တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) နဲ့ တရုတ်နိုင်ငံထဲက တိဘက်ဒေသတွေမှာ ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ အဲဒီအစီရင်ခံစာကို Tibetan Centre for Human Rights and Democracy အဖွဲ့က ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဒီလိုဖမ်းဆီးမှုတွေ ပြုလုပ်ပြီးတဲ့နောက်ပိုင်း မလေးရှားရဲတပ်ဖွဲ့ဟာ ကွာလာလမ်ပူက သမိုင်းဝင် ဟိန္ဒူဘုရားကျောင်းတွေဖြစ်တဲ့ Sri Subramaniyar၊ Sri Maha Mariamman Devasthanam နဲ့ Courthill Sri Ganesha ဘုရားကျောင်းတွေမှာ လုံခြုံရေးကို တိုးမြှင့်ချထားခဲ့ပါတယ်။ Sri Subramaniyar ဘုရားကျောင်းဟာ မလေးရှားရဲ့ ကမ္ဘ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ Batu Cave က ဘုရားကျောင်းဖြစ်ပါတယ်။
ဒီဘုရားကျောင်း ၃ ခုကို ကြီးကြပ်စီမံနေတဲ့ SMMTDKL အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ IS အဖွဲ့ဝင်တွေ တိုက်ခိုက်ဖို့ အကြောင်းပြချက်ဟာ Sri Maha Mariamman ဘုရားကျောင်းက ကိစ္စရပ် ဖြစ်တဲ့အတွက် သူတို့အနေနဲ့ စိုးရိမ်မိကြောင်း၊ လုံခြုံရေးကိုလည်း ပိုမိုတင်းတင်းကြပ်ကြပ် စီမံထားကြောင်း၊ လာရောက်လည်ပတ်သူတွေကို စောင့်ကြည့်တာ၊ အိတ်တွေကို စစ်တာတွေကို လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။