News @ M-Media

Tag: iraq

  • အီရတ်ရှိ ယာဇီဒီလက်နက်ကိုင်များ အခြားမျိုးနွယ်မှ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ဟု HRW ပြော

    အီရတ်ရှိ ယာဇီဒီလက်နက်ကိုင်များ အခြားမျိုးနွယ်မှ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ဟု HRW ပြော

    ဒီဇင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံရှိ ယာဇီဒီလူနည်းစုမှ တိုက်ခိုက်ရေးသမားများမှာ အရပ်သားများကို ပြန်ပေးဆွဲ သတ်ဖြတ်မှု လုပ်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က စွပ်စွဲပြောကြားလိုက်သည်။

    ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ HRW က ယာဇီဒီတပ်ဖွဲ့မှာ ဇွန်လအတွင်း အင်မ်တေ၀စ်မျိုးနွယ်မှ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ၅၂ ဦးကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

    ၂၀၁၄ ခုနှစ်က ယာဇီဒီအမျိုးသားများနှင့် အမျိုးသမီးများကို IS အကြမ်းဖက်အဖွဲ့က သတ်ဖြတ်မှုတွင် အင်မ်တေ၀စ်မျိုးနွယ်မှာ လူတစ်ချို့ ပါဝင်သည်ဟု ရာဇီဒီအရာရှိများက စွပ်စွဲပြောကြားခဲ့သည်ဟု HRW က ဆိုသည်။

    “အီရတ်မှာ IS ကို တိုက်ခိုက်နေရမှု အရှိန်လျော့လာတဲ့အချိန်မှာ ပြန်လည်လက်စားချေတာမျိုးတွေကို အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အာရုံစိုက်သင့်ပြီး တရားဥပဒေစိုးမိုးအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အရင်က ယာဇီဒီတွေ ခံစားခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အကြောင်းပြပြီး သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့က အခြားအုပ်စုတွေအပေါ် ကျူးလွန်တာမျိုးကို လွှတ်ပေးထားလို့ မရပါဘူး” ဟု HRW ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒါရိုက်တာက ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    သေဆုံးသွားသူများ၏ မိသားစုများက IS နှင့် ရှီအာအများစုပါဝင်သည့် လက်နက်ကိုင်အဖွဲ့ PMF အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် အချိန်တွင် ယာဇီဒီများ၏ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    PMF ၏ ထောက်လှမ်းရေးဌာနမှ အဖွဲ့ဝင်တစ်ဦးက သေဆုံးသွားသူများ၏ အလောင်းများ ရှိနေသော မြေပုံများကို ယာဇီဒီဒေသခံများ၏ ပြောကြားမှုအရ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    Ref : Aljazeera

  • IS အကြမ်းဖက်အဖွဲ့နှင့် စစ်ပွဲပြီးဆုံးပြီဟု အီရတ် ကြေငြာ

    IS အကြမ်းဖက်အဖွဲ့နှင့် စစ်ပွဲပြီးဆုံးပြီဟု အီရတ် ကြေငြာ

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    – တိုင်းပြည်တွင်းမှ IS အကြမ်းဖက်သမားများကို မောင်းထုတ်ရေး ၃ နှစ်ကြာစစ်ပွဲ အဆုံးသတ်သွားပြီဟု အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက ယနေ့တွင် ကြေငြာခဲ့သည်။

    “အီရတ်-ဆီးရီးယားနယ်စပ်ကို ကျွန်တော်တို့တပ်ဖွဲ့တွေက လုံးဝ ထိန်းချုပ်ထားလိုက်တာကြောင့် IS အပေါ် စစ်ဆင်နွှဲမှု အဆုံးသတ်သွားပြီလို့ ကျွန်တော် ကြေငြာလိုပါတယ်။ ရန်သူတွေက ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို သင်းသတ်ဖို့ လုပ်လာပေမယ့် ကျွန်တော်တို့ရဲ့ စည်းလုံးမှု၊ ဆုံးဖြတ်ချက်ပြတ်သားမှုတွေနဲ့ သူတို့ကို
    အနိုင်ယူနိုင်ခဲ့ပါတယ်” ဟု အာဘာဒီက ဘဂ္ဂဒတ်မြို့တွင် ယနေ့ကျင်းပသော ဂျာနယ်လစ် ညီလာခံတွင် ပြောကြားခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့မှာ ၂၀၁၄ ခုနှစ်တွင် အီရတ်နိုင်ငံ၏ နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံပျက်သုဉ်းမည့် အနေအထားဖြင့် ကြုံတွေ့ခဲ့ရသည်။

    ထို့နောက် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းပစ်ကူဖြင့် အီရတ်မှာ IS လက်မှ နယ်မြေများကို ပြန်လည်သိမ်းယူရန် ၃ နှစ်တာ ကြာမြင့်ခဲ့သည်။

    Ref: CNA

  • မွတ်စလင်ဟက်ကာအဖွဲ့က IS အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲ

    မွတ်စလင်ဟက်ကာအဖွဲ့က IS အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲ

    နိုဝင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – IS အကြမ်းဖက်အဖွဲ့၏ ၀ါဒဖြန့်ကွန်ယက်များဖြစ်သော ဆိုရှယ်မီဒီယာအကောင့်များနှင့် ၀ဘ်ဆိုက်များကို ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ဟက်ကာများက စုပေါင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး တိုးတက်မှုများ ရှိနေသည်ဟု သိရသည်။

    အီရတ်ဟက်ကာအဖွဲ့ Daeshgram ဦးဆောင်ကာ တိုက်ခိုက်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့က လူသစ်စုဆောင်းမှုများပြုလုပ်ကာ ကြေငြာချက်များ ထုတ်ပြန်နေသည့် အဓိက၀ဘ်ဆိုက် Amaq ကို ယခုရက်ပိုင်းအတွင်း ဖြုတ်ချနိုင်ခဲ့သည်။

    Daeshgram အဖွဲ့နှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက မိမိတို့အဖွဲ့မှာ အင်တာနက်စာမျက်နှာများတွင် IS ၏ တည်ရှိနေမှုကို ဖယ်ရှားရန် ရည်ရွယ်သည်ဟု Mirror Online သို့ ပြောကြားခဲ့သည်။

    ၎င်းတို့အဖွဲ့မှာ အခြားဝဘ်ဆိုက်များဖြင့် IS အဖွဲ့ဝင်များအား စိတ်ဓာတ်စစ်ဆင်ရေးများလည်း လုပ်ဆောင်နေသည်။

    အီရတ်နှင့် ဆီးရီးယားတို့တွင် သိသိသာသာ အရေးနိမ့်လာခဲ့သည့် IS အကြမ်းဖက်အဖွဲ့မှာ လက်ရှိတွင် အွန်လိုင်းကို အဓိကထား အာရုံစိုက်ကာ ၀ါဒဖြန့်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ျ

    Daeshgram အဖွဲ့ကမူ Anonymous ကဲ့သို့ အခြား ဟက်ကာအဖွဲ့များနှင့် ပူးပေါင်းကာ IS အဖွဲ့အပေါ် ဆိုက်ဘာစစ်ပွဲဆင်နွှဲရန် ကြိုးပမ်းနေသည်။

    Ref: Mirror

  • ဒေသတည်ငြိမ်ရန် ခွဲထွက်ရေးကြိုးပမ်းမှု ရပ်တန့်မည်ဟု ကာ့ဒ်ခေါင်းဆောင်များပြော

    ဒေသတည်ငြိမ်ရန် ခွဲထွက်ရေးကြိုးပမ်းမှု ရပ်တန့်မည်ဟု ကာ့ဒ်ခေါင်းဆောင်များပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    ပြည်သူ့ဆန္ဒခံယူပွဲအပြီး ကာ့ဒ်ပြည်သူများ အောင်ပွဲခံမှု

    – အီရတ်နိုင်ငံမှ ခွဲထွက်ရေး မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်သူဆန္ဒခံယူပွဲရလဒ်ကို ရပ်ဆိုင်းရန် အသင့်ရှိနေသည်ဟု ကာ့ဒ်ဒေသအစိုးရ KRG က ယမန်နေ့တွင် ပြောကြားလိုက်ပြီး ဗဟိုအစိုးရနှင့် ဖြစ်နေသည့် ပြဿနာကို လျော့ချရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။

    နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကာ့ဒ်ပြည်သူများမှာ အီရတ်နိုင်ငံမှ ခွဲထွက်ရေးအတွက် ထောက်ခံမဲပေးခဲ့ပြီးနောက် ဗဟိုအစိုးရနှင့် ကာ့ဒ်ဒေသ အစိုးရတို့အကြား တင်းမာမှုများမှတစ်ဆင့် အပြန်အလှန် တိုက်ခိုက်မှုများအထိ ဖြစ်လာခဲ့သည်။

    ကြေငြာချက်တွင် ကာ့ဒ်ခေါင်းဆောင်များက မိမိတို့အနေဖြင့် ချက်ခြင်း အပစ်အခတ်ရပ်ဆဲရန်နှင့် စစ်ဆင်ရေးများ ရပ်တန့်ရန် ပြင်ဆင်ထားသည်ဟု ဖော်ပြထားသည်။

    အမေရိကန်နှင့် အီရတ်၏ မဟာမိတ်နိုင်ငံများက ဆန္ဒခံယူပွဲရလဒ်ကို ရပ်ဆိုင်းထားရန် သို့မဟုတ် ပယ်ဖျက်ရန် ကာ့ဒ်ဒေသအစိုးရ ခေါင်းဆောင် မာဆူဒ် ဘာရ်ဇာနီအား တိုက်တွန်းခဲ့ပြီး၊ အခြားနိုင်ငံများကလည်း ထိုပြည်သူ့ဆန္ဒခံယူပွဲမှာ အီရတ်နိုင်ငံတွင် IS အကြမ်းဖက်အဖွဲ့အား တိုက်ဖျက်ရေးမှ လမ်းလွဲသွားစေကာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို ပိုမိုဆိုးရွားသွားစေမည်ဟု သတိပေးခဲ့သည်။

    KRG ၏ ကြေငြာချက်တွင် မိမိတို့နှင့် ဗဟိုအစိုးရအကြား ဆွေးနွေးညှိနှိုင်းမှု ဖြစ်လာရေး ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။

    Ref: Aljazeera

  • အီရတ်စစ်တပ်က ကီရ်ကွတ်မြို့အား ခုခံမှုမကြုံဘဲ ပြန်လည်ထိန်းချုပ်

    အီရတ်စစ်တပ်က ကီရ်ကွတ်မြို့အား ခုခံမှုမကြုံဘဲ ပြန်လည်ထိန်းချုပ်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    ကာ့ဒ်အလံကိုချကာ အီရတ်အလံ လွှင့်တင်နေစဉ်

    – ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကီရ်ကွတ်မြို့အား အီရတ်စစ်တပ်က အပြည့်အ၀ ပြန်လည်ရယူနိုင်ခဲ့ပြီး ကာ့ဒ်တပ်ဖွဲ့ဝင်များမှာ လုံးဝ ခုခံခြင်းမရှိဘဲ ဆုတ်ခွာပေးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ထိုးစစ်ဆင်ခဲ့သည့် အီရတ်တပ်ဖွဲ့မှာ မြို့တွင်းရှိ အစိုးရအဆောက်အဦးများ၊ လေဆိပ်နှင့် အခြား အရေးပါသည့် နေရာများကို သိမ်းယူနိုင်ခဲ့ပြီး ကာ့ဒ်တပ်ဖွဲ့ Peshmerga မှ ခုခံတိုက်ခိုက်ခြင်း မရှိဟု အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့က ပြောကြားခဲ့သည်။

    စက်တင်ဘာ ၂၅ ရက်နေ့က ကာ့ဒ်ဒေသ လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲပြီးနောက် ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရနှင့် အီရတ် ဗဟိုအစိုးရတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး ရေနံပေါကြွယ်ဝကာ ကာ့ဒ်တပ်ဖွဲ့က ထိန်းချုပ်ထားသည့် ကီရ်ကွတ်ပြည်နယ်အား ပြန်လည်ထိန်းချုပ်နိုင်ရေး အီရ
    တ်စစ်တပ်က ဆောင်ရွက်လာခြင်းဖြစ်သည်။

    ကီရ်ကွတ်မြို့တွင် အာရပ်၊ ကာ့ဒ်၊ တာ့ခ်မန်နှင့် ခရစ်ယာန် စုစုပေါင်း လူ ၁ သန်းခန့် နေထိုင်ကြပြီး ယခုတိုးစစ်ကြောင့် အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ကာ့ဒ်တပ်ဖွဲ့က ၎င်းတို့အနေဖြင့် ခုခံမည်ဟု ပြောကြားထားသော်လည်း လက်တွေ့တွင် ခုခံခြင်းမရှိဘဲ ဆုတ်ခွာပေးခဲ့သည်။

    Ref: Aljazeera