News @ M-Media

Tag: iraq

  • လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူရန် အီရတ်ရှိ ကာ့ဒ်ဒေသ ဆုံးဖြတ်

    လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူရန် အီရတ်ရှိ ကာ့ဒ်ဒေသ ဆုံးဖြတ်

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – အီရတ်အစိုးရနှင့် အိမ်နီးချင်းနိုင်ငံများက ဆန့်ကျင်ကန့်ကွက်မှုများ မြင့်တက်လာသော်လည်း ကာဒစ္စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွှတ်တော်က လွတ်လပ်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့ဆန္ဒ ခံယူရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

    ထိုကဲ့သို့ ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မည့် အစီအစဉ်ကို ယခုနှစ်အစောပိုင်းက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီးလွှတ်တော်၌ မဲပေးခဲ့သူ အမတ် ၆၈ ဦးတွင် ၆၅ ဦးမှာ ထောက်ခံမဲပေးခဲ့ကြသည်။

    အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို အီရတ်ဗဟိုအစိုးရက ဆန့်ကျင်ထားပြီး အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ကာ့ဒ်ဒေသ၏ ထိုကိစ္စကို ဆန့်ကျင်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။

    ကြာသာပတေးနေ့ကလည်း အီရတ်လွှတ်တော်မှာ ကာ့ဒ်များ ထိန်းချုပ်ထားသည့် ကီရ်ကွတ်ဒေသ အုပ်ချုပ်ရေးမှူး နဂျမ် အက်ဒင်း ကရင်မ်ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

    အီရတ်၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အီရန်နှင့် တူရကီတို့ကလည်း ထိုအစီအစဉ်ကို ကန့်ကွက်ခဲ့ကြပြီး ဒေသအတွင်းရှိ အခြား ကာ့ဒ်လူ့အဖွဲ့အစည်းများ ခွဲထွက်ရေးကို မီးထိုးပေးသကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားထားသည်။

    ကီရ်ကွတ်ဒေသကလည်း ကာ့ဒ်ဒေသ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ပါဝင်မည်ဟု စောစောပိုင်းက ပြောကြားထားသည်။

    ကီရ်ကွတ်ဒေသ၏ ပိုင်ဆိုင်မှုအတွက် အီရတ်နှင့် ကာ့ဒ်များအကြား ယခင်ကတည်းက အငြင်းပွားမှု ဖြစ်ခဲ့ပြီး ကာ့ဒ်ဒေသ၏ အစိတ်အပိုင်းတွင် မပါဝင်သော်လည်း ကာ့ဒ်လူမျိုးအများစုရှိနေသည့် ကီရ်ကွတ်ဒေသကို လက်ရှိတွင် ကာ့ဒ်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

    Ref: Aljzaeera

  • IS ခေါင်းဆောင် အသက်ရှင်လျက်ရှိနိုင်သည်ဟု ကန်ဗိုလ်ချုပ်ပြော

    IS ခေါင်းဆောင် အသက်ရှင်လျက်ရှိနိုင်သည်ဟု ကန်ဗိုလ်ချုပ်ပြော

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီ

    – IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူဘာကာ အလ်-ဘဂ္ဂဒါဒီမှာ အသက်ရှင်လျက် ရှိကောင်းရှိနိုင်သည်ဟု IS ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့မှ တပ်မှူး အမေရိကန်ဗိုလ်ချုပ် စတီဖင် တောင်ဆန်က ပြောကြားလိုက်သည်။

    ဆီးရီးယားနိုင်ငံ ရက်ကာရှိ IS ထိပ်တန်းတပ်မှူးများကို ပစ်မှတ်ထားသည့် ၎င်းတို့၏ လေကြောင်းစစ်ဆင်ရေးတစ်ခုတွင် ဘဂ္ဂဒါဒီလည်း ထိခိုက်ခဲ့ပြီး သေဆုံးဖွယ်ရှိသည်ဟု ရုရှားက မေလတွင် ပြောကြားခဲ့သည်။

    တောင်ဆန်ကမူ ဘဂွဒါဒီမှာ အီရတ်နှင့် ဆီးရီးယားတို့တွင် IS အမာခံစခန်းများကို တိုက်ခိုက်ခံရပြီးနောက် နှစ်နိုင်ငံအကြား ဝေးလံခေါင်ဖျားသည့် ဒေသတွင် ပုန်းရှောင်နေခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ သို့သော်မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်ကို အတိအကျ မသိရှိသေးပေ။

    ဘဂ္ဂဒါဒီ သေဆုံးပြီဆိုသည့်သတင်းမှာ ယခင်ကလည်း မကြာခဏ ထွက်ပေါ်ခဲ့ဖူးပြီး ဗိုလ်ချုပ်တောင်ဆန်က ထောက်လှမ်းရေးသတင်းများတွင် ဘဂ္ဂဒါဒီ အသက်ရှင်လျက်ရှိကြောင်း ဖော်ပြသည့် အချက်များကို တွေ့ရသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သူ့ကို နေ့တိုင်း လိုက်ရှာနေတယ်။ သူသေသွားပြီလို့တော့ ကျွန်တော် မထင်ပါဘူး။ IS ရဲ့ နောက်ဆုံးနေရာက ယူဖရေးတီးမြစ်အလယ်ချို့င့်ဝှမ်းမှာ ဖြစ်မှာပါ။ ကျွန်တော်တို့ သူ့ကိုတွေ့ရင် ပထမဆုံး သတ်ဖို့ကြိုးစားမှာပါ။ သူ့ကို လက်ရဖမ်းဆီးဖို့ မထိုက်တန်ပါဘူး”

    သို့သော်လည်း ၎င်းတည်ရှိနေသည့် နေရာအတိအကျအတွက် အထောက်အထားမရှိဟု တောင်ဆန်က ဆိုသည်။

    Ref: BBC

  • ပြည်နယ်တစ်ခု IS လက်မှ လုံးဝလွတ်မြောက်ပြီဟု အီရတ် ကြေငြာ

    ပြည်နယ်တစ်ခု IS လက်မှ လုံးဝလွတ်မြောက်ပြီဟု အီရတ် ကြေငြာ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – တာလ် အက်ဖာရ်ခရိုင်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် နိုင်နီဗာဟ်ပြည်နယ်မှာ IS အကြမ်းဖက်အဖွဲ့လက်မှ လုံးဝ လွတ်မြောက်သွားပြီဟု အီရန်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    IS အဖွဲ့ဝင်များမှာ တာလ် အက်ဖာရ်မြို့မှ ထွက်ပြေးကာ အာယာဒီယာမြို့တွင် ခိုလှုံနေပြီး အီရတ်စစ်တပ်က ထိုမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိတွင် IS မှာ မြို့၏ ဒေသအချို့နှင့် ကန္တာရ ဒေသအချို့ကို ထိန်းချုပ်ထားသည်။

    “ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက ပြီးပြည့်စုံသွားပါပြီ။ နိုင်နီဗာဟ်ပြည်နယ်ဟာ အခုအချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ လက်တွင်းကို လုံးဝ ရောက်ရှိသွားပါပြီ” ဟု ၀န်ကြီးချုပ်က ယနေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    IS အကြမ်းဖက်အဖွဲ့မှာ ၂၀၁၄ ခုနှစ် ပြည်နယ်မြို့တော် မူဆိုးလ်အပါအ၀င် နီုင်နီဗာဟ်ပြည်နယ် တစ်ချို့တစ်ဝက်ကို သိမ်းယူနိုင်ခဲ့သည်။

    သို့သော်လည်း အီရတ်စစ်တပ်၏ ထိုးစစ်ကြောင့် ပြီးခဲ့သည့်လများအတွင်း ၎င်းတို့ သိမ်းပိုက်ထားသော ဒေအများအပြားကို ပြန်လည်စွန့်လွှတ်ခဲ့ရသည်။

    Ref: BBC

  • ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမှုတွင် အီရတ်မှ ပြည်နယ်တစ်ခု ထပ်မံပါဝင်လာ

    ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမှုတွင် အီရတ်မှ ပြည်နယ်တစ်ခု ထပ်မံပါဝင်လာ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    အီရတ်နိုင်ငံနှင့် ကာ့ဒ်ဒေသ

    – အီရတ်နိုင်ငံ ကီရ်ကွတ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က လာမည့်လတွင် ကျင်းပပြုလုပ်မည့် ကာ့ဒ်ဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အီရတ်နိုင်ငံရှိ ကာဒစ္စတန်ဒေသမှာ ခွဲထွက်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့ဆန္ဒခံယူရန် စီစဉ်ထားပြီး၊ ထိုရလဒ်မှာ လွတ်လပ်သော ကာ့ဒ်နိုင်ငံ ဖြစ်ပေါ်လာရေးအတွက် လမ်းစတစ်ခု ဖြစ်လာမည်ဖြစ်သည်။

    အီရတ် ပြည်ထောင်စုအစိုးရကမူ ထိုအစီအစဉ်ကို ဆန့်ကျင်ထားသည်။

    ရေနံအရင်းအမြစ်ပေါကြွယ်ဝသည့် ကီရ်ကွတ်ဒေသမှာ ကာဒစ္စတန်ဒေသတွင် မပါဝင်သော်လည်း ကာ့ဒ်လူမျိုး အများစုရှိရာ ဒေသဖြစ်သည်။

    ယမန်နေ့က မဲခွဲမှုအတွင်း ဒေသအုပ်ချုပ်ရေးကောင်စီဝင် ၂၄ ဦးတွင် ၂၂ ဦးက ပြည်သူ့ဆန္ဒ ခံယူမှုတွင် ပါဝင်ရန် မဲပေးခဲ့ကြသည်ဟု ကောင်စီဝင်တစ်ဦးဖြစ်သည့် ဟာလာ နူရ် အက်ဒင်းက ပြောကြားခဲ့သည်။ပြည်နယ်အုပ်ချုပ်ရေးကောင်စီတွင် ကာ့ဒ်လူမျိုး ၂၆ ဦး၊ တာ့ခ်မန်း ၉ ဦးနှင့် အာရပ် ၆ ဦးတို့ ပါဝင်ကာ ယမန်နေ့မဲခွဲမှုအတွင်း ကောင်စီဝင် ၂၄ ဦးသာ တက်ရောက်ခဲ့သည်။

    ကီရ်ကွတ်ရှိ တာ့ခ်မန်းများကမူ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး လူမျိုးစုံရှိသည့် ဒေသမှာ အထူးခံစားခွင့်ကို ရရှိထားသည်ဟု ထောက်ပြခဲ့သည်။

    ပြည်နယ်အုပ်ချုပ်ရေးမှူး နဂျမ် အက်ဒင်း ကရင်မ်က ထိုကဲ့သို့ မဲပေးဆုံးဖြတ်မှုမှာ သမိုင်းဝင် အဖြစ်အပျက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံမှ ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမည့် အစီအစဉ်ကို အိမ်နီးချင်း တူရကီနှင့် အီရန်နိုင်ငံတို့ကလည်း ကန့်ကွက်ထားသည်။ ထိုနိုင်ငံများတွင် ကာ့ဒ်လူမျိုးများမှာ လူနည်းစုအနေဖြင့် ရှိနေကြသည်။

    Ref: Aljazeera

  • နိုင်ငံအတွင်း IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးဒေသကို ပြန်သိမ်းရန် အီရတ် ထိုးစစ်စတင်

    နိုင်ငံအတွင်း IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးဒေသကို ပြန်သိမ်းရန် အီရတ် ထိုးစစ်စတင်

    သြဂုတ် ၂၀၊ ၂၀၁၇
    M-Media

    – နိုင်ငံမြောက်ပိုင်း IS က ထိန်းချုပ်ထားရာ အဓိကဒေသတစ်ခုဖြစ်သည့် တာလ် အက်ဖာရ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး မြေပြင်ထိုးစစ်ဆင်မှုများ စတင်ပြီဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    “ခင်ဗျားတို့ အညံ့ခံချင်ခံ၊ ဒါမှမဟုတ်ရင်တော့ အသေခံရလိမ့်မယ်” ဟု စစ်ဆင်ရေးစတင်မှုကို ယနေ့မနက်ပိုင်းက ရုပ်သံမှတစ်ဆင့် ကြေငြာမှုအတွင်း အာဘာဒီက ထည့်သွင်းပြောကြားခဲ့သည်။

    တာလ် အက်ဖာရ်ဒေသမှာ အီရတ်နိုင်ငံအတွင်း IS က ထိန်းချုပ်ထားသည့် နောက်ဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး မူဆိုးလ်အား အောင်မြင်စွာ ပြန်သိမ်းနိုင်ခဲ့ပြီးနောက် ယခုထိုးစစ်မှာ အီရတ်စစ်တပ်၏ IS သုတ်သင်ရေး နောက်ဆုံးကြိုးပမ်းမှု ဖြစ်သည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့မှာ တာလ် အက်ဖာရ်မြို့အား လေကြောင်းမှ တိုက်ခိုက်နေသည်မှာ တစ်လခန့် ရှိနေပြီဖြစ်သည်။

    မူဆိုးလ်မြို့၏ အနောက်ဖက်တွင်ရှိပြီး ဆီးရီးယားနယ်စပ်မှ ၁၅၀ ကီလိုမီတာအကွာတွင်ရှိသည့် တာလ် အက်ဖာရ်မြို့မှာ IS ၏ အဓိကထောက်ပံ့ရေးလမ်းကြောင်းများ တည်ရှိရာနေရာဖြစ်ကာ ဇွန်လကတည်းက အခြားသောဒေသများနှင့် ဆက်သွယ်ရေးကို အီရတ်စစ်တပ်က ဖြတ်တောက်ထားနိုင်ခဲ့သည်။

    အာဘာဒီ၏ကြေငြာချက် ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် အီရတ်စစ်တပ်မှာ ပြည်သူများအတွက် သတိပေးချက် စာရွက်များကို လေကြောင်းမှာ တစ်ဆင့် မြို့အတွင်း ကြဲချပေးခဲ့သည်။

    တာလ် အက်ဖာရ်မြို့တွင် IS အကြမ်းဖက်သမား ၁၄၀၀ မှ ၁၆၀၀ အကြားရှိမည်ဟု ခန့်မှန်းထားပြီး နိုင်ငံရပ်ခြား တိုက်ခိုက်ရေးသမား အများစု ပါဝင်သည်။

    Ref: Aljazeera