News @ M-Media

Tag: iraq

  • ဆင်ဂျာတောင်တွင် ၀ိုင်းထားသော IS တပ်များကို တိုက်ထုတ်ကာ ယာဇီဒီ လူမျိုးများကို ကာဒ့်တပ်များ ကယ်တင်

    ဆင်ဂျာတောင်တွင် ၀ိုင်းထားသော IS တပ်များကို တိုက်ထုတ်ကာ ယာဇီဒီ လူမျိုးများကို ကာဒ့်တပ်များ ကယ်တင်

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media

    2014121955515889734_20– အီရတ်နှင့် ဆီးရီးယားနယ်စပ်အနီး ဆင်ဂျာတောင် ပတ်ဝန်းကျင်ရှိ ရာပေါင်းများစွာသော ယာဇီဒီလူမျိုးများအား IS တပ်များက ၀န်းရံပိတ်ဆိုမှုကို ကာ့ဒ်တပ်ဖွဲ့ဖြစ်သော Peshmerga တပ်က ဇြိုခွဲနိုင်ခဲ့သည်ဟု သိရသည်။

    `Peshmerga တပ်တွေက ဆင်ဂျာတောင်ကို ရောက်ခဲ့ပါတယ်။ ပိတ်ဆို့ထားမှုကိုလည်း ဖယ်ရှားနိုင်ခဲ့ပါတယ်´ ဟု ကာ့ဒ်ဒေသ လုံခြုံရေးအကြီးအကဲ မက်စ်ရိုအာ ဘာဇနီက စစ်ဆင်ရေး ပြုလုပ်နေစဉ် ယမန်နေ့က ပြောကြားခဲ့သည်။

    ကာဒ့်တပ်များမှာ ဆင်ဂျာတောင်ရှိ IS တပ်များအား ဗုဒ္ဓဟူးနေ့မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ထိုထိုက်ခိုက်မှုတွင် အမေရိကန် ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ပစ်ကူပေးခဲ့ကာ ယာဇီဒီလူမျိုးများမှာ လွတ်မြောက်ခဲ့ပြီဖြစ်သည်။

    `တောင်ပေါ်မှာ ပိတ်မိနေတဲ့ ယာဇီဒီ လူမျိုးတွေ အားလုံး အခု လွတ်မြောက်သွားပါပြီ´ ဟု ဘာဇနီကဆိုခဲ့ပြီး မိမိတို့တပ်များမှာ ၎င်းတို့အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ မပေးရသေးကြောင်း၊ ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမား ၁၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါဆင်ဂျာဒေသကို IS တပ်များက ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ ၀န်းရံ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

    အစ္စလာမ် ဘာသာဝင်များဖြစ်သည့် ကာ့ဒ်တပ်ဖွဲ့များမှာ ၎င်းတို့၏ နယ်မြေအတွင်း IS အဖွဲ့အား ခုခံတိုက်ခိုက်နေကြသူများဖြစ်ပြီး လူနည်းစုများဖြစ်သည့် ခရစ်ယာန်များ၊ ယာဇီဒီ လူမျိုးများကို ကာကွယ်စောင့်ရှောက်ပေးလျက် ရှိနေသည်။

    Al Jazeera and agencies

  • အီရတ်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ စစ်သား ၅၀,၀၀၀ လခ လိမ်ထုတ်

    အီရတ်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ စစ်သား ၅၀,၀၀၀ လခ လိမ်ထုတ်

    ဒီဇင်ဘာ ၁ ၊ ၂၀၁၄
    M-Media

    20141130195847976734_20
    – အီရတ်စစ်တပ်တွင် အမှန်တကယ် တာဝန်ထမ်းဆောင်နေခြင်းမရှိဘဲ စာရင်းသွင်းဖော်ပြကာ လခများကို အရာရှိများက လိမ်ယူနေမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ချစားမှုများကို ဆက်လက်တိုက်ဖျက်သွားမည်ဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ပြောကြားလိုက်သည်။

    `စစ်တပ်မှာ အမှန်တစ်ကယ် တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ စာရင်းသာရှိနေတဲ့ လူ ၅၀၀၀၀ လောက်ရှိတယ်လို့ ၀န်ကြီးချုပ်က ထုတ်ဖော်လိုက်ပါတယ်´ ဟု လွှတ်တော်အစည်းအဝေးပြီးနောက် သမ္မတရုံးမှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

    လွှတ်တော်မှထုတ်ပြန်သော ကြညာချက်တွင်လည်း ထိုကဲ့သို့ ဖော်ပြခဲ့ပြီး ထိုပမာဏမှာ တပ်မဟာ ၄ ခု ဖွဲ့စည်းနိုင်သည့် ပမာဏဖြစ်သည်။ အာဘာဒီ၏ ပြောရေးဆိုခွင့်ရှိသူ ရာဖစ် ဂျာဘူရီက ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို နောက်ဆုံး လစာပေးမှုလုပ်ငန်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    `ဒီလိုလိမ်ယူနေတဲ့ ပုံစံ ၂ မျိုးရှိပါတယ်။ ပထမတစ်မျိုးက- အရာရှိတစ်ချင်းစီက လိမ်ယူတာပါ။ ဥပမာ အစောင့် ငါးယောက်ရှိတယ်ဆိုရင် သူက ၂ ယောက်ခန့်ထားပြီး ၃ ယောက်ကို အလုပ်မလာခိုင်းဘဲ လခကိုသူယူတာမျိုး ဒါမှမဟုတ် အဲဒီသုံးယောက်နဲ့ ဝေစားမျှစားလုပ်တာမျိုးပါ။ နောက်တစ်မျိုးကတော့ တပ်မှူးအဆင့် လိမ်ယူမှုပါ။ တပ်မှူးတစ်ယောက်ဟာ သူ့တပ်မှာ မရှိတဲ့ ဒါမှတ်မဟုတ် အိမ်ပြန်ခိုင်းထားတဲ့ စစ်သား ၃၀၊ ၄၀ လောက်ကို ပိုင်ဆိုင်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့ အဲဒီတပ်မှူးက သူ့နေရာမြဲဖို့ သူ့အထက်က ကြီးစဉ်ငယ်လိုက် အရာရှိတွေကို လာဘ်ထိုးရတာပါပဲ´ ဟု အဆိုပါ လာဘ်စားမှုများကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် အီရတ်စစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအကြောင်းကြောင့်ပင် အီရတ်နိုင်ငံတစ်ဝှမ်း ယခုနှစ်အတွင်း သေဆုံးသွားသော၊ သို့မဟုတ် စစ်တပ်မှ နှုတ်ထွက်သွားသော စစ်သားများ၏ အရေအတွက်အတိအကျကို မကြေညာခြင်းဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    တိုင်းပြည်အတွင်း ချစားမှုများကို တိုက်ဖျက်မည်ဆိုသော ကတိဖြင့် အာဏာရလာသောဝန်ကြီးချုပ် အာဘာဒီမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်ဘက် ထိပ်တန်းအကြီးအကဲ အများအပြားကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

    Agencies
  • အီရတ်စစ်တပ်မှ အကြီးတန်းအရာရှိ ၃၀ ကျော်ကို ၀န်ကြီးချုပ် အလ်ဘာဒီ ဖယ်ရှား

    အီရတ်စစ်တပ်မှ အကြီးတန်းအရာရှိ ၃၀ ကျော်ကို ၀န်ကြီးချုပ် အလ်ဘာဒီ ဖယ်ရှား

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    2014111312147725580_20
    – စက်တင်ဘာလက တာဝန် ရယူခဲ့ပြီးနောက် အထင်ရှားဆုံး ပြုပြင်ပြောင်းလဲမှုအဖြစ် အီရတ်ဝန်ကြီးချုပ် အလ်ဘာဒီမှာ နိုင်ငံစစ်တပ်မှ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များကို ယမန်နေ့တွင် ရာထူးမှ ဖယ်ရှားလိုက်သည်ဟု သိရသည်။

    ဖယ်ရှားလိုက်သည့် ထိပ်တန်းစစ်ခေါင်းဆောင်များမှာ ၃၆ ဦးရှိပြီး ၂၆ ဦးကို နှုတ်ထွက်စေခဲ့ကာ ၁၀ ဦးကိုမူ အနားပေးခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်မှုမှာ လက်နက်ကိုင် တပ်ဖွဲ့များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးခြင်းလည်းဖြစ်သည်။ သမ္မတဟောင်း မာလီကီလက်ထက် အီရတ်စစ်တပ်မှာ ချစားမှုများ၊ စွမ်းရည်နိမ့်ပါးမှုများကြောင့် ISIL အဖွဲ့အား အနိုင်မတိုက်နိုင်ဘဲ နယ်မြေများဆုံးရှုံးခဲ့ရသည်။

    ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကမူ အလ်ဘာဒီက မိမိတို့မှာ အီရတ် ညီညွတ်ရေးအတွက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်းကို စစ်တပ်အား သိစေလိုကြောင်း၊ ထိုဆောင်ရွက်မှုမှာ အီရတ်စစ်တပ်အတွင်း ဂိုဏ်ဂနစွဲများကို အဆုံးသတ်ရန် အချက်ပြခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဖျက်အားပြင်း ဓာတုလက်နက်များရှိသည့်ဟု အကြောင်းပြကာ အမေရိကန်မှ ၀င်ရောက်ကျူးကျော်ပြီးနောက်ပိုင်း အီရတ်နိုင်ငံမှာ ၁၀ စုနှစ်တစ်ခုကြာ အကြမ်းဖက်မှုများ၊ ဂိုဏ်းဂနကွဲလွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    မာလီကီလက်ထက်တွင် ဂိုဏ်ဂနကွဲလွဲမှုမှာ အရှိန်မြင့်လာခဲ့ပြီး အီရတ်စစ်တပ်များမှာ စွမ်းဆောင်ရည် နိမ့်ပါးလာက လေ့လာသူများကမူ အီရတ်စစ်တပ်မှာ အကောင်းစားအရက်များနှင့် ဆေးလိပ်များဖြင့် ဇိမ်ကျကာ ကြောင်ဝကြီးများဖြစ်နေကြသည်ဟု ဝေဖန်ခဲ့သည်။

  • အီရတ်တွင် အမေရိကန်တပ်သား ၁၅၀၀ ထပ်မံ တိုးချဲ့ချထားရန် သမ္မတ အိုဘားမား ခွင့်ပြု

    အီရတ်တွင် အမေရိကန်တပ်သား ၁၅၀၀ ထပ်မံ တိုးချဲ့ချထားရန် သမ္မတ အိုဘားမား ခွင့်ပြု

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    2014117213329259734_20
    – အီရတ်နိုင်ငံတွင် ISIL အဖွဲ့အား တိုက်ခိုက်ရာ၌ အီရတ်အစိုးရနှင့် ကာ့ဒ်တပ်ဖွဲ့များကို လေ့ကျင့်ပေးရန်နှင့် အကြံဥာဏ်များ ပေးအပ်ရန်အတွက် အမေရိကန်စစ်သည် ၁၅၀၀ ကို ထပ်တိုးချထားရန် သမ္မတအိုဘားမားက ခွင့်ပြုခဲ့သည်ဟု သိရသည်။

    “စစ်မြေပြင်မှာ မဟာမိတ်အဖွဲ့တွေ အားကောင်းလာစေဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာအတွက် တိုက်ပွဲဝင်ဖို့မဟုတ်ဘဲ ကာ့ဒ်တပ်ဖွဲ့တွေအပါအ၀င် အီရတ် လုံခြုံရေး တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့၊ အကြံပေးဖို့နဲ့ ကူညီဖို့အတွက် အမေရိကန်စစ်သား ၁၅၀၀ ထပ်တိုးချထားဖို့ သမ္မတအိုဘားမားက ခွင့်ပြုလိုက်ပါတယ်” ဟု ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ ထပ်တိုးချထားမှုကြောင့် အီရတ်ရှိ အမေရိကန် စစ်သည်ပမာဏမှ ၂ ဆ ဖြစ်လာမည် ဖြစ်သည်။

    ထို့ပြင် အီရတ်နှင့် ဆီးရီးတို့၌ စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကန်ဒေါ်လာ ၅.၆ သန်း ချပေးရန် အိုဘားမားက အောက်လွှတ်တော်သို့ တောင်းဆို သွားမည်ဖြစ်ပြီး ထိုပမာဏထဲတွင် အီရတ်နိုင်ငံ၌ လေ့ကျင့်သင်ကြားပေးရန်နှင့် လက်နက်တပ်ဆင်ပေးရန် ကုန်ကျငွေ ၁.၆ ဘီလီယံလည်း ပါဝင်မည်ဖြစ်သည်။

    စစ်ဘက်ဆိုင်ရာ အကြံပေးအချို့အား ISIL အဖွဲ့များ တိုးမြှင့်တိုက်ခိုက်လာမှုကို တွန်းလှန်နေရသည့် အီရတ်အနောက်ပိုင်း အန်ဘာရ်ပြည်နယ်တွင် ချထားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထပ်တိုးချထားမည့် တပ်ဖွဲ့ဝင်များမှာ လာမည့် သီတင်းပတ်များအတွင်း အီရတ်သို့ ရောက်ရှိမည်ဖြစ်သည်။

    Source: Agencies

  •ုကိုးဘိန်းမြို့အတွက် အီရတ်မှ ကာ့ဒ်များ စစ်ကူသွားပြီ

ုကိုးဘိန်းမြို့အတွက် အီရတ်မှ ကာ့ဒ်များ စစ်ကူသွားပြီ

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    20141028164738921734_20
    – ၀ိုင်းထားသော ISIL တပ်များအား တွန်းလှန်တိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့များကို စစ်ကူပေးရန်အတွက် အီရတ်မှ ကာ့တပ်ဖွဲ့  Peshmerga မှ တပ်ဖွဲ့ဝင်များမှာ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်ဟု သိရသည်။

    စစ်သားများ၊ အမြှောက်များတင်ထားကာ ဘတ်စ်ကားများအပါဝင် ယာဉ်အစီးရေ ၅၀၊ ၆၀ ခန့်ပါသည့် ယာဉ်တန်းမှာ တူရကီနယ်စပ်အားဖြတ်၍ ဆီးရီးယားသို့ ၀င်ရောက်ရန်အတွက် ယမန်နေ့ နေ့လည်ပိုင်းက အီရတ်ရှိ အာရ်ဘီလ်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။

    အီရတ် ကာ့ဒ်အရာရှိတစ်ဦးကမူ ကိုဘိန်းသို့ ထွက်ခွာမည့် ကာ့ဒ်စစ်သားအရေအတွက်မှာ ၁၅၀ ကျော်ရှိမည်ဖြစ်ပြီး အချို့မှာ တူရကီသို့ လေယာဉ်ဖြင့်သွားရောက်ကာ ထို့နောက်တွင်မှ ဆီးရီးယားနိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ISIL တပ်များမှာ တူရကီ-ဆီးရီးယားနယ်စပ်ရှိ ကိုဘိန်းမြို့အား စက်တင်ဘာလလယ်ပိုင်းမှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုဘိန်းရှိ ကာ့ဒ်တပ်များကလည်း အပြင်းအထန်ခုခံနေသည်။

    ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကာ့ဒ်စစ်သည် ၁၅၀ ခန့် ကိုဘိန်းသို့သွားရောက်ရန် အီရတ်ရှိ ကာ့ဒ်အစိုးရက ခွင့်ပြုခဲ့ပြီး တူရကီကလည်း အီရတ်မှလာသည့် ကာ့ဒ်တပ်သားများ ဆီးရီးယားသို့ ၀င်ရောက်ရန်အတွက် ၎င်း၏ ပိုင်နက်အား အသုံးပြုခွင့်ပေးခဲ့သည်။

    Source: Al Jazeera and agencies