မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
သြဂုတ်၊၁၆၊၂၀၁၂
Myit Makha Mediagroup
ရခိုင်အရေးအခင်းတွင် ပါဝင်ပတ်သက်မှုကြောင့်အစိုးရမဟုတ်သည့်နိုင်ငံတကာအဖွဲ့စည်း(INGO) များမှ ဝန်ထမ်း(၁၀)ဦးကို ဇွန်လအတွင်းက ဖမ်းဆီးအရေးယူခဲ့ပြီး ယနေ့ စစ်တွေမြို့နယ် တရားရုံး၊ဘူးသီးတောင်မြို့နယ်တရားရုံး၊ မောင်တောမြို့နယ် တရားရုံးတို့တွင်ဖမ်းဆီးထားသည့် INGO ၀န်ထမ်းများအား စီရင်ချက်ချပြီးနောက်ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

ဖမ်းဆီးခံထားရသည့် AZGအဖွဲ့မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင်တို့ကိုယနေ့ မြန်မာစံတော်ချိန် နေ့လည် နှစ်နာရီခွဲတွင် စစ်တွေ အကျဉ်းထောင်မှလွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
စစ်တွေ အကျဉ်းထောင်မှ AZGဝန်ထမ်းဦးကျော်လှအောင်နှင့်ဦးဝင်းနိုင်တို့ကို စစ်တွေမြို့နယ် တရား ရုံးမှ စီရင်ချက်ချပြီးနောက် နေ့လည်နှစ်နာရီကျော်တွင် စစ်တွေအကျဉ်းထောင်မှလွှတ်ပေး လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဝန်ထမ်းများအားတရားရုံးက လွှတ်ပေးလိုက်ခြင်းနှင့်ပတ်သက်၍ရခိုင်ပြည်နယ်သတင်းနှင့် ပြန်ကြားရေးနှင့်မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီဥက္ကဋ္ဌရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက ယခုကဲ့သို့ဆိုသည်။“ကင်တားနားမြန်မာနိုင်ငံကပြန်လည်ထွက်ခွာတဲ့အခါINGOတာဝန်ထမ်းဆောင်တဲ့ပြည်တွင်း အမှုထမ်း များကို ပြန်လွှတ်ပေးရန်တောင်းဆိုချက်ပါရှိကြောင်းကို သတိထားမိပါတယ်။ ထိုအချက်အပေါ်နိုင်ငံတကာကသော်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂကိုသော်လည်းကောင်းအလေးထားခဲ့ခြင်းနဲ့ သက်ဆိုင်တဲ့ သဘောဖြစ်ပါတယ်”ဟု ဦးလှသိန်းက ပြောသည်။
ရခိုင်အရေးခင်းတွင် ပါဝင်ပတ်သက်ခဲ့သည့် INGOမှ ဝန်ထမ်းများအား ပုဒ်မ၁၅၃-က၊၄၃၆၊ ၁၄၈၊၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ (၅) ည တို့ဖြင့်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့အား စစ်တွေမြို့နယ် တရားရုံး၊မောင်တောမြို့နယ်တရားရုံး၊ ဘူးသီးတောင်မြို့နယ် တရား ရုံးတို့တွင်အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ရခိုင်ပြည်နယ်အရေးအခင်းတွင် UNHCRမှ ဝန်ထမ်းငါးဦး၊ AZG မှ တစ်ဦး၊ WFPမှတစ်ဦး တို့အား ဇွန်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Leave a Reply
You must be logged in to post a comment.