News @ M-Media
Tag: Greece
  • ဂရိအား ကယ်တင်ရေးအစီအစဉ် ဥရောပသဘောတူ
    ဂရိအား ကယ်တင်ရေးအစီအစဉ် ဥရောပသဘောတူ
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    greece
    – ဂရိ၏ အကြွေးပြဿနာအတွက် ကူညီရေးအစီအစဉ်ကို ဥရောပခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း သဘောတူညီခဲ့ကြသည်ဟု ဥရောပသမဂ္ဂ ဥက္ကဖြစ်သူ ဒေါ်နဲလ် တက်စ်က ယနေ့တွင် ကြေညာလိုက်သည်။
    ဂရိနိုင်ငံအနေဖြင့် တင်းကြပ်သော ပြပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ခြင်း၊ ဘဏ္ဍာရေး အထောက်အပံ့ ရယူခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ဥရောပတွင် ဆက်လက်တည်ရှိနေရန် ထိုသဘောတူညီချက်က လမ်းခင်းပေးခြင်း ဖြစ်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ သဘောတူညီချက်ကို ပထမဦးဆုံး ဂရိပါလီမန်က အတည်ပြုပြီးနောက်ပိုင်းတွင် ဥရောပနိုင်ငံများက အတည်ပြုပြီးပါက ဂရိအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် အလွန်အမင်း လိုအပ်နေသော ငွေကြေးများကို ရရှိမည်ဟု ဥရောပအုပ်စု ဥက္ကဌ ဂျီရိုအန် ဒစ်ဂ်ျဆဲလ် ဘလိုအမ်က ပြောကြားခဲ့သည်။
    သဘောတူညီချက်၏ အသေးစိတ်ကို ချက်ခြင်း မထုတ်ပြန်သေးသော်လည်း ဒစ်ဂ်ျဆဲလ် ဘလိုအမ်ကမူ အဆိုပါ သဘောတူညီချက်တွင် ဘဏ်များအတွက် လိုအပ်သော ငွေအလုံးအရင်း ထုတ်ပေးမှုလည်း ပါဝင်မည်ဟု ဆိုသည်။
    ထို့ပြင် ဂရိနိုင်ငံ၏ အကြွေးကို လျှော့ချရန်နှင့် ဘဏ်များတွင် ငွေလုံးငွေရင်းပြန်ဖြစ်ရေး ကုန်ကျစားရိတ်အတွက် ကာမိစေရန် ရည်ရွယ်သော ရန်ပုံငွေတစ်ရပ်ကိုလည်း မတည်ပေးသွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ထိုသို့ကြေညာပြီး မကြာခင်မှာပင် ဂရိဝန်ကြီးချုပ် တီစီပရက်စ်က အဆိုပါ သဘောတူညီချက်မှာ ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်ပြီး၊ မိမိတို့အစိုးရအဖွဲ့မှာ ဘဏ္ဍာရေး မရှုနိုင်မကယ်နိုင်ဖြစ်မှုကို ရှောင်ရှားရန် စီမံနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ၀န်ကြီးချုပ်၏ ချွေတာရေးအစီအစဉ်ကို ဂရိပါလီမန် အတည်ပြု
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    gred
    – ဘဏ္ဍာရေးပြိုလဲမှုကို ကယ်တင်ရန်အတွက် အကြွေးရှင်များအား တင်ပြရမည့် ချွေတာရေး အဆိုပြုချက်တစ်ခုကို ဂရိပါလီမန်က ယမန်နေ့နှောင်းပိုင်းတွင် အတည်ပြုလိုက်ပြီဟု သိရသည်။
    အစိုးရမှ တင်သွင်းသော အဆိုပါ အဆိုပြုချက်ကို ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ ထို့ကြောင့် မနက်ဖြန်တွင် ဥရောပခေါင်းဆောင်များနှင့် ပြုလုပ်မည့် ဂရိအကြွေးပြဿနာအား ကယ်တင်ရေး ဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်က ထိုအဆိုပြုချက်ကို တင်သွင်းသွားနိုင်မည် ဖြစ်သည်။
    ထို ချွေတာရေးအဆိုပြုချက်များတွင် အခွန်တိုးမြှင့်ကောက်ခံမှု၊ ပင်စင်နှုန်းထားများလျှော့ချမှုတို့ ပါဝင်ပြီး တီစီပရက်စ်ကမူ ထိုအစီအစဉ်များမှာ ပါတီရွေးကောက်ပွဲမ၀င်ခင်က ပေးထားသော ကတိများနှင့် တစ်ခြားစီဖြစ်နေသည်ဟု ၀န်ခံခဲ့သည်။
    သို့သော်လည်း နိုင်ငံ၏ အကြွေးပြဿနာကို ဖြေရှင်းရန် ဆောင်ရွက်ချက်များ ပါဝင်မည့် အလွန်လိုအပ်နေသော အကူအညီကို ရရှိရေးအတွက် အဆိုပါ ချွေတာရေးအဆိုပြုချက်မှာ ဂရိနိုင်ငံ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဂရိနှင့် ဥရောပနိုင်ငံတို့မှာ မနက်ဖြန်တွင် ဆွေးနွေးကြမည်ဖြစ်ပြီး ဥရောပနိုင်ငံများက ဂရိ၏ ချွေတာရေးအဆိုပြုချက်ကို လက်ခံပါက အကြွေးပြဿနာ ဖြေရှင်းရေးအတွက် လိုအပ်သော ချေးငွေကို ၃ နှစ် စာချုပ်ဖြင့် ထုတ်ပေးမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ ချွေတာရေးအစီအစဉ်မှာလည်း ဂရိနိုင်ငံအတွင်း ဥပဒေ ဖြစ်လာမည်ဖြစ်သည်။
    ဥရောပကော်မရှင်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF၊ ဥရောပ ဗဟိုဘဏ်နှင့် ဥရောပဇုန်မှ အကြီးအကဲများမှာ ဂရိ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အတွက် ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။
    Ref: Aljazeera
  • ဂရိအကြွေးပြဿနာ ဆွေးနွေးမှု ချက်ခြင်း ပြန်စနိုင်မည်မဟုတ်
    ဂရိအကြွေးပြဿနာ ဆွေးနွေးမှု ချက်ခြင်း ပြန်စနိုင်မည်မဟုတ်
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    markel
    – အကြွေရှင်များ၏ အကူအညီပေးရေးအစီအစဉ်ကို ဂရိပြည်သူများက ကန့်ကွက်ခဲ့ကြပြီးနောက် ဂရိအကြွေပြဿနာဖြေရှင်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှု ချက်ခြင်းပြန်စရန် အကြောင်းမရှိဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားလိုက်သည်။
    နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သို့ ပေးအပ်ရန်ရှိသည့် အကြွေးကို နောက်ဆုံးရက်ဖြစ်သည့် ဇွန်လ ၃၀ ရက်နေ့တွင် ပေးချေနိုင်ခြင်းမရှိသည့် ဂရိနိုင်ငံမှ ရင်ဆိုင်နေရသော အကြွေးပြဿနာ လွတ်မြောက်ရေး ငွေကြေးအကူအညီများ ထပ်ပေးမည်ဟု နိုင်ငံတကာ အကြွေးရှင်နိုင်ငံများက ကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အားဖြင့် ၎င်းတို့ တင်ပြသည့် ချွေတာရေးအစီအစဉ်ကို ဂရိက
    လက်ခံရမည်ဖြစ်သည်။
    သို့သော်လည်း ထိုအစီအစဉ်အတွက် ဂရိအစိုးရက ပြည်သူ့ဆန္ဒခံယူရန် ဆုံးဖြတ်ခဲ့ပြီး ယမန်နေ့က ပြုလုပ်ခဲ့ကာ ပြည်သူများက ကန့်ကွက်ခဲ့ကြသည်။ ဂရိဝန်ကြီးချုပ် တီဆီပရက်စ်ကမူ ကြွေးရှင်နိုင်ငံများနှင့် ပြန်လည်၍ ဆွေးနွေးမှုများ ပြုလုပ်ချင်ကာ အကူအညီပေးရေး အစီအစဉ်အသစ် ဖြစ်စေချင်နေသည်။
    အဆိုပါချွေတာရေးအစီအစဉ်ကို လက်ခံရန် ဥရောပဇုန်၏ ဂရိအားတွန်းအားပေးမှုတွင် ဂျာမနီက ဦးဆောင်ခဲ့ပြီး ဂရိ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၀န်ကြီးချုပ်မာကဲလ်မှာ ယနေ့ညနေတွင် ပြင်သစ်ဝန်ကြီးချုပ် ဖရန်ကိုအစ် ဟော်လန်ဒေးနှင့် တွေ့ဆုံကာ ဗဟာဗျူဟာနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။
    ဂျာမနီဝန်ကြီးချုပ် မာကဲလ်၏ ပြောရေးဆိုခွင့်ရျိသူ စတီဖင် ဆိုင်းဘာ့တ်ကမူ ဂျာမနီအစိုးရမှာ ပြည်သူ့ဆန္ဒရလဒ်ကို လေးစားပြီး ဆွေးနွေးညှိနှိုင်းမှုအတွက် တံခါးဖွင့်ထားသည်ဟု ဆိုသည်။
    “ဒါပေမယ့် ဂရိပြည်သူတွေရဲ့ မနေ့က ဆုံးဖြတ်ချက်ပြီးတဲ့နောက်မှာ အကူအညီပေးရေး အစီအစဉ်အသစ်နဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ဖို့ အခြေအနေတွေက မပေးသေးပါဘူး” ဟု ဆိုင်းဘာ့တ်က ပြောကြားခဲ့သည်။
    ထို့ပြင် ဂရိဝန်ကြီးချုပ်က အင်္ဂါနေ့ ဘရပ်ဆဲလ်တွင်ပြုလုပ်မည့် အစည်းအဝေးတွင် ယူဆောင်လာဖွယ်ရှိသည့် အဆိုပြုချက်အသစ်များကို ဂျာမနီက စောင့်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ပြင်သစ်ဝန်ကြီးချုပ် မီခေးလ် စပိန်ကလည်း အခြေခံအတွက် ဆွေးနွေးရန်ရှိနေပြီး ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန်အတွက် ဂရိအစိုးရအနေဖြင့် ဆိုပြုချက်များတင်သွင်းရန် တိုက်တွန်းထားသည်။
    Ref: Wall Street
  • ဂရိချွေတာရေးအစီအစဉ်အတွက် ထောက်ခံသူများနှင့် ကန့်ကွက်သူများ အပြိုင်အဆိုင်ဖြစ်နေ
    ဂရိချွေတာရေးအစီအစဉ်အတွက် ထောက်ခံသူများနှင့် ကန့်ကွက်သူများ အပြိုင်အဆိုင်ဖြစ်နေ
    ဇူလိုင် ၄၊ ၂၀၁၅
    M-Media
    gr
    – နိုင်ငံတကာ အကြွေးရှင်များက အဆိုပြုသော ချွေတာရေးအစီအစဉ်အား ပြည်သူ့ဆန္ဒခံယူပွဲတွင် ထောက်ခံမဲနှင့် ကန့်ကွက်မဲပေးကြရန် မဲဆွယ်ချီတက်မှုများကို ဂရိပြည်သူများက အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    ဂရိနိုင်ငံက ရင်ဆိုင်နေရသည့် အကြွေးပြဿနာအား ဖြေရှင်းပေးရန်အတွက် အကြွေးရှင်များက ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ကမ်းလှမ်းထားပြီး အပြန်အလှန်အားဖြင့် ဂရိနိုင်ငံကလည်း အကြွေးရှင်များ အဆိုပြုသည့် ချွေတာရေးအစီအစဉ်များကို လက်ခံရမည်ဖြစ်သည်။
    သို့သော်လည်း ၀န်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်ကမူ ထိုအဆိုပြုချက်အား ပြည်သူဆန္ဒခံယူမည်ဟု ပြန်လည်တုံ့ပြန်ခဲ့ပြီး မနက်ဖြတ်တွင်ပြုလုပ်မည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် ၎င်းကိုယ်တိုင်က အကြံပြုထားသည်။
    ထိုသို့ ကန့်ကွက်ခြင်းအားဖြင့် ဂရိနိုင်ငံမှ တင်ရှိနေသော အကြွေး ကန်ဒေါ်လာ ၃၅၅ ဘီလီယံအတွက် ပိုမိုစီမံခန့်ခွဲနိုင်မည့် အချက်အလက်များပါဝင်သော သဘောတူညီချက်အသစ်တစ်ခုကို ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့နှင့် ရရှိရေးအတွက် ပိုမိုခိုင်မာသည့် ဆွေးနွေးညှိနှိုင်းမှု အခြေအနေသို့ မိမိအား ရောက်ရှိစေမည်ဟုလည်း ၀န်ကြီးချုပ် ပြောကြားခဲ့သည်။
    သို့သော်လည်း အတိုက်အခံအဖွဲ့များနှင့် ဥရောပတာဝန်ရှိသူများကမူ အဆိုပါအဆိုပြုချက်ကို လက်မခံပါက ဂရိနိုင်ငံမှာ ဥရောပဇုန်မှ ထွက်ခွာရမည်ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်အတွက် ပိုမိုဆိုးရွားသွားမည်ဟု ပြောဆိုထားသည်။
    ကန့်ကွက်မဲပေးရန် ချီတက်ဆန္ဒပြမှုတွင်း ၀န်ကြီးချုပ် တီစီပရက်စ်က ပြောကြားရာတွင် ဂရိအား ဒီမိုကရေစီရိုးရာမှ ဝေးကွာစေချင်သူများ၏ လက်အတွင်း မိမိတို့နိုင်ငံမှာ ဥရောပကို စွန့်ခွာသွားမည်မဟုတ်ကြောင်း၊ မိမိတို့ဘက်တွင် တရားမျှမှုရှိနေပြီး မိမိတို့ အနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ကြောက်ဒူးတုန်သူများ၏ ဆော်သြမှုများကို လစ်လျူရှုရန်နှင့် ဆန္ဒခံယူပွဲတွင်
    မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ စုစုစည်းစည်းရှိကြရန် ဂရိပြည်သူများအား တိုက်တွန်းခဲ့သည်။
    အတိုက်အခံပါတီ နယူးဒီမိုကရေစီမှ ခေါင်းဆောင်ဖြစ်သူ အန်တိုနစ် ဆာမာရက်စ်ကမူ ၀န်ကြီးချုပ်၏ မှတ်ချက်များကို တုံ့ပြန်ခဲ့ပြီး တီစီပရက်စ်မှာ လိမ်လည်မှုကို ဇွတ်တိုးနေကြောင်း၊ ၎င်း၏ ဆီရီဇာပါတီမှာ အမြဲတမ်း နိုင်ငံအား ဥရောပမှ ထွက်စေချင်ကြောင်း ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ချီလီအား သက်ညှာမည်မဟုတ်ဟု အာဂျင်တီးနားနည်းပြ ပြော
    ချီလီအား သက်ညှာမည်မဟုတ်ဟု အာဂျင်တီးနားနည်းပြ ပြော
    ဇူလိုင် ၄၊ ၂၀၁၅
    M-Media
    argen
    – ယနေ့ညတွင်ကစားမည့် ကိုပါအမေရိက ဗိုလ်လုပွဲတွင် မိမိတို့မှာ အိမ်ရှင်ချီလီအား သက်ညှာသွားမည်မဟုတ်ဘဲ ၎င်းတို့ကို ရင်ဆိုင်ရန် ကမ္ဘာ့ဖလားအတွေ့အကြုံမှ ပြန်ကြည့်သွားမည်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ပြောကြားလိုက်သည်။
    ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဂျာမနီအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ဒုတိယမြောက် အဓိကဖလားအတွက် အာဂျင်တီးနားအသင်းမှာ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
    ချီလီအသင်း၏ နည်းပြဟောင်းဖြစ်ခဲ့သူ မာတီနိုကလည်း မိမိတို့၏ ကမ္ဘာ့ဖလားအတွေ့အကြုံက ကိုပါအမေရိကဖလား အဆုံးအဖြတ်အဖြစ် ချီလီအသင်းနှင့် တွေ့ဆုံမည်ပွဲအား ပိုမိုကောင်းမွန်စွာ ချဉ်းကပ်ရာတွင် အကူအညီဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။
    “အခုဒီမှာ ကျွန်တော်တို့ဟာ အံ့သြစရာကောင်းလောက်အောင် ကစားခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ။ ကျွန်တော်တို့ဟာ ဘောလုံးနဲ့ ကစားရမှာဖြစ်ပြီး ပွဲကိုနိုင်ဖို့ ကြိုးစားရမှာပါ။ စိတ်လှုပ်ရှားစရာ အကြောင်းအရင်း ရှိပေမယ့် ကစားသမားတွေက ဒါတွေအားလုံးကို သိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားခဲ့လို့ပါပဲ။ သူတို့ ဘာကို
    ရင်ဆိုင်ရမလဲဆိုတာ အတိအကျ သိပါတယ်” ဟု မာတီနိုက ယမန်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
    အာဂျင်တီးနားအသင်းမှာ ယခုပွဲပြိုင်တွင် ခံစစ်အသားပေး အသင်းများနှင့်သာ တွေ့ဆုံခဲ့ရပြီး ပါရာဂွေးအသင်းအား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုသာ တစ်ဂိုးအထက် သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း မာတီနိုက ချီလီမှာ ဖွင့်ကစားမည်ဟု ယုံကြည်နေကာ မိမိတို့အတွက် ကောင်းဆုံးမှာ ပုံမှန် ကစားနေကြအတိုင်း အသေအချာ ကစားသွားရေးပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ယနေ့မနက်က ကစားခဲ့သော ကိုပါအမေရိက တတိယနေရာလုပွဲတွင် ပီရူးအသင်းက ပါရာဂွေးအသင်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရကာ တတိယနေရာကို ရရှိခဲ့သည်။
    Ref: Goal