6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၇ ၊ ၂၀၁၄
M-Media
UKs-First-Muslim-Policewoman-Honored
ဘုရင်မ၏ နှစ်သစ် အထိမ်းအမှတ် ဂုဏ်ပြုစာရင်း၌ ပထမဆုံး ဗြိတန်မွတ်စလင် အမျိုးသမီးရဲအရာရှိ၏ အမည် ပါဝင်လာခဲ့သည်။

“ ကျွန်မဆောင်ရွက်နေတဲ့ အလုပ်အတွက် ဒီဆုလက်ခံရရှိတာကို ဂုဏ်ယူမိပါတယ်။ ရဲ ၀န်ထမ်းဘ၀ကို နှစ်သက်သလို ထူးခြားမှုလည်း ရှိပါတယ် ” ဟု ၀က်စ်မင်စ်တာရဲတပ်ဖွဲ့မှ ဒုတိယတန်းရဲစုံထောက်ဖြစ်သူ Nikki Hubbard မှပြောကြားသည်။ စေတနာ့ဒါနလုပ်ငန်းအတွင်း သူမ၏စွမ်းဆောင်ချက်များ အတွက် နှစ်သစ်ဂုဏ်ပြုခံရသူများစာရင်းတွင် ပါဝင်ခဲ့သည်။

ဘုရင်မကြီး၏မြှောက်စားမှုဖြင့် Member of the Most Excellent Order of the British Empire – MBE ၏ခန့်အပ်မှုအရ Hubbard သည် ပထမဆုံးသော မွတ်စ်လင်မ်ရဲမေ တစ်ဦး ဖြစ်လာသည်။

“ မွတ်စ်လင်မ်အမျိုးသမီး ပထမမျိုးဆက်ဖြစ်တဲ့အနေနဲ့ လူ့အဖွဲ့အစည်းဝင်အားလုံးကို ကိုယ်စားပြုရတာ ဘယ်လောက်အရေးကြီးကြောင်း ကျွန်မ နားလည်နိုင်ပါတယ်။ အကြမ်းဖက်ခံများအတွက် ပြန်လည်ကယ်ဆယ်ထူထောင်ရေးလုပ်ငန်းထဲ ရဲတပ်ဖွဲ့ဝင်များနဲ့အတူ လုပ်ဆောင်ခဲ့ခြင်းကနေ  ဒီလိုဖြစ်လာတာပါ ” ဟူ၍ သူမက ဆိုသည်။

ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုအား ဦးစီးလုပ်ဆောင်နေရာမှ ၂၀၀၆ ခုနှစ်တွင် Hubbard သည် ရဲဝန်ထမ်းအလုပ်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။

သင်တန်းဆင်းသောအခါ အကြမ်းဖက်ခံနှင့်အဓမ္မထိမ်းမြားခံရသူများအရေး honor based violence and forced marriages (HBV)ကို ဆောင်ရွက်နေသည့် ACPO – Association of Chief Police Officers တွင် တာဝန်ထမ်းဆောင်သည်။ HBV နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ အမည်ကောင်းရအောင် ဆောင်ရွက်ပေးနိုင်ခဲ့၏။

၎င်းအပြင် သူမသည် ACPO နှင့်အနီးကပ်လက်တွဲကာ အမျိုးသမီးဆိုင်ရာ အကြမ်းဖက်စော်ကားမှုအပေါ် စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့တစ်ခု၌ တာဝန်ထမ်းဆောင်သည်။

၂၀၀၆ ခုနှစ် လန်ဒန်တောင်ပိုင်း Banaz Mahmod အသတ်ခံရပြီးနောက်ပိုင်း Hubbard သည် Her Choice အမည်ရှိ လေ့ကျင့်ရေး DVD ကို ထုတ်ဝေသည်။ ၄င်းကို ACPO မှ အသိအမှတ်ပြုခဲ့ပြီး အမျိုးသားရဲတပ်ဖွဲ့သင်တန်းသင်ရိုးတစ်ခုအနေဖြင့် အသုံးချခဲ့သည်။

၎င်းအပြင် သူမသည် Karma Nirvana’s Survivors Network တွင် အရေးပါပေါက်ရောက်သူလည်း ဖြစ်သည်။

ရဲလုပ်ငန်း၏ပြင်ပတွင် Hubbard သည် ဗြိတိန်နှင့်ပါကစ္စတန်မှ ချို့တဲ့ကျောင်းများကို ထောက်ပံ့လှူဒါန်းနေသည့်
“ လုပ်ငန်းခွင်ပြင်ပမှာ အာရှနွယ်အမျိုးသမီးတွေအကြား ရင်သားကင်ဆာအကြောင်း နှိုးဆော်အသိပေးမှုအတွက် ကျွန်မကတော့ ချန်ပီယံပါပဲ။ ဒီလုပ်ငန်းထဲ နစ်မြှုပ်ပါဝင်ရတဲ့အကြောင်းရင်းက ကျွန်မမိသားစုထဲ ဒီရောဂါဒဏ် ခံစားခဲ့ဖူးတာကြောင့် ဖြစ်ပါတယ် ” ဟု သူမက ပြောပြသည်။

ထိုအသင်းအဖွဲ့သည် အမျိုးသမီးငယ်များ၏ပညာရေးအား အဓိကအာရုံထားသလို၊ ပညာမသင်ကြားနိုင်သော ကလေးငယ်များ၏ မိခင်တို့ကို ထောက်ပံ့အားပေးခြင်း၊ နာတာရှည်ရောဂါသည်ကလေးများအတွက် ငွေကြေးထောက်ပံ့ခြင်း စီမံချက်များကိုလည်း ပြုလုပ်လျက်ရှိသည်။ သို့သာမက သူမသည် Development In Literacy Trust UK အသင်း၏ ဦးဆောင်အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်နေ၏။

ဗြိတိန်၌ မွတ်စ်လင်မ်ပေါင်း ၂.၇ သန်းနီးပါး နေထိုင်ကြပြီး လူနည်းစုဝင်ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လတွင် University of Essex မှပြုလုပ်သော Institute for Social and Economic Research ၏ အစီရင်ခံစာအရ မွတ်စ်လင်မ်တို့သည် ဗြိတိန်အမျိုးသားရေးခံယူချက်၌ အခြားအုပ်စုများနှင့် ထပ်တူထပ်မျှပင်ဖြစ်သည်ဟု ဆိုထားသည်။

၂၀၁၁ ခုနှစ်ကလည်း ဗြိတိန်ရှိမွတ်စ်လင်မ်တို့သည် အခြားသူများထက် မျိုးချစ်စိတ်ပြင်းထန်ကြောင်း think tank Demo မှ ဖော်ပြခဲ့သည်။

“ ကျွန်ုပ်သည် ဗြိတိန်နိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူသည် ” ဟူသောဆောင်ပုဒ်အပေါ် ၈၃ ရာခိုင်နှုန်းသော မွတ်စ်လင်မ်တို့က မိမိတို့မှာ ဗြိတိန်နိုင်ငံသားဖြစ်ခြင်းအပေါ်ဂုဏ်ယူပါသည်ဟု တုန့်ပြန်ခဲ့ကြပါသည်။ ၄င်းမှာ တစ်နိုင်ငံလုံးလူဦးရေပမာဏ၏ ပျမ်းမျှတုန့်ပြန်နှုန်း ၇၉ ရာခိုင်နှုန်းထက် မြင့်မားနေပါသည်။

Ref:OnIslam & Newspapers

Leave a Reply