6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂ ၊ ၂၀၁၆
M-Media
သတင်း- မျိုးဆွေ

13537620_152035648539915_654886375385300689_n

လူမျို၊ ၊ နိုင်ငံသား ပါမလာသော ပြန်ထုတ်ပေးသည့် သန်းခေါင်စာရင်း

– ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲခရိုင်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တွေဟာ ကမန်တိုင်းရင်းသားတွေရဲ့ သန်းခေါင်စာရင်းတွေမှာ လူမျိုးအမည် ဖျောက်ဖျက်ထားမျိုးတွေ ရှိနေပြီး အချို့ရွာတွေမှာလည်း နိုင်ငံသား စီစစ်ခံရမယ့်သူတွေကို ထုတ်ပေးတဲ့ အစိမ်းရောက်ကဒ် ပေးတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

သံတွဲခရိုင်မှာ ကမန်ရွာပေါင်း ၁၈ ရွာရှိတဲ့အနက်မှ သန်းခေါင်စာရင်း ပျက်ဆီး၊ ပျောက်ဆုံးလို့ အသစ်လုပ်တာ ဒါမှမဟုတ် ဟောင်းနွမ်းလို့ သွားရောက် လဲလှယ်တဲ့အခါမျိုးမှာ သန်းခေါင်စာရင်း အသစ်မှာ အဲဒီလို လူမျိုးအမည်တွေကို ထည့်သွင်းပေးခြင်း မရှိဘဲ ဖျောက်ဖျက်တာ မျိုးတွေဖြစ်ပါတယ်။ သန်းခေါင်းစာရင်းရဲ့ နိုင်ငံသားနေရာမှာလည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သုံးသပ်တာကတော့ လ၀က က သီးသန့် ကျွန်တော်တို့ လူမျိုးတွေပေါ် အနိုင်ကျင့်တာပေါ့ လေ။ ဒါမျိုးက မလုပ်သင့်ဘူးလေ။ ကျွန်တော်တို့လူမျိုးတွေကို စော်ကားတယ်လို့ ယူဆပါတယ်” လို့ ကမန် တိုင်းရင်းသားရေးရာ တက်
ကြွလှုပ်ရှားသူ ကိုဇော်ကိုကိုက ပြောကြားခဲ့ပါတယ်။

အဲဒီလို လူမျိုးအမည်ဖျောက်ဖျက်တာကို ကမန်တိုင်းရင်းသား အချို့က လ၀ကရုံးမှာ သွားရောက်ပြောကြားပြီး သန်းခေါင်စာရင်း အဟောင်း ပြန်လည်တောင်းယူတာ မျိုးတွေလည်း ရှိနေတယ်လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ သံတွဲခရိုင် အတွင်းက ကမန်တိုင်းရင်းသား ဘယ်လောက်များများ အဲဒီလို အဖြစ်အပျက်နဲ့ ကြုံနေလဲဆိုတာကို လေ့လာမှုတွေလုပ်နေတယ်လို့လည်း သိရပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ ရှိနေတဲ့ လင်းသီးနဲ့ ပေါက်တောကျေးရွာက နိုင်ငံသားစီစစ်ရေးကဒ်ပြား မရသေးတဲ့ ကမန် တိုင်းရင်းသားတွေကို နိုင်ငံသား စီစစ်ခံရမယ့်သူတွေ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်းက ဘင်္ဂလီ နှင့် ရိုဟင်ဂျာတွေကို ထုတ်ပေးတဲ့ အစိမ်းရောင်ကဒ်ပြားမျိုး ထုတ်ပေးတာတွေလည်း ရှိနေပါတယ်။

13502140_282415255442096_5051784835255621757_n

ယခင် အဟောင်း မိတ္တူ

“တစ်ချို့ ကမန်တိုင်းရင်းသားတွေမှာ နိုင်ငံသားကဒ် မရှိကြပါဘူး။ မရှိတာကလည်း လ၀က က ညစ်ထားတာပေါ့လေ။ အဖေမှာရှိတယ်။ သားမှာ မရှိဘူး အဲဒါမျိုးတွေပေါ့။ အဲဒီလူတွေ သွားလျှောက်တဲ့အခါမှာ သူတို့က “မင်းတို့ ဒီကဒ်ရှိရင် မင်းတို့ကို
သွားလာခွင့်ပေး လို့ရတာပဲ” ဆိုပြီး စည်းရုံးတယ်။ ရိုးသားတဲ့ တစ်ချို့ရွာသားတွေကလည်း ခရီးသွားလို့ရတယ်၊ ဘာတယ်ဆိုတော့ ဒီအစိမ်းရောင်ကဒ် ကို ယူလိုက်ကြတယ်။ ဒါ လ၀က က စည်းရုံးသိမ်းသွင်းပြီးတော့ ပေးတာပါ။ ရိုးသားတဲ့ တောသူ
တောင်သားတွေကို လှည့်စားတယ်လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်” လို့ ကိုဇော်ကိုကိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကမန်တိုင်းရင်းသားတွေ  သန်းခေါင်စာရင်း ပျက်ဆီး၊ ပျောက်ဆုံးတာ ဒါမှမဟုတ် ဟောင်းနွမ်းလို့ သွားရောက်လဲလှယ်တဲ့ အခါ အသစ်ပေးရာမှာ ကမန်လူမျိုးလို့ မထည့်ပေးတာနဲ့ ကမန်တိုင်းရင်းသားအချို့ကို နိုင်ငံသားစီစစ်ခံရမယ့်သူတွေကို ပေးအပ် တဲ့ အစိမ်းရောင်ကဒ်တွေ ပေးအပ်တယ်ဆိုတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကမန်အမျိုးသားပါတီရဲ့ အတွင်းရေးမူး ဦးထွန်းငွေကလည်း အတည်ပြုခဲ့ပါတယ်။

“မွေးရပ်မြေဖြစ်ပါလျက်နဲ့၊ မိဘတွေမှာလည်း သန်ခေါင်စာရင်း၊ မှတ်ပုံတင်တွေ အကုန်အပြည့်အစုံရှိပါလျက်နဲ့ ဒီအစိမ်းရောင်ကဒ်ပေးတယ် ဆိုတဲ့ အခါကြတော့.. ကျွန်တော်တို့ ဒါကို လုံးဝ ကန့်ကွက်ပါတယ်” လို့ ကမန်တိုင်းရင်းသားတွေကို အစိမ်းရောက်ကဒ်ပေးတာနဲ့ ပတ်သက်ပြီး ဦးထွန်းငွေက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပါတီအနေနဲ့ အချက်အလက်တွေကိုစုဆောင်းနေပြီး မကြာခင်မှာ ဒီကိစ္စတွေနဲ့ပတ်သက်လို့  သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် သက်ဆိုင်ရာဌာနတွေကို စာပို့အကြောင်းကြားသွားမယ်လို့လည်း ဦးထွန်းငွေက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ ကမန်တိုင်းရင်းသားတွေကို လူဝင်မှုကြီးကြပ်ရေးက ယခင်ကလည်း ၀ှိုက်ကဒ်တွေ ထုတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

Tags:

Leave a Reply