News @ M-Media

Category: ဆောင်းပါး

  • ကျွန်တော့် အာဇာနည်

    ဇူလိုင်-၁၆၊ ၂၀၁၁

    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ မြန်မာတစ်မျိုးသားလုံး ယူကြုံးမရ အပူလုံးကြွကြရတဲ့ နေ့ပါ။ အစားထိုးမရနိုင်တဲ့ နိုင်ငံခေါင်းဆောင်ကြီးများကို မသမာသူ လူတစ်ခုက ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်လိုက်ကြလို့ပဲ ဖြစ်ပါတယ်။

    ကျွန်တော့်အဖို့မှာတော့ အဲဒီအချိန်က အသက် ၇ နှစ်သာသာလောက်ရှိနေသေးတဲ့အရွယ်ဖြစ်တာမို့ ဒီအာဇာနည်ခေါင်းဆောင်ကြီးများအတွက် ယူကြုံးမရဖြစ်လောက်အောင် ခံစားနာကျင်ရမှန်း သိနားလည်ခြင်း မရှိခဲ့သေးပါဘူး။

    ဒါပေမယ့် ယနေ့ထက်ထိ ဘယ်သူ့ကိုမှ (ယုတ်စွအဆုံး ကျွန်တော့်မိခင်ကြီးကိုသော်မှ) ဖွင့်ဟပြောပြခြင်း မပြုခဲ့တဲ့ အာဇာနည်တစ်ယောက်အတွက်ကိုတော့ အဲဒီအသက်အရွယ်ကတည်းက စိတ်မကောင်းဖြစ်ရမှန်း ဝမ်းနည်းရမှန်း သိနေခဲ့တယ်လို့ ဆိုရပါမယ်။ (more…)

  • အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်

    အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်

    ဇူလိုင်-၁၁၊ ၂၀၁၁

    ဆောင်းပါးရှင် -၀မ်းအိုဝမ်းကျော်ဝင်းမောင်

    ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေသုသာန် သို့ ဆရာကြီးဦးရာဇတ်၏သားများလာရောက် ဆု တောင်းစဉ်

    ဆရာကြီးဦးရာဇတ်ကို ဒဖနာမြေမြှုပ်သဂြို င်္ဟ်သောနေသည် ဇူလိုင်လ ၂၁ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ရမသွာန်လ (၁) ရက်နေ့နှင့် သွားရောက်ကိုက်ညီနေပါသည်။
    ရမသွာန်လဆိုသည်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဖြစ်ပါသည်။ ဥပုသ် စစောင့်တဲ့ ပထမရက်ဖြစ်ပါသည်။ ဤတွင် ပြဿနာတစ်ခု ရှိလာပြန်ပါသည်။ ရဲဘော်မောင်ထွေးဟာ ရှီအာမွတ်စလင်မ်တစ်ဦးဖြစ်ပါသည်။ သူ၏ ဖခင်မှာ (၃၁)လမ်းတွင်ရှိသော မဂိုရှီအာ ပလီမှ ဂေါပက လူကြီးဦးကိုလေးဆိုသူဖြစ်သဖြင့် ရှီအာ မွတ်စလင် သင်္ချိုင်းတွင် သဂြို င်္ဟ်ရန်ပထမ စီစဉ်ကြပါသေးသည်။

    အဲဒီအချိန်တွင် ဗ-မ-က အထွေထွေအတွင်းရေးမှုး မစ္စတာလတစ်ခန်( ခ) ဦးခင်မောင်လတ်၊ ဗ-မ-က အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကြွယ်ဝ စတဲ့ ခေါင်းဆောင်များက ဦးကိုလေးနှင့် ဆွေးနွေးကြပါသည်။ ဆရာကြီးဦးရာဇတ်က စွန်နီသင်္ချိုင်းသွားမယ် ၊ ရဲဘော်မောင်ထွေးက ရှီအာမွတ်စလင်သင်္ချိုင်းသွားမယ်၊ အဲဒီလိုဆိုယင် မွတ်စလင်ညီညွတ်ရေးဟာ ပျက်ပြားသွားနိုင်တယ်၊ အဲဒါကြောင့်မွတ်စလင်တွေအနေနဲ့ စုစုစည်းစည်းနဲ့ပဲ တာမွေ စွန်နီမွတ်စလင် သင်္ချိုင်းမှာ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ဖို့လိုတယ် လို့ဆွေးနွေးညှိနှိုင်းကြပါသတဲ့။ တခြားဘာသာခြားတွေထဲမှာ ကိုယ့်အထုပ်ကိုယ်ဖြေပြသလိုဖြစ်နေမယ်။

    စွန်နီမွတ်စလင်တွေ အနေနဲ့လဲ သူတို့စွန်နီ ( သင်္ချိုင်း ) ကဘတ်စတန်မှာ ရှီအာမွတ်စလင် တွေရဲ့ မယတ် (အလောင်း) ကို မြှုပ်ခွင့်ပြုဖို့ ဆိုတာလဲ အစဉ်အလာမရှိဘူး။ ဒီလိုမြှုပ်ခွင့်ရအောင်လဲ ဗ-မ-က ခေါင်းဆောင်တွေအနေနဲ့ စွန်နီမွတ်စလင် အိုလမာအဖွဲ့ဝင်များနဲ့ သဘောတူချက်ရယူရပါတယ်။

    284034_251291044884610_100000111498246_1092923_8053015_n

    နှစ်ဘက်သဘောတူညီချက် ရတော့မှပဲ တာမွေ ကဘတ်စတန် (သင်္ချိုင်း) မှာ သဂြို င်္ဟ် မြှုပ်နှံလိုက်ပါတယ်။ ဒီဂျနာဇာ နမာဇ် (သရနဂုံတင်ပွဲ) ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ရဲ့ ဥက္ကဌင်္ကြီးဖြစ်တဲ့ မွတ်ဖ်သီ မာမွတ် ဒါဝတ် ယူစွတ် ကနေပြီး အီမာန်ရှေ့ဆောင် လုပ်ပြီး ဖတ်ပေးသွားမှာပါတဲ့။

    ဆေးရုံကြီးကနေ အလောင်းတွေကို ယူပြီးတော့ သယ်ဆောင်သွားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များရဲ့ အလောင်းများကို ဂျူဗလီဟောကို သယ်ဆောင်သွားတဲ့အခါမှာ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ အခေါင်း ၂ခုလဲ ပါသွားတယ်၊ ဒီအခေါင်းတွေကို ရဲဘော်တွေကပဲ ထမ်းပြီး သယ်ဆောင်သွားခြင်းပါ။

    နောက်တစ်ခါ ဂျနာဇာ ၂ ခုသတ်သတ်ကို အဲဒီ အာဇာနည်တွေရဲ့ ခေါင်းတွေနောက်မှာ အစ္စလာမ်ဂျနာဇာ (အလောင်းထမ်းစဉ်) ၂ ခုလဲဆက်တိုက်ထမ်းလာခဲ့ကြတယ်။ ဂျူဗလီဟောကို ရောက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ခေါင်းတွေအားလုံးကို ဂျူဗလီဟောမှာပဲ ချထားလိုက်ပါတယ်။

    အဲဒီနောက် ဆရာကြီးနဲ့ ရဲဘော်ကိုထွေးတို့ရဲ့ ဂျနာဇာ ၂ ခုကို အနောက်ဖက်ကနေ ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ကျယ်လောင်စွာ ဖတ်ရွတ်ပြီး အပြင်ဘက်ကိုထမ်းပြီးထွက်လာကြပါတယ်။ အပြင်ဘက်ကိုရောက်တဲ့အခါမှာ ၀င်းပေါက်က စောင့်ကြိုနေတဲ့ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) ထုကြီးဟာဆီးကြိုပြီး တစ်ယောက်တစ်လက် ထမ်းသွားပါတော့တယ်။ အဲဒီ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) လူအုပ်ကြီးထဲမှာပဲ ဆရာကြီး ဦးရာဇတ်ရဲ့ ဇနီးသည် ဒေါ်ခင်ခင်ကိုယ်တိုင်လဲ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ကန်တော်ကြီးလမ်းအတိုင်းသယ်ဆောင်သွားရာမှာ ဆရာကြီးဦးရာဇတ်အိမ်ရှေ့ ပဒုမ္မာလမ်း ခြံအမှတ်( ၁၀ ) အရှေ့ရောက်တော့ ဒေါ်ခင်ခင်လဲရှေ့ဆက်လိုက်မပို့တော့ဘူး၊ အိမ်မှာပဲဝင်နေလိုက်ပါတယ်။

    ဒီအသုဘပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုံးကို ဗ-မ-က အဖွဲ့ချုပ်က မစ္စတာလတစ်ဖ်ခန်း( ဦးခင်မောင်လတ်) ၊ ဦးကြွယ်ဝ အစရှိတဲ့ ခေါင်းဆောင်များက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဦးကြွယ်ဝ ကအရှေ့ ကဂျနာဇာကို ဦးဆောင်ပြီး အစီအစဉ်နဲ့ ရှေ့ဆောင်သွားပါတယ်၊ ကြက်ပျံမကျ စည်စည်ကားကား လိုက်ပို့ပေးကြပါတယ်။

    ဒီပရိတ်သတ်ထဲမှာ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) အမျိုးသားအမျိုးသမီးများအပြင် အခြားမြန်မာတိုင်းရင်းသားလူမျိုးများ ဘာသာကွဲများကလဲ လိုက်ပါပို့ဆောင်ကြပါတယ်။ တစ်လမ်းလုံး ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ရွတ်ဆိုသွားတဲ့ အသံကြီးဟာလဲ မိုးပြိုမတတ်ပါဘဲ။

    လူတွေအားလုံးရဲ့ စိတ်ဓါတ်တွေဟာလဲ ကြေကွဲဝမးနည်းမှု တစ်ဘက်က ရှိနေသလို၊ တစ်ဘက်ကလဲ စိတ်ဓါတ်တွေဟာ ရန်သူ့အပေါ် အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဒေါသရောင်တွေကလဲ လွှမ်းလျက်ရှိနေပါတယ်။ စိတ်ဓါတ်တွေဟာတက်ကြွမှုအပြည့်နဲ့ပါ။

    ရွှေတိဂုံပတ်ဝန်းကျင်ရောက်တဲ့အခါမှာလဲ မြန်မာများနဲ့ တခြားမြန်မာတိုင်းရင်းသား လူထုကြီးတစ်ရပ်လုံး ဟာလဲ လှိုက်လှိုက်လှဲလှဲ ဂျနာဇာကို စောင့်ကြိုနေကြပါတယ်။ အဲဒီကနေ့တစ်ချို့လဲ လိုက်ပါပို့ဆောင် ကြပါတယ်။ တာမွေ မွတ်စလင် စွန်နီ ( ကဘတ်စတန်) သင်္ချိုင်း ရောက်တဲ့အထိပဲ တစ်ယောက်နဲ့ တစ်ယောက် ပခုံးပြောင်းပြီး ဂျနာဇာများကို ထမ်းပို့ကြပါတယ်။

    ဒီအချိန်က အစ္စလာမ်ဘာသာဝင်များရဲ့ ပထမဦးဆုံး ဥပုသ်လ၀င်တဲ့ ပထမရက်။ တစ်နေ့လုံး အစားအစာ မစားရဘူး၊ ရေကြည်တစ်ပေါက်လဲ မသောက်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ပါ။ လိုက်ပါပို့ဆောင်ကြတဲ့ မွတ်စလင်အများစုဟာလဲ ဥပုသ်စောင့်သူက အများစုဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗလီဟောကနေ တာမွေဆိုတဲ့ခင်္ရီးဟာ ၂ မိုင် လောက်ဝေးပါမယ်။ နေပူထဲမှာပဲ ဒီဂျနာဇာ ကိုမောတာပန်းတာကို အပထားပြီး ပို့ဆောင်ကြပါတယ်။

    ကဘတ်စတန်သင်္ချိုင်း ရောက်ပြန်တော့ မျက်နှာဖြူ နိုင်ငံခြားသား တော်တော်များများလဲ ရောက်နေပါတယ်။

    အင်္ဂလိပ်တွေပဲ ဖြစ်မယ်လို့ ဆရာမောင်ကို ဂဖာရီက ပြောပြပါတယ်။ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ဖြစ်ပါမယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဗြိတိသျှ လေဘာပါတီရဲ့ ပါလီမန်အမတ် မစ္စတာ ဘော့ထွန်လီလဲ ပါရှိပါတယ်။ ဥရောပတိုက်သားဧည့်သည်တွေထဲက တချို့တွေလဲ ဓါတ်ပုံတွေရိုက်ကြတယ်။ တချို့လဲ ရုပ်ရှင်ရိုက်ကြတယ်။

    ဂျနာဇာနမာဇ်ဖတ်ရာမှာလဲ အခုခေတ် ဂျနာဇာနမဇ်ဖတ်ဖို့လုပ်ပေးထားတဲ့နေရာမှာပဲ ဖတ်ကြတယ်။ လူတွေကများလွန်းလို့ ဂျနာဇာနမာဇ်ဖတ်ရာမှာ ပြွတ်သိပ်ပြီး တန်းစီဖတ်ကြရတယ်။ ဂျနာဇာ နှစ်ခုစလုံးကို တနေရာတည်းမှာထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာသာသနာ့ ပညာရှင်များ အဖွဲ့ချုပ် ဥက္ကဌကြီး မွတ်ဖတီ မာမွတ်ဒါဝတ်ယူစွတ်က အီမာန်ရှေ့ဆောင် လုပ်ပြီး တစ်ချိန်တည်းဖတ်ပေးပါတယ်။

    (ဒီတုန်းက စွန်နီနဲ့ ရှီယာ မွတ်စလင်များရယ်လို့ ကွဲနေပေမယ့် အစ္စလာမ်ဘာသာဝင်အဖြစ် ကွဲကွဲ ပြားပြားရှိနေတဲ့ စွန်နီရှီယာရယ်လို့ခွဲတဲ့စိတ်ကို မျက်ကွယ် ပြုပြီး အစ္စလာမ်တို့ရဲ့ညီညွတ်ရေးကို ရှေးရှုတဲ့အနေနဲ့ ရှီအာနဲ့ စွန်နီ မွတ်စလင်အသိုင်းအ၀ိုင်းခေါင်းဆောင်ကြီင်္းတွေက ခွဲခြားမှုမလုပ်ပဲ ဒီ အာဇာနည်များရဲ့ ဂျနာဇာကို တစ်နေရာတည်းမှာ ပဲ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ခြင်းကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။

    တကယ်တော့ ဒီမြှုပ်နှံမှုကိုကြည့်ယင် မွတ်စလင်များအတွင်းမှာ စွန်နီ – ရှီအာ စုစည်းမှုတစ်ရပ်ကို တွေ့နိုင်သလို တိုင်းပြည်ကိုချစ်ကြတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားညီနောင်များ အချင်းချင်းထားရှိခဲ့တဲ့ ချစ်ခင်မှု စိတ်ဓါတ်ကို အတုယူနိုင်ကြမှာဖြစ်ပါကြောင်း

    (၁၄-၂-၈၈) နေ့က ဆရာဦးမောင်ကို ဂဖာရီကို ကျမ်းပြုသူအိမ်မှာ ဖိတ်ကြားပြီး ဆရာကြီး ဦးရာဇတ် ဂျနာဇာ ( အသုဘ) ချတဲ့ နေ့က အကြောင်းတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းတဲ့ အခါမှာသိရတဲ့ အချက်တွေကို မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်တွင်ဖေါ်ပြနိုင်ရန် ကျမ်းပြုသူ ၀မ်းအိုဝမ်းကျော်ဝင်းမောင်မှ မေးမြန်း စုစည်းတင်ပြချက်အား ပြန်လည်ကူးယူဖေါ်ပြပါသည်။

  • အစ္စလာမ့် ဂျိဇ်ယာဟ်

    အစ္စလာမ့် ဂျိဇ်ယာဟ်

    ဇူလို်င် ၁၁၊ ၂၀၁၁
    M-Media

    အစ္စလာမ်အပေါ် အမြင်မကြည်လင်သူများအတွက် စောဒကတစ်ခု။ ဒီကြားထဲ အစွန်းရောက် တို့က မဆီမဆိုင် အစ္စလာမ်နာမည်ယူ အဓိပ္ပာယ်မဲ့စွာ တလွဲအသုံးပြုနေသောစနစ်။ ကျွန်တော်တို့ အစ္စလာမ်အမှန်တရားများဆီသို့ ဖိတ်ခေါ်မှုပေါ့ လျော့လစ်ဟင်းမှုကြောင့် အစ္စလာမ်အကြောင်း တို့မိခေါက်မိသော ညီနောင်များအဖို့ အထင်လွဲစရာအကောင်းဆုံး။ ဂျိဇ်ယာဟ်ခေါ် လူခွန်။ နာမည်ကြားရုံမျှဖြင့် အော့နှလုံးနာစရာကောင်းသော စကားလုံးပင်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း စာမျက်နှာများကို ပြန်လှန်ကြည်မည် ဆိုလျှင်လည်း ပဒေသရာဇ်၊ နယ်ချဲ့တို့၏စနစ်ဆိုးအဖြစ် တွေ့ ရပေမည်။ သို့သော် သမိုင်း စာမျက်နှာများ၏ လူခွန်နှင့်အစ္စလာမ့် ဂျိဇ်ယာဟ်ဘာကွာခြားသနည်း။

    အသင် ကိုယ်တိုင် နှလုံးသားကိုခ၀ါချ၍ စာမြည်းကြည့်လိုက်ပါ။ အော် ဒါဟာ တစ်ဆူတည်းဖြစ်တော်မူသော လူသားအားလုံးတို့အရှင်ရဲ့ ဘာသာတရားမခွဲခြား လူသားအခြေပြု ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ညီအစ်ကို ရင်းဝါဒ အပြည့်ပေါ်စေသည့် ငြိမ်းချမ်းရေးဦးတည် လမ်းစဉ်ပါကလားဟုဆိုကာ သြချရပေလိမ့်မည်။ ကမ္ဘာ့သမိုင်းတလျှောက် လူသားမဆန်ဆုံးသော စနစ်ဆိုးကြီးကို အစ္စလာမ်က အမည်မပြောင်းဘဲ လူသားအဆန်ဆုံး ဖြစ်စေခဲ့သည်။ ကုရအာန်ကျမ်းတော်မြတ်၏ နောင်တရခြင်းကဏ္ဍအရ မူစလင် မဟုတ်သူ(၃)မျိုးရှိသည်။ (၁) မူစလင်တို့ကို ရန်လိုတိုက်ခိုက်သူများ

    (၂) မူစလင်တို့နှင့်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုထားသော ရောင်းရင်းများနှင့်

    (၃) အစ္စလာမ့်နိုင်ငံတော်တွင် မူစလင်တို့နှင့် အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ကြသော မူစလင်မဟုတ်သည့် အစ္စလာမ့်နိုင်ငံသားများ (ဇင်မီ)တို့ ဖြစ်ကြသည်။

    အစ္စလာမ့်နိုင်ငံတော်ကြီးသည် မူစလင်များနှင့်သာမက နိုင်ငံအေးရိပ်အောက်ရှိ ဇင်မီတို့နှင့်လည်း သက်ဆိုင်ပေသည်။ မိမိတို့နေထိုင်ခိုလှုံရာ နိုင်ငံတော်တွင် အရေးကြုံလာပါက မူစလင်နိုင်ငံသား များရော ဇင်မီနိုင်ငံသားများကပါ နိုင်ငံသားကောင်းများပီပီ ကာကွယ်စောင့်ရှောက်ရပေမည်။ အစ္စလာမ့်နိုင်ငံတော်ကို မူစလင်တို့သာပိုင်သည်။ ဇင်မီတို့နှင့်မဆိုင်ဟူ၍ အစ္စလာမ်သာသနာက မသွန် သင်ပေ။ ဘာသာစွဲမထားဘဲ နိုင်ငံသားဖြစ်မှုအပေါ်အခြေခံကာ ဇင်မီတို့အားလည်း နိုင်ငံတော် ကာကွယ်စောင့်ရှောက်မှုတွင် ပါဝင်ခွင့်အပြည့်အ၀ ပေးထားသည်။ သို့သော် အစ္စလာမ်သာသနာ၏ မည်သည့်နေရာတွင် မှ အဓမ္မစနစ်မရှိဆိုသည့် အတိုင်း ဤကာကွယ်ရေးတွင်လည်း အတင်းအကြပ် အဓမ္မပါဝင်စေမှု မရှိပေ။ ဇင်မီတစ်ဦးအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော် ကာကွယ်ရေးတွင် အသက်သွေးချွေး မပေးဆပ်လိုပါက မိမိချမ်းသာလျှင် ချမ်းသာသည့်အလျှောက် ဆင်းရဲလျှင်
    ဆင်းရဲသည့်အလျှောက် သတ်မှတ်ထားသော ငွေကြေးပမာဏတစ်ခုနှင့် ပါဝင်သည့်ညီနောင်များအား တစ်တပ်တစ်အား ထောက်ပံ့ကူညီခွင့်ပေး ထားပေသည်။ ဤထောက်ပံ့ကူညီငွေကို အစ္စလာမ်တွင် ဂျိဇ်ယာဟ်ဟုခေါ်ပေသည်။

    သမိုင်းစာမျက်နှာများ၏ အရင့်သီးဆုံးစကားလုံးကို အစ္စလာမ်က အဓိပ္ပာယ် လုံးလုံးပြောင်းပစ်လိုက်သည်။ အဓိပ္ပာယ်မှာ အရှေ့နှင့်အနောက်ကဲ့သို့ဆန့်ကျင်၍ မိုးနှင့်မြေသို့ ကွာခြား သွားသည်။ ရက်စက်မှုများဖြင့် ချယ်မှုန်းထားသော လူခွန်ကို ညီအစ်ကိုရင်းဝါဒဖြင့်ဆေး၍ မိမိနိုင်ငံတော်ကာကွယ်ရေးနှင့် လူမှုဖူလုံရေးရန်ပုံငွေအတွက် ထည့်ဝင်ကူငွေအဖြစ် ပြောင်းပစ်လိုက်သည်။ မူစလင်နိုင်ငံသားတစ်ယောက် အနေနှင့်မူ ထိုသို့ရွေးချယ်ပိုင်ခွင့်မရှိဘဲ အရေးကြုံလာပါက အသက် သွေးချွေးပေးကိုပေးဆပ်ရပေမည်။ သို့မဟုတ်က သူသည် အရေခြုံမူစလင်အဖြစ်သို့ ရောက်ရှိသွား ပေမည်။

    မူစလင်နိုင်ငံသားတစ်ဦးသည် နိုင်ငံကာကွယ်ရေးတာဝန်သာမက အစ္စလာမ့်သာသနာ တော်၏ မဏ္ဍိုင်ကြီးများအနက်တစ်ခုဖြစ်သော တရားဝင်ဒါနကြေး (ဇကာသ်)ကိုလည်း ပေးကိုပေးရ ပေသည်။ အံ့သြဖို့ကောင်းသည်မှာ မူစလင်တစ်ဦးပေးရသော တရားဝင်ဒါနကြေး ပမာဏသည် ဇင်မီတစ်ယောက်၏ ထည့်ဝင်ကြေး ဂျိဇ်ယာဟ်ထက်ပိုများခြင်းပင် ဖြစ်သည်။ အထူးအခွင့်အရေး အနေနှင့် ဇင်မီတစ်ဦးသည် နိုင်ငံ ကာကွယ်ရေးတွင် တိုက်ရိုက်မပါဝင်လိုသော်လည်း စေတနာ သဒ္ဓါတရားထက်သန်၍ မူစလင်တစ်ဦးနည်းတူ ဇကာသ်တရားဝင်ဒါနကြေးပေးမည်ဆိုပါကလည်း ပေးနိုင်ပေသည်။ ထိုအခါမျိုးတွင် အစ္စလာမ့်နိုင်ငံတော်အုပ် ချုပ်သူအနေဖြင့် ထိုစိတ်စေတနာ ထက်သန်သူ ဇင်မီအား ဇကာသ်၏ ပမာဏစည်းကမ်းများကို ရှင်းပြပြီး လက်ခံသဘောတူပါက ထိုဇင်မီထံမှ ဇကာသ်ကောက်ခံနိုင်သည်။ ထိုဇင်မီသည် ဂျိဇ်ယာဟ် ပေးစရာ အသက်သွေးချွေးပေးဆပ်စရာမလိုတော့ပေ။

    အစ္စလာမ့်နိုင်ငံတော်ကြီး၏ ဒုတိယမြောက် ဆက်ခံသူ သာဝကြီးအုမရ် သခင်လက်ထက်၌ အာရဗ်ခရစ်ယာန်ဘာသာဝင် ဇင်မီများက ဂျိဇ်ယာဟ် ပေးဆောင်ရန် ငြင်းဆိုခဲ့ပြီး ဇကာသ်ပေးရန် တောင်းဆိုခဲ့သဖြင့် သခင်က သဘောတူ လက်ခံခဲ့လေ သည်။ အစ္စလာမ့်ပညာရှိကြီး အိမာမ် ရှာဖာအီသခင်ကလည်း ဇင်မီတစ်ဦးအနေဖြင့် အစ္စလာမ့်က သတ်မှတ်ထားသော ဇကာသ်ပေးနိုင်လောက်သည့် ဥစ္စာပစ္စည်းပိုင်ဆိုင်ပါက ဂျိဇ်ယာဟ်အစား ဇကာသ်စနစ်ဖြင့် ပေးလို၍ တောင်းဆိုပါက ခွင့်ပြုပိုင်ကြောင်း ဓမ္မသတ်ပေးထားပေသည်။

    ထို့ပြင် “အလ္လာဟ်” အရှင်မြတ်၏ နောက်ဆုံးတမန်တော် မုဟမ္မဒ်သခင်(ဆွ)က နိုင်ငံကာကွယ်ရေးတွင်လည်း မပါဝင်နိုင်၊ ထောက်ပံ့ကြေးငွေလည်း မပေးဆောင်နိုင်သော ရောဂါဝေဒနာရှင် ဒုက္ခသည်များ၊ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် အသက်မွေးဝမ်းကျောင်းမှုမပြုဘဲ အမြဲတစေ တရားဘာဝနာ ပွားများနေသူ ဘာသာခြားရဟန်းဘုန်းတော်ကြီးများကို ဂျိဇ်ယာဟ်ကောက်ခံခြင်း မပြု ရန်တားမြစ် ထားပြီး နိုင်ငံသား ဇင်မီတစ်ဦးအနဖြင့် နေမကောင်းဖြစ် အားနည်းကာ အလုပ်မလုပ်နိုင် ပါက သူနှင့် သူ့မိသားစုအား အစ္စလာမ်နိုင်ငံတော်၏ ပြည့်သူဘဏ္ဍာတိုက်မှ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း မူစလင်တို့ကို သွန်သင်ခဲ့ပေသည်။

    ငြိမ်းချမ်းရေးကာလတွင် ထိုထည့်ဝင်ငွေ ဂျိဇ်ယာဟ်ကို နိုင်ငံတော်စည်ပင်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုပေသည်။ ဤသို့ သစ္စာစောင့်သိသူ နိုင်ငံ့သားကောင်းဇင်မီများကို အစ္စလာမ့်နိုင်ငံတော်ကြီးနှင့် တစ်မြေတည်းနေ မူစလင် ညီအစ်ကိုများကလည်း ညီနောင်ဇင်မီတို့၏ အသက်အိုးအိမ်စည်းစိမ် ကိုးကွယ်ယုံကြည်မ ဘာသာရေး အခြေခံအဆောက်အအုံများကို အာမခံချက်အပြည့်ပေးကာ မိမိတို့၏အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကျေးဇူးတုံ့ပြန်ကြပေသည်။ ထို့ကြောင့် ဂျိဇ်ယာဟ်ဆို သည်မှာ အစ္စလာမ့်အတွက် မူစလင်များနှင့် တစ်မြေတည်းနေ တစ်ရေတည်းသောက် ဘာသာခြား ညီနောင်များအကြား ညီရင်းအစ်ကိုစိတ်ဓာတ်ကို ပေါင်းကူးထားပေးသော တံတားသဖွယ်ဖြစ်ပြီး နိုင်ငံ သားကောင်းတစ်ဦး၏ မိမိနိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၏ ပြယုဂ်လည်းဖြစ်ပေတော့သည်။ ။

    ကိုး -Non- Muslims in the Shari’ah of Islam by Salim Al-Bahnasawy

    Ababeel

  • သိမ်းဆည်းထားသော အတွေးတစ်ခုကို ဖွင့်ဟရေးသားမိရာ…

    ကျွန်မလွန်ခဲ့တဲ့  သုံးလေးလလောက်က အလုပ်ကိစ္စနဲ့ ကော့သောင်းနဲ့ မြိတ်ဘက်ကို ရောက်ခဲ့တယ်။ တနင်္သာရီတိုင်းကို ဒါပထမဆုံး အကြိမ်ရောက်ဖူးတာပဲ။ ကော့သောင်းမှာတစ်မြို့လုံး ဘယ်နားကြည့်ကြည့် မွတ်စ်လင်မ်တွေချည်းပဲမို့ စိတ်ထဲမှာအရမ်းလုံခြုံပြီး ဒေသ အသစ်လို့တောင် သိပ်မခံစားရဘူး။ ကော့သောင်းမှာ တစ်ညအိပ်ပြီး မြိတ်ကိုခရီးဆက်ခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို ရေးဖြစ် ဖို့ကလဲ မြိတ်မှာ “သူမ” နဲ့ တွေ့ဆုံပြီးမှ ဖြစ်ခဲ့ရတာပါ။

    သူမ ဆိုတာကတော့ အိုင်အန်ဂျီအိုတစ်ခုကဖွင့်လှစ်ထားတဲ့ Drop-in-Centre (DIC) လို့ခေါ်ကြတဲ့ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ခံစားနေရသူ တွေနဲ့ ဒီရောဂါရနိုင်တဲ့အမူအကျင့်ရှိသူတွေအတွက်ဖွင့်လှစ်ထားတဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေပြုလုပ်နိုင်သလို၊ အပန်းလည်းဖြေနိုင်တဲ့ နေရာတစ်ခုမှာ ကျွန်မတွေ့ဆုံခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ အလုပ်တာဝန်နဲ့ အဲဒီကိုရောက်ရင်း သူနဲ့စကားပြောဖို့ နာမည်မေး လိုက် တဲ့အချိန်မှာတင် ကျွန်မရင်ထဲမှာ တုန်လှုပ်သွားရပါတယ်။ သူ့နာမည်က “ဂျွမ္မာဘီ” တဲ့။ သူ့အသက်က ၁၈ နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် သူ့မှာအိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိနေပြီ။ ၁၃ နှစ်သမီးအရွယ်ကတည်းက လမ်းမှားကိုရောက်ခဲ့ရပြီး အခုအချိန်ထိလဲ သူလမ်းမှန်ကို ပြန်မသွားနိုင်သေးရှာဘူး။ သူနဲ့စကားပြောရင်း မျက်ရည်မကျမိအောင် ကျွန်မမနည်းထိန်းထားရတယ်။ ကလိမာဟ်ကလွဲပြီး ဘာမှ မသိရှာသူ၊ နမားဇ်မဖတ်တတ်ရှာသူ၊ မြန်မာစာဆိုလဲ နာမည်တစ်လုံးပဲ ရေးတတ်တဲ့သူလေးပါ။ ကျွန်မမေးကြည့်တော့ သူ့အမေကတော့ အိမ်မှာ နမားဇ်ဖတ်ပါတယ်၊ ကျန်းမာရေးမကောင်းလို့ သူ့ဝင်ငွေကိုပဲ မှီခိုနေရတယ်လို့ ပြောပြပါတယ်။ အကျဉ်းချုံးပြောရရင် ကျွန်မ သူ့ကို ကျွန်မလဲသူ့အတွက်ဒိုအာလုပ်ပေးမယ်၊ သူကိုယ်တိုင်လဲ ဒီအလုပ်ကရုန်းထွက်နိုင်အောင် ကြိုးစားဖို့ ပြောဖြစ်ခဲ့ပါတယ်။

    သူနဲ့တွေ့ပြီးတဲ့နောက် ကျွန်မခေါင်းထဲမှာအတွေးတစ်ခုဝင်လာတယ်။ အခုဆိုရင် ကျွန်မတို့ဆီမှာ အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်နဲ့ပတ်သတ်ပြီး ပညာပေးတွေ၊ နှစ်သိမ့်ဆွေးနွေးမှုတွေ နောက်ဆုံး အေအာရ်တီဆေး ထောက်ပံ့ပေးအပ်တဲ့ အန်ဂျီအိုတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ အများကြီးရှိနေပါပြီ။ ဒါပေမယ့် သူတို့တွေခန့်ထားတဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးသူ (Cousellor) နဲ့ ပညာပေးသူ (Educator) တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့က ရောဂါမ ရှိတဲ့သူဆို ရောဂါကူးစက်နိုင်တဲ့အမူအကျင့်တွေကဘယ်လို၊ ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုပြီး ပြောပြပေးတယ်။ ရောဂါရှိတဲ့သူ ကျတော့ ကိုယ်ကသူများကိုမကူးအောင်၊ သူများဆီကထပ်မံကူး စက်မခံရအောင်ဆိုပြီး နှစ်သိမ့်၊ ဆွေးနွေး၊ ပညာပေးတယ်ပေါ့။ ကျွန်မစဉ်းစားကြည့်မိတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ရောက်နေတဲ့ ဒီလမ်းမှားပေါ်က လူတွေကို သူတို့လုပ်ကိုင်နေတဲ့ အရာတွေ ရပ်တန့်သွားအောင်၊ ရပ်တန့်ချင်လာအောင် ကျွန်မတိုက မကူညီနိုင်ဘူးလား၊ အကောင်အထည်ဖော်ဖို့ မကြိုးစားနိုင်ဘူးလား။ သက်ဆိုင်ရာကိုးကွယ်ယုံကြည်မှုအလိုက်ပညာပေးမှုတွေ၊ အသက် မွေးဝမ်းကျောင်း ပညာရပ်တွေ၊ ၀င်ငွေရရှိစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်ဘူးလား။ နာမည်ကြီး အန်ဂျီအို တစ်ခုကဆရာဝန်မတစ်ယောက်နဲ့တွေ့တော့ သူကပြောတယ်။ ကျွန်မတို့က လူကိုလူလိုပဲမြင်တယ်တဲ့။ ဒီအလုပ်လုပ်တာဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းပဲတဲ့။ ဒိအတွက် ဘာမှသူ့ကိုရှုံ့ ချစရာမလိုဘူး။ သူကျန်းမာရေးကောင်းမွန်အောင် ပံ့ပိုးပေးတာပဲလုပ်ရမယ်။ ဒါကျွန်မတို့ရဲ့ ရည်မှန်းချက်ပဲတဲ့။ လူကိုလူလိုဆက်ဆံရမယ်ဆိုတဲ့ သူ့အတွေးကိုကျွန်မလေးစားပါတယ်။ ဒါပေမယ့် ကျွန်မတို့လူကိုလူလို တန်ဖိုးထားပြီး သိက္ခာရှိရှိနဲ့ ၀င်ငွေရှာဖွေနေတာကို မြင်ရတာ ပိုများမကောင်းဘူးလားရှင်။

    ရန်ကုန်နဲ့ နယ်မြို့တစ်ချို့မှာ အန်ဂျီအိုတွေက ဖွင့်လှစ်ထားတဲ့ DIC အတော်များများကို ကျွန်မရောက်ဖူးတယ်။ နားခိုရာလို့ သူတို့ နာမည်လှလှပေးပြီး စိတ်သက်သာအပန်းဖြေဖို့ သူတို့ငွေကုန်ကြေးကျ အများကြီး ခံပြီးဖွင့်လှစ်ထားတဲ့နေရာတွေကို ကျွန်မကတော့ အားမနာတမ်း၊ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် မျိုးတူရာ စုပေးပြီး အင်အားကြီးထွားလာအောင် လုပ်ပေးနေသလားလို့ မချင့်မရဲ ဖြစ်မိတယ်။ လူဆိုတဲ့ အမျိုးက အများကြားမှာတစ်ယောက်ဆို ကိုယ့်ကိုယ်ကိုမ၀ံ့မရဲနဲ့ ပြုပြင်ဖို့ကြိုးစားကောင်း ကြိုးစားဦးမယ်။ အားလုံးတူတူပဲဆိုမှတော့ ယုံကြည်မှုတွေအပြည့်နဲ့ ကိုယ့်ရပ်တည်မှုကိုယ် အမှန်လို့မြင်ပြီး ပိုတောင်ခိုင် မာလာဦးမယ်။ နောက် သူတို့ရဲ့ အစီအစဉ်တွေကို ကြည့်လိုက်မိတော့ ရုပ်ရှင်ကြည့်အပန်းဖြေခြင်း၊ ကာရာ အိုကေသီဆိုခြင်း၊ အလှအပပြုပြင်ခြင်း၊ ဇယ်ခုံတောက်ခြင်း စတာမျိုးတွေပါပဲ။ ဘ၀ကို လိုချင်ရက်နဲ့ ဖြစ်ဖြစ်၊ အခြေအနေပေးလို့ပဲဖြစ်ဖြစ် စိတ်လွတ်လက်လွတ်ဖြတ်သန်းနေရတဲ့သူတွေအတွက် သူတို့စိတ်ဝင်စားမယ့် ဒီပျော်စရာအစီအစဉ်တွေ မလိုအပ်ဘူးလို့မပြောပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ သူတို့စိတ်ကို လမ်းမှန်ကို ပြန်လည်ဦးတည်လာစေမယ့် ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာဟောပြောမှုတွေ၊ စုပေါင်းလုပ်ဆောင်မှုတွေ ထည့်ပေးလို့မရဘူးလား။ သို့လော သို့လော အတွေးတွေနဲ့ ကျွန်မရင်မှာ တစ်အုံ့နွေးနွေးဖြစ်နေတာ ကြာပြီမို့ MMSY ကမိတ်ဆွေတွေကို ရင်ဖွင့်တဲ့အနေနဲ့ ဒီပို့စ်ကိုရေးဖြစ်တာပါ။ ဒါ ကျွန်မတစ်ဦးတည်းရဲ့ ကိုယ်ပိုင်အမြင်မို့ သဘောထားချင်း တိုက်ဆိုင်ချင်မှလည်း တိုက်ဆိုင်မှာပေါ့။ ဒီလိုရေးခွင့်ရတဲ့အတွက်တော့ Thanks, MMSY 🙂

    Aisha

  • ရွှေခေတ်ကို ပြန်လည်ရယူလိုပါလျှင် …

    ရွှေခေတ်ဟု ကျော်ကြားသော အစ္စလာမ်သာသနာဝင်မုစ်လင်မ်တို့၏အတိတ်ကာလသည် ဂုဏ်ယူစ၀င့်ကြွားဖွယ်ရာ အကြောင်းတစ်ရပ် ဖြစ်လျက်ရှိပါသည်။ စာရေးဆရာများနှင့်ဟောပြောသူများအဖို့ လက်၊လျှာ၊အာတွေ့ မဆုံးနိုင်အောင် ဖြစ်နေကြ၏။ အတိတ်မျှော်ဂုဏ်ဖော်နေခြင်းအား ယခုနေရာတွင် တန့်လိုက်ကြပြီး ခမ်းနားကြီးကျယ်လှသည့် ထိုခေတ်ကြီး မည်သို့ဖြစ်တည်လာခဲ့ကြောင်း အတွေးအမြင်အချို့ကို ဆွေးနွေးကြည့်ကြပါစို့။

    ကြွားဝါမာန်တက်ရေးအတွက် အဖြစ်အပျက်များမှ ရိက္ခာထုတ်ဖော်ခြင်းသည် အစ္စလာမ့်အနှစ်သာရနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေပါသည်။ ဖြစ်ရပ်များကို သုံးသပ်ရာတွင် အစ္စလာမ့်နည်းလမ်းသည် ထိုအရာများမှ သင်ခန်းစာ ရယူခြင်းဖြစ်သည်။ အရှိတရားကို မြင်အောင်ကြည့်ရှုစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား အမှန်တကယ်သင်ပေးလိုက်သည့်အချက်သည် အဘယ်အရာဟူသည်ကို ကောက်ချက်ချနိုင်ရပါမည်။ အကြောင်းအချက်များမှာ အရှိတရားအပေါ်အခြေမခံပါက စိတ်နှလုံးအတွက် ဓါတ်စာမဖြစ်၊ တလွဲမာန သွတ်သွင်းလိုက်သလိုသာ ဖြစ်ရပေ၏။

    အတိတ်ကာလမုစ်လင်မ့်သမိုင်းကို လေ့လာဆန်းစစ်ကြည့်သော်  – ၄င်းရွေခေတ်ကြီးသည် ယနေ့ခေတ်မုစ်လင်မ်များ လုပ်ဆောင်နေသလိုမျိုး အခွင့်အရေးတိုက်ပွဲဝင်မှုမှ ထွက်ပေါ်လာခဲ့ခြင်း မဟုတ်သည်ကို တွေ့ရ၏။ ၄င်းခေတ်ကာလ၏ အောင်မြင်မှုသည် သူတစ်ပါးတို့အပေါ် ကျွန်ုပ်တို့၏အသုံးကျမှု ( ကောင်းကျိုးဖြစ်ထွန်းစေမှု ) ဖြင့် သတ်မှတ်နိုင်ပေသည်။ ယင်းအရည်အသွေး၏ဂုဏ်ရည်က မုစ်လင်မ်တို့အား ယင်းသို့သော ထိပ်တန်းအောင်မြင်မှုသို့ ရောက်ရှိသွားစေခဲ့ပါသည်။

    ယနေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ရုရှ(ဆိုဗီယက်)တို့မှာ ခေတ်သစ်ယဉ်ကျေးမှု၏ဗဟိုဌာနများအဖြစ် ထင်ပေါ်ကျော်ကြား၏။ သို့သော် ထိုအရာများ၏ဘူမိနက်သန်သည် ထိုနိုင်ငံများ မဟုတ်ချေ။ အသိပညာပြန်လည်ထွန်းကားမှုသည် ထိုဒေသများမှ အစပြုခဲ့သည်မဟုတ်ပါ။ ဥရောပတွင် အသိပညာနှင့်လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာသည် စပိန်၊ စစ္စလီနှင့် အီတလီ ဖြစ်ခဲ့ကြောင်းတွေ့ရလေသည်။ ဖော်ပြပါကမ်းရိုးတန်းဒေသများမှ အသိပညာပြန်လည်ရှင်သန်ခြင်း စတင်ခဲ့၏။ ၄င်းနောက် ခေတ်သစ်ယဉ်ကျေးမှု၏မျိုးစေ့များကို ကြဲဖြန့်ခဲ့၏။ ထိုမှတစ်ဆင့် အခြားဥရောပတိုင်းပြည်များသို့ ပျံ့နှံ့သွားခဲ့ပေသည်။

    အသိပညာနှင့်ယဉ်ကျေးမှုများသည် ဥရောပသို့ မုစ်လင်မ်တို့မှတစ်ဆင့် ရောက်ရှိခဲ့ခြင်းသာဖြစ်သည်။ မုစ်လင်မ်တို့၏ခေတ် မတိုင်မီက ဥရောပတိုက်သည် အမှောင်ကမ္ဘာကြီးဖြစ်ခဲ့၏။ ထိုကာလမှာ   မှောင်မိုက်ခြင်းနေ့ရက်များ ဟု သမိုင်းတွင် ထင်ရှား၏။  မုစ်လင်မ်တို့သည် ပင်လယ်ကိုဖြတ်ကာ အာဖရိကမှ ဥရောပသို့ ဦးစွာဝင်ရောက်ခဲ့ကြ၏။ မော်ရိုကိုမှ စပိန်သို့ ရေကြောင်းခရီးဖြင့် ရောက်ခဲ့ကြ၏။ အလားတူပင် တူနီးရှားမှ မြေထဲပင်လယ်ကို ကျော်ဖြတ်ပြီး စစ္စလီနှင့် အီတလီသို့ ၀င်ခဲ့ကြသည်။ ၄င်းနောက် မုစ်လင်မ်တို့သည် ယင်းဥရောပနိုင်ငံများအတွင်း ပညာနှင့်ယဉ်ကျေးမှု၏အုတ်မြစ်ကို ချခဲ့ကြကုန်၏။   အနောက်ဥရောပ တစ်ခွင်သို့ လက်ဆင့်ကမ်းပျံ့နှ့ပြီး နောင်သောအခါ အမေရိကန်ပြည်ထောင်စုသို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ လေ့လာသင်ကြားခြင်းဟူသော အလင်းတန်းကို ဥရောပသို့ ထုတ်လွှတ်ပေးခဲ့သူများမှာ မုစ်လင်မ်များဖြစ်ကြကြောင်း မည်သူမျှ  မငြင်းနိုင်ခဲ့ပါ။

    ထိုခေတ်ကာလတွင် မုစ်လင်မ်တို့သည် ကမ္ဘာကိုခါးစောင်းတင်ခဲ့ကြသူများဖြစ်၏။ ထိုခေတ်မုစ်လင်မ်တို့အနေနှင့် ကမ္ဘာမြေ၀ယ် ခြေတစ်လှမ်း လှမ်းလေတိုင်း ထိုနေရာမှ ပညာရေစမ်း ပန်းထွက်လာ၏၊  သမိုင်းထဲက အမှောင်နေ့ရက်များကို ယဉ်ကျေးမှုထွန်းတောက်သည့်ကာလအဖြစ်  လှည့်ပြောင်းပေးခဲ့ကြ၏။ နေရာတစ်ခုခုတွင် မုစ်လင်မ်တို့ အခြေချသည့်အခါတိုင်း ခြောက်သွေ့မြေပေါ် နတ်ဘုံရေစင်ဆိုက်ရောက်သကဲ့သို့ ဖြစ်ရသည်အထိ  သူတို့၏အသိပညာဖြန့်ချိရေးစွမ်းရည် မြင့်မားခဲ့ကြလေသည်။

    လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်ကြီးဝယ် ခရစ်သက္ကရာဇ်(774)ခုနှစ်က သွန်းလုပ်ခဲ့သော ရွှေဒင်္ဂါးတစ်ချပ်ရှိ၏။ ရှေးဟောင်းအင်္ဂလန်ပြည့်ရှင် Offa Rax (757 – 796 ) လက်ထက်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဒင်္ဂါး၏မျက်နှာစာတစ်ဖက်တွင် ထိုဘုရင်၏အမည်ကို တွေ့ရပြီး အခြားတစ်ဖက်တွင်မူကား မုစ်လင်မ်တို့၏ယုံကြည်ချက်သက်သေခံစကားရပ်ကို အရဘီဘာသာဖြင့် တွေ့ရလေသည်။ ပရော်ဖက်ဆာ Philip K.Hitti က မိမိ၏စာအုပ်  History of the Arabs(1979)၊ စာမျက်နှာ(၃၁၆)တွင် ထိုဒင်္ဂါး၏ဓါတ်ပုံကို အောက်ပါကဲ့သို့ ခေါင်းစဉ်တပ်လျက် ဖော်ပြထားပါသည်။

    အာရဗ် ဒီနာရ်(ဒင်္ဂါး)ကို တုပထားသော (၇၇၄)ခုနှစ်မှ အင်္ဂလို ဆက်ဆွန် ရွှေဒင်္ဂါး

    (၈)ရာစုနှစ်မုစ်လင်မ်တို့သည် ဂရိဆေးဝါးပညာယူဆချက်များကို လိုက်စားခဲ့ကြ၏။ သို့သော်  ၄င်းလမ်းကြောင်းပေါ် တစိုက်မတ်မတ် ရည်မှန်းချက်ဖြင့် စွမ်းစွမ်းတမံ အားထုတ်ခဲ့မှုကြောင့် နောင်တစ်ချိန်ဝယ် ကြောက်ခမန်းလိလိ တိုးတက်မှုများ ဖြစ်ပေါ်လာ၏။ နောက်ဆုံးတွင် သူတို့သည် သူတို့၏ခေတ်ကာလအတွင်း ကမ္ဘာ့ဆေးးပညာလောက၏ ဦးဆောင်သူများအဆင့်သို့ ရောက်ခဲ့ကြကုန်၏။ သမားတော်ကြီး Avicenna က ဗြိတိသျှစွယ်စုံကျမ်း(၁၉၈၄)တွင် ကျမ်းတစ်စောင်အကြောင်းကို  ဖော်ပြထားပုံမှာ –

    (မုစ်လင်မ်တို့ပြုစုခဲ့သော) ဆေးဝါးနှင့် ကုထုံးနိသျှကျမ်းကြီးသည် ဆေးပညာသမိုင်းတွင် အကျော်ကြားဆုံး ကျမ်းဂန်များအနက် အပါအ၀င်ဖြစ်နေဆဲပင်                                                                        (I/681)

    စစ္စလီ၏ဘုရင် ရော်ဂျာ – ၂(၁၀၉၅ – ၁၁၅၄)သည် သူ့ခေတ်ကာလတွင် ဥရောပ၏လျှမ်းလျှမ်းတောက် ဘုရင်များအနက် တစ်ဦးဖြစ်သည်။ သူသည် မိမိပိုင်နက်၏တည်နေရာအမှန်(နယ်နမိတ်)ကို အတိအကျ ဖော်ပြနိုင်သော ကမ္ဘာ့မြေပုံ တစ်ခုရေးဆွဲရန် အထူးစိတ်ဝင်စားခဲ့၏။ ထိုရည်ရွုယ်ချက်အကောင်အထည်ဖော်ရန် ပညာအပြည့်အ၀ဆုံးသူကို ရှာဖွေစေရာ  အလ်အိဒ်ရိစီ ကို တွေ့လေ၏။ သူသည် မော်ရိုကိုနိုင်ငံတွင် မွေးဖွားခဲ့ပြီး စပိန်ရှိ မုစ်လင်မ်တက္ကသိုလ်များမှ ပညာသင်ကြားခဲ့သူဖြစ်သည်။ ထို့နောက် သူသည် အာရှ၊ အာဖရိကနှင့် ဥရောပတစ်လျှေုာက် ကျယ်ပြောသောခရီးစဉ်ကြီးတစ်ခုထွက်ခဲ့၏။ ယဉ်ကျေးမှုဖြစ်ထွန်းစ ထိုခေတ်၏ အထက်မြက်ဆုံး ပထ၀ီဗေဒပါရဂူမှာ အလ် အိဒ်ရိစီ ပင်ဖြစ်ပေသည်။ ဗြိတိသျှစွယ်စုံကျမ်းတွင် သူနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားထားပေသည်။

    အလ် အိဒ်ရိစီသည် စစ္စလီနိုင်ငံ၊ နော်မန်ဘုရင် ရော်ဂျာ ၂ ၏အရင်းနှီးဆုံးမိတ်ဆွေ၊ ၄င်းအပြင် အကြံတော်ပေးလည်း ဖြစ်၏။ နန်းတွင်းဝယ် ပထ၀ီဝင်ဗေဒပညာရှင်အဖြစ် အမှုထမ်းခဲ့၏။ ရော်ဂျာ ၂ က မိမိလိုချင်သော ကမ္ဘာ့မြေပုံတစ်ခုဖန်တီးရန် အလ်အိဒ်ရိစီအား စစ္စလီသို့ ဖိတ်ကြားခေါ်ယူခဲ့ခြင်း ဖြစ်သည်။  (9/198)

    ကျွန်ုပ်တို့ ဘိုးဘေးဘီဘင် ရှေးအဆက်အနွယ်များ၏အခြေအနေမှာ ယင်းသို့ ဖြစ်ပါသည်။ ယနေ့သော်ကား ပြောင်းပြန်ဇောက်ထိုး ဆန့်ကျင်ဖက်အခြေအနေသို့ ဆိုက်ရောက်နေပါ၏။ ကမ္ဘာတစ်ဝှန်းရှိ မုစ်လင်မ်တို့မှာ ပြသနာ၏အရင်းခံများ ဖြစ်နေကြ၏။ အဖိုးထိုက်တန်လွန်းသူများ မဟုတ်ကြလေတော့။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကဏ္ဍတိုင်းတွင် နောက်ကောက် ကျခဲ့ကြကုန်၏။ ရှေးအတိတ် မုစ်လင်မ်တို့ဆောင်ရွက်ခဲ့ကြကုန်သည့် သြဇာအရှိန်အ၀ါအခြေအနေမျိုးဆိုလျှင် မိမိတို့ဘ၀၏ မည်သည့် အခန်းကဏ္ဍမျှ ရှိမနေကြတော့ပါလေ။ ခေါင်းဆောင်ဆိုသူများကလည်း မိမိတို့ဖာသာ ဖန်တီးပုံဖော်ထားသော စိတ်ကူးယဉ် သုခဘုံ အတွင်း ရောက်ရှိစေအံ့ ဟု လူတို့အား ချော့သိပ်မှိုင်းတိုက်လျက် ရှိကြကုန်၏။

    အချုပ်အားဖြင့် လက်ရှိမုစ်လင်မ်(အများစု)တို့မှာ ရယူသူများ ဖြစ်ကုန်ပြီး ပေးဆပ်သူများ အလျဉ်းမဟုတ်ကြတော့။ ယှဉ်ပြိုင်ရင်ဆိုင်ခြင်းနှင့် ကြိုးပမ်းရုန်းကန်ခြင်းတို့ဖြင့် အတိပြီးသော ယခုကမ္ဘာကြီးဝယ် တကယ်လို့များ သူတို့သည် ဂုဏ်ယူဖွယ် အနေအထားတစ်ရပ်သို့ မည်သည့်အခါမျှ ပြန်လည်မရောက်ရှိတော့ပါလျှင် …………………….

    မိမိတို့၏လုပ်ရပ်သည် မိမိတို့၏အကျိုးသာ ဖြစ်ရပေအံ့။

    မောင်လာနာ ၀ဟီဒုဒ္ဒီးန် ခန်း ၏  Getting What One Deserves   ကို မြန်မာပြန်ဆိုတင်ပြခြင်း ဖြစ်သည်။

    စလာမ်၊ ဒုအာအ်ဖြင့်

    ဂျူလိုင်ရဲရင့်