News @ M-Media

Tag: anti_Muslim_in_Myanmar

  • တိုင်းရင်းသား လူမျိုးစု များကိုပင် မကာကွယ်နိုင်သော ဥပဒေ

    အောက်တိုဘာ ၁၊ ၂၀၁၃
    M-Media
    ရေးသူ -မသိင်္ဂီကျော်

    3

    သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အခြေအနေများမှာ ငြိမ်သက်မှု မရှိဘဲ ပိုမို ဆိုးရွားလာနေခြင်းမှာ သံတွဲမြို့နေ အာဏာပိုင်များ၏ လျစ်လျူရှူနေမှုမှာ ပိုမို ထင်ရှားလာနေပြီ ဖြစ်သည်။

    သံတွဲမြို့တွင် နေထိုင်သော ကမန်တိုင်းရင်းသားများအတွက် များစွာ စိုးရိမ်ရသော်လည်း မည်သည့် အကူအညီမှ ပေးခွင့် မရှိ ဖြစ်နေပါသည်။ နိုင်ငံတော်မှ တိုင်းရင်းသားများအား ကာကွယ်မှု မပေးနိုင်ဘဲ လျစ်လျှူရှူ ထားသည်မှာ များစွာ စိတ်ထိခိုက်ဖွယ် ဖြစ်ပါသည်။

    ကမန် တိုင်းရင်းသားများမှာ နှစ်ကာလ ရှည်ကြာကပင် နေထိုင်လာသော လူမျိုးစု ဖြစ်သော်လည်း အာဏာပိုင်များမှာ မည်သည့် လုံ့ခြုံမှုမှ မပေးနိုင်ခြင်းမှာ တိုင်းရင်းသား လူမျိုးစု များအား နိုင်ငံတော်မှ ရက်စက်လွန်းသည်မှာ ထင်ရှားနေပါသည်။

    သံတွဲမြို့တွင် နေထိုင်သော ကမန်တိုင်းရင်းသားများမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူများ ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ ထိုတိုင်းရင်းသားများကို အန္တရာယ်ပြု အကြမ်းဖက်နေသော လူစုအား နိုင်ငံတော်၏ ဥပဒေဖြစ်ပင် မကာကွယ် ပေးနိုင် ဆိုသည်မှာ တရားဥပဒေသည် နိုင်ငံတော်မှ မပိုင်ပဲ မည်သူများ စိုးမိုးနေသနည်း။

    လူနှစ်ဦး အချင်းများခြင်းမှ စတင်ကာ မည်သည့် အပြစ် တစ်စုံတစ်ရာမှ မရှိသော လူအများ အသက် အိုးအိမ် စည်းစိမ် ဖျက်ဆီးခံရခြင်းမှာ အဓိပ္ပါယ် အလွန်တရာမှ ကင်းမဲ့လှပါသည်။

    ဓါတ်ပုံ အညွန်း- စက်တင်ဘာ ၃၀ ရက်နေ့တွင် သံတွဲမြို့မှ မွတ်စလင်မ် တဥိးနေအိမ် မီးရှို့ခံထားရပုံ

    ** မသိင်္ဂီကျော် M-Media သို့ ပေးပို့လာသော ဆောင်းပါးတိုဖြစ်ပါသည်။

  • Rakhine State: လင်းသီရွာကို အကြမ်းဖက်သမားများ ပစ္စည်းလု၊ မီးရှို့နေ (၃း၄၀-နာရီ)

    Rakhine State: လင်းသီရွာကို အကြမ်းဖက်သမားများ ပစ္စည်းလု၊ မီးရှို့နေ (၃း၄၀-နာရီ)

    အောက်တိုလာ ၁၊ ၂၀၁၃
    M-Media
    ဇာဏီ

    သံတွဲမြို့ လင်းသီရွာကို လွန်ခဲ့သော ၁၀-မိနစ်ခန့်ကပဲ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ရွာအတွင်း အကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

    လင်းသီရွာတွင် အိမ်ခြေ ၂၀၀-ကျော်ရှိပြီး ၀င်ရောက်လာသော အကြမ်းဖက်သမားများမှာ အင်အားများလွန်းတာကြောင့် လင်းသီရွာသားများလည်း ပြန်လည် ခုခံမှု မပြုနိုင်ပဲ ရှိနေပါတယ်။

    အကြမ်းဖက်သမားများသည် ရွာတွင်းသို့ရောက်ရှိပြီး ဒေသခံများကို အိမ်တွင်းမှ ထွက်ခိုင်းကာ ပစ္စည်းများအား စိတ်ကြိုက်ယူဆောင်၍ ကားပေါ်သို့ တင်ယူနေပြီး အိမ်များကိုမူ မီးရှို့မှုများ ပြုလုပ်နေတယ်လို့ လင်းသီရွာမှ ပြောပါတယ်။

    စစ်တပ်ရှိနေသော်လည်း စစ်တပ်မှ ဟန့်တားခြင်းမရှိပဲ ဒီအတိုင်းသာ ရပ်ကြည့်နေတာကြောင့် တစ်ရွာလုံးက မွတ်စလင်မ်တွေ ကစဥ့်ကလျား ထွက်ပြေးနေကြရတယ်လို့ လင်းသီရွာခံနှင့် သံတွဲမြို့ခံတစ်ဦးမှ ဆိုပါတယ်။

    #Rakhine #Thandwe #Anti_Muslims_In_Myanmar

  • သံတွဲမြို့ သဗြုချိုင်တွင် အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ဓါးဒဏ်ရာဖြင့် ဒေသခံ ရွာသားမွတ်စလင်မ် တစ်ဦးသေဆုံး

    သံတွဲမြို့ သဗြုချိုင်တွင် အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ဓါးဒဏ်ရာဖြင့် ဒေသခံ ရွာသားမွတ်စလင်မ် တစ်ဦးသေဆုံး

    အောက်တိုဘာ၊ ၁
    M-Media
    KK

    သဗြုချိုင်မှာ ရခိုင်လူမျိုး အကြမ်းဖက်သူတွေ ဓါးနဲ့ခုတ်လို့ မွတ်စလင်မ် ၁-ယောက်သေဆုံးကြောင်းနှင့် သိရှိရပါသည်။  သဗြုချိုင်ရွာကို ယနေ့ မနက် လင်းအားကြီးတွင် ရခိုင်လူမျိုး အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ရာတွင် ဒေသခံ ရွာသားများ ပြန်လည် ခုခံမှု့ကြောင့် ဆုတ်ခွာသွားပြီး နေလည်တွင် အင်အားအများအပြားဖြင့် ထပ်မံအကြမ်းဖက် မီးရှို့တိုက်ခိုက်မှုများ ထပ်မံပြုလုပ်တာဖြစ်ကြောင်း သတင်းရရှိပါသည်။

    မနက်ပိုင်းတိုက်ခိုက်မှုတွေ ပါဝင်သော အကြမ်းဖက်သမား (၃) ဦးကို ဖမ်းမိ၍ ရဲတပ်ဖွဲ့ကို အပ်နှံ့ခဲ့သော်လည်း အကြမ်းဖက်သမားများ ခြိမ်းခြောက်မှုကြောင့် ရဲစခန်းမှ အဆိုပါ အကြမ်းဖက်သမား (၃) ယောက်ကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

    အကြမ်းဖက် ရခိုင်လူအုပ်စုဘက်မှ  အသေအပျောက်စာရင်း မရှိဟု သိရပြီး  နှစ်ဘက် ဒဏ်ရာရမှုစာရင်းကိုတော့ အတည်မပြုနိုင်သေးကြောင်း သတင်းရရှိပါသည်။

    သံတွဲမြို့ဟာ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကတည်းက ဒေသခံ မွတ်စလင်မ် တို့၏ နေအိမ်များကို အကြမ်းဖက်မီးရှို့မှုများ ဖြစ်ပေါ်မှုကြောင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပေမယ့် ယခုလို လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပါသည်။

  • မီးရှို့မှုတွေ ဆက်တိုက်ဖြစ်နေပြီး ဥပဒေစိုးမိုးမှု အားနည်းနေတဲ့ သံတွဲမြို့

    မီးရှို့မှုတွေ ဆက်တိုက်ဖြစ်နေပြီး ဥပဒေစိုးမိုးမှု အားနည်းနေတဲ့ သံတွဲမြို့

    ၂၀၁၃ ၊ အောက်တိုဘာ၊ ၁ (၉း၄၅-နာရီ)
    M-Media
    ထွန်းတောက်
    ယခုရက်ပိုင်းအတွင်း သံတွဲမြို့တွင် ဆက်တိုက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုကိစ္စများဟာ ယခုထိ တည်ငြိမ်သွားခြင်းမရှိသေးဘဲ ဆက်တိုက်ဆိုသလို ထပ်မံ ဖြစ်ပွားနေပါတယ်။

    အခု ၉း၁၅-နာရီ ခန့်မှာတော့ သံတွဲမြို့ပေါ်မှာ အခြေအနေ တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဆိုးဝါးနေကြောင်းကို သံတွဲမြို့ခံများမှ ဆက်သွယ်ပြောကြားလာပါတယ်။

    သံတွဲမြို့ ဂျာမေ့ဗလီအား အကြမ်းဖက်ဖျက်ဆီးရန် ရောက်လာတဲ့အတွက် ၀ိုင်းပြီးလိုက်ကြလို့ အကြမ်းဖက်သမားများ ပြန်လည် ထွက်ပြေးသွားကြတယ်လို့လည်း ပြောပါတယ်။ သံတွဲမြို့ သြဘာလမ်း၊ စပယ်လမ်းများ တွင်လည်း လူအများ ထိတ်လန့်နေကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်လို့လည်း သြဘာလမ်းနေ သံတွဲမြို့ခံတစ်ဦးက M-Media ကို ပြောပါတယ်။

    ဒီနေ့ မနက်အစော လင်းအားကြီးအချိန်တွင် သဗြုချိုင်ရွာ၌ အကြမ်းဖက်မှုဖြစ်ပွားပြီး ကျေးရွားသားများမှ ပြန်လည် ခုခံ၍ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိသော်လည်း ပြန်လွှတ်ပေး လိုက်တယ်လို့ သံတွဲမြို့ခံများ၏ အပြောအရ သိရပါတယ်။

    ယခုအခါ ထိုအကြမ်းဖက်လုပ်ရပ်များကို ဦးဆောင်နေသူမှာ ယခင်အကြမ်းဖက်မှုများအား ဦးဆောင်လုပ်နေသူ ထွန်းသန့်ကျော် ခေါ် ကျော်ကျော်ဖြစ်ကြောင်း အခိုင်အမာ သိရှိရသော်လည်း သူ့အား ဖမ်းဆီးအရေးယူခြင်းမရှိပဲ လွှတ်ထားတာဟာ အကြမ်းဖက်မှုတွေကို ပိုဖြစ်လာအောင် လုပ်ဖို့ အခွင့်အလမ်းပေးထားတယ် လို့လည်း သံတွဲမြို့ခံများက ဆိုပါတယ်။

    သံတွဲမြို့မှာ လွန်ခဲ့တဲ့ လတွေထဲက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း အကြမ်းဖက်သမားများမှ မွတ်စလင်မ် နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ပြောင်ပြောင်တင်းတင်း အကြမ်းဖက်မီးရှို့မှုများ ဆက်တိုက်ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။

    မနက်ဖြန်တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခန်း သံတွဲမြို့သို့ လာရောက်မည်ဟုလည်း သိရကြောင်း သတင်းရရှိပါတယ်။

  • သဗြုချိုင်ရွာလုံးကျွတ်နှင့် ပေါက်တောတွင် အိမ်ခြေ(၆၀) မီးရှို့ခံရ၊ အကြမ်းဖက်သမားများ ရွှေလှေကို ဦးတည်နေ

    အောက်တိုဘာ၊ ၁
    M-Media
    ထွန်းတောက်

    သဗြုချိုင်ရွာလုံးကျွတ်နှင့် ပေါက်တောတွင် အိမ်ခြေ(၆၀) မီးရှို့ခံရ၊ အကြမ်းဖက်သမားများ ရွှေလှေကို ဦးတည်နေ
    သံတွဲမြို့ အခြေအနေ (Breaking News ၁၂း၃၀-နာရီ)

    1375734_585152254863785_314991881_n

    သံတွဲမြို့ ရွှေလှေတိုက်နယ် သဗြုချိုင်ရွာရှိ အိမ်မြေ (၆၀၀)၀န်းကျင် အားလုံး မီးရှို့ခံရ၍ တစ်ရွာလုံး ပြာကျသွားပြီး လူတွေလည်း ကစဥ့်ကလျား ထွက်ပြေးနေကြပါတယ်။

    သဗြုချိုင်ကျေးရွာကို လာရောက်အကြမ်းဖက်သမား အင်အားသည် ၁၂၀၀-ခန့်ရှိတယ်လို့ သဗြုချိုင်ဒေသခံပြောပါတယ်။ အလားတူ သံတွဲမြို့ ပေါက်တောကျေးရွာရှိ အိမ်ခြေ (၆၀)နီးပါးဟာလည်းအားလုံး မီးရှို့ခံလိုက်ရသည့် ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ သံတွဲမြို့ခံက သတင်းပေးပို့လာပါတယ်။

    ယခုအခါ လူအင်အား ၃၀၀၀-ကျော်ရှိသည့် အကြမ်းဖက်သမား အုပ်စုကြီးသည် ရွှေလှေသို့ သွားရောက်နေပြီဖြစ်ကြောင်း ပေါက်တောမြို့ခံက M-Media ကို ဆက်သွယ် သတင်းပေးပို့ပါလာတယ်။

    သံတွဲမြို့မှာ ယခုကဲ့သို့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပေမယ့် စစ်တပ်နှင့် ရဲများမှ ထိန်းသိမ်းမှုမရှိ၊ လုံခြုံရေးလည်းမပေး၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ အကြမ်းဖက်သမားများ စိတ်ကြိုက် လုပ်ချင်တာလုပ်နေတာကြောင့် အခြေအနေက အရမ်းကို အန္တရာယ်ရှိနေကြောင်း သံတွဲမြို့ခံများကဆိုပါတယ်။

    သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော အခြေအနေမှာ လက်ရှိအကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

    ဓါတ်ပုံအညွှန်း- အောက်တိုဘာ ၁ ရက် မနက်လင်းအားကြီးအချိန်တွင် အကြမ်းဖက်မီးရှို့ခံလိုက်ရသော သဗြုချိုင်ရွာမှ မွတ်စလင်မ် နေအိမ်များဖြစ်ပါသည်။