News @ M-Media

Category: မြန်မာမွတ်စ်လင်မ်သမိုင်း

  • ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး) ၁၉၇၈-၇၉ ခုနှစ်က အလှူ

    ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး) ၁၉၇၈-၇၉ ခုနှစ်က အလှူ

    စက်တင်ဘာ- ၂၀ ၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ ပေးသူ-Mya Arkar


    Haji Ma Daw Pu
    ဟာဂျီမ ပျဉ်းမနားဒေါ်ပု သည် မြန်မာနိုင်ငံတွင် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး ဖြစ်ပါတယ်။

    ဖော်ပြပါပုံသည် ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါ အထူးကု ဆေးရုံဝင်း အတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့စဉ်ဖြစ်ပါတယ်။

    ၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါ အထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက်လုပ်ခဲ့ပါတယ်။

    အရေပြားဆေးရုံသစ်အတွက် သိန်း နှစ်ဆယ်ကျော် လှူဒါန်းခဲ့ပါတယ်။

    ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ များစွာသော အများအကျိုးပြု အလှူများမှ ဖော်ပြပါ အလှူ(၃) ခု (၅၆) သိန်းတန်ကြေးမှာ ယနေ့ကာလတွင် သိန်းပေါင်း (၂၆၀၀၀) ခန့်ရှိမှာဖြစ်ပါတယ်။

    ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အတွင်း၌ သိန်း ၅၀ တန် လေးထပ်တိုက်၊ အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံ အတွက်လည်း သိန်း ၂၀ လှူဒါန်းခဲ့သည်။

    ဓါတ်ပုံစာညွှန်း- ရန်ကုန်မြို့ ကျောက်ကပ်ရောဂါဆေးရုံ သစ်တည်ဆောက်ရာ၌ ကျပ်သိန်း ၃၀ ပေးလှူပြိး အရေပြားဆေးရုံသစ်အတွက် သိန်း ၂၀ လှူဒါန်းခဲ့သော ဟာဂျီမ ပျဉ်းမနား ဒေါ်ပု(လူမှုထူးချွန် ပထမဆင့်) မိမိလှူဒါန်းသော ရန်ကုန်မြိုက စိတ်ရောဂါကုဆေးကုဆေးရုံ ကြီး ဘွဲလွန် စာသင်ခန်းနှင့် စာကြည်တိုက် အဆောက်အဦ ကျောက်စာကို စိတ်ဝင်စားစွာ ရှုစားနေစဉ်၊

    ဘေးတွင် (မျက်မှန်ဖြင့် ) ပီတိဖြစ်နေသူမှာ ပျဉ်းမနားဇာတိ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ စိတ်ရောကု ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်း

    ref_ ၁၉၈၂ ခု စက်တင်ဘာလ ထုတ် အစ္စလာမ်အလင်း စာစောင် အမှတ်စဉ်(၂၁)

    ဟာဂျီမ ပျဉ်းမနားဒေါ်ပု အကြောင်း အသေးစိတ်ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/2190

  • အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗ-လ-မ ဋ္ဌာနချုပ်မှ ပေးပို့ခဲ့တဲ့စာ (၁၉၄၇)

    အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗ-လ-မ ဋ္ဌာနချုပ်မှ ပေးပို့ခဲ့တဲ့စာ (၁၉၄၇)

    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    Ba Ma La
    ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံးမှ ရှမ်းကရင် ဗမာမွတ်စလင် လူငယ်ထုမှ တဆင့် ရှမ်းကရင် ဗမာမွတ်စလင် လူထုသို့ ပေးပို့သော ၀မ်းနည်းခြင်း အထိမ်းအမှတ်နှင့် တိုင်းရင်းသားချင်း ပိုမိုသွေးစည်းရေး စာလွှာ

    သို့
    ရှမ်းကရင် ဗမာ-မွတ်စလင် လူငယ်အပေါင်းနှင့် ရှမ်း-ကရင်-ဗမာ-မွတ်စလင် လူထုအပေါင်းတို့….

    အသင်တို့နှင့် ကျွန်ုပ်တို့မှာ သွေးရင်းသားချင်း ဖြစ်ခဲ့ကြသည့် အလျောက် ကျွန်ုပ်တို့၏ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွန်မြတ်ကြည်လင်သော စိတ်ထားနှင့် အလုပ်တို့ကြောင့် တဦးနှင့်တဦး ချစ်ကြည်လေးစား ယုံကြည်မှုများကား ပွားများ၍လာခဲ့ကြသည်။

    ထိုကဲ့သို့ တဦးနှင့်တဦး ယုံကြည်အားထား လေးစားမှုများကြောင့် ကျွန်ုပ်တို့၏ အင်အားစုမှာ တနေ့တခြား ကြီးမား၍ လာခြင်းအားဖြင့် ကျွန်ုပ်တို့ အသီးသီး၏ ရည်မှန်းတောင့်တရာ ဖြစ်သော လုံးဝလွတ်လပ်ရေး ဆုထူးဆုမြတ်ကြီးကား ကျွန်ုပ်တို့၏ လက်ဝယ်သို့ မလွဲဧကန် သက်ဆင်းရတော့မည့် အမှန်ဖြစ်သည် ထိုဓနရှင် နယ်ချဲ့ ဗြူရိုကရက်တို့ကား၊ မည်သည့် နည်းနှင့်မျှ ရှနက် ညွှတ်ရက်တော့မည် မဟုတ်ကြောင်း။

    ဤသည်ကို အကြောင်းပြု၍ ကျွန်ုတို့၏ သွေးစည်းမှု အင်အားစုံကို ပျက်ပြယ်စေသောအားဖြင့် (၀ါ) အားနည်းစေသော အားဖြင့် အသင်တို့ ကျွန်ုပ်တို့ အသီးသီး၏ ခေါင်းဆောင်ကြီးများအား လက်ပါးစေ အကြံပက်စက်သည့် လူ့တိရစ္ဆာန်များနှင့် ပေါင်းဖက်၍ ရက်စက်စွာ သတ်ဖြတ်လိုက်သဖြင့် ကျွန်ုပ်တို့ ခေါင်းဆောင်ကြီးများတွင် အပါအ၀င်ဖြစ်သော သင်တို့၏ ကိုယ်စားလှယ် ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွားကြီး စောစံထွန်း-မန်းဘခိုင်-မစ္စတာ ရာဇတ် စသည့် အသီးသီးတို့အား သွေးစိမ်းပွက်ပွက် ချင်းချင်း ထွက်၍ မရှုမလှ ကျဆုံးခဲ့ရလေသည်ကို ကျွန်ုပ်တို့ လူငယ်ထုမှာ နှမြောတသ ကြေကွဲဝမ်းနည်းလှပါတော့သည်။

    ၎င်းတို့အသီးသီး၏ မိဘဆွေမျိုး၊ ဇနီးသားမယားများအတွက်လည်း ထပ်လောင်း၍ ယူကျုံးမရရှိပါတော့သည်။

    သင်တို့အား သင်တို့၏ ခေါင်းဆောင်ကြီးတယောက် လက်လွှတ်လိုက်သဖြင့် မည်မျှ ကြေကွဲဝမ်းနည်း အားငယ်ကြမည်ကို ကျွန်ုပ်တို့ မှန်းဆကြည့်ခြင်းအားဖြင့် သင်တို့အတွက်လည်း ကျွန်ုပ်တို့သည် မချိတင်ကဲ ၀မ်းနည်းမိပါတော့သည်။
    အို-သွေးချင်းတို့

    သင်တို့ ကျွန်ုပ်တို့သည် ကျဆုံးလေပြီးသော သင်တို့ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများအား ချုပ်ခင်ခြင်း၊ ကြင်နားခြင်း၊ လေးစားခြင်းတို့ကို စိတ်ဓာတ်အားဖြင့် ပြရုံနှင့် အရာထင်မည် မဟုတ်၊ ၎င်းတို့၏ မြင့်မြတ်သန့်ရှင်းစင်ကြယ်လှသော စိတ်ထားကို သင်တို့ ကျွန်ုပ်တို့ အသီးသီး အသဲစွဲထားရှိပြီး ၎င်းတို့ခေါင်းဆောင် အချင်းချင်း သွေးမြေခ-ခန္ဓာကြွေသည်အထိ ရင်းနှီးစွာ ဆောင်ရွက်၍ လုံးဝ လွတ်လပ်ရေးတို့တွင် ၀င်ချီတက်ကြသည့် အမွေအနှစ်ပို သင်တို့နှင့် ကျွန်ုပ်တို့က လက်တွေ့ခံယူကာ ကျွန်ုပ်တို့ အချင်းချင်း ယခင်ကထက် ဆထက်တံပိုး ပိုမိုရင်းနှီးလျက် မလျော့သော စိတ်ဇွဲလုံ့လနှင့် တဦးအားတဦး သီးခံရင်းနှီးစွာ လုံးဝလွတ်လပ်ရေး အမွေအနှစ်ကို ခံယူကြပါစို့။

    တိုင်းရင်းသားချင်း ချစ်ခင်ရင်းနှီးရမည်။

    ဗဟိုရ်အမှုဆောင်
    ဗ-လ-မ ဋ္ဌာနချုပ်
    ရန်ကုန်မြို့။

    ၉-၈-၁၉၄၇ ဖဆပလ သတင်းစဉ်မှ

  • စင်္ကြာ ကာစမီယာ ဗလီဝတ်ကျောင်းတော် (ပြန်တမ်းဝင် ရှေးဟောင်း သာသနိက အဆောက်အအုံများ)

    မေ ၂၂၊ ၂၀၁၄
    M-Media


    မန္တလေးမြို့ ချမ်အေးသာစံမြို့နယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းအတွင်း ၇၅လမ်းနှင့် ၇၆လမ်း အတွင်း အကွက်နံပါတ် (၆၈၀) ၀တ်ကျောင်းတော် နှစ်ဆောင် တွင် မြောက်ပိုင်းရှိ ၀တ်ကျောင်းတော် ဖြစ်သည်။

    ၁၈၆၃ ခုနှစ် တွင် စတင်တည်ဆောက်ခဲ့သည်။

    ဗောဓိကုန်း ပုဏ္ဏားစုရပ်ကွက် အရှေ့ဘက်တွင် ကင်းတားကုလား ပျိုတပ် မိသားစုနေ မြေသတ်မှတ် နေရာ ချထားသကဲ့သို့ ပုဏ္ဏားစု အနောက်ဘက် စကြာင်္နွယ်စဉ် ရပ်ကွက်တွင် မြန်မာမင်း အဆက်ဆက် အမြှောက်တပ် အမှုထမ်း ရွက်ကြသည့် တပ်မှူး၊ သွေးသောက်၊ တပ်သားများ၊ နေပြည်တော်နှင့် မကင်းမကွာ နေထိုင်ရန်နှင့် ၀တ်ကျောင်းတော် တည်ဆောက်ခွင့် နေရာများပင် ချီးမြှင့်တော်မူခဲ့သည်။

    မင်္ဂလာ အမြှောက်တပ်မှ ဗိုလ်မင်းဦးနှစ်မှ အုပ်ခုံခံ ကျွန်းတိုင်လုံးများဖြင့် ၀တ်ကျောင်းတော် တည်ဆောက် လှူဒါန်းသကဲ့သို့ ထိုမြေတွင် နေထိုင်ကြသူများမှ ငွေကို ဝေယာဝစ္စသုံးရန် လေလ္လာပြုလှူဒါန်းခဲ့သည်။

    သဘာဝဘေးဒဏ်ကြောင့် ကျောင်းတော်ယိုယွင်း ပျက်စီးလာ၍ မျိုးဆက်သစ်တို့မှ ဟာဂျီ ဆပ်၊ ဦးမြစ်ကြီး၊ ဦးနီ၊ မောင်လာနာ ဂျာမာလွတ်ဒင်၊ ဟာဂျီ ဦးမောင်ကိုကြီး၊ ဟာဂျီ ဦးမောင်တို့ကို ဦးစီး ဦးဆောင် ဆောင်ရွက်ကြ၍ ခိုင်ခန့်သေသပ်စွာ ၀တ်ကျောင်းတော် ပြန်လည် တည်ဆောက်ခဲ့သည်။ အခြေခံ အာရဗီကျောင်း အဆင့်မှ အာရဗီ သိပ္ပံကျောင်းတော် အဆင့် မန္တလေး မြို့မိ မြို့ဖများ ဘက်စုံ ကူညီဆောင်ရွက် မြှင့်တင်ပေးခဲ့သည့်အ တွက် အောင်မြင်ခဲ့သည်။
    ဓါတ်ပုံ – ၂၀၀၉ ခုနှစ်တွင် ရိုက်ကူးထားသော ပုံဖြစ်ပါသည်။

    မှတ်ချက်။    ။ ဦးမောင်မောင်ကြီး (မန်း) သမိုင်းသုတေသီ  ပြုစုရေးသားသည့် မင်းနှင့် လွှတ်တော်မှ တည်ဆောက်ခွင့်ပြုခဲ့သော ပြန်တမ်းဝင် အစ္စလာမ်သာသနာ့ ဝတ်ကျောင်းတော်များ(၂) စာအုပ်မှာ ကောက်နှုတ် ဖော်ပြပါသည်။

  • မြန်မာ့သမိုင်းကို ယခုလိုရေးပြီး မွတ်စလင့်မ့် သမိုင်းကို ဖျောက်ဖျက်ခဲ့သည် ချည်းဖြစ်သည်

    ဧပြီ ၇ ၊ ၂၀၁၄
    M-Media
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    10152412_684968381545635_1200128292_n

    ရခိုင်ပြည်နယ် ၊ မြောက်ဥိးတွင် နှစ်ပေါင်း ထောင်ချီ တည်ရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလိဝတ်ကျောင်းအားလည်း ဗိုလ်ချူပ်ကြီး ခင်ညွန့် တန်ခိုးထွားခဲ့စဉ် ၁၉၉၀ ကျော်ကာလက အပြီးသတ် ဖျက်စီးလက်စတုန်းပစ်ခဲ့ပြီးပါပြီ။

    နှစ် ၅၀၀ ခန့်သက်တမ်းရှိသည့် စစ်တွေမြို့မှ ဗလီကြီးအားလည်း လက်စတုန်းပစ်ခဲ့ပြီးပါပြီ။

    ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရား လက်ထက်ကတည်းက မန္တလေးတိုင်း၊ အမရပူရ ရှေး ကုန်းဘောင်မင်းဆက် အလယ်ပိုင်းကာလကတည်းက တည်ရှိလာခဲ့သည့် သမိုင်းအမွေ အနှစ် တန်ဘိုးဖြင့် ပြည့်လျှမ်းနေသည့် မြန်မာ မွတ်စလင်မ် ပသီ တို့၏ ရှေးဟောင်း အမွေအနှစ် များထဲမှ တစ်ခုဖြစ်သည့် လင်းဇင်းကုန်းသုဿန် အားလည်း ယခုကဲ့သို့ မျက်နှာမျှမထောက် ဖျက်စီးပစ်ခဲ့ပြီးပါပြီ။

    အနှစ် ၁၆၆ နှစ်သက်တမ်းရှိ ပသီတို့၏ အထင်ကရ အမှတ်တရ နေရာတစ်ခုဖြစ်ခဲ့သည့် အမ ရပူရမြို့ဟောင်း နယ်မြေ တောင်သမန်အင်းပေါ် ဖြတ်ထိုးထားသည့် ကမ္ဘာကျော် ဦးပိန် တံ တား အားလည်း မြန်မာမွတ်စလင်မ် တို့၏ သမိုင်းကို တင်ကူးဖျောက်ဖျက်ရန် ရည်စူးချက်ဖြင့် စနစ်တကျ အစဖျောက်ရန် စတင် လုပ်ဆောင်နေကြပါပြီ။ သမိုင်းဝင် တောင်သမန်အင်း အား မြေဖို့ပြီး ကန်ထရိုက်မြို့ပြတည်ရန် ဟူသည့် အကြောင်းပြ ချက်ဖြင့် သမိုင်းမှတ်တမ်း မှတ်ရာ တစ်ခုအား ဖျောက်ဖျက်ရန် အထင်ကရကြိုးစားနေကြပြီ ဖြစ်ကြောင်း အများသူငှာ များသိစေရန် နှိုးဆော်အပ်ပါသည်။

    မြန်မာ့သမိုင်းအား ခေတ်အဆက်ဆက် အာဏာရှိခဲ့သူများ ယခုနည်းနှင့် ရေးခဲ့ သည် ချည်း ဖြစ်သည်။ ထိုသည့်ကြောင့် မြန်မာ့သမိုင်းတွင် ပါးစပ် ရာဇ၀င်များသာ မှတ်တမ်းမှတ်ရာ ကျန်ခဲ့ကြပြီး အထောက်အထားခိုင်မာသည့် မှတ်တမ်းမှတ်ရာများ ပျောက်ပျက်ခဲ့သည့် ချည်း ဖြစ်ပါသောကြောင့် မြန်မာ့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကပင် မဆဲရုံ တမယ် ရေးသားခဲ့ဘူးသည် ကို သတိချပ်သင့်လှပါကြောင်း အသိပေးအပ်ပါသည်။

    အဆိုပါ သုဿန်တွင် ကုန်းဘောင်မင်းဆက်ခေတ် နှစ်အရှည်ကြာဆုံး စိုးစံသွားခဲ့သည့် ဘိုးတော်မင်းတြားကြီး ခေါ် ဘိုးတော်ဦးဝိုင်း လက်ထက် က ၎င်း ကိုယ်တိုင် စာချွန်ေ တ်ာပြန် တမ်း ထုတ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်၊ ပသီလူမျိုးတို့၏ သာသနာပိုင် အဖြစ်ခန့်အပ်ခံရသည့် ဟသွရသ် အဘစ်ဒ်ရှားဟူစိန်နီ ၏ ကဗရ် ဂူဗိမာန် တည် ရှိရာ လည်း ဖြစ်သည်။

    နှောင်းလူတို့ခေတ် တွင် မွတ်စလင်မ် ဟူသည် ခိုးဝင်ကုလားများဟု သာ လိမ်လည်ခြင်း အထပ်ထပ်ဖြင့် ထပ်မံ ပုံဖော်ကြလိမ့်ဦးမည်သာ ဖြစ်သည်။

    ဓာတ်ပုံ – နှစ်ပေါင်း နှစ်ရာခန့်သက်တမ်းရှိခဲ့သည့် အမရပူရမြို့ဟောင်းနေရာ လင်းဇင်းကုန်း မွတ်စလင်မ် သုဿန် ကို ယခုလပိုင်းကမျှ မန္တလေးမြို့တော် စည်ပင်သာယာရေး အဖွဲ့ အမည်ခံကာ မြန်မာတစ်ပြည်လုံးရှိ အစ္စလာမ် ဘာသာဝင်များက ကန့်ကွက်နေသည့် ကြား မှ အတင်းအကြပ် ဘူဒိုဇာထိုး ဖျက်စီးနေသည့် မြင်ကွင်း။

  • မဟာတမန်တော်မြတ် ဖွားမြင်သန့်စင်ခြင်း အထိမ်းမှတ် (၁၄၈၈) ကြိမ်မြောက် မဟာတမန်တော်နေ့

    မဟာတမန်တော်မြတ် ဖွားမြင်သန့်စင်ခြင်း အထိမ်းမှတ် (၁၄၈၈) ကြိမ်မြောက် မဟာတမန်တော်နေ့

    ဇန်န၀ါရီ ၁၄-၂၀၁၄
    M-Media
    သီရိ

    DSC00194

    ရန်ကုန်    ။    ။   အစ္စလာမ်ဘာသာဝင်တို့၏ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းပါစေသား) ဖွားမြင်သန့်စင်ခြင်း အထိမ်းအမှတ် (၁၄၈၈) ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားကြီးကို ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ရပ်ကွက် ရှမ်းကုန်းလမ်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

    ဇန်န၀ါရီလ ၁၄-ရက် နေ့လည် ၂ နာရီအချိန်တွင် အစ္စလာမ် တွရီကာဝင်များ၊ ၀တ်အဖွဲ့များ၊ K.A.F.T.G ဃရာနာ အစ္စလာမ်သာသနာ ပရမတ္တအဖွဲ့ ရန်ကုန်မိသားစုနှင့် အမျိုးသား၊ အမျိုးသမီးများမှ မြေနီကုန်း (တောင်/မြောက်) ပိုင်း ရပ်ကွက်အတွင်း အန္တရာယ်ကင်း တရားစာများ ဖတ်ရွတ် သရဇ္ဈယ်ပြီး လှည့်လည်ကာ ညနေ (အဆွရ်ဆွလာသ်)၀တ်ပြု အပြီး အစ္စလာမ့် တွရီကာနှင့် အညီ သာသနာ့အလံတော်ကို လွှင့်တင်ပြီး လူမျိုး ဘာသာမရွေး၊ ဘာသာပေါင်းစုံ ဝေနေယျ သတ္တ၀ါအပေါင်းတို့အား ဆုတောင်းမေတ္တာ ပို့သခဲ့ပါသည်။

    ဇန်န၀ါရီလ ၁၅-ရက်နေ့ ည ၈း၃၀ နာ၇ီတွင် အစ္စလာမ်၊ ဗုဒ္ဓ၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာပေါင်းစုံ တို့မှ ရဟန်းသံဃာတော်များ၊ သာသနာ့ပညာရှင် ဆရာတော်ကြီးများက ငြိမ်းချမ်းရေး တရားများကို ဟောကြားကာ တရားရေအေး တိုက်ကျွေးမည် ဖြစ်ကြောင်းလည်း သိရပါသည်။