ဇွန် ၁၅၊ ၂၀၁၆
M-Media
– ဥပဒေသိပ္ပံအတတ်ပညာ(ဖိက်ဟ်)နှင့် စာပေအနုပညာ၌ မွတ်စ်လင်မ်အမျိုးသမီးတို့၏ စွမ်းဆောင်ချက်ဆိုင်ရာ အခန်းကဏ္ဍ မြောက်များစွာ ရှိကြသလို၊ ပညာရေးနှင့် ဆေးဝါးကဏ္ဍများတွင်လည်း မွတ်စ်လင်မ် အမျိုးသမီးတို့၏ လေ့လာမှုများ ရှိနေကြ၏။
သို့တစေ သိပ္ပံ၊ နည်းပညာနှင့်စပ်လျဉ်း၍ ဖော်ပြနိုင်ခြင်းများကမူ မရှိသလောက်သာဖြစ်နေ၏။ သိပ္ပံနယ်ပယ်တွင် ထွန်းပေါက်ခဲ့သည့် – ပရဟိတ၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ထောင်ခဲ့ကြသည့် ထင်ရှားကျော်ကြား အမျိုးသမီးအချို့လည်း ရှိကြသဖြင့် ၎င်းတို့အကြောင်းအား သီးခြားဖော်ပြရပေမည်။
၎င်းတို့အနက်အချို့မှာ – ဘဂ္ဂဒက်မှ မက္ကဟ်မြို့သို့ ဟဂ်ျခရီးစဉ်သွားရာလမ်းကြောင်းတစ်လျှောက် ၀န်ဆောင်ဋ္ဌာနများ၊ ရေတွင်းများကို ရေရှည်မျှော်မြင်မှုဖြင့် ဦးစွာ စီမံကိန်းချဆောင်ရွက်ခဲ့သော ဇူဗိုင်ဒဟ်၊ တရားရုံးများ၌ သက်သေခံချက်ဆိုင်ရာကျွမ်းကျင်သူနှင့် သင်္ချာပညာရှင် စုသိုင်သဟ်၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု၌ ထူးချွန်သူ ဇအီဖဟ် ခါတွန်၊ Fez မှ တက္ကသိုလ်နှင့် ကာရာဝီယင်ဗလီဝတ်ကျောင်း တည်ထောင်သူ ဖာသွိမဟ် အလ်ဖဟ်ရီ၊ နက္ခတ်ဗေဒပညာရှင် အလ်အိဂ်ျလိယဟ်၊ Sitt al-Mulk, Shajarat al-Durr, Raziya of Delhi, and Amina of Zaria အစရှိသော နိုင်ငံရေးခေါင်းဆောင်နှင့် ဘုရင်မများဖြစ်ကြ၏။ လူ့အဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာနှင့် အမျိုးသမီးရေးရာအကြောင်းရပ်အမြင်များ ကြီးထွားလာခြင်းနှင့်အညီ တိမ်မြုပ်ခြင်းမှဆွဲထုတ်လိုက်သော ဤမှတ်တမ်းဖော်ပြချက်က ဆွေးနွေးခြင်းခြေလှမ်းများအတွက် အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်မိပေသည်။
(Professor Salim T S Al-Hassani
ဂုဏ်ထူးဆောင် ပါမောက္ခ
သိပ္ပံ၊ နည်းပညာနှင့် လူ့ယဉ်ကျေးမှုဆိုင်ရာ ဖောင်ဒေးရှင်း – FSTC ၏ နာယက
မန်ချက်စတာတက္ကသိုလ်၊ ယူကေ)
၁။ နိဒါန်း
———-
ဟဒီးဆ်လက်ဆင့်ကမ်းပို့ချမှု၊ ဥပဒေသိပ္ပံအတတ်ပညာ(ဖိက်ဟ်)၊ စာပေအနုပညာနှင့် ပညာရေး အစရှိသော ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုနယ်ပယ်အသီးသီးရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက်များ စူးစမ်းလေ့လာမှု အများအပြား ရှိကြသော်လည်း အစ္စလာမ့်ထုံးတမ်းဓလေ့အတွင်းမှ သိပ္ပံ၊ နည်းပညာနှင့် ဆေးဝါးကဏ္ဍရှိ အမျိုးသမီးတို့၏ကဏ္ဍအား ဖော်ပြမှုမှာ ယနေ့တိုင်အောင် မရှိသလောက် နည်းပါးလွန်းနေသည်။
ပညာရှင်အသိုင်းအ၀ိုင်း၌ သိပ္ပံပညာကိုမြှင့်တင်ပေးသော – ပရဟိတ၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အဦတို့ကို ထူထောင်ကြသော ထင်ရှားကျော်ကြားသည့်အမျိုးသမီးများအကြောင်းတို့မှာ ဟိုတစ်စ ဒီတစ်စဖြင့် တသီးတသန့်ရှိနေကြပေသည်။
ဥပမာအချို့ကို တင်ပြရပါလျှင် ဇူဗိုင်ဒဟ်သည် ဘဂ္ဂဒက်မှ မက္ကဟ်မြို့သို့ ဟဂ်ျခရီးစဉ်သွားရာလမ်းကြောင်းတစ်လျှောက် ၀န်ဆောင်ဋ္ဌာနများ၊ ရေတွင်းများကို ရေရှည်မျှော်မြင်မှုဖြင့် ဦးစွာ စီမံကိန်းချဆောင်ရွက်ခဲ့၏။ စုသိုင်သဟ်သည် တရားရုံးများ၌ သက်သေခံချက်ဆိုင်ရာကျွမ်းကျင်သူနှင့် သင်္ချာပညာရှင်တစ်ဦး ဖြစ်၏။ ဇအီဖဟ် ခါတွန်သည် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု၌ ထူးချွန်သူဖြစ်၏။ မော်ရိုကိုနိုင်ငံ၊ ကာရာဝီယင်ဗလီဝတ်ကျောင်းနှင့် Fez မှ တက္ကသိုလ်ကို ဖာသွိမဟ် အလ်ဖဟ်ရီက တည်ထောင်ခဲ့၏။ ၎င်းသည် ကမ္ဘာ့ပထမဆုံး တက္ကသိုလ်ဖြစ်သည်။ အလက်ပိုရှိ နက္ခတ်ဗေဒလေ့လာရေးခန်းမကို အင်ဂျင်နီယာ အလ်အိဂ်ျလိယဟ်မှ ဖန်တီးခဲ့၏။
အဆိုပါ အမျိုးသမီးများဆိုင်ရာ သတင်းအချက်အလက်များ နည်းပါးမှု၊ လူ့အဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာနှင့် အမျိုးသမီးရေးရာအကြောင်းရပ်ကြီးထွားလာခြင်းနှင့်စပ်လျဉ်း၍ သူတို့၏ဘ၀နှင့် လုပ်ဆောင်ချက်များအကြောင်းအား ဤမှတ်တမ်းဖော်ပြချက်က အထောက်အကူရရှိစေပါလိမ့်မည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်တွင် နယ်ပယ်အသီးသီး၌လည်းကောင်း၊ အစ္စလာမ့်သမိုင်း၏ ခေတ်ကာလအသီးသီး၌လည်းကောင်း ရာပေါင်းများစွာသော အမျိုးသမီး၏အခန်းကဏ္ဍကို တိမ်မြုပ်နေရာမှ ပေါ်လွင်လာအောင် တင်ပြခြင်း ဖြစ်ပေသည်။
၂။ သမိုင်းမျက်နှာစာထဲက အမျိုးသမီးများ
——————————————
နှစ်ထောင်ပေါင်းများစွာကပင် အမျိုးသမီးတို့သည် သမိုင်းကြောင်းပြောင်းလဲသွားစေခြင်း၊ အတိုင်းအတာတစ်ရပ်အထိ သြဇာလွှမ်းခြင်း စသဖြင့် သက်ဆိုင်ရာလူ့အဖွဲ့အစည်းများအပေါ် ထူးခြားမှုများ အခါအားလျော်စွာ ထားရစ်ပေးခဲ့ကြသည်။ ထို့အပြင် ကဗျာလင်္ကာ၊ စာပေအနုပညာ၊ ဆေးဝါး၊ ဒဿနနှင့် သချာင်္ နယ်ပယ်များတွင်လည်း ထူးချွန်ထက်မြက်ခဲ့ကြသည်။ ကျော်ကြားသည့်ဥပမာတစ်ရပ်ကို ပြရလျှင် ရှေးဟောင်းအီဂျစ်ပြည်ရှိ အလက်ဇန်းဒြီးယားတွင် နေထိုင်သူ Hypatia (ca. 370-415) သည် ဒဿနပညာရှင်၊ သချာင်္ပညာရှင်၊ အာကာသလေ့လာရေးပညာရှင်နှင့် ဆရာမတစ်ဦးဖြစ်ပြီး မြို့တော်ပညာရေးရှေ့ဆောင်အုပ်စု၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ (Footnote-1)
အလားတူ အီဂျစ်၏ ကလီယိုပါထရာ (b. 69 BCE) နှင့်စပ်လျဉ်း၍ အစ္စလာမ့်အမြင်က ထူးခြားစိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ အာရဗ်ကျမ်းဂန်များက သူမအား အီဂျစ်ပြည်ကို အထူးကာကွယ်ခဲ့သော စိတ်ဓာတ်ကြံ့ခိုင်သည့် မင်းဧကရီတစ်ပါးအဖြစ် ညွှန်းဆိုထားသည်။ ထိုရည်ညွှန်းချက်များတွင် သူမ၏ လေ့လာခြင်းနှင့် နိုင်နင်းစွာစီမံခန့်ခွဲခြင်းဆိုင်ရာ ထက်မြက်မှုနှင့် စွမ်းရည်ပါရမီကိုသာ အထူးအားပြုတင်ပြထားပြီး သူမ၏ ဂုဏ်သိက္ခာပိုင်း (တစ်နည်း) ညှို့ငင်ဖမ်းစားဆွဲဆောင်နိုင်စွမ်းတို့ကိုမူ အလျဉ်း မညွှန်းပြထားပေ။ အာရဗ်တို့၏ ဤပုံဖော်ချက်မှာ ဂရိ-ရောမကျမ်းများအတွင်း သူမအား တဏှာအားကြီးမားသူနှင့် ဆွဲဆောင်ညှို့မြူတတ်သူအဖြစ် တင်ပြချက်များနှင့် ပြဿားတစ်လမ်း သံတစ်လမ်း ဆန့်ကျင်လျက် ရှိပေသည်။ (Footnote-2)
အစ္စလာမ့် စဦးကာလမှ အမျိုးသမီးများသည် သူတို့၏လူ့အဖွဲ့အစည်း၌ အရေးကြီးသောအခန်းကဏ္ဍများတွင် ရှိနေခဲ့သည်။ သူတို့သည် အစ္စလာမ့်ယဉ်ကျေးမှုထွန်းပြောင်ထင်ရှားရေးအတွက် အများအပြား စွမ်းဆောင်ပေးဆပ်ခဲ့ကြသည်။ ဥပမာ – တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်ပါစေ)၏ ကြင်ရာတော် အာအိရှဟ် ဘင့်သိ အဘူဘကရ်သည် စီမံညွှန်ကြားရေး၌ အထူးကျွမ်းကျင်၏။ ဟဒီးဆ်(တမန်တော့်သြ၀ါဒနှင့် ဓလေ့တော်)နှင့် ဖိကဟ်(ဥပဒေပြုသိပ္ပံ)ပညာရှင် ဖြစ်လာပြီး ပညာပေးလမ်းညွှန်သူနှင့် ပို့ချသူလည်း ဖြစ်ခဲ့၏။ (Footnote-3)
ဤသည်တို့နှင့်ဆန့်ကျင်စွာ ဂန္ထ၀င်သမိုင်းကျမ်းတို့၌ မွတ်စ်လင်မ်အမျိုးသမီးတို့၏စွမ်းဆောင်ချက်အကြောင်းများနှင့် ပတ်သက်လာလျှင် မစို့မပို့မျှသာ တွေ့ရပေသည်။ ပြင်ဆင်တည်းဖြတ်မှု မခံရသေးသော လက်ရေးမူပုရပိုက်များကို လေ့လာခြင်းဖြင့် တွေ့ရှိချက်အသစ်များ ထပ်မံပေါ်ထွက်လာနိုင်ပါလိမ့်မည်။ ကမ္ဘာအနှံ့တွင် မော်ကွန်းဝင် လက်ရေးမူပုရပိုက်များ ၅ သန်းခန့် ရှိသည်။ ၎င်းတို့အနက် ငါးသောင်းခန့်ကိုသာ ပြင်ဆင်တည်းဖြတ်ခဲ့ကြသည်။ ၎င်းတို့အများစုမှာ သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းများမဟုတ်ကြ။ (Footnote-4)
Ref : The Muslim Heritage
(ဆက်လက် ဖော်ပြပါမည်)
1-(ကြည့် – Michael A. B. Deakin, “Hypatia and Her Mathematics”, The American Mathematical Monthly, March 1994, vol. 101, No. 3, pp. 234-243; L. Cameron, “Isidore of Miletus and Hypatia of Alexandria: On the Editing of Mathematical Texts”, Greek, Roman and Byzantine Studies vol. 31 (1990), pp. 103-127; I. Mueller, “Hypatia (370?-415)”, in L. S. Grinstein and P. J. Campbell (eds.), Women of Mathematics (Westport, Conn., 1987), pp. 74-79; Bryan J. Whitfield, The Beauty of Reasoning: A Reexamination of Hypatia of Alexandra; O’Connor, John J. & Robertson, Edmund F., “Hypatia of Alexandria”, from MacTutor History of Mathematics
Archive; Hypatia of Alexandria: A woman before her time, The Woman Astronomer, 11 November 2007 (accessed 12.05.2008); “Hypatia of Alexandria” (from Wikipedia, the free encyclopedia) Resources on Hypatia (booklist and classroom activities).
2- (ကြည့် – Okasha El-Daly, Egyptology: the Missing Millennium. Ancient Egypt in Medieval Arabic Writings. London: UCL Press, 2005.)
3- (ကြည့် – the biography of Aishah bint Abi Bakr (University of Southern California: USC-MSA Compendium of Muslim Texts); Montgomery Watt, “Ā’isha Bint Abī Bakr”, Encyclopedia of Islam, Brill, vol. 1, p. 307; Amira Sonbol, “Period 500-800, Women, ender and Islamic Cultures (6th-9th Centuries)”, in Encyclopedia of Women & Islamic Cultures, General Editor: Suad Joseph, 6 vols. Leiden-Boston: E. J. Brill, 6 vols., 2003.) ဆေးဝါးပညာ၊ စာပေအနုပညာနှင့် ဥပဒေပြုပညာ အစရှိသည့် နယ်ပယ်များ၌ ထူးချွန်သူ မွတ်စ်လင်မ်အမျိုးသမီးတို့ကို ညွှန်ပြသော ကိုးကားချက် အများအပြားလည်း ရှိနေသည်။ ဤအစဉ်အလာအား ယနေ့ခေတ်ကာလများတွင်လည်း ဆင်တူရိုးမှား ဖြစ်အင်အသွင်နှင့် တွေ့ကြရပါမည်။ ဥပမာ – မကြာသေးမီက သမရိုးကျဖြစ်အင်နှင့် ဆန့်ကျင်လျက် Sabiha Gökçen (1913-2001)သည် ကမ္ဘာ့ပထမဆုံးသော အမျိုးသမီး တိုက်လေယာဉ်မှူး ဖြစ်ခဲ့သည်။ သူမကို တူရကီလေကြောင်းသိပ္ပံ၌ လေ့ကျင့်သင်ကြားရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ (ကြည့် – Sabiha Gökçen, Atatürk’le Bir Ömür (A Life with Atatürk) (in Turkish), Istanbul: Altin Kitaplar, 2000. See also Sabiha Gokcen (1913-2001), Pioneer Aviatrix.)
4- (ကြည့် – Private communications with Qassim Al-Samarrai, Professor of Palaeography, Leiden, Holland.) ဤအချက်များက ၎င်းဘာသာရပ်အပေါ် အလေးထားသော သုတေသီများအတွက် စိန်ခေါ်ချက်များ ဖြစ်နေပါတော့သည်။
ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁ ) ဖတ်ရန်
ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂) ဖတ်ရန်
ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၃) ဖတ်ရန်
ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄) ဖတ်ရန်
Comments