News @ M-Media

Tag: iraq

  • တီကရစ်မြို့ IS လက်မှ လွတ်မြောက်ပြီ

    တီကရစ်မြို့ IS လက်မှ လွတ်မြောက်ပြီ

    ဧပြီ ၁၊ ၂၀၁၅
    M-Media

    03IRAQ-1425339983944-master675

    – တီကရစ်မြို့လယ်ကောင်မှ IS တပ်ဖွဲ့များအား အီရတ်စစ်တပ်က မောင်းထုတ်နိုင်ခဲ့ပြီး မြို့အား ထိန်းချုပ်နိုင်ခဲ့ပြီဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်အာဘာဒီက ယမန်နေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက IS လက်ထဲသို့ ကျရောက်ခဲ့သည့် တီကရစ်မြို့အား ပြန်လည်သိမ်းယူရေးကို ယခုလ ၁ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။ အာဘာဒီကမူ အီရတ်တပ်များမှာ မြို့လယ်ကောင်သို့ ၀င်ရောက်နိုင်ခဲ့ပြီး အစိုးရ အဆောက်အဦးပေါ်တွင် အီရတ်အလံကို လွှင့်ထူနိုင်ခဲ့ကြောင်း၊ မြို့မှာ လွတ်မြောက်ခဲ့ပြီး ဆင်ခြေဖုံးဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    တီကရစ်မြို့အား အီရတ်တပ်ဖွဲ့များက ပြီးခဲ့သည့် သီတင်းပတ်များကတည်းက ပိတ်ဆို့ ၀န်းရံထားခြင်းဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “တီကရစ် စမ်းသပ်မှု အောင်မြင်ခြင်းဟာ အခြားသောနေရာတွေကိုလည်း ထပ်မံရိုက်ခတ်ပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ စစ်ပွဲမှာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ပြည်သူတွေကို ကာကွယ်ပေးတဲ့ နေရာတွေမှာ တတ်နိုင်သလောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့လို့ပါ” ဟု တီကရစ် လွတ်မြောက်ကြောင်း မကြေညာခင် ပြုလုပ်ခဲ့သည့် ကက်ဘိနတ်အစည်းအဝေးတွင် အာဘာဒီက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တီကရစ်မြို့အား ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းမှာ IS လက်ထဲသို့ ကျရောက်နေသည့် အီရတ် ဒုတိယမြို့တော် မူဆိုးလ်အား ပြန်လည်သိမ်းပိုက်ရေးအတွက် အီရတ်စစ်တပ်အား တွန်းအားပေးလိုက်ခြင်းလည်း ဖြစ်သည်။ မတ်လ ၁ ရက်နေ့က စတင်ခဲ့သည့် ယခုတိုက်ပွဲတွင် အီရန်က ကျောထောက်နောက်ခံပြုထားသည့် ရှီယာပြည်သူ့စစ်များက ထောက်လျှောက်ပါဝင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွက် အမေရိကန်က ပါဝင်မည်ဆိုသောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် အဆိုပါ ရှီယာပြည်သူ့စစ်များမှာ နှုတ်ထွက်သွားကြသည်။

    Ref: CNN

  • IS ၏ ဒရုန်းလေယာဉ်တစ်စင်းကို အမေရိကန် ပထမဆုံး ဖျက်ဆီး

    IS ၏ ဒရုန်းလေယာဉ်တစ်စင်းကို အမေရိကန် ပထမဆုံး ဖျက်ဆီး

    မတ် ၁၉၊ ၂၀၁၅
    M-Media

    Mideast Islamic State

    – အီရတ်နိုင်ငံတွင် IS အဖွဲ့မှ အသုံးပြုသော ဒရုန်းအငယ်စားတစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့သည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး စစ်သွေးကြွများ အသုံးပြုသည့် လူမဲ့လေယာဉ်ကို အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။

    နိုင်ငံအနောက်ပိုင်း ဖာလူဂျာဟ်မြို့တွင် အင်္ဂါနေ့က ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒရုန်းလေယာဉ်မှာ အငယ်စားဖြစ်ကာ တိုက်ပွဲအခြေအနေ စောင့်ကြည့်ထောက်လှမ်းရေးတွင် အသုံးပြုသည့် လေယာဉ်ဖြစ်ပြီး အမေရိကန်မှ ထုတ်လုပ်၍ အမြင့်ပိုင်းတွင် ပျံသန်းကာ ဒုံကျည်များ ပစ်လွှတ်နိုင်သော ခေတ်မီ ဒရုန်းလေယာဉ်မျိုးမဟုတ်ဟု IS အဖွဲ့အား တိုက်ခိုက်မှုများကို ကြီးကြပ်နေနေသည့် အမေရိကန် စစ်ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါဒရုန်းအား ခဏတာ ပျံသန်းပြီးနောက် IS အဖွဲ့ဝင်များက ကားတစ်စီးပေါ်တွင် တင်ထားခဲ့ပြီး အမေရိကန် တိုက်လေယာဉ်တစ်စင်းက အဆိုပါကားအား ဗုံးကြဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

    အမေရိကန်မှာ ၎င်းတို့၏ လူမဲ့ ဒရုန်းလေယာဉ်များကို အီရတ်နှင့် ဆီးရီးယားတို့တွင် အသုံးပြုနေပြီး IS ၏ ပစ်မှတ်များအား တိုက်ခိုက်ခြင်း၊ ၎င်းတို့အဖွဲ့၏ မြေပြင်လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းခြင်း၊ စသည်တို့ကို ပြုလုပ်လျက် ရှိနေသည်။

    ဆီးရီးယားအစိုးရကမူ ၎င်းတို့အနေဖြင့် ကမ်းရိုးတန်းပြည်နယ်ဖြစ်သော လတာကီယာတွင် အမေရိကန်၏ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု အင်္ဂါနေ့တွင် ကြေညာခဲ့ပြီး ပင်တဂွန်ကလည်း ဒရုန်းလေယာဉ်တစ်စင်းမှာ ထိုဒေသတွင် အဆက်အသွယ် ပြတ်တောက်သွားသည်ဟု ၀န်ခံခဲ့သည်။

    Ref: Alarabiya

  • လာမည့် ၃ ရက်အတွင်း တီကရစ်မြို့ IS လက်မှ လွတ်မြောက်မည်

    လာမည့် ၃ ရက်အတွင်း တီကရစ်မြို့ IS လက်မှ လွတ်မြောက်မည်

    မတ် ၁၅၊ ၂၀၁၅
    M-Media

    a85bb455bb004779898cff0d518eca13_18

    – အီရတ်နိုင်ငံ မြောက်ပိုင်း တီကရစ်မြို့ရှိ IS တပ်ဖွဲ့များအား အီရတ်စစ်တပ်မှ ၀ိုင်းထားလိုက်ပြီး တီကရစ်မြို့မှာ ၃ ရက်အတွင်း လွတ်မြောက်နယ်မြေဖြစ်တော့မည်ဟု အီရတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက
    ပြောကြားလိုက်သည်။

    IS တပ်ဖွဲ့များ ထိန်းချုပ်ထားရာ တီကရစ်မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် အီရန်မှ ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်၊ လူမျိုးစု တပ်ဖွဲ့များနှင့် အီရတ်စစ်တပ်တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့သည့် ထိုးစစ်မှာ ၂ ပတ်တာ ကြာမြင့်နေပြီဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိကာ ယခုအချိန်တွင် တီကရစ် မြို့ထဲသို့ ၀င်ရောက်နိုင်ပြီဖြစ်သည်။

    အဆိုပါ တိုက်ခိုက်မှုတွင် ပါသည့် ဘဒါရ် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး စေတနာ့ဝန်ထမ်း တပ်ဖွဲ့ Popular Mobilisation ၏ ပြောရေးဆိုခွင့်ရှိသူ ကရင်မ် အလ်-နူရီကလည်း မိမိတို့တပ်ဖွဲ့များမှာ မြို့လယ်ကောင်တွင် အန္တရာယ်ကင်းစွာ ပုန်းအောင်နေနိုင်ပြီး IS တပ်များကို လေးဖက်လေးတန်မှ ၀န်းရံထားကြောင်း၊ IS တပ်ဖွဲ့အရေအတွက်မှာ ၆၀ မှ ၇၀ အကြားတွင်သာ ရှိတော့ကြောင်း AFP သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် အီရတ်တပ်ပေါင်းစုမှာ တိုက်ခိုက်မှုများကို ရပ်နားထားပြီး စစ်ကူကိုစောင့်ဆိုင်းနေသည်။ IS တပ်များကလည်း မြို့လည်ကောင်တွင် ထောင်ပေါင်းမျာစွာသော ဗုံးများကို ထောင်ထားပြီး ထိုဗုံးများကို ရှင်းလင်းနိုင်သည့်အချိန်တွင်မှ တီကရစ်မြို့ လွတ်မြောက်ကြောင်း ကြေညာမည်ဟု နူရီက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ စစ်ဆင်ရေး အောင်မြင်သွားခဲ့ပါက အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်အား ထပ်မံသိမ်းပိုက်ရေး အီရတ်စစ်တပ်အတွက် ခွန်အားလည်း ဖြစ်လာမည်ဖြစ်သည်။

    Ref: Aljazeera

     

     

  • အီရတ်ရှိ ပထမဆုံး ခရစ်ယာန်တပ်မဟာသစ် သင်တန်းဆင်း

    အီရတ်ရှိ ပထမဆုံး ခရစ်ယာန်တပ်မဟာသစ် သင်တန်းဆင်း

    မတ် ၁၃၊ ၂၀၁၅
    M-Media

    IRAQ-CONFLICT-KURDS-CHRISTIAN

    – IS အား တော်လှန်ရန်နှင့် ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်သိမ်းယူရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသော ပထမဆုံး အီရတ်ခရစ်ယာန်တပ်မဟာသစ် တစ်ခုမှာ ယမန်နေ့က သင်တန်းဆင်းခဲ့သည်ဟု သိရသည်။

    အဆိုပါ တပ်မဟာသစ်မှာ IS များကို ဦးဆောင်တိုက်ခိုက်နေသော ကာ့ဒ်တပ်ဖွဲ့ Peshmerga တည်ရှိရာ ကာ့ဒ်ဒေသတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ဆီးရီးယား၊ တူရကီနိုင်ငံတို့နှင့် နီးသည့် အီရတ်နိုင်ငံမြောက်ပိုင်း ဖစ်ရှ်ခါဘောရ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော သင်တန်းဆင်းပွဲတွင် အဆိုပါ ခရစ်ယာန် တပ်မဟာမှာ ချီတက်လမ်းလျှောက်ခြင်း၊ စစ်ရေးပြခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ကာဒ့်နှင့် အက်ဆီရီယန် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

    အီရတ်ခရစ်ယာန်အများစုမှာ လွန်ခဲ့သည့် ၇ လ IS အဖွဲ့က တိုက်မှုများ မပြုလုပ်ခင် မူဆိုးလ်မြို့နှင့် ကာဒ့်မြို့တော် အာရ်ဘီလ်တို့ကြားရှိ နိုင်ဗာဟ်မြေပြန့်လွင်ပြင်တွင် နေထိုင်ကြသူများ ဖြစ်သည်။

    “နိုင်ဗဟ်ဒေသက ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီနောင် ၆၀၀ လောက်ဟာ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စစ်ဘက်ဆိုင်ရာ သင်ကြားမှုနဲ့ သေနတ်ပစ်လေ့ကျင့်ခန်းတွေကို သင်ကြားပေးတဲ့ ဒီသင်တန်းကို တက်ရောက်ခဲ့ကြပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေအားလုံးဟာ ကိုယ့်သဘောနဲ့ကိုယ် ၀င်ရောက်လာကြတာပါ။ သူတို့ရဲ့ မြေကို IS ရဲ့လက်ထဲက လွတ်မြောက်ချင်ပြီး ထိန်းသိမ်းထားချင်ပါတယ်” ဟု လေ့ကျင့်ရေးအကယ်ဒီမှ တပ်မှူး အဘူ ဘာကာရ် အစ္စမာအီလ်က သင်တန်းဆင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

    အဆိုပါ တပ်မဟာသစ်ကို “Tiger Guards” ဟု အမည်ပေးထားပြီး ဒေသအတွင်းရှိ ဘုရားကျောင်းများကို ကာကွယ်ရန် ၂၀၀၄ ခုနှစ်က ဖွဲ့စည်းထားသော အက်ဆီရီယန်တပ်ဖွဲ့မှ အကြွင်းအကျန်များကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

    ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသသို့ IS များ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ အစောပိုင်းတွင် ခရစ်ယာန်ဦးရေ ၁၀၀၀၀၀ ခန့်မှာ ၎င်းတို့၏ နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Alarabiya

  • IS က ထိန်းချုပ်ထားသည့် တီကရစ်မြို့နှင့် အနီးဆုံးခရိုင်တစ်ခုအား အီရတ်စစ်တပ် ပြန်သိမ်းနိုင်

    IS က ထိန်းချုပ်ထားသည့် တီကရစ်မြို့နှင့် အနီးဆုံးခရိုင်တစ်ခုအား အီရတ်စစ်တပ် ပြန်သိမ်းနိုင်

    မတ် ၁၀၊ ၂၀၁၅
    M-Meida

    tikrit

    – IS က သိမ်းပိုက်ထားသည့် တီကရစ်မြို့အား ပြန်လည်ရရှိရန် တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များမှာ မြို့အနီးရှိ နောက်ထပ်ခရိုင်တစ်ခုနှင့် ရေနံတွင်းအချို့ကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းသို့ဝင်ရန် ကြိုးစားနေကာ IS ၏ ပြင်းထန်သော ခံစစ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

    ကာ့ဒ်တပ်ဖွဲ့၊ စွန်နီလူမျိုးစု တိုက်ခိုက်ရေးသမားများ၊ ရှီအာ ပြည်သူ့စစ်များနှင့် အီရတ်စစ်တပ်တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ခဲ့သည့်ဒေသမှာ တီကရစ်မြို့နှင့် ၁၈ ကီလိုမီတာအကွာရှိ အလ်-အလမ် ခရိုင်ဖြစ်ပြီး မြို့တွင်းသို့ဝင်ရောက်ရန် နောက်ဆုံး စခန်းလည်းဖြစ်သည်ဟု Iraqiya TV က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် တီကရစ်မြို့အရှေ့မြောက်ဘက်ရှိ အလ်-အိုဂျေးလ်မှ ရေနံတွင်းများကိုလည်း အီရတ်တပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ပြီး အလ်-အလမ်မှ ရေနံတွင်းအချို့ကိုမူ IS အဖွဲ့များက မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ တီကရစ်မြို့အား ပြန်လည်သိမ်းယူရေး တိုက်ပွဲမှာ နိုင်ငံ၏ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့အား IS လက်မှ ပြန်သိမ်းရေးအတွက် အဓိကအရေးပါသည့် တိုက်ပွဲလည်းဖြစ်သည်။

    မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ အကွာတွင်ရှိသည့် အလ်-ဒူးရ်မြို့ကိုလည်း ရှီယာ ပြည်သူ့စစ်များ ပါဝင်သည့် အီရတ်စစ်တပ်မှာ ပြီးခဲ့သည့် သီတင်းပတ်က သိမ်းယူနိုင်ခဲ့ပြီး လက်ရှိတွင် အခြေစိုက်လျက် ရှိနေသည်။အလ်-အလမ်နှင့် အလ်-ဒူးရ်တို့ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ IS ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းကို ဖျက်တောက်နိုင်ခြင်းလည်း ဖြစ်သည်။

    Ref: Aljazeera