အသစ်ထပ်မံရရှိသော ဟဂ်ျခရီးခွဲတမ်း ၁၂၀၀ အတွက် ဟဂ်ျခရီးသွားအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများ
ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သာသနာရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)
ကြေညာချက်(၃/၂၀၁၁)
နေပြည်တော်၊ ၁၃၇၃ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်
(၂၀၁၁ခုနှစ်၊ ဇွန်လ ၂၃ရက်)
၁။ သာသနာရေးဝန်ကြီးဌာနအပါအဝင် မူလဟဂ်ျအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများအတွက် ဟဂ်ျခွဲတမ်း ၃၈၀၀ ရရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံသားဟာဂျီလောင်းများသွားရောက်ရန် ဟဂ်ျခွဲတမ်း ၅၀၀၀ အထိတိုးမြှင့်ပေးမည်ဖြစ်သောကြောင့် ယခုနှစ်အတွက် ဟဂ်ျခွဲတမ်း ၁၂၀၀ ပိုမိုရရှိမည်ဖြစ်ပါသည်။
၂။ ထို့ကြောင့် ၂၀၁၁ခုနှစ်၊ ဟဂ်ျဘုရားဖူးရာသီအတွက် ပိုမိုရရှိထားသော ဟဂ်ျခွဲတမ်း ၁၂၀၀ ကို မြန်မာနိုင်ငံရှိ မည်သည့်ဟဂ်ျခရီးသွားလုပ်ငန်းကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီး လျှောက်ထားမည့် ခရီးသွား ကုမ္ပဏီများအနေဖြင့် ဟာဂျီများခေါ်ဆောင်ခွင့်ပြုမိန့်ကဒ်(မိုနာဇင်)ရရှိရေးကိုလည်း တစ်ပါတည်းရယူ ဆောင်ရွက်ရန်လိုအပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အသစ်ထပ်မံရရှိသောဟဂ်ျခွဲတမ်း ၁၂၀၀ အတွက်လျှောက်ထားလိုသော မည်သည့် ဟဂ်ျခရီးသွားကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျ ဝန်ကြီးဌာနသို့ ဟဂ်ျသွားရောက်ရမည့်အချိန်ကာလအမီ အချိန်တွက်ချက်၍ လျှောက်လွှာများပေးပို့ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
Leave a Reply
You must be logged in to post a comment.