မေ ၂၃ ၊ ၂၀၁၄
M-Media
– မိမိတို့၏ စစ်တပ်မှာ အမြဲတမ်း အသင့်ရှိနေပြီး မည်သည့်ကျူးကျော်မှုများကိုမဆို ချက်ချင်း လက်တုံ့ပြန်နိုင်သည်ဟု အီရန်ကြည်းတပ် တပ်မှူး အဟ်မဒ် ရီဇာ ပေါ်ဒါစတန်က ယနေ့တွင် ပြောကြားလိုက်သည်။
“အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံရဲ့ စစ်တပ်ကို ဘယ်တော့မှ အငိုက်ဖမ်းလို့ရမှာမဟုတ်ပါဘူး။ ရန် သူက ကျူးကျော်ရန်စလာမယ်ဆိုရင်တော့ အီရစ်စစ်တပ်ရဲ့ တူညီတဲ့တုံ့ပြန်ချေမှုန်းမှုကို ရင်ဆိုင်ရပါလိမ့်မယ်။ ယနေ့အချိန်မှာ နည်းလမ်းပေါင်းစုံနဲ့ ပုံစုံမျိုးစုံနဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါတယ်” ဟု ပေါ်ဒါစတန်က ဆိုသည်။
အီရန်ထောက်လှမ်းရေးများမှာ နယ်စပ်၊ ဒေသတွင်းနှင့် ဒေသအပြင်ဘက်သို့ထွက်ကာ ရန်သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်းကပင် အီရန်ကာကွယ်ရေးကဏ္ဍမှာ တိုးတက်လာခဲ့ပြီး အရေးပါသော စစ်လက်နက်ပစ္စည်းများနှင့် စနစ်များကို တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။ မိမိတို့၏ စစ်တပ်မှာ အခြားသောတိုင်းပြည်များအား ခြိမ်းခြောက်ရန်မဟုတ်ဘဲ တိုင်းပြည်အားကာကွယ်ရန်အတွက်သာဖြစ်ကြောင်း အီရန်နိုင်ငံက မကြာခဏပြောကြားခဲ့သည်။
YH/NN/HMV
Leave a Reply
You must be logged in to post a comment.