6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကျော်ဆန်း

သြဂုတ်၊ ၁၆၊ ၂၀၁၂

ကိုယ်ပိုင်ကျောင်းများနဲ့ မိဘတို့ရေ

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေတစ်ရပ်ကို ၂၀၁၁ ဒီဇင်ဘာ (၂)ရက် နေ့က ပြဌာန်းပေးလိုက်တဲ့အတွက် ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဒိလိုရှိသင့်တာ ကြာပြီလို့ယူဆထားတဲ့အတွက်ကြောင့်လည်း မျှော်လင့်ချက်တစ်ရပ်
ပြည့်စုံသွားတယ်လို့ ဆိုနိုင်တယ်။ ပညာရေးဝန်ကြီးဌာက မူဝါဒနဲ့ သင်ရိုးတွေချမှတ်ပေးမယ်။ ကျောင်းတစ်ကျောင်းမှာ ရှိအပ်တဲ့ အရည်အသွေးတွေ ရှိမရှိ ကြီးကြပ်ပေးမယ်။ ကိုယ်ပိုင်ကျောင်းတွေက စည်းကမ်းနည်းလမ်းနဲ့အညီ သင်ကြမယ်ဆိုတော့ နိုင်ငံတော်မှာလည်း ၀န်ထုပ်ဝန်းပိုးလျော့သွားမှာ ဖြစ်သလို ကျောင်းတွေကလည်း အရည်အသွေးရော အဆင့်အတန်းမှာ ပြိုင်ကြရမှာ ဖြစ်လို့ အနာဂတ် ပညာရေးအတွက် အလားလာကောင်းတွေ ပေါ်ထွန်းလာမယ်လို့ မျှော်လင့်ရတာပါပဲ။ မိဘတွေအနေနဲ့လည်း ရွေးချယ်စရာတွေ ပေါ်ပေါက်သလို ကျောင်းသားတွေအနေနဲ့လည်း တစ်နေကုန်စာသင် ကျုရှင်တက်ဘ၀ကနေ လွတ်ကြတော့မှာပါလားဆိုပြီး ၀မ်းသာခဲ့ရတာပါ။ လက်တွေ့မှာတော့ အထင်နဲ့အမြင်က တစ်ထပ်တည်းမဟုတ်လေတော့ ၀မ်းသာရမှာလား ၀မ်းနည်းရမလားတောင် မဝေခွဲတတ်အောင် ဖြစ်နေပါပြီ။

ကိုယ်ပိုင်ကျောင်းနဲ့ သင်ကြားရေးပုံစံ

ကိုယ်ပိုင်ကျောင်းတွေမှာ အသုးံပြုရမဲ့သင်ရိုးက နိုင်ငံတော်က ပြဌာန်းပေးထားတဲ့ သင်ရိုးဖြစ်လို့ အစိုးရကျောင်းများနဲ့ အတူတူပါပဲ။ ဒါဖြင့် မိဘတွေက ငွေကုန်ကြေးကျခံပြီး ဘာကြောင့်ကိုယ်ပိုင်ကျောင်းကို အပ်ကြမှာလဲလို့ မေးစရာရှိပါတယ်။ အဓိကကတော့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ သင်ကြားရေးပုံစံမှာ ကွားခြားမယ်၊ အစိုးရကျောင်းတွေထက် အများကြီး သာလွန်လိမ့်မယ်လို့ မျှော်လင့်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာ အပ်ကြမှာပါ။ အပ်လည်းအပ်နေကြပါပြီ။ တစ်ချို့နာမည်ကြီးကျူရှင်တွေ၊ ဘော်ဒါတွေက ကိုယ်ပိုင်ကျောင်းအဖြစ် ပြောင်းလဲ မှတ်ပုံတင်လာကြတော့ မိဘများလည်း မျှော်လင့်တစ်ကြီး အထင်ကြီးတစ်ခွဲသားနဲ့ ကျောင်းလခတွေ အများကြီးပေးပြီး ကျောင်းအပ်ကြတာပေါ့။

ကိုယ်ပိုင်ကျောင်းတွေက အခုမှထောင်ကြတာဆိုတော့ အဆောက်အဦးအသစ်တွေနဲ့ ဆေးရောင်တွေ စိုစိုပြေပြေနဲ့မို့ အထင်ကြီးစရာပါ။ ကျောင်းလခလည်း တန်အောင်ယူထားတော့ ဆရာ၊ဆရာမ တွေလည်း ငှားရမ်းနိုင်တဲ့ အင်အားရှိကြပါတယ်။

အစိုးရကျောင်းတွေကတော့ အခမဲ့ နီးပါးဖြစ်တာကြောင့် နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်နဲ့ပဲ လုံလောက်အောင် သုးံစွဲကြရတာပါ။ အချို့သောကျောင်းတွေမှာ ဆရာ၊ ကျောင်းသား အချိုးမညီမျှတာတွေ ရှိကောင်းရှိပါမယ်။ ဒါပေမဲ့ အစိုးရကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေအားလုးံနီးပါးဟာ ပညာရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေကို တက်ရောက်ဆည်းပူး အောင်မြင်ထားကြသူတွေက များပါတယ်။ ကလေးတွေကို ဘာသင်ပေးရမယ်၊ ဘယ်လိုသင်ပေးရမယ်၊ ဘာကြောင့်သင်ရတယ် ဆိုတာတွေကိုလည်း လေ့လာတက်မြောက်ထားကြပါတယ်။

ဒါဖြင့်ရင်ကျောင်းသားတွေ ဘာကြောင့် ကျူရှင်ယူနေကြရတာလည်း လို့မေးစရာရှိတယ်။ စောဒကတက်နိုင်ပါတယ်။

ဒီအတွက် အရှင်းဆုံးနဲ့အတိကျဆုံး အဖြေပေးလို့ရပါတယ်။ နားမလည်မှုနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေကြောင့်လို့ပဲ ဖြေပါရစေ။
ပုဂ္ဂုလိက ကျောင်းတွေမှာ အပ်ထားတဲ့ မိဘများနဲ့ ကျောင်းသား ကျောင်းသူတွေကို သင်ကြားရေးမှာ ဘာတွေများထူးခြား သွားပြီးလဲလို့ မေးကြည့်ချင်ပါတယ်။ လေ့လာကြည့် မိသလောက်တော့ ဘာဆိုဘာမှ မထူးခြားပါဘူး။
ပုဂ္ဂလိကကျောင်းတွေမှာလည်း အမည်ခံ လက်တွေ့ စာသင်ခန်းတွေရှိပါတယ်။ ဘာတွေများ လက်တွေ့ သင်ပြနေပြီလဲ။ အလွတ်ကျက်၊ စာအံဆိုတဲ့ ပုံစံထက် ဘာများပိုပြီး ထူးခြားသွားပါပြီလဲ။ ကျောင်းသားတွေရဲ့ နားလည်မှု ၊ ဖန်တီးတတ်မှု၊ လက်တွေ့ဆောင်ရွက်တတ်မှုအတွက် ဘာတွေများ သင်ပေးနေပါပြီလဲ။

နာမည်ကြီးပုဂ္ဂလိက ကျောင်းတစ်ခုခုက ကျောင်းသားတွေကို လေ့လာကြည့်လိုက်စမ်းပါ။ တစ်နေ့တစ်နေ့ စာကျက်စရာ 4/5 ပုဒ် ပါလာတာ တွေ့ရပါလိမ့်မယ်။ ကျောင်းမှာ သိပ္ပံလက်တွေ့ချိန် ဘာလုပ်ရသလဲမေးကြည့်တော့ ပြိုင်ရတယ်လို့ ဖြေပါတယ်။ ၀မ်းသာစရာပါ။ ဘာပြိုင်ရတာလဲ မေးကြည့်တော့ ယောက်ျားလေးနဲ့မိန်းကလေး စာအလွတ်ရွတ်တာ ပြိုင်ရတာတဲ့။ ၀မ်းသာမိစောလေခြင်းလို့ နောင်တရ လိုက်မိပါတယ်။
ပထ၀ီကို အလွတ်ကျက်မှတ်နေလို့ ကမ္ဘာလုံးပုံကြီးရှေ့ချပေးပြီး မေးကြည့်ပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသဘာဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာကြည့်ပြီး ဖြေကြားနိုင်စွမ်း မရှိပါ။ ကြက်တူရွေးလို နှုတ်တိုက်ချ၊ အလွတ်ကျက်၊ ပြန်ဆို ဆိုတဲ့သင်ကြားမှုထက် ဘာတစ်ခုမှ ပိုလာတာကို မတွေ့ရပါ။

နားမလည်မှုနဲ့ ဂုဏ်ပြိုင်မှု

မိဘများကို မေးချင်ပါတယ်။ မနက်လင်းကနေ ညနေ မိုးချုပ်တဲ့ထိ ကလေးတွေကို ဘာကြောင့်များ စာသင်ခန်းတွေထဲ ထည့်ထားချင်ရတာပါလဲ။ အိမ်မှာ စောင့်ရှောက်မယ့်လူ မရှိလို့လား။ ဒါမှမဟုတ် ဒီလိုတစ်နေကုန်သင်မှ ပညာတတ်ကြီး ဖြစ်လာမယ်လို့ထင်လို့လား။ မိမိရှေ့ကလူတွေ၊ မိမိနဲ့ခေတ်ပြိုင်တွေကို နှိုင်းယှဉ်ကြည့်စမ်းပါ။ ကမ္ဘာတစ်လွှားခေါင်းပြူကြည့်စမ်းပါ။ ဘယ်သူတွေ ဘာကြောင့် တိုးတက်အောင်မြင် နေသလဲ နားလည်အောင် ကြည့်ကြစေချင်ပါတယ်။

ကျောင်းစာသင်ခန်းထဲမှာ အမှတ်(၁၀၀)ရရုံနဲ့ လူ့လောကကြီးထဲမှာ ဘာမှဖြစ်မလာနိုင်ပါဘူး။ လူဆိုတာ မွေးကတည်းက ချိနဲ့စွာ မွေးဖွားလာတာပါ။ ရုပ်ပိုင်း၊ အသိပိုင်း၊ ညဏ်ရည်ပိုင်းဘာသာစကားပိုင်း ချိနဲ့စွာ မွေးဖွားလာတဲ့အတွက် အကူအညီလိုအပ်ပါတယ်။ ဒါတွေကို ဖွံ့ဖြိုးလာအောင် အကူအညီပြုတာကို ပညာရေးလို့ခေါ်တာပါ။ စာသင်ခန်းမှာရော အိမ်မှာပါ စာတွေကို အလွတ်အော်ကျက်နေတာ ပညာရေး မဟုတ်ပါဘူး။
a
ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လိုတည်ဆောက်ရမယ်။ လူမှုပေါင်းသင်းဆက်ဆံရေး ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ရမယ်။ အချင်းချင်းဆက်သွယ်ဖို့ ဘာသာစကားဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ရမယ်။ တွေးတတ်၊ ခေါ်တတ်၊ တီထွင်ဖန်တီးတတ်ဖို့အတွက် ညဏ်ရည်ဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင် ရမယ်ဆိုတာ ပညာရေးပါ။ ဒီလိုအခြေခံကောင်းတွေ ရနိုင်မယ့်နေရာတွေကိုသာ မိမိရဲ့သားသမီးတွေကို အပ်နှံ သင်ယူစေသင့်တယ်။ ပြောင်ပြောင်မြင်တိုင်း ရွှေထင်နေရင်တော့ ငွေနဲ့အချိန်တွေပဲ ကုန်သွားရမှာပါ။

မိဘတွေကို နောက်ထပ်မေးချင်တဲ့ မေးခွန်းတစ်ခုရှိပါသေးတယ်။ မိမိသားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေမှာ အပ်နှံလို့ ကုန်ရတဲ့ငွေကြေးပမာဏရဲ့ တစ်ဝက်လောက်ကိုများ အစိုးရကျောင်းတွေမှာ အကုန်ခံဘူးပါသလား ဆိုတာကိုပါ။ အစိုးရကျောင်းများရဲ့ပညာရေး တိုးတက်ကောင်းမွန်ဖို့အတွက် ဘယ်လောက်များ ပံ့ပိုးပေးခဲ့ဘူးသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်စေချင်ပါတယ်။ ကျောင်းတွေကို မကောင်းဘူးလို့ အပြစ်ပြောနေမဲ့အစား တတ်နိုင်တဲ့ဘက်က ပါဝင်ပံ့ပိုးပေးရင် ကျောင်းတွေကို ရွှေချထားနိုင်မယ်လို့တောင် ထင်မိပါတယ်။

ကလေးတွေကို ကျူရှင်ပို့ကြတဲ့ အခြားအကြောင်းတစ်ရပ်ကတော့ ဂုဏ်တုဂုဏ်ပြိုင်ကိစ္စပါ။ မိဘချင်း၊ ကလေးချင်းတွေ့ဆုံတဲ့အခါ ဘယ်ကျောင်းမှာနေတယ်၊ ဘယ်လောက်တောင်ပေးရတယ်ဆိုတာ အပြိုင်ပြောပြီး ဂုဏ်ယူကြတာပါ။ ကျူရှင်မတက်နိုင်ရင် မျက်နှာငယ်တယ်လို့ ထင်ကြတဲ့ အခြေအနေပါ။ အိမ်မှာ ဘယ်ဆရာခေါ်သင်တယ်၊ တစ်လ ဘယ်လောက်ပေးရတယ် ဆိုတာလည်း ကြွားလုံးတစ်ခုပါပဲ။
ဒီလိုပြောနေခြင်းက အပြစ်တင်လိုခြင်း မဟုတ်ပါ။ ပြန်လည်စဉ်းစားစေလိုတဲ့ စေတနာကြောင့်ပါ။

ကလေးတွေပျော်ပျော်ရွှင်ရွှင် ဆော့ကစားပြီး၊ အေးအေးချမ်းချမ်းသင်ယူကာ၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေစေချင်တဲ့ စေတနာကြောင့်ပါ။
ပညာရေးပြောင်းလဲတယ်ဆိုတဲ့ နေရာမှာ မိဘများကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ မိဘတွေကိုယ်တိုင်က ဘယ်ဟာအကောင်း/ ဘယ်ဟာအညံ့ဆိုတာ မခွဲခြားနိုင်ရင် သားသမီးတွေအတွက် ဘာတွေမှ ပြောင်းလဲလာမှာမဟုတ်ကြောင်း အသိပေးလိုက်ပါရစေ။

 

စာရေးသူ ဦးကျော်ဆန်း၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

Tags:

Leave a Reply