြန်လည်ရုပ်သိမ်းရေး လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    ဒီလုပ်ငန်စဉ်အတွင်း မြန်မာနိုင်ငံက အခြေအနေတွေကို နားလည်ဖို့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအမှန်ကို နားလည်သိရှိနိုင်ဖို့ အဟန့်အတားတွေ ရှိခဲ့တယ်လို့ ကော်ပိုရေးရှင်းက ပြောပါတယ်။

    မနေ့က မဲခွဲမှုမှာတော့ Honorary Freedom ဆု လုံးဝရုပ်သိမ်းရေးအစား၊ ယာယီ ရုတ်သိမ်းမှုကိုသာ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

    “မြန်မာနိုင်ငံက အကြမ်းဖက်မှု၊ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ဆက်လက်ပြီး လစ်လျူရှုထားလို့ မရတော့ဘူးဆိုတဲ့ ပြတ်သားတဲ့သတင်းစကားတစ်ခုကို လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ပါးချင်ပါတယ်။ Freedom applications ကော်မတီအနေနဲ့ အခုဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားသွားပါမယ်” လို့ Freedom applications ကော်မတီရဲ့ ဥက္ကဌ ဆာ ဒေးဗစ် ဝေါ့တွန်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက အခြေအနေတွေကို အဆုံးစွန်သော ပုံစံနဲ့ ရှုတ်ချရမယ်လို့ ကော်မတီက ပြောခဲ့ပေမယ့်၊ တာဝန်ယူမှု အနေအထားကို မသိရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဝေဖန်သုံးသပ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။

    ရိုဟင်ဂျာတွေ ကျူးလွန်ခံရမှုကို ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အောက်စဖို့ဒ်မြို့၊ ဒက်ဘလင်မြို့တွေက သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင်ဆုတွေကို ရုပ်သိမ်းခဲ့ပါတယ်။

    Ref: Cityam.com

  • ကမ္ဘ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေးကို ကင်ညာနိုင်ငံတွင် စတင်အသုံးပြုမည်

    ကမ္ဘ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေးကို ကင်ညာနိုင်ငံတွင် စတင်အသုံးပြုမည်

    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -နှစ်ပေါင်း ၃၀ ကြာ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ကမ္ဘ္ဘာပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေးကို ကင်ညာနိုင်ငံမှာ သောကြာနေ့ကစပြီး တရားဝင် ထိုးပေးတော့မှာ ဖြစ်ပါတယ။

    ဒီကာကွယ်ဆေးကို ကလေးငယ်တွေ ပုံမှန်ထိုးနေကျ ကာကွယ်ဆေး အစီအစဉ်မှာ ထည့်သွင်းမှာဖြစ်ပြီး ၂ နှစ်မပြည့်ခင်မှာ ၄ ကြိမ်ထိုးရမှာပါ။ လာမယ့် ၃ နှစ်အတွင်း ကင်ညာနိုင်ငံက ကလေးငယ် ၃ သိန်းကျော်လောက်ကို ထိုးပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    အခုကာကွယ်ဆေးဟာ ငှက်ဖျားပိုး ကာကွယ်နိုင်စွမ်းကို ကိုယ်ခံစွမ်းအားထဲမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

    စမ်းသပ်မှုတွေအရ ကလေးငယ် ၁၀ ဦးမှာ ၄ ဦးကို ငှက်ဖျားရောဂါ ကာကွယ်ပေးနိုင်တာ တွေ့ရပြီး၊ ဆိုးရွားတဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုကိုလည်း ၃ ပုံ ၁ ပုံအထိ လျှော့ချပေးနိုင်ပါတယ်။

    ခြက်ကိုက်တာကနေတစ်ဆင့် ကူးစက်တဲ့ ငှက်ဖျားရောဂါကြောင့် ကမ္ဘ္ဘာတစ်ဝှမ်း လူ ၄ သိန်းကျော်လောက်သေဆုံးပြီး အများစုက ကလေးငယ်တွေ ဖြစ်ပါတယ်။

    အခုကာကွယ်ဆေးကြောင့် ကမ္ဘ္ဘာပေါ်မှာ သက်တမ်းရှည်ကြာပြီး လူသေဆုံးမှုအများဆုံးဖြစ်တဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရာမှာ သိသိသာသာ ပြောင်းလဲမှု ရှိလာလိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

    အခုဆေးကို အခုနှစ်အစောပိုင်းက မာလာဝီ၊ ဂါနာနဲ့ ကင်ညာနိုင်ငံတို့မှာ ရှေ့ပြေးစမ်းသပ်ခဲ့ပြီး ​အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။

    Ref: BBC

  • ပါလက်စတိုင်းအား ကျူးကျော်သိမ်းပိုက်မှုကို အစ္စရေးက တစ်ဆင့်ထပ်တက်မည်

    ပါလက်စတိုင်းအား ကျူးကျော်သိမ်းပိုက်မှုကို အစ္စရေးက တစ်ဆင့်ထပ်တက်မည်

    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -လာမယ့်ရွေးကောက်ပွဲမှာ ပြန်နိုင်ရင် ဂျော်ဒန်ချိုင့်ဝှမ်းနဲ့ ပင်လယ်သေမြောက်ဖက်က ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးပိုင်နက်ထဲ တရားဝင်သွတ်သွင်းသွားမယ်ဆိုတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ပြောကြားမှုကို ကမ္ဘ္ဘာ့နိုင်ငံတွေက ရှုတ်ချလိုက်ပါတယ်။

    မြေဆီသြဇကောင်းတဲ့ အဲဒီဒေသတွေဟာ လက်ရှိမှာ အခြားသော ပါလက်စတိုင်းဒေသတွေလိုပဲ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက် ပိတ်ဆို့မှုကို ခံနေရတာ ဖြစ်ပါတယ်။

    စက်တက်ဘာ ၁၇ ရက်နေ့ကျရင် အစ္စရေးမှာ ရွေးကောက်ပွဲလုပ်ဖို့ရှိနေပြီး နေတန်ယာဟုက အင်္ဂါနေ့ ရွေးကောက်ပွဲအကြိုမိန့်ခွန်းမှာ သူပြန်အာဏာရရင် ဂျော်ဒန်ချိုင့်ဝှမ်းနဲ့ ပင်လယ်သေမြောက်ဖက်က ဒေသတွေကို အစ္စရေးပိုင်နက်ထဲ တရားဝင် သွတ်သွင်းမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒီကိစ္စသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းဟာ အစ္စရေးလက်အောက်ကို တရားဝင်ကျရောက်သွားမှာပါ။ လက်ရှိ အဲဒီဒေသတွေမှာ ပါလက်စတိုင်းပြည်သူ ၆၅၀၀၀ ခန့်ရှိနေပြီး အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်သူက ၁၁၀၀၀ လောက် ရှိနေပါတယ်။

    ပါလက်စတိုင်း

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က နေတန်ယာဟုရဲ့ ဒီပြောကြားမှုဟာ ကုလရဲ့ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေပြီး ဒီလိုသာ တကယ်လုပ်ဆောင်လာမယ်ဆိုရင် အစ္စရေးနဲ့ ရထားတဲ့ သဘောတူညီချက်အားလုံးကို အဆုံးသတ်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ရဲ့ အကြီးတန်းတာဝန်ရှိသူ ဟာနန် အက်ရှ်ရာဝီက သမိုင်းဝင် ပါလက်စတိုင်းဒေသမှာ ‘ဂရိတ်တားအစ္စရေး’ ဖန်တီးနေခြင်းဟာ လူမျိုးစုလိုက် ရှင်းလင်းသုတ်သင်မှု ရည်ရွယ်ချက်ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မလေးရှား

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ နေတန်ယာဟုရဲ့ ဒီပြောကြားမှုကို ပြင်းပြင်းထန်းထန်ရှုတ်ချကြောင်း ဖော်ပြထားပြီး ဒီလို တာဝန်မဲ့တဲ့လုပ်ရပ်တွေဟာ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးရဖို့နဲ့ ရေရှည်အဖြေတစ်ခုရဖို့ ကြိုးပမ်းမှုကို ပျက်ဆီးစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေ၊ ဂျီနီဗာ သဘောတူညီချက်တွေ၊ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ပြေင် ချိုးဖောက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်တို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပါလက်စတိုင်း ပိုင်နက်အဖြစ် သတ်မှတ်ထားပေမယ့် အစ္စရေးက အခုအချိန်အထိ ကျူးကျော်သိမ်းပိုက်ထားမှုကိုလည်း ကြေငြာချက်မှာ ထောက်ပြထားပါတယ်။

    “နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလ လုံခြုံရေးကောင်စီတို့ အနေနနဲ့ အစ္စရေးရဲ့ နိုင်ငံတကာဥပဒေတွေအပေါ် မထီမဲ့မြင်ပြုလုပ်မှုကို တစ်ညီတစ်ညွတ်တည်း တုန့်ပြန်ဖို့ မလေးရှားက တိုက်တွန်းလိုက်ပါတယ်”

    ဆော်ဒီအာရေဗျ

    အစ္စရေးဝန်ကြီးချုပ်ရဲ့ ဒီပြောကြားမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ဆော်ဒီဘုရင် ဆလ်မန်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒါဟာ ပါလက်စတိုင်းတွေအပေါ် အန္တရာယ်ရှိတဲ့ ရန်လိုမှုဖြစ်ပြီး၊ အခွင့်အရေးကို ချိုးဖောက်တာဖြစ်ကြောင်း၊ ကုလရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်ကြောင်းလည်း ဘုရင်ဆလ်မန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘုရင် ဆလ်မန်ဟာ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်ကို ဖုန်းခေါ်ခဲ့ပြီး ဒီကိစ္စအကြောင်း ဆွေးနွေးခဲ့ပါတယ်။

    အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံက နေတန်ယာဟုရဲ့ ဒီပြောစကားဟာ ‘အန္တရာယ်’ ဖြစ်ပြီး OIC အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တစ်ညီတစ်ညွတ်တည်း တုန့်ပြန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နေတန်ယာဟုရဲ့ ဒီပြောကြးမှုဟာ နိုင်ငံတကာဥပဒေတွေ၊ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်နေပြီ ငြိမ်းချမ်းလုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတယ်လို့ ဖော်ပြထားပါတယ်။

    OIC အဖွဲ့က ဆော်ဒီအာရေဗျရဲ့တောင်းဆိုမှုကြောင့် တနင်္ဂနွေနေ့ကျရင် ဂျစ်ဒါမြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အခြားနိုင်ငံများ

    အိမ်ဖြူတော်အကြီးတန်းအကြံပေး ဂျရဒ် ကက်ရှ်နာက မကြာခင်ထွက်လာတော့မယ် သမ္မတထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို သေသေချာချာ လေ့လာသုံးသပ်ပြီးမှ၊ အနောက်ဖက်ကမ်းက အိမ်ယာတွေကို အစ္စရေးပိုင်နက်ထဲသွတ်သွင်းဖို့ ပြောသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ အာရပ်လိဂ်က အင်္ဂါနေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး နေတန်ယာဟုရဲ့ ပြောကြားမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

    ကာတာ၊ ဂျော်ဒန်နဲ့ တူရကီတို့ကလည်း နေတန်ယာဟုရဲ့ ဒီပြောကြားမှုဟာ အန္တရာယ်ရှိကြောင်း
    သတိပေးခဲ့ပြီး၊ ကုလကတော့ ဒီလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ရမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: New Straits Times, Arab, Aljazeera

  • အီရန်က လျှို့ဝှက်နေရာတစ်ခုတွင် နျူထုတ်နေသည်ဟု အစ္စရေးပြော

    အီရန်က လျှို့ဝှက်နေရာတစ်ခုတွင် နျူထုတ်နေသည်ဟု အစ္စရေးပြော

    စက်တင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -လျှို့ဝှက်နေရာတစ်ခုမှာ အီရန်က နျူလက်နက် ထုတ်လုပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့မှာ ပြောကြားလိုက်ပြီး အီရန်ကတော့ ဒါဟာ စစ်တိုက်ဖို့အတွက် အကြောင်းပြချက်ရှာတာလို့ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

    အစ္စဖာဟန်မြို့တောင်ဘက် အဘာဒါဟ်ဆိုတဲ့မြို့မှာ လျှို့ဝှက်နျူစက်ရုံတည်ရှိကာ အစ္စရေးက တွေ့ရှိပြီးတဲ့နောက် အီရန်ဖက်က ဖျက်ဆီးလိုက်တယ်လို့လည်း နေတန်ယာဟုက ဆိုပါတယ်။ နေတန်ယာဟုဟာ အရင်ကလည်း ဒီလိုစွပ်စွဲပြောဆိုဖူးပြီး နေရာအတိအကျကို ထုတ်ဖော်ပြောဆိုမှုကတော့ ပထမဆုံးဖြစ်ပါတယ်။

    ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့ မပါဝင်ဘူး။

    အီရန်က ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာတွေလုပ်နေလဲဆိုတာ အစ္စရေးက သိနေတယ်လို့လည်း အီရန်အာဏာပိုင်တွေကို ရည်ညွှန်းပြီး နေတန်ယာဟုက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပယ်ချ

    အီရန်ကတော့ နေတန်ယာဟုရဲ့ ဒီပြောကြားမှုကို ပယ်ချခဲ့ပြီး စစ်တိုက်ဖို့အတွက် အကြောင်းရှာနေတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “နျူလက်နက်ကို ပိုင်ဆိုင်ထားတဲ့ ၀ံပုလွေက သိုးရေခြုံပြီး ငိုပြနေတာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အီရန်နဲ့ ကမ္ဘ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကို အစ္စရေးက တစ်စိုက်မတ်မတ်ကန့်ကွက်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း တီဟီရန်မြို့စွန်က ကောဇောစက်ရုံးတစ်ခုမှာ ရေဒီယိုသတ္တုကြွပစ္စည်းတွေ လျှို့ဝှက် သိမ်းဆည်းထားတယ်လို့ နေတန်ယာဟုက ထုတ်ပြန်ပြောကြားဖူးပါတယ်။

    Ref: Aljazeera

  • ဗြိတိန်၏ အကောင်းဆုံးဗလီဆုကို ဘာမင်ဟမ်မြို့ ဗလီက ရရှိ

    ဗြိတိန်၏ အကောင်းဆုံးဗလီဆုကို ဘာမင်ဟမ်မြို့ ဗလီက ရရှိ

    စက်တင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    ဘာမင်ဟမ်မြို့မှ ဂရင်းလိန်းဗလီ

    -ယူကေ အစ္စလာမ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Faith Associates က ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် အကောင်ဆုံး ဗလီဝတ်ကျောင်းတော်ဆုကို ဘာမင်ဟမ်က ‘ဂရင်းလိန်း ဗလီဝတ်ကျောင်းတော်’ က ရရှိသွားပါတယ်။

    Beacon Mosque Standards လို့ အမည်ပေးထားတဲ့ အဲဒီဆုကို ၂၀၁၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း အကျိုးပြုမှု၊ စီမံခန့်ခွဲမှု၊ ၀န်ထမ်းခန့်ထားမှု စတာတွေ အပါအ၀င် နိုင်ငံတကာစံချိန်ညွှန်းအတိုင်း အချက် ၁၀ ချက်သတ်မှတ်ကာ၊ ကြယ် ၅ ပွင့် ပုံစံနဲ့ အဆင့်ခွဲတာ ဖြစ်ပါတယ်။

    ဆုတွေကိုတော့ စီမံခန့်ခွဲမှုဆု (Best Run Mosque)၊ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုနိုင်မှုဆု (Best Outreach Programme) ၊ သက်ကြီးရွယ်အို ဂရုစိုက်မှုဆု (Best Elderly Service) အပါအ၀င် ဆုပေါင်း ၁၀ ဆုလောက် ပေးအပ်တာပါ။

    အခုနှစ်မှာ ဂရင်းလိန်းဗလီက Best Run Mosque ဆုကို ရရှိခဲ့တာပါ။ မနှစ်ကလည်း ဒီဗလီဟာ ပရဟိတလုပ်ဆောင်နိုင်မှုဆု (Best Charity Project) ကို ရရှိခဲ့ပါတယ်။

    ဗလီရဲ့ အထွေထွေအတွင်းရေးမှူး ကမ်ရန်ဟူစိန်က အမြင့်ဆုံးဆုကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    “သူတို့ ဆု ၁၀ ခုပေးပြီး အခုနှစ်မှာတော့ ကျွန်တော်တို့ဟာ Best Run Mosque ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုဟာ အမြင့်ဆုံးပါ”

    ၂၀၁၃ ခုနှစ်က ဗလီကနေ မနက်အာရုဏ်တက်ဝတ်ပြုအပြီး ပြန်သွားတဲ့ အဘိုးအိုကို လူဖြူအစွန်းရောက်တစ်ဦးက ဓားနဲ့ထိုးကာ အကြမ်းဖက်သတ်ဖြတ်ခဲ့ပြီးတဲ့နောက် ဂရင်းလိန်းဗလီရဲ့ အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှုကို အဓိကထားကာ ဒီဆုကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Birminghammail