News @ M-Media

Tag: anti_Muslim_in_Myanmar

  • သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၁)

    သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၁)

    နိုဝင်ဘာ ၂၄၊ ၂၀၁၂
    M-Media
    ရဲရင့်သစ္စာ

    ၂၀.၁၁.၂၀၁၂ issue News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ  ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း” https://www.facebook.com/NewsWatchJournal/posts/448696681834805 ခေါင်းစဉ် နဲ့ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ သမိုင်းဆိုင်ရာ အချက်အလက် အတော်များများ လွဲမှားနေရုံမက၊ ကမ္ဘာ့ဘာသာကြီး တစ်ရပ်လည်းဖြစ် ၊ မြန်မာနိုင်ငံ မှာ ရှိနေတဲ့ ဘာသာကြီးတွေထဲ တစ်ရပ်လည်းဖြစ်တဲ့ “အစ္စလာမ်” ဘာသာ[ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ။ စာမျက်နှာ ၁၅၁] နဲ့ ပတ်သက်ပြီး စာဖတ်သူများ အထင်အမြင်လွဲမှားစေဖို့ တမင်တကာ ရည်ရွယ်ချက် ရှိရှိ ထိပါး ရေးသားခဲ့တာဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆောင်းပါးရှင် သရဝဏ် (ပြည်) ဟာ သူ့ရဲ့ ဆောင်းပါးရေးသားရာမှာ အဓိက ကိုးကားခဲ့တဲ့ အရင်းအမြစ် ဟာ Dr. Sripali Vaiamon ဆိုသူရေးသားတဲ့ ဆောင်းပါး “Buddhist History of Afghanistan and South India” ဖြစ်ပါတယ်။ သရဝဏ် (ပြည်) ဟာ အဲဒီဆောင်းပါးကို ကိုးကားရုံတင်မကပါ။ အချို့စာပိုဒ်တွေ ကို အပိုဒ်လိုက် ဘာသာပြန်ပြီး သူ့ရဲ့ ဆောင်းပါးမှာ ထည့်ရေးထားတာဖြစ်ပါတယ်။

    သမိုင်းအပေါ်မှာ သစ္စာ တည်ချင် တဲ့ ကျွန်တော် ရဲရင့်သစ္စာ က သရဝဏ် (ပြည်) ဆိုသူရဲ့ အထက်ဖော်ပြပါ ဆောင်းပါးပါအလွဲအမှားတွေ ၊ ထိပါးမှုတွေ ကို ထောက်ပြ ပေးသွားပါ့မယ်။ ကျွန်တော် ထောက်ပြတဲ့ အချက်တွေကို သရဝဏ် (ပြည်) နဲ့ တကွ News Watch(စောင့်ကြည့်သတင်းဂျာနယ်) က ဘယ်ပညာရှင်မဆို ပြန်လည် ဆွေးနွေးနိုင်ကြောင်း နဲ့ အကယ်၍များကျွန်တော့်ထောက်ပြချက်တွေ ကို ရက်ပေါင်း (၃၀) အတွင်း ပြန်လည် ကန့်ကွက် မဆွေးနွေးနိုင်ရင် သရဝဏ် (ပြည်) အနေနဲ့ရော၊ News Watch (စောင့်ကြည့်သတင်းဂျာနယ်) အနေနဲ့ရော လွဲမှားတဲ့ အချက်တွေ အတွက် ဂျာနယ် က တစ်ဆင့် တရားဝင် တောင်းပန်စေလိုပါတယ်။ အဲဒီလို မှ မပြုမူ ဆိုရင်တော့ တရားဥပဒေ အရ တရားစွဲဆို သွားမှာဖြစ်ကြောင်း လေးစား စွာ ကတိပေး ပြောကြားလိုပါတယ်။ အလွဲအမှားတွေကို ထောက်ပြခြင်းအမှု စတင်ပါပြီ။

    ၁။ သရဝဏ် (ပြည်) – အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်ပါသည်။

     

    ရဲရင့်သစ္စာ– အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိက ကိုးကွယ်တဲ့ ဘာသာ က ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။ ဗုဒ္ဓဘာသာ ဟာ အစ္စလာမ်ဘာသာ မထွန်းကားမီ အာဖဂန်နစ္စတန်မှာ ရှိတဲ့ ဘာသာကြီးတွေထဲက တစ်ခုဖြစ်ကြောင်း သရဝဏ် (ပြည်) အကိုးအကားပြုထားတဲ့ Wikipedia မှာ ဖော်ပြထားပါတယ်။ http://en.wikipedia.org/wiki/Buddhism_in_Afghanistan မှာသွားရောက်လေ့လာနိုင်ပါတယ်။ အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိက ကိုးကွယ်တဲ့ ဘာသာ က ဗုဒ္ဓဘာသာ တစ်ခုတည်းဖြစ်ပါတယ် လို့ သရဝဏ် (ပြည်) က တိုက်ရိုက်ရေးမထားပါဘူး။ သို့တစေလည်း စာဖတ်သူ တွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်သွားအောင်ရေးထားခြင်း ဖြစ်ပါတယ်။ အများကို ဗဟုသုတ ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ public media တစ်ခုမှာ သမိုင်းဆောင်းပါး ရေးသူ ဟာ အဲဒီလို ထင်ယောင် ထင်မှားဖြစ်စေမည့် အရေးအသားမျိုးကို မရေးသင့်ပါဘူး။ တကယ်လို့ သရဝဏ် (ပြည်) ဟာ စာရေး သီကုံးရာမှာ အတွေ့အကြုံနည်းပါးလို့ မှားတာဆိုရင် ပြန်လည်တောင်းပန်ခြင်း အမှုကို ပြုသင့်ပါတယ်။ ပြန်လည်တောင်းပန်ခြင်း အမှုမပြုရင်တော့ unethical writing “ကျင့်ဝတ်နှင့်မညီသော ရေးသားမှု”လို့ ကျွန်တော် အမည်တပ်ရပါလိမ့်မယ်။

    ၂။ သရဝဏ် (ပြည်) – ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် ထည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။

    ရဲရင့်သစ္စာ– ရှေးခေတ် အာဖဂန်နစ္စတန် ကဘူးခရိုင် က ဂန်ဒါရာ (Gandhara) သည် ယနေ့ခေတ် ကန်ဒါဟာလို့ခေါ်တဲ့ ဒေသ ဖြစ်ကြောင်းရေးထားခြင်း ဟာ အလွဲကြီးလွဲမှားနေပြန်ပါတယ်။ Gandhara ဟာ အာဖဂန်နစ္စတန် အရှေ့ဖက် မှာ တည်ရှိခဲ့ကြောင်း http://en.wikipedia.org/wiki/Gandhara မှာ လေ့လာကြည့်နိုင်ပါတယ်။ ယနေ့ခေတ် ကန်ဒါဟာ (Kandahar) ဟာ အာဖဂန်နစ္စတန် တောင်ပိုင်းမှာ ရှိကြောင်း http://en.wikipedia.org/wiki/Kandahar မှာလေ့လာကြည့်ပါ။ ကဘူး (Kabul) ဟာ အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာရှိကြောင်းကိုလည်း http://en.wikipedia.org/wiki/Kabul မှာ လေ့လာ ကြည့်ပါ။ သရဝဏ် (ပြည်) အနေနဲ့ ဖြစ်နိုင်ရင် ကမ္ဘာ့မြေပုံ တစ်ခုကိုဆောင်ထားပြီး၊ စာရေးသားခြင်းမပြုမီ အရင်လေ့လာသင့်တယ်လို့ အကြံပေးလိုပါတယ်။ နိုင်ငံတကာဆက်ဆံရေးပညာ ဝိဇ္ဇာ ဘွဲ့ရ တစ်ယောက်ဖြစ်တဲ့ သရဝဏ် (ပြည်) က ကမ္ဘာ့ မြို့တွေအကြောင်း အလွဲတွေရေးနေရင် နိုင်ငံ့ဂုဏ်ဆောင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး အပါအဝင် တက္ကသိုလ်ကြီးတွေ က နိုင်ငံတကာဆက်ဆံရေး ပညာရှင်တွေ ပါ ထိခိုက်နိုင်ရုံ မက နိုင်ငံတော်ကြီး တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်ဖွယ်ရာရှိလာနိုင်လို့ဒီလို အကြံပေးရခြင်းဖြစ်ပါတယ်။

    ၃။ သရဝဏ် (ပြည်) -မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ်(ကဘူးမြို့တောင်ဘက်)တွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ့ရှိခဲ့ပါသည်။

    ရဲရင့်သစ္စာ– အာဖနစ္စတန် မှာ လော်ဂျာ ဆိုတဲ့ပြည်နယ် မရှိပါဘူး။ လိုဂရ် ပြည်နယ် (Logar Province) ဘဲရှိပါတယ်။ ဗုဒ္ဓ ၏ ဓါတ်တော်မွေတော် ၄၂ ဆူကိုတူးဖော် တွေ့ရှိခဲ့တဲ့ နေရာ ဟာ လိုဂရ် ပြည်နယ်ဖြစ်ပါတယ်။အဲဒီ လိုဂရ် အသံထွက်ကို သရဝဏ် (ပြည်) က ကျကျနန မလေ့လာဘဲ ရေးသားမိတဲ့ အတွက် ဒီလိုလွဲမှားရခြင်းဖြစ်မှာပါ။ ဂျာနယ် တစ်ခုရဲ့ ဆောင်းပါးရှင် တစ်ဦး အနေနဲ့ နိုင်ငံခြားဘာသာ စကားဝေါဟာရတွေကို ခေါ်ဝေါ်ရေးသားရာမှာ အသံထွက် မှန် ဖို့အလွန် အရေးကြီးပါတယ်။ ထင်ရာမြင်ရာ အသံထွက်တွေ လျှောက်ရေးရင် စာဖတ်သူတွေ ကို အသိအမှား ပေးနေသလိုဖြစ်ပါတယ်။ အဲဒါကြောင့်လေ့လာပါ သရဝဏ် (ပြည်)။

    ၄။ သရဝဏ် (ပြည်) – မြတ်ဗုဒ္ဓ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင့် ဘလိက ကုန်သည် ညီနောင်နှစ်ပါးသည် သူတို့၏ ဇာတိမြို့ဖြစ်သော ဘာသ်မြို့တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ရာ——-

    ရဲရင့်သစ္စာ– Tapassu နဲ့ Bhallika တဖုဿနှင့် ဘလိက တို့ရဲ့ ဇာတိမြို့ ဟာ Balkh ဖြစ်ပါတယ်။ “ဗလ်ခ်” လို့အသံထွက်ရပါတယ်။ ဘာသ် မဟုတ်ပါဘူး။

    ၅။ သရဝဏ် (ပြည်) – ထိုကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်တို့မှ ကိုယ်စားလှယ် အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့ စေ့စပ်ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

    ရဲရင့်သစ္စာ– တာလီဘန် တွေ ဗာမီယန် ရုပ်ပွါးတော်ကြီး နှစ်ဆူ ကို ဒိုင်းနမိုက် နဲ့ ဖြိုခွဲမယ် လုပ်တုန်းက အစ္စလာမ် နိုင်ငံတွေ ဖြစ်ကြတဲ့ ဆော်ဒီအာရေးဗျ ၊ ပါကစ္စတန် နဲ့ UAE နိုင်ငံ တို့ ဟာ အစ္စလာမ် နိုင်ငံ ၅၇ နိုင်ငံစုပေါင်းဖွဲ့စည်းထားတဲ့ OIC (ယခင် Organization of Islamic Conference၊ ယခု Organization of Islamic Cooperation) နဲ့အတူ တရားဝင် ကမ္ဘာသိ ကန့်ကွက်ခဲ့ကြပြီး၊ ရုပ်ပွါးတော်ကြီးတွေ ကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲအပြီးမှာတော့ ဆော်ဒီအာရေဗျ နဲ့ UAE နိုင်ငံ တို့ က တာလီဘန်တွေရဲ့ လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ် တဲ့ လုပ်ရပ်ဖြစ်ကြောင်း တရားဝင် ကမ္ဘာသိ ဆိုခဲ့ကြပါတယ်။ အဲဒီ အကြောင်းတွေ ကိုသရဝဏ် (ပြည်) က ဆောင်းပါးမှာ ထည့်မရေးတဲ့ အတွက် မရိုးသားရာရောက်နေကြောင်း (သို့) သမိုင်းဆောင်းပါးတစ်စောင်ရေးနိုင်ရန် အရည်အချင်းမှီသူမဟုတ်ကြောင်း။

    ၆။ သရဝဏ် (ပြည်) – ထိုဒေသတွင်တော့ အုပ်ချုပ်သူ ပြည်နယ်ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင်ဟိန္ဒူ၊ မူဆလင်၊ အာဖဂန် မိန်းမများစွာကိုယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင် လုပ်ခဲ့ကြသည်ဟု အေဒီ ၉၈၂ ရေးသားသော ဟူဒတ်အယ်အလမ် (Hudud-al-Alam)ဆိုသော စာအုပ်တွင် ဖော်ပြခဲ့သည်။

    ရဲရင့်သစ္စာ– အထက်ပါ စာပိုဒ် ကို သရဝဏ် (ပြည်) က ဘယ်ကျမ်း စာအုပ်ထဲ က ကူးရေးထားလဲ မသိပါ။ သရဝဏ် (ပြည်) အနေနဲ့ “ဟုဒူဒုလ်အာလမ်” စာအုပ်ကိုမြင်ဖူးခဲ့ခြင်း ရှိမှာတောင်မဟုတ်ကြောင်းကျွန်တော်အသေအချာဆိုဝံ့ပါတယ်။သရဝဏ် (ပြည်) က ကျမ်းကိုး အဖြစ် ဖော်ပြထား တဲ့ Wikipedia : Islamic conquest of Afghanistan http://en.wikipedia.org/wiki/Islamic_conquest_of_Afghanistan ကို လေ့လာကြည့်လိုက်တော့ Willem Vogelsang ရဲ့ “The Afghans” စာအုပ် ကို ကိုးကားပြီးဒီလိုရေးထား တာ တွေ့ရပါတယ်။

    ” In a book called Hudud-al-Alam, written in 982, it mentions a village near Jalalabad, Afghanistan, where the local king used to have many Hindu, Muslim and Afghan wives” ဘာသာပြန်ပြရရင်-

    [ ၁၉၈၂ နှစ် မှာ ရေးသားခဲ့တဲ့ “ဟုဒူဒုလ်အာလမ်” (ကမ္ဘာ့နယ်စည်းများ) စာအုပ်မှာ ဖော်ပြထားတာ က အာဖဂန်နစ္စတန်ဂျလာလ်အာဘားဒ် အနီး ရွာတစ်ရွာမှာ ဒေသခံဘုရင်ဟာ ဟိန္ဒူ ၊ မွတ်စ်လင်မ် နဲ့အာဖဂန် မိန်းမ အမြောက်အများ ယူကြောင်း] ဒေသခံဘုရင်လို့ ဆိုထားတော့ အဲဒီဘုရင်တွေ ဟာ ဟိန္ဒူ (သို့) ဗုဒ္ဓဘာသာဝင် တွေ ဖြစ်နိုင်တာ ရာနှုန်း အတော်များနေပါတယ်။ မိန်းမတွေ အများကြီး ယူပြီး အစ္စလာမ်ဘာသာ ကိုတိုးတက်အောင် လုပ်ခဲ့တယ်ဆိုတာလဲ မပါပါဘူး။ မူရင်း အကိုးအကားမှာမပါပဲ၊ သရဝဏ် (ပြည်) ဟာ မိမိစိတ်တွေးထင်ရာ ကို ထည့်ရေးပြီး အစ္စလာမ်ဘာသာကို တိုက်ခိုက် ထားတဲ့ အတွက် သရဝဏ် (ပြည်) ကို “လူလိမ်” လို့ ကျွန်တော် သမုတ် လိုက်တဲ့အပြင် သရဝဏ် (ပြည်) နဲ့ တကွ News Watch(စောင့်ကြည့်သတင်းဂျာနယ်) တာဝန်ရှိသူတွေ မိမိ အမှားကို တရားဝင်ဝန်ခံတောင်းပန်ခြင်း မပြုရင် ကျွန်တော် ကိုယ်တိုင် တရားလိုပြုပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ဆဲ ဥပဒေ အရ တရားစွဲဆို ပါ့မယ်။ လေ့လာထားစေချင်တာ က ပြစ်မှုဆိုင် ရာ ဥပဒေ ပုဒ်မ ၂၉၅-က။

    ဆက်ရန်-သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၂)

     

    News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားခြင်း အကြောင်း မူရင်းဆောင်းပါး
    News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ် သွားခြင်းအကြောင်း မူရင်းဆောင်းပါး
  • လှိုင်းဘွဲ့၊ ပိုင်ကျုံမြို့နယ်ခွဲရှိ မွတ်စလင်ရွာများ လုံခြုံရေး အခြေအနေစိုးရိမ်ရ

    လှိုင်းဘွဲ့၊ ပိုင်ကျုံမြို့နယ်ခွဲရှိ မွတ်စလင်ရွာများ လုံခြုံရေး အခြေအနေစိုးရိမ်ရ

    နိုဝင်ဘာ ၂၄ ၊ ၂၀၁၂
    M-Media

    အစ္စလာမ်ဘာသာဝင် မွစ်စလင် အများစုနေထိုင်ရာ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲရှိ အလီမွလ္လဟ် ( မိုးနိုင်း တောင်ပိုင်း) ကျေးရွာအား နိုဝင်ဘာလ ၂၃ ရက်နေ့ ပိုင်ကျုံကထိန်ပွဲအပြီးတွင် မီးရှို့ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ပိုင်ကျုံမြို့မ ရဲစခန်းမှ ဗလီနှင့် အနီးတ၀ိုက်တွင် လုံခြုံရေးအစောင့် လေးငါးဆယ်ယောက် ချထားပေးခဲ့ကြောင်း ဒေသခံတစ်ဦးမှ တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါတယ်။

    မေး။ ။ အတ်စလားမုအားလိုင်းကွန်
    ဖြေ။ ။ဝါအလိုင်းကူမွတ်စ္စလာမ်

    မေး။ ။ ဦးလေးအလီမွလ္လာ ရွာအခြေအနေဘယ်လိုဖြစ်တာလဲ နည်းနည်းလောက်ပြောပြပါဦး
    ဖြေ ။ ။ ရွာအခြေအနေကတော့သိပ်မကောင်းဘူး

    မေး။ ။ ဘယ်လိုဖြစ်တာလဲဦးလေး နည်းနည်းလောက်ပြောပြပါဦး
    ဖြေ ။ သူတို့ကရွာကိုမီးရှို့မယ်ဖျက်စီးမယ်ကုလားတွေကိုတစ်ယောက်မှမထားဘူးပြောနေတာ

    မေး။ ။ သူတို့တွေလို့ဦးလေးပြောတာ ဘယ်သူတွေလဲ ဘာကြောင့်မီးရှို့ကြမှာလဲ
    ဖြေ ။ ။ ကရင်တွေပေါ့ ဘာကြောင့်လဲတော့မသိဘူး

    မေး ။ ။ ကရင်တွေဆိုတာ ဒေသခံရိုးရိုးကရင်တွေလား ဒါမှမဟုတ်လက်နက်ကိုင် စစ်သားကရင်တွေလား
    ဖြေ။ ။ အဲလိုတော့ခွဲလို့မရဘူး သူတို့တွေကတူတူပဲ အားလုံး လက်နက်ရှိတာပဲ

    မေး။ ဦးလေးပြောချင်တာ ကရင်တိုင်းမှာ စစ်သားဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ လက်နက်ကိုင်ဆောင်နေကြတာပေါ့ အဲလိုလား
    ဖြေ ။ ။ ဟုတ်တယ်လေ သူတို့အားလုံးသေနပ်ရှိတယ် သေနပ်ကိုင်တယ် ဘယ်ကောင်ကစစ်သားလည်း အရပ်သားလည်းဆိုတာ မသိဘူး အားလုံးက သေနပ်ကိုင်တာပဲ

    မေး ။ ။ အခုလိုရွာကို မီးရှို့ဖျက်ဆီးမယ်ဆိုတာ ဘာကြောင့်လို့ဦးလေးထင်လဲ
    ဖြေ။ ။ဘာကြောင့်ရယ်တော့မဟုတ်ဘူး အရင့်အရင်ကလည်း ဒီအတိုင်းပဲလေမွတ်စလင်တွေရွာတွေကိုမီးရှို့နေတာ အခုလည်း ဒီရွာကို ကရင်ရွာတွေဝိုင်းထားတဲ့ရွာလေ အဲဒါကြောင့်သူတို့က မွတ်စလင်တွေကို မရှိစေချင်တာ မီးရှို့ဖျက်ဆီးချင်တာပေါ့

    မေး။ ။ ဦးလေးတို့ရွာမှာ ဦးလေးတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြတာမဟုတ်လား ဘယ်လိုဖြစ်လို့အခုမှ ရွာကိုမီးထရှို့မယ်ဖြစ်လာရတာလဲ အဲဒါဦးလေး ဘယ်လိုမြင်လဲ
    ဖြေ ။ ။ ဟုတ်တယ် ဦးလေးတို့က ကရင်တွေပဲ အစ္စလာမ်ကို လက်ခံလိုက်လို့မွတ်စလင်ဖြစ်လာတာ အရင်တုန်းကပြဿနာ မရှိဘူးဆိုပေမယ့် အခုမှပြဿနာရှိလာတာ ဘားအံမှာ ဘုန်းကြီးတွေက ကုလားတွေကို သုတ်သင်ရမယ် ဘာညာစည်းဝေးပွဲလုပ် စာရွက်တွေဖြန့်ပြီးမှ အခုလို ရွာကိုမီးရှို့မယ်ဖြစ်လာတာ

    မေး ။ ။ ရွာကိုမီးရှို့ဖျက်ဆီးမယ်ဆိုတာ ဘယ်တုန်းကသတင်းထွက်လာတာလဲ ဘယ်နေ့လောက်မီးရှို့ဖျက်ဆီးမယ်ကြားလဲ
    ဖြေ။ ။သိပ်မကြာသေးဘူး တစ်ပတ်လောက်ပဲရှိမယ် ပိုင်ကျုံကထိန်ပွဲပြီးရင်

    မေး ။ ။ ဦးလေးတို့အနေနဲ့ အဲလိုသတင်းတွေကြားနေတော့ အာဏာပိုင်တွေ ရဲစခန်းတွေဘာတွေအကြောင်းမကြားဘူးလား
    ဖြေ။ ။အကြောင်းကြားတယ် ပိုင်ကျုံရဲစခန်းကရဲတွေတော့ ဗလီအနားမှာ လေးငါးဆယ်ရောက် တွေ့တယ်လုံခြုံရေးချထားတယ်

    မေး။ ။ ရဲလေးငါးဆယ်ရောက်လောက်နဲ့ လုံခြုံရေးချထားတယ်ဆိုတော့ လုံဝ လုံခြုံသွားပြီ မဖြစ်လာနိုင်တော့ဘူးလို့ ဦးလေးတို့ထင်သလား
    ဖြေ ။ ။ မဖြစ်သေးတာပဲရှိတယ် မဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူး ဒီရဲလေး လေးငါးဆယ်ရောက်က သူတို့မျက်စီထဲ ရှိတာမဟုတ်ဘူး သူတို့မလုပ်သေးလို့သာ သူတို့လာလုပ်ရင်ရဲ မပြောနဲ့ စစ်တပ်တောင် လက်ပိုက်ကြည့်ရတဲ့အဖြစ်အပျက်တွေ
    အများကြီးဖြစ်သွားတာပဲ

    မေး ။ ။ သူတို့က ပိုင်ကျုံကထိန်ပွဲပြီးရင်မီးရှို့ဖျက်ဆီမယ်လို့သတင်းဖြန့်ထားတယ်မဟုတ်လား အခုပိုင်ကျုံကထိန်ပွဲပြီးသွားပြီလား
    ဖြေ။ ။ အင်းဟုတ်တယ် ပိုင်ကျုံကထိန်ပွဲက ပြီးသွားပြီ ဒီနေ့အထိတော့ ဘာမှထူးခြားမှုမရှိသေးဘူး ။

    မေး။ ။ ဒါဆိုရင် ရွာခံမွတ်စလင်တွေကရော မီးရှို့ဖျက်ဆီးမှာကို အခုထိစိုးရိမ်မှုရှိကြသေးလား
    ဖြေ။ ။ ရှိတာပေါ့ ဒီကောင်တွေက အချိန်မရွေးဝင်ပြီးမီးရှို့ ဖျက်ဆီးနိုင်တယ်လေ အခုဆိုရင်ဘယ်မှတောင် မသွားရဲကြဘူး ရွာမှာဘဲနေကြတယ် ။

    မေး။ ။ ဒါဆိုရင်ဦးလေးတို့ဘဝဟာ အခုအဲဒီရွာမှာ နေရတာ လုံခြုံရေးမရှိဘူး တရားဥပဒေစိုးမိုးရေးမရှိဘူးလို့ပြောချင်တာလား
    ဖြေ။ ။ ဟုတ်တယ်လေ ဘာတရားဥပဒေလဲ ဒီကကောင်တွေက သူငယ်တန်းတောင်နေဖူးကြတာ မဟုတ်ဘူး ဘာစာမှလည်း မတတ်ဘူး သူတို့အတွက် တရားဥပဒေလည်း မရှိဘူး သူတို့မှာသေနပ်ပဲရှိတယ် ဦးလေးတို့က သူတို့နဲ့ပြဿနာ မဖြစ်ရအောင် သီးခံပြီးနေလာတာ ဆယ်စုနှစ် တစ်ခုတောင်ကျော်နေပြီ အခုလည်း ဦးလေးတို့က သူတို့ကိုဘာမှပြဿနာလုပ်တာ မဟုတ်ဘူး သူတို့ဖာသာ ပြဿနာလာရှာတာ

    မေး။ ။ ပိုင်ကျုံမှာ နယ်ခြားစောင့်တပ် BGA တွေချထားတယ်မဟုတ်လား သူတို့ကိုရောအကူညီသွားမတောင်းကြည့်ဘူးလား
    ဖြေ။ ။ သွားတောင်းတယ် သွားပြောပြတယ် သူတို့က ဦးလေးတို့ကပဲ ကောလဟာလသတင်းတွေပြောနေတယ်ဆိုပြီး ပြဿနာပြန်လုပ်နေတယ်

    မေး။ ။ နယ်ခြားစောင့်တပ်တွေက ကောလဟာလလို့ပြန်ပြောပြီး ဘာကြောင့် ပြည်သူ့ရဲတွေက လေးငါးဆယ်ရောက် ဗလီအနားမှာလုံခြုံရေးချထားပေးရတာလဲ
    ဖြေ။ ။ အဲဒါတော့မသိဘူး ရဲကတော့ လာစောင့်ပေးတယ် နယ်ခြားစောင့်ကတော့မလာဘူး

    မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဦးလေ အတ်စလားမုအာလိုင်းကွန်မ်
    ဖြေ။ ။ဝါအလိုင်းကူမွတ်စလာမ်။

    ယခင်နအဖ အစိုးရလက်ထက်တွင်ပထမအကြိမ်အဖြင့် DKBA များနှင့် ကရင်ဗုဓ္ဒဘာသာဝင်များ အစိုးရစစ်တပ်များ ပါဝင်ပူးပေါင်း၍ မွတ်စလင်ရွာဖြစ်ခဲ့သည့်(ကစို)ရွာရှိ မွတ်စလင်မ်များအား မတရားသတ်ဖြတ်ကာ ဗလီကိုပါဖျက်ဆီး၍ မွတ်စလင်များအား ရွာမှနှင်ထုတ်ခဲ့ပြီး မွတ်စလင်ကုလားများ ကစိုရွာသို့ မဝင်ရ စာတမ်းအား ရွာအဝင်တွင် ချိတ်ဆွဲလျက်ရှိခဲ့သည် ။ ယ္ခုလက်ရှိ ကရင်လူမျိုး ဗုဒ်ဓဘာသာဝင်များ အခြေချနေထိုင်လျက်ရှိသည် ယင်းကစိုရွာသည် ပိုင်ကျုံမြို့ မရောက်ခင် ၁ မိုင် ၇ ဖာလုံ နှစ်မိုင်ဝင်းကျင်ပိုင်ကျုံမြို့နှင့် အကွာအဝေးရှိသည်။

    ယခင်နအဖအစိုးရလက်ထက်တွင်ဒုတိယအကြိမ်အဖြစ် DKBA များနှင့် ကရင်ဗုဓ္ဒဘာသာဝင်များ အစိုးရစစ်တပ်များ ပါဝင်ပူးပေါင်း၍ လှိုင်းဘွဲမြို့နယ်ပိုင် မြိုင်ကြီးငူအထူးဒေသအနီး ကမမောင်းမြို့နှင့် သံလွင်မြစ်တဖက်ကမ်းခြား သခွက်ဖိုးကျေးရွာရှိ မွတ်စလင်များအားလည်း အကြောင်းမဲ့ မတရားသဖြင့် သတ်ဖြတ်ခဲ့ကြ၍ ဗလီကိုပါဖျက်ဆီး ရွာလုံးကျွတ် မွတ်စလင်များအား ရွာမှနှင်ထုတ်ခဲ့ ကြပြီး မွတ်စလင်ကုလားများ သခွက်ဖိုးရွာမဝင်ရ နှင့် မွတ်စလင်ကုလားများ မြိုင်ကြီးငူအထူးဒေသ အတွင်းမဝင်ရ စာတမ်းများအား ရွာအဝင်များတွင် ချိတ်ဆွဲလျက်ရှိခဲ့သည် ။

    ယခင်နအဖအစိုးရ လက်ထက်တွင် တတိယအကြိမ်အဖြစ့် DKBA များနှင့် ကရင်ဗုဓ္ဒဘာသာဝင်များ အစိုးရစစ်တပ်များ ပါဝင်ပူးပေါင်း၍ လှိုင်းဘွဲမြို့နယ်ပိုင် လှိုင်းဘွဲမြို့နှင့် ၁ မိုင် ၇ ဖာလုံ နှစ်မိုင် ဝင်းကျင်ရှိ ကမော့ ကချူးကျေးရွာအားလည်း အကြောင်းမဲ့ အကြမ်းဖက် ဝင်ရောက်မီးရှို့ကာ မွတ်စ်လင်တို့၏ အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံး ခဲ့ရသည့်အပြင် မွတ်စလင်များ ပိုင်ဆိုင်ခဲ့သည် အိမ်၊ခြံ၊မြေရာများကိုလည်း ယ္ခုထိသိမ်းပိုက်ထားဆဲဖြစ်သည်။ ကမော့ကချုး ကျေးရွာမြောက်ပိုင်း ကော့ဝန်းကျေးရွာထိပ်မှာလည်း မွတ်စလင်ကုလားများ မဝင်ရဟု စာတမ်းအား ရွာအဝင်တွင် ချိတ်ဆွဲလျက်ရှိခဲ့သည် ။

    ယခင်နအဖအစိုးရ လက်ထက်မှ ယနေ့အစိုးသစ် လက်ထက်အထိ လှိုင်းဘွဲမြို့ပေါ်တွင်လည်း မကြာခဏ ဆိုသလို မွတ်စလင်ကုလားများနှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုရ မွတ်စလင်ကုလားများ၏ဆိုင်များတွင် ဝယ်ယူစားသုံးခြင်း မပြုရ စသည့် လူမျိုးရေးဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံဆော်မှု လက်ကမ်းစာရွက်များ ဖြန့်ဝေလျက်ရှိခဲ့သည် ၂၀-၁၁-၁၀၁၂ နေ့ကလည်း ထပ်မံဖြန့်ဝေလျက်ရှိခဲ့သည် လက်ရှိအစိုးရ အာဏာပိုင်များမှ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်းမရှိပါ။

  • အဖျက်ခံရမည်ဟု သတင်းထွက်နေသော လှိုင်းဘွဲ့မြို့မှ မွတ်စလင်မ်ရွာအား လုံခြုံရေး ချထား

    အဖျက်ခံရမည်ဟု သတင်းထွက်နေသော လှိုင်းဘွဲ့မြို့မှ မွတ်စလင်မ်ရွာအား လုံခြုံရေး ချထား

    နိုဝင်ဘာ ၂၃၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    အစ္စလာမ် ဘာသာဝင် အများစုနေထိုင်ရာ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲရှိ  အလီမွလ္လဟ် (ယခုခေါ် မိုးနိုင်း တောင်) ရွာ အား နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဖျက်ဆီး မည်ဟု သတင်းများ ထွက်ပေါ် သဖြင့် ပိုင်ကျုံ ရဲစခန်းမှ ဗလီနှင့် အနီးတ၀ိုက်တွင် လုံခြုံရေး အစောင့်ချပေးခဲ့ကြောင်း ဒေသခံ များ ပြောပါသည်။

    “ပိုင်ကျုံကထိန်ပွဲပြီးရင် ရွာကိုဖျက်မယ်လို့ နိုဝင်ဘာ ၂၀ နေ့လောက်က သတင်းထွက်လာတယ်။ အခု ကထိန် ပွဲပြီး သွားပြီးဆိုတော့ ဖျက်ခံရမှာကို စိုးရိမ်နေကြတာ။အခုတော့ ရဲတွေ ရောက်နေကြတယ်”ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

    ဘားအံ မဲတောင်ကျောင်းတိုက်မှ မွတ်စလင်များအား ဆန့်ကျင်ရန် ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း ပိုင်ကျုံ မြို့နယ်ခွဲတွင် အစ္စလာမ် ဘာသာဝင်များအားဆန့်ကျင်မှု များဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

    “ဘားအံက ကြေညာချက်ထုတ်ပြီးတော့ မွတ်စလင်တွေနဲ့ အဆက်ဆံ မလုပ်ဖို့ ဒီမှာ လှုံဆော်ကြတယ်။ နောက်ပြီး လွန်ခဲ့တဲ့ တစ်လလောက်က ရွာမှာ ရခိုင်က ပဋိပက္ခ ဗီဒီယို အခွေပြတယ်။  မွတ်စလင်တွေက ရခိုင်တွေ တိုက်ခိုက်တဲ့ အခွေပါ” ဟု ပိုင်ကျုံ ဒေသခံတစ်ဦးက ပြောပါသည်။

    အဆိုပါ လှုပ်ရှားမှုကို ပိုင်ကျုံ မြို့နယ်ခွဲ မှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ဘုန်းကြီးတစ်ပါး တို့က ရွာသား တစ်ချို့ကို ဦးဆောင် လှုပ်ရှားနေကြောင်း သိရသည်။

    ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခ အား ကရင်ပြည်နယ်တွင် ဘာသာရေးအသွင် ပုံဖော်ကာ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် ရည်ရွယ်လုပ်ဆောင် လာကြ သည်။

    ပိုင်ကျုံမြို့နယ်ခွဲ မိုးနိုင်းအထက်စု ၊ မိုးနိုင်တောင် ၊ နှင့် မိုးနိုင်းအောက်စု ရွာတို့တွင် ဗလီဝတ်ကျောင်းတော် ၃ လုံး တည်ရှိ ပြီး စုစုပေါင်း အိမ်ခြေ အစ္စလာမ် ဘာသာဝင်အိမ်ခြေ (၃၀၀ ) နီးပါးရှိကြောင်း သိရသည်။ ဒေသခံ အစ္စလာမ် ဘာသာဝင်များသည် လယ်ယာစိုက်ပျိုးရေးနှင့် ဈေးရောင်းဝယ် လုပ်ငန်းများ လုပ်ကိုင်ကြသည်။

  • မွတ်စလင် မုန်းတီးရေး ကြေညာချက် လှိုင်းဘွဲ့တွင် ယုံထင်ကြောင်ထင်ဖြစ်

    မွတ်စလင် မုန်းတီးရေး ကြေညာချက် လှိုင်းဘွဲ့တွင် ယုံထင်ကြောင်ထင်ဖြစ်

    နိုဝင်ဘာ ၂၃၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    အောက်တိုဘာ ၉ ရက်နေ့ ဘားအံမြို့မှ မဲဘောင်ကျောင်းတိုက်မှ ထုတ်ပြန်သော မွတ်စလင် မုန်းတီးရေး ကြေညာချက်

    အောက်တိုဘာ ၉ ရက်နေ့ ဘားအံမြို့မှ မဲဘောင်ကျောင်းတိုက်မှ ထုတ်ပြန်သော မွတ်စလင် မုန်းတီးရေး ကြေညာချက် စာရွက်များများ ယခုလ ဆန်းတွင် လှိုင်းဘွဲ့ မြို့တွင် ဖြန့်ဝေ ခဲ့သည်။ ယင်းကြေညာချက်တွင် မွတ်စလင်များနှင့် ဆက်ဆံပါက အပြစ်ပေး အရေးယူမည်ဟု ဖေါ်ပြထား သဖြင့် ဘယ်သူက ဘယ်လို ပြစ်ဒဏ်ပေးမည် ဆိုသည်ကို မြို့ခံ ဗုဒ္ဓဘာသာဝင် များ၊ အစ္စလာမ် ဘာသာဝင်များအကြား ယုံထင်ကြောင် ထင်ဖြစ်နေကြသည်။

    “ကြေညာချက်မှာက မွတ်စလင်တွေနဲ့ ဆက်ဆံရင် သူတို့ဆီက ဈေးဝယ်ရင် အရေးယူမယ် ဆိုတော့ တစ်ချို့ ကလည်း ရဲက ဖမ်းမယ်၊ တစ်ချို့က စစ်တပ်က ဖမ်းမယ် ၊ ဆိုပြီး ယုံထင် ကြောင်ထင် ဖြစ်ကုန်ကြ တယ်။ ”က လှိုင်းဘွဲ့ မြို့ခံ တစ်ဦးက ပြောပါသည်။

    “အဲဒီလို စာတွေ က အရင်က မရှိဘူး။ မြန်မာဂလိုဘယ်ပို့စ်မှာ ပါလာပြီးတဲ့ နောက်ပိုင်းမှာ မြို့ပေါ်မှာ ဘားအံက စာရွက်တွေ တချို့ လိုက်ဝေတာ ရှိပါတယ်။ အဲဒီနောက် ပိုင်း မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် ဆက်ဆံရေးအနည်းငယ် တန်းသွားကြတယ်။ ဟု ၄င်းက ပြောသည်။

    လှိုင်းဘွဲ့ ဒေသအာဏာပိုင်များအနေဖြင့် ယင်းအခြေအနေအပေါ် မည်သို့မျှ ဖြေရှင်းပေးခြင်းမရှိသလို ၊ ဘာသာရေး ပဋိပက္ခ လှုံဆော်ကြေညာချက် စာရွက်ဖြန့် ဝေခြင်း များ ကိုလည်း ထိရောက်စွာအရေးယူခဲ့ခြင်းမရှိကြောင်း သိရသည်။

    ဘားအံမဲဘောင်ကျောင်းတိုက်မှ ထုတ်ပြန်သော ကြေညာချက် တွင် မွတ်စလင်များနှင့် ဆက်ဆံရေး မလုပ်ရန် ၄ ချက်ကို ဖော်ပြထားပြီး ယင်းအချက်များ ဖောက်ဖျက်ပါ က အပြစ်ပေးအရေးယူမည် ဟု ဖော်ပြထားသည်။ ယင်းကြေညာချက်ကို မြန်မာပို့စ်ဂလိုဘယ် ဂျာနယ် ခေါင်းကြီးသတင်း အဖြစ် အောက်တိုဘာ ၁၉ရက်နေ့ တွင် ဖေါ်ပြခဲ့သည်။

    ရခိုင် ပဋိပက္ခမတိုင်ခင် ကာလများတွင် မွတ်စလင် မုန်းတီးရေး စာရွက်စာတမ်း ၊ တရားဟောပြောပွဲများ ကို ရခိုင် ပြည်နယ်အနှံ ပြုလုပ်ခြင်းဖြင့် လူအများစု ဗုဒ္ဓ ဘာသာဝင် များကို အယုံသွင်း ခဲ့ကြသည်။ ယင်းနောက် ပိုင်း မွတ်စလင်များ၏ အိုးအိမ်စည်းစိမ်းများကို မတရားသိမ်းပိုက်ခြင်း ၊ တိုက်ခိုက် သတ်ဖြတ်ခြင်း ၊ ဇာတိမြေ မှ မောင်းထုတ်ခြင်းများကို ဗျောင်ကျကျ ကျူးလွန်ခဲ့ကြသည်။

    “ကျွန်တော် တို့တော့ ဒီမှာ အဖြစ်မခံပါဘူး။ ဒီအတိုင်းပါပဲ မြို့ခံ ဗုဒ္ဓဘာသာတွေကလည်း မဖြစ်လိုကြပါဘူး။ ဒီလိုမျိုး ကာလမှာ အမှားအယွင်းမဖြစ်ရအောင် ကျွန်တော် တို့တော့ မွတ်စလင်တွေ ဘက်က အမှားမဖြစ်အောင် ထိန်းနေပါတယ်” ဟု ၄င်း လှိုင်းဘွဲ့မြို့ခံ ကပြောပါသည်။

    အလားတူ ကရင်ပြည်နယ် မြ၀တီမြို့တွင် ရခိုင် ပဋိပက္ခ ကဲ့သို့ ပဋိပက္ခ မဖြစ်ပွားစေရန် အတွက် မြ၀တီမြို့ နာရေးအသင်း ဦးဆောင်မှုဖြင့် ဘာသာပေါင်းစုံ ကွန်ရက် ဖွဲ့စည်းရန် နိုဝင်ဘာ ၅ရက်နေ့တွင် ဆွေးနွေး ခဲ့သည်။

    လှိုင်းဘွဲ့မြို့တွင် အစ္စလာမ် ဘာသာဝင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ရှိ သည်။

    လှိုင်းဘွဲ့ မြို့မှ ၁၅ အကွာ တွင်ရှိသော ပိုင်ကျုံမြို့နယ်ခွဲ တွင် အလားတူ မွတ်စလင်မုန်းတီးရေး စာရွက် စာတမ်း များ ဝေငှခဲ့ခြင်းကြောင့် ဒေသခံ မွတ်စလင်များ စိုးရိမ် သောက ရောက်နေရကြောင်း သိရသည်။

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးတိုးစမ်း လှုပ်ရှား

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးတိုးစမ်း လှုပ်ရှား

    နိုဝင်ဘာ ၂၀၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျခတ်ထောင်း၊ တံတားဦး ၊ အလယ်ရွာ ၊ ချောင်းဝ ရွာများတွင် မွတ်စလင်ဆန့်ကျင်ရေးစာရွက်များ ကို နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ သွေးတိုးစမ်း စဖြန့်နေကြောင်း သိရသည်။ အဆိုပါကျေးရွာများရှိ  ဗုဒ္ဓဘာသာဝင်များထံ မွတ်စလင် ဆန့်ကျင် ရေး စာများပေး ပို့လှုပ်ရှားနေကြောင်း ၊ ယင်းလှုပ်ရှားမှုကို ကြာအင်းဆိပ်ကြီးမြို့ပေါ် မှ လူလတ်ပိုင်း တစ်ချို့ ဦးဆောင်နေကြောင်း သိရသည်။ မွတ်စလင်များနှင့် စီးပွားရေး လူမှုရေး ဆက်ဆံမှု မပြုလုပ်ရန် ၊အစ္စလာမ်ဘာသာအား စော်ကားတိုက်ခိုက်မှု များကို ယင်းအမုန်းတရားလှုံ့ဆော်စာများ တွင်ဖေါ်ပြထားသည်ဟု ဒေသခံ များက ပြောပါသည်။

    ကြာအင်းဆိပ်ကြီးမြို့တွင် ဒေသခံမွတ်စလင်များသည် အေးချမ်းစွာ  နေထိုင်လျက်ရှိကြပြီး အရောင်းအ၀ယ် လုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ မြို့ပေါ်တွင် မွတ်စလင် အိမ်ခြေ ၂၅၀ ခန့် နှင့် ဗလီ ၀တ်ပြုကျောင်းတစ်ခု ရှိကြောင်းသိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အစ္စလာမ် ဘာသာဝင် နှင့် ဗုဒ္ဓဘာသာဝင်များအေးချမ်းစွာ နေထိုင် စည်းလုံး လျက်ရှိ သည် ကို ဖြိုခွဲရန် ကြံစည်လုပ်ဆောင်မှု ဖြစ်သည်ဟု မြန်မာမွတ်စလင် အရေးလေ့လာ စောင့်ကြည့် နေသူ တစ်ဦးက သုံးသပ်သည်။

    အမှတ်(၈၁) အောက်တိုဘာ(၁၉)ရက်နေ့ ၊၂၀၁၂ နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မျက်နှာဖုံး

    ကရင်ပြည်နယ် ဘားအံမြို့တွင် ဘုန်းကြီးများက ဦးဆောင်၍ မွတ်စလင်များနှင့် စီးပွားရေး ၊လူမှုရေး ဆက်ဆံခြင်းမပြုရန် ၊ ဆက်ဆံပါက ပြစ်ဒဏ်ပေးမည် ဖြစ်ကြောင်းကြေငြာချက်ကို  မြန်မာဂလိုဘယ် ပို့စ် ဂျာနယ်မှ အောက်တိုဘာ ၁၉ရက်နေ့ တွင်ဖေါ်ပြခဲ့သည်။

    အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ရက်နေ့ များတွင် ဒေသခံ မွတ်စလင်များအား ခြိမ်းခြောက်သည့် အနေဖြင့် ကော့က ရိတ်မြို့ ရေနံဆီ ကုန်းဗလီ  ကျုံဒိုးမြို့ဗလီ များ ဗုံးပစ်သွင်းတိုက်ခိုက်မှုခံခဲ့ရသည်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၅-ရက်နေ့က ကရင်ပြည်နယ် နှစ်ခြင်းရွာမှာ နေထိုင်တဲ့ အဘိုးအိုဟာ ဘားအံ့မှာရှိတဲ့ သမီးဖြစ်သူ ထံ အလည်လာတဲ့အချိန် မနက်စောစော ဗလီဝတ်ကျောင်းတော်သို့ ဝတ်ပြုပြိးပြန်အလာမှာ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတန်းကို ဖြတ်လို့ ဆိုပြီး ဘုန်းကြီးသုံးပါးက ဝိုင်းဝန်းရိုက်နက်မှု့ ကြောင့် နံရိုးကျိုးပြီးပြင်းထန်တဲ့ ဒဏ်ရာများကြောင့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။