News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • ဂါဇာဒေသခံ ၂၅၀၀ ယခုနှစ် ဟဂ်ျခရီးသွားမည်

    ဂါဇာဒေသခံ ၂၅၀၀ ယခုနှစ် ဟဂ်ျခရီးသွားမည်

    စက်တင်ဘာ ၄၊ ၂၀၁၄
    M-Media
    2,500 Gazans to perform Hajj pilgrimage this year
    ယခုနှစ် ဟဂ်ျခရီးစဉ်သွားရောက်မည့် ပါလက်စတိုင်းလူမျိုး စုစုပေါင်း (၆၂၈၀) ဦး ရှိမည်ဟု ဂါဇာမြို့တော် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပါလက်စတိုင်း သာသနာရေးရာ ဒုဝန်ကြီး ဟတ်စာန်း အလ် စိုင်ဖီမှ ပြောကြားသည်။

    ၎င်းတို့အနက် ဂါဇာဒေသခံ (၂၅၀၀)ဦး ပါဝင်မည်ဖြစ်ပြီး (၅၀၀)ဦးကို ဆော်ဒီအစိုးရမှ ခရီးစားရိတ်ထောက်ပံ့မည်ဖြစ်ကြောင်း အာဏာပိုင်တစ်ဦးက ဆိုသည်။

    သာသနာရေးရာ ဒုဝန်ကြီး၏အဆိုအရ ဂါဇာမှ ဟဂ်ျခရီးသည် ပထမအုပ်စုသည် စက်တင်ဘာ (၁၉)ရက်တွင် ပိတ်ဆို့ဝိုင်းရံခံထားရသည့် ကမ်းခြေမှ မက္ကဟ်နှင့် မဒီနဟ်သို့ တူရူ ခရီးနှင်ကြမည်ဖြစ်ကြောင်း၊ ခရီးသည်တစ်ထောင်အား ဆော်ဒီအစိုးရမှ ခရီးစားရိတ်စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ရာဖာဟ် နယ်စပ်လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ဆော်ဒီအာရေဗျသို့ ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

    ရွေးချယ်ခံသမ္မတ မုဟမ္မဒ် မူရ်စီအား စစ်တပ်မှဖြုတ်ချခဲ့သည့် ယမန်နှစ်ကတည်းက အီဂျစ်သည် နယ်စပ်ဖြတ်ကျော်မှုကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

    Ref : World Bulletin

  • အင်္ဂလန်တွင် မီးလောင်တိုက်ခန်းတွင် ပိတ်မိနေသူ မိသားစုအား မွတ်စလင် တက္ကစီသမား တစ်ဦးမှ ကယ်တင်ခဲ့

    အင်္ဂလန်တွင် မီးလောင်တိုက်ခန်းတွင် ပိတ်မိနေသူ မိသားစုအား မွတ်စလင် တက္ကစီသမား တစ်ဦးမှ ကယ်တင်ခဲ့

    သြဂုတ် ၃၁၊ ၂၀၁၄
    M-Media
    MuslimDriver-Saves-Family-from-Fire
    – အင်္ဂလန်ရှိ မီးလောင်နေသည့် တိုက်ခန်းတစ်ခုတွင် ပိတ်မိနေသူ မိသားစုအား မွတ်စလင် တက္ကဆီယာဉ်မောင်းတစ်ဦးက ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့တွင် တော့တင်ဟမ် Wood Green Hhigh လမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေသူများ၏ အော်သံများကို ကြားခဲ့ရသောကြောင့် တက္ကစီထဲတွင် ထိုင်နေသည့် မွတ်စလင် ယာဉ်မောင်း ရဟ်မန်မှ သွားရောက်ကြည့်ရှုခဲ့ကာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။

    “အော်သံတွေကြားနေရပြီး ရင်ခွင်ပိုက် ကလေးငယ်လေးဟာ သုံးလေးလလောက်ပဲ ရှိပါဦးမယ်။ အချို့လူတွေက ရပ်ပြီး ဓာတ်ပုံရိုက်ယူနေကြပါတယ်။ ကျွန်တော် ဘာပြောရမှန်းတောင် မသိပါဘူး။ ကယ်တင်ရမယ့်အစား လူတိုင်းက ဗီဒီယိုရိုက်နေတာကြောင့် ကျွန်တော် တကယ့်ကို တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော့်မှာ တူတစ်ယောက်ရှိပြီး ကျွန်တော့်အိမ်သာဖြစ်နေရင် ဘယ်လိုနေမလဲဆိုတဲ့ အတွေးမျိုး ၀င်လာခဲ့ပါတယ်” ဟု အသက် ၂၉ နှစ်အရွယ် ရဟ်မန်က ဒေသတွင်း သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့နောက် ရဟ်မန်မှာ လက်တစ်ဖက်မှ ဖုန်းကိုင်၍ ရဲတပ်ဖွဲ့သို့ ဖုန်းခေါ်ကာ ကျန်တစ်ဖက်မှလည်း လှေကားကိုယူ၍ အဆိုပါ မိသားစုအား ကယ်တင်ရန်ကြိုးစားခဲ့သည်။

    “ဘာတွေဖြစ်နေလည်းဆိုတာသိဖို့ ကျွန်တော် ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ခဲ့ပါတယ်။ ပြီးတော့ အနားမှာရှိတဲ့ ဈေးဆိုင်ကနေပြီးတော့ လှေကားကို ယူခဲ့ပါတယ်။ လူတွေက ပထမထပ်နဲ့ ဒုတိယထပ်မှာဖြစ်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ သူတို့အော်နေကြပါတယ်။ ငိုလည်းငိုနေကြပြီး ကလေးတွေရှိတယ်ဆိုတာလည်း ကျွန်တော်တို့ကို ပြနေပါတယ်။ လူတိုင်းက အကူအညီမဲ့နေကြတာပါ” ဟု ရဟ်မန်က ၎င်း၏ အတွေ့အကြုံကို ပြောပြခဲ့သည်။

    ရဟ်မန်လှေကားထောင်ပြီးနောက် အခြာလူတစ်ယောက်လည်း ရောက်ရှိလာကာ ကူညီခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ကလေးငယ်များနှင့် ပိတ်မိနေသူအားလုံးအား ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ရောက်အောင် ကယ်တင်နိုင်ခဲ့သည်။

    မီးလောင်သည့် တိုက်ခန်းအတွင်း ပိတ်မိနေသူများမှာ ဘယ်လ်ဂျီယံ မိသားစုဖြစ်ပြီး ရဟ်မန်တို့၏ အချိန်မီကယ်တင်နိုင်ခဲ့ခြင်းကြောင့် မည်သည့်ဒဏ်ရာမှ မရရှိဘဲ အချိန်မီ လွတ်မြောက်လာခဲ့သည်။

    ဗြိတိန်တွင် အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ပြီးနောက် ဒုတိယကိုးကွယ်မှုအများဆုံးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်ဦးရေ ၂.၇ သန်းခန့်ရှိနေသည်။

    ref_OnIslam & Newspapers

  • အမုန်းတရား ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ယူကေ မှ မွတ်စလင်နှင့် ဂျူး ခေါင်းဆောင်များ ပူးတွဲ ကြေညာချက်ထုတ်

    အမုန်းတရား ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ယူကေ မှ မွတ်စလင်နှင့် ဂျူး ခေါင်းဆောင်များ ပူးတွဲ ကြေညာချက်ထုတ်

    သြဂုတ် ၃၀ ၊၂၀၁၄
    M-Media
    Lord Jonathan Sacks speaks with his predecessor
    – အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ကိစ္စများကြောင့် အစ္စလာမ်ကြောက်ရောဂါနှင့် ဂျူးဆန့်ကျင်ရေးလှုပ်ရှာမှုများ ပြန့်ပွားလာမှုကို ဆန့်ကျင်သည့် ကြေညာချက် တစ်စောင်ကို ယူကေရှိ မွတ်စလင်နှင့် ဂျူးခေါင်းဆောင်များက ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    “အရှေ့အလယ်ပိုင်းမှာ ဘယ်လိုအခြေအနေမျိုးတွေ ရှိနေပေမယ့် ယူကေမှာတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်သွားရပါမယ်။ ပဋိပက္ခတွေ ဒီကိုတင်သွင်းတာထက် ဒီက ငြိမ်းချမ်းမှုတွေကို တင်ပို့တာမျိုးပဲ ဖြစ်ရပါမယ်” ဟု ဗြိတိန် မွတ်စလင်ကောင်စီ MCB နှင့် ဗြိတိန်ဂျူးအဖွဲ့ဖြစ်သည့် BoD တို့ ယမန်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

    ဟားမက်စ်၏ ဒုံးကျည် ပစ်လွှတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင်လဆန်းပိုင်းမှစ၍ အစ္စရေးမှ ဂါဇာကမ်းမြှောင်ဒေသသို့ ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးပါလက်စတိုင်းပြည်သူ ၂ ထောင်ကျော် သေဆုံးခဲ့ရသည်။ အစ္စရေးဘက်ကမူ ၆၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ဂါဇာသို့ ကျူးကျော်တိုက်ခိုက်ကြသည့် အစ္စရေးစစ်သားများဖြစ်ကာ သေဆုံးသူများတွင် အရပ်သား သုံးဦး ပါဝင်ခဲ့သည်။

    ထိုတိုက်ခိုက်မှုများ အတွင်း ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ အရပ်သားများ သေဆုံးမှုမှာ လက်မခံနိုင်ကြောင်း မွတ်စလင်နှင့် ဂျူးခေါင်းဆောင်များက ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    “ပြည်သူတွေသေဆုံးရတာက အဖြစ်ဆိုးတစ်ခုပါပဲ။ ဒါတွေလျော့နည်းသွားအောင် ကြိုစားသင့်ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ လုံးဝ လက်မခံနိုင်စရာဖြစ်ပြီး ကျွန်တော်တို့ ဘာသာတရားတွေနဲ့လည်း ဆန့်ကျင်ပါတယ်”

    အစ္စရေး၏ တိုက်ခိုက်မှုများတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘောလုံးကွင်းများ၊ ဒုက္ခသည်စခန်းများ လူနေအိမ်များ စသည့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများကို ပစ်မှတ်ထားခဲ့သည်။ ရာဖာဒေသတွင် ဒုက္ခသည်စခန်းအဖြစ် အသုံးပြုထာသည့် ကုလ၏ စာသင်ကျောင်းတစ်ခုအား အစ္စရေးမှ ယခုလအစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗြိတန်မှ အကူအညီပေးရေး လုပ်သားတစ်ဦး သေဆုံးခဲ့သည်။

    ထို့ပြင် ထိုပြဿနာများကြောင့် ဖြစ်ပေါ်လာသည့် အစ္စလာမ်ကြောက်ရောဂါနှင့် ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုများကို ရှုတ်ချကြောင်း၊ မတူညီမှုများအတွက် ဆေးနွေးမှုများ ပြုလုပ်ကာ ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန်အတွက် အယူဝါဒနှစ်ခုမှ နောက်လိုက်များအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်လည်း မွတ်စလင်နှင့် ဂျူးခေါင်းဆောင်များက အဆိုပါ ကြေညာချက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

    Ref:Onislam
    Photo: Stefan Rousseau/AFP/Getty Images

  • ဒိန်းမတ်တွင် ပထမဆုံး အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ခဲ့

    ဒိန်းမတ်တွင် ပထမဆုံး အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ခဲ့

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    Scandinavia-Gets-1st-Islamic-Theology-School
    – တူရကီမှ ကျော်ကြားသော အီမာမ် ဟာတစ်ပ်၏ အစ္စလာမ့် ဓမ္မသင်တန်း ကျောင်းခွဲ တစ်ခုကို ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ဆလာဂီလ်ဆီမြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းသို့ ဒိန်းမတ်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံတို့မှ ၁၈ နှစ်ပြည့်ပြီးသည့် မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုကျောင်းမှာ ဒိန်းမတ်နိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် အစ္စလာမ့်ဓမ္မသင်တန်းကျောင်း လည်းဖြစ်သည်။

    ထိုကျောင်းတွင် ကုရ်အာန်၊ ဟဒီးစ်နှင့် အစ္စလာ့မ်ကျမ်းဂန်များကို တူရကီရှိ ကျောင်းများတွင် သင်သည့် သင်ရိုးညွှန်းတမ်း အတိုင်း သင်ကြားသွားမည်ဖြစ်သည်။ အီမာမ် ဟာတစ်ပ်၏ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းကို ဘယ်လ်ဂျီယံနိုင်ငံတွင်လည်း ဖွင့်လှစ်ထားပြီး ယခုကျောင်းမှာ ဥရောပတွင် ဖွင့်လှစ်သော အီမာမ် ဟာတစ်ပ်၏ ဒုတိယမြောက် ကျောင်းဖြစ်သည်။

    တူရကီ၏ ထင်ရှားသော အီမာမ် ဟာတစ်ပ်မှာ ၁၉၂၀ ပြည့်နှစ်များမှစ၍ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်း၏ ကျောင်းများတွင် အစ္စလာမ့် ဘာသာကျမ်းဂန်များနှင့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်များကို ပူးတွဲသင်ကြားသည်။

    တူရကီရှိ အီမာမ်ဟာတစ်ပ်၏ကျောင်းများတွင် တက်ရောက်နေသူ ကျောင်းသားဦးရေမှာ ၂ သိန်းခွဲခန့်ရှိနေသည်။

    ဒိန်းမတ်နိုင်ငံတွင် အစ္စလာမ်သာသနာမှာ ခရစ်ယာန်ပြီးနောက် ဒုတိယကိုးကွယ်သူ အများဆုံး သာသနာဖြစ်ပြီး နိုင်ငံလူဦးရေ ၅.၆ သန်း၏ ၄.၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    OnIslam & News Agencies

  • ဗြိတိန် အစ္စလာမ်အသင်း၏ ဥက္ကဌ ရာထူးရွေးခံရတဲ့ ပထမဆုံး အမျိုးသမီး

    ဇွန် ၁၁ ၊ ၂၀၁၄
    M-Media
    5-Noor-Inayat-Memorial-Awards-for-Muslim-Woman-of-the-Year
    – ဗြိတိန် အစ္စလာမ်အသင်း၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအမျိုးသမီး အဖြစ် ဘာသာပေါင်းစုံ ညီညွတ်ရေး ကိစ္စရပ်များကို ဆောင်ရွက်နေသည့် Sughra Ahmed ကို ၂၀၁၃ နိုဝင်ဘာ ၂၃ ရက်နေ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

    Sughra Ahmed ဟာ အင်္ဂလိပ်စာအထူးပြု BA ဂုဏ်ထူးတန်းအောင်မြင်ထားပြီး၊ အစ္စလာမ့်ရေးရာ မဟာဝိဇ္ဇာတန်း ကိုလည်း အောင်မြင်ထားသူ Sughra  မှာ ဗြိတိန်အစ္စလာမ်အသင်းတွင် ပထမဆုံး အမျိုးသမီး ဥက္ကဌ အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

    Sughra မှာ ကိန်းဘရစ်တက္ကသိုလ် ပေါ်လစီနှင့် ပြည်သူ့ပညာရေးဆိုင်ရာ စင်တာတွင် ပရိုဂရမ် မန်နေဂျာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ဘာသာရေးနှင့် ယုံကြည်ချက် မတူညီသူများကြား သဟဇာတဖြစ်ရေး သုတေသနနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ရသူလည်းဖြစ်ပါတယ်။

    ထို့ပြင် ယူကေ ဘာသာပေါင်းစုံ ကွန်ရက်တွင်လည်း ပါဝင်ဆောင်ရွက်နေသူဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း အယူဝါဒရေးရာ ကိစ္စရပ်များကို အဓိက ထားကာ သုတေသနပြုလုပ်နေသည့် FaithxChange အဖွဲ့တွင်လည်း Sughra မှာ အကြံပေးအဖြစ် ဆောင်ရွက်နေပြီး  ယူကေ Radio 2 မှ ထုတ်လွှင့်သည့်  Pause for Thought အစီအစဉ် ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုများတွင်လည်း  ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရပါတယ်။

    ဒါအပြင် ၂၀၁၄ ခုနှစ်အတွက် ကဏ္ဍအလိုက် ထူးချွန် ဗြိတိန်-မွတ်စလင်များ ဆုရွေးချယ်ရာတွင်  Muslim Woman of the Year ကို ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။

    Ref: Islamic Society of Britain