သြဂုတ် ၁၄၊ ၂၀၂၃
M-Media
-ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေးမာဟာ ဆော်ဒီကလပ် အလ်-ဟီလာလ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီလို့ သတင်းထွက်လာပါတယ်။
၂ နှစ်စာချုပ်နဲ့ ပြောင်းမှာဖြစ်ပြီး ကန်ဒေါ်လာ ယူရိုသန်း ၁၆၀ ရရှိမှာဖြစ်ပါတယ်။
နေးမာဟာ အသက် ၃၁ နှစ်အရွယ်ရှိပြီး ခြေချင်း၀တ်ဒဏ်ရာကြောင့် ခွဲစိပ်ထားရကာ မတ်လကစပြီး ပွဲကစားနိုင်ခြင်း မရှိပါဘူး။
၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းကို ယူရို ၂၂၂ သန်းနဲ့ နေးမာတစ်ယောက် ပြောင်းရွှေ့ခဲ့ပြီး ဒါဟာ ဘောလုံး သမိုင်းတစ်လျှောက် စျေးအမြင့်ဆုံး ပြောင်းရွှေ့ကြေး ဖြစ်ခဲ့ပါတယ်။
Ref: Goal
Comments