News @ M-Media
Tag: EPL
  • အသင်းသို့ လူသစ်ထပ်ခေါ်ရန် အာဆင်ဝင်းဂါး ဆန္ဒရှိနေ
    အသင်းသို့ လူသစ်ထပ်ခေါ်ရန် အာဆင်ဝင်းဂါး ဆန္ဒရှိနေ
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    winger
    – ချယ်ဆီးမှ ဂိုးသမားဖြစ်သူ ပီတာချက်အား ခေါ်ယူထားသော်လည်း မိမိအနေဖြင့် နောက်ထပ်ကစားသမားများကို ဆက်လက်ခေါ်ယူသွားရန် ရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ ပေါင် ၁၀ သန်းဖြင့် ပီတာချက်အား ပြီးခဲ့သည့်တစ်ပတ်က အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး ယခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင် ၀င်းဂါး၏ ပထမဆုံးခေါ်ယူမှုလည်း ဖြစ်ခဲ့သည်။
    ပြီးခဲ့သည့်ရာသီတွင် အာဆင်နယ်၏ အဓိကကစားသမားများဖြစ်သော သီယိုဝေါလ်ကော့၊ ဂျက် ၀ီလ်ရှိုင်းယား၊ အိုဇေးလ်၊ ဂျရူးတို့မှာ ဒဏ်ရာပြဿနာနှင့် ရုန်းကန်ခဲ့ရပြီး ၀င်းဂါးကမူ ထိုကစားသမားများကို ကြံ့ခိုင်မှုပြန်ပြည့်ဝအောင် ဆောင်ရွက်ရန် စိတ်အားထက်သန်နေသည်ဟု ၀န်ခံခဲ့သည်။
    “အသင်းရဲ့ နေရာတွေမှာ တောင့်တင်းစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ ပြီးခဲ့တဲ့ရာသီက များများစားစား မကစားခဲ့ရတဲ့ ကစားသမားတွေကို ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်ချင်တာပါပဲ” ဟု ၀င်းဂါးက Arsenal Player သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ယခုနှစ်တွင် ထိုကစားသမားများ၏ ပူးပေါင်းပါဝင်မှုနှင့် ယှဉ်ပြိုင်လိုစိတ်များမှ အကျိုးကျေးဇူးများ ခံစားရနိုင်သည်ဟု မျှော်လင့်ပြီး မိမိ၏ ပထမအသင်းကိုလည်း အဆင့်မြှင့်ချင်သည်ဟု ဆိုသည်။
    “အဲဒီနောက်မှာတော့ တကယ်လို့ အရည်အသွေးရှိတဲ့ကစားသမားတွေ ထပ်ပေါင်းထည့်နိုင်မယ်ဆိုရင် ကျွန်တော်တို့ လုပ်သွားမှာပါ”
    အာဆင်နယ်မှာ ရာသီအချို့ ခြေစမ်းပွဲများကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်ကစားမည်ဖြစ်သည်။
    Ref: Goal
  • မန်ယူသို့ ပြောင်းရွှေ့ရန် ရှဝိုင်းစတိုင်ဂါ သဘောတူ
    မန်ယူသို့ ပြောင်းရွှေ့ရန် ရှဝိုင်းစတိုင်ဂါ သဘောတူ
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    sws
    – ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမန်အလယ်တန်းလူ ရှဝိုင်းစတိုင်ဂါမှာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီလိုက်သည်ဟု သိရသည်။
    မန်ယူက ဘိုင်ယန်အား ကြာသာပတေးနေ့တွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်တွင် ဗန်ဂါးလ်နှင့် လက်တွဲခဲ့ရခြင်းက ရှဝိုင်းစတိုင်းဂါ မန်ယူသို့ ပြောင်းရွှေ့ရန် လက်ခံရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။
    ယခုလက်ရှိတွင် ဘိုင်ယန်နှင့် မန်ယူတို့၏မှာ ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရန် ကျန်ရှိနေသေးပြီး ဘိုင်ယန်က ပေါင် ၁၅ သန်းခန့် လိုချင်နေကာ အသက် ၃၀ အရွယ်ရှိပြီး ဘိုင်ယန်နှင့် ၁၂ လတာ စာချုပ်သက်တမ်း ကျန်ရှိနေသည့် ရှဝိုင်းစတိုင်ဂါအတွက် ထိုဈေးမှာ များလွန်းနေသည်ဟု မန်ယူက ယူဆနေသည်။ သို့သော်လည်း ဘိုင်ယန်က ဈေးအား ညှိနှိုင်းဖွယ် ရှိနေသည်။
    မန်ယူမှာ ယမန်နေ့အစောပိုင်းက ပေါင် ၂၅ သန်းဖြင့် ခေါ်ယူထားသည့် ဒက်ခ်ျ တိုက်စစ်မှူး မမ်ဖစ် ဒီပေးကို ပထမဆုံး မိတ်ဆက်ခဲ့သည်။
    “ကျွန်တော် ဒီမှာ ဂိုးတွေသွင်းနိုင်မယ်လို့ ထင်ပါတယ်။ တကယ်ပါ။ ကျွန်တော် ဒီအတွက် အလုပ်လုပ်မှာဖြစ်ပြီး ဒီလိုလုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီကိုလာပြီး အလုပ်လုပ်ဖို့၊ ဂိုးတွေသွင်းဖို့နဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်လှုပ်ရှားပါတယ်။ ကျွန်တော်ဟာ
    တိုက်စစ်မှူးတစ်ယောက် ဖြစ်တာကြောင့် ဂိုးတွေ သွင်းရပါမယ်” ဟု ဒီပေးက ပြောကြားခဲ့သည်။ ၎င်းမှာ မန်ယူ၏ အမေရိက ခရီးစဉ်သို့ သွားရောက်ပူးပေါင်းမည်ဖြစ်သည်။
    Ref: Dailymail
  • တိုက်စစ်မှူးဗန်ပါစီ ဖီနာဘာချီသို့ရောက်ရန် နီးစပ်နေ
    တိုက်စစ်မှူးဗန်ပါစီ ဖီနာဘာချီသို့ရောက်ရန် နီးစပ်နေ
    ဇူလိုင် ၁၀၊ ၂၀၅
    M-Media
    as
    – တူရကီကလပ် ဖီနာဘာချီမှာ တိုက်စစ်မှူး ဗန်ပါစီအား ခေါ်ယူရန် မန်ယူအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ယခုသီတင်းပတ်အဆုံးတွင် အပြောင်းအရွှေ့ ဖြစ်လာနိုင်သည်ဟု သိရသည်။
    ဖီနာဘာချီနှင့် ဗန်ပါစီတို့မှာ တစ်ပတ်လုပ်ခ ပေါင် ၂၄၀၀၀၀ ဖြင့် ၃ နှစ်စာ ချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၄.၇ သန်းဖြင့် ခေါ်ယူနိုင်ရန် မန်ယူနှင့် ဖီနာဘာချီတို့ ယမန်နေ့က ဆေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။
    အသက် ၃၁ နှစ်အရွယ်ရှိ ဗန်ပါစီမှာ တနင်္ဂနွေနေ့တွင် တူရကီသို့ သွားရောက်ရန်ရှိနေပြီး နောက်ထပ် ၂၄ နာရီအကြာတွင် လက်မှတ်ထိုးပွဲ ပြုလုပ်ရန် ရှိနေသည်။
    မန်ယူတွင်ဆက်နေရေးအတွက် လွတ်လပ်စွာ ဆုံးဖြတ်နိုင်သော်လည်း နည်းပြဗန်းဂါးလ်နှင့် ဆက်ဆံရေးမှာ တင်းမာနေပြီး ရာသီအကြို လေ့ကျင့်မှုသို့ ရောက်ရှိလာခဲ့ပြီးနောက် ဗန်ပါစီမှာပထမနေရာအတွက် အားမခံချက်မရှိဟု အသိပေးခြင်း ခံခဲ့ရကြောင်း သတင်းများက
    ဖော်ပြကြသည်။
    ဖီနာဘာချီမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မန်ယူတောင်ပံကစားသမားဟောင်း နာနီအား ခေါ်ယူထားနိုင်ခဲ့သည်။
    မန်ယူအသင်းကလည်း ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါအား ခေါ်ယူရန်အတွက် ကမ်းလှမ်းထားပြီး အပျော်ခရီးထွက်နေသည့် ရှဝိုင်းစတိုင်ဂါ ပြန်ရောက်ပါက ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဘိုင်ယန်မြူးနစ် စီအီးအို ကာလ်း-ဟိန့်ဇ် ရမ်မီနစ်ဂီက ယမန်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
    Ref: Dialymail
  • ပထမအကြိမ်ချယ်ဆီးက ယခုချယ်ဆီးထက် ပိုကောင်းသည်ဟု ဒရော့ဘာဆို
    ပထမအကြိမ်ချယ်ဆီးက ယခုချယ်ဆီးထက် ပိုကောင်းသည်ဟု ဒရော့ဘာဆို
    ဇူလိုင် ၇၊ ၂၀၁၅
    M-Media
    drg
    – မော်ရင်ဟို၏ လက်ရှိအသင်းထက် မိမိပထမဆုံး ပါဝင်ကစားခဲ့ကာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည့် လူစာရင်းက ပိုမိုရင့်ကျက်ပြီး အတွေ့အကြုံပိုရှိသည်ဟု ချယ်ဆီး ဂန္တ၀င်ကစားသမားဟောင်း ဒရော့ဘာက ပြောကြားလိုက်သည်။
    ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ကစားခဲ့သည့် အချိန်များတွင် ဒရော့ဘာမှာ အသင်းအတွက် ၃၄၁ ပွဲကစား ၁၅၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပင်နယ်တီ ကန်သွင်းမှုတွင် အဆုံးအဖြစ် ပင်နယ်တီကို သွင်းယူခြင်းဖြင့် ချယ်ဆီး၏ သမိုင်းတွင် ထင်ရှားသည့်ကစားသမား ဖြစ်လာခဲ့သည်။
    ထိုကာလအတွင်း ဒရော့ဘာမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နှင့် FA ဖလား ၄ ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
    ထို့နောက် ချယ်ဆီးမှ ထွက်ခွာသွားခဲ့ပြီးနောက် ပြီးခဲ့သည့်ရာသီက အသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တစ်ရာသီကစားကာ အသင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။
    ၎င်း ပထမအကြိမ်ကစားခဲ့သည့် လူစာရင်းနှင့် လက်ရှိလူစာရင်းအနေအထားကို နှိုင်းယှဉ်ရာတွင် ဒရော့ဘာက “ပထမအကြိမ်က ပိုကောင်းတယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကစားသမားတစ်ယောက်အဖြစ်ထက် ပိုပြီး ပါဝင်ခဲ့ရလို့ပါ။ ဒါပေမယ့် နောက်ထပ် ခြားနားမှုတစ်ခုလည်း ရှိပါသေးတယ်။ ဒါက အဲဒီတုန်းက ကျွန်တော် အသင်းကိုရောက်တဲ့အချိန်မှာ
    အသင်းဟာ အနည်းငယ်ပိုပြီး ရင့်ကျက်ပါတယ်” ဟု ပြောကြားခဲ့သည်။
    ထို့ပြင် လမ်းပတ်၊ မက်ကီလီလီ၊ ဂါးလက်စ်တို့မှာ ထိုစဉ်က ၂၄၊ ၂၅ ပတ်ဝန်းကျင်ခန့်ရှိပြီး၊ ယခုအချိန်တွင် ထိုထက်ပိုငယ်သော လူစာရင်းရှိသော်လည်း ကွာဟချက်ရှိနေသည်ဟု မြင်ရ၊ ခံစားရကြောင်း၊ အတူတကွ တိုးတက်အောင် လုပ်နိုင်ပြီး ထိုမှသာ ကစာသမားများအတွက် ကောင်းမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ၎င်း၏ အဓိကပြိုင်ဘက်များမှာ မန်ယူမှ ရီယိုဖာဒီနန်နှင့် ဗီဒစ်တို့ဖြစ်ကာ မိမိအနေဖြင့် ပရီးမီးယားလိဂ်နှင့် အံဝင်ရန် ကြိုးစားခဲ့ရသည်ဟု ဆိုသည်။
    Ref: Goal
  • ၀က်စ်ဟမ်းနည်းပြသစ် ပထမဆုံးပွဲတွင် ဝေဖန်ခံရ
    ဇွန် ၃၊ ၂၀၁၅
    M-Media
    wh
    – ကွင်းဘေးရှိ နည်းပြထိုင်ခုံတွင် မထိုင်ဘဲ ပွဲကြည့်စဉ်မှ သွားရောက်ကြည့်ရှုခဲ့သည့် ၀က်စ်ဟမ်းအသင်းနည်းပြမှာ မိမိတို့အသင်းအား လေးစားမှုမရှိဘဲ စိတ်ကြီးဝင်သူဖြစ်သည်ဟု အန်ဒိုရာကလပ် Lusitans အသင်းနည်းပြ ဇာဗီ ရူရာက ပြောကြားခဲ့သည်။
    ယူရိုပါလိဂ် ပထမအဆင့် ခြေစစ်ပွဲ ပထမအကျော့အဖြစ် ယနေ့နံနက်က ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်း၌ ကစားခဲ့သော အဆိုပါပွဲတွင် အိမ်ရှင်တို့က သက်တောင့်သက်သာ ကစားခဲ့ကာ ဆာခို၏ သွင်းဂိုး ၂ ဂိုး၊ ဂျိမ်းစ်တွမ်ကင်၏ သွင်းဂိုး ၁ ဂိုးဖြင့် ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
    ထိုပွဲမှာ နည်းပြ ဆာလ်ဗန် ဘီလစ်အနေဖြင့် ၀က်စ်ဟမ်းအသင်းနည်းပြအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ယှဉ်ပြိုင်ကစားသည့်ပွဲဖြစ်ပြီး ၎င်းကိုယ်တိုင် ကြီးကြပ်ခြင်း မပြုခဲ့ဘဲ အကယ်ဒမီမှ နည်းပြဖြစ်သူ တယ်ရီဝက်စ်လေအား တာဝန်ပေးကာ ၎င်းက ပွဲကြည့်စဉ်မှ ထိုင်ကြည့်ခဲ့သည်။
    ထို့ကြောင့် အန်ဒိုရာအသင်းငယ် Lusitans ၏ နည်းပြဖြစ်သူ ရူရာက ဒေါသထွက်ခဲ့ပြီး ဘီလစ်အား ဝေဖန်ခဲ့သည်။
    “အရန်ခုံမှာ မရှိတာဟာ ဆလာဗန် ဘီလစ် လေးစားမှုမရှိဘူးဆိုတာ ပြတာပါပဲ။ ကျွန်တော် စိတ်မကောင်းတော့ မဖြစ်ပါဘူး။ fair play ကို တီထွင်တဲ့နိုင်ငံမှာ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ သူက ကျွန်တော်တို့လိုအသင်းဟာ သူရှိဖို့ မလိုဘူးလို့ တွေးခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဆုဖလားတွေများကြီးများ ရခဲ့သလားဆိုပြီး ကျွန်တော် စဉ်းစားမိပါတယ်။ ပြီးတော့ သူက သူ့ကိုယ်သူ ‘စပါယ်ရှယ်ဝမ်း’ လို့ ထင်ကောင်းထင်နေမှာပါ” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရူရာက ပြောကြားခဲ့သည်။
    ထို့ပြင် ၀က်စ်ဟမ်းကဲ့သို့ အသင်းမျိုးမှာ နောက်ထပ် ထိုကဲ့သို့ လုပ်မည်မဟုတ်ဟု အနည်းဆုံး မိမိ မျှော်လင့်မိကြောင်း၊ ဒုတိယအကျော့ အန်ဒိုရာတွင် ကစားမည့်ပွဲတွင် ဘီလစ်မှာ နည်းပြခုံတွင် ရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    “နည်းပြတိုင်းက နည်းပြခုံမှာ မထိုင်ပါဘူး။ သူက (အိုင်ယာလန်) လေ့ကျင့်ရေးကမ့်ကနေ ခုမှ ပြန်ရောက်တာပါ။ ကျွန်တော်ကတော့ သူဟာ ပွဲကို လေးစားသမှုရှိတယ်၊ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်နေတယ်လို့ ထင်ပါတယ်။ ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ သူဟာ အ၀တ်လဲခန်းထဲမှာ ရှိနေခဲ့ပါတယ်”
    Ref: Dailymail