News @ M-Media

Tag: Rohingya

  • ၂၀၁၄  သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာကို ထည့်သွင်းမည်မဟုတ် ဆိုခြင်းကို ဝန်ကြီးဌာန ငြင်းဆို

    စိုးထက်ဝင်း
    သြဂုတ်၊ ၁၁၊ ၂၀၁၂
    The Messenger ဂျာနယ်မှ ကောက်နှုတ်ဖော်ပြပါသည်။

    The Messenger ဂျာနယ်မှ မူရင်းသတင်း

    ၂၀၁၂ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းများကောက်ယူရာတွင် ရိုဟင်ဂျာများကို ထည့်သွင်းကောက်ယူမည် မဟုတ်ဟု ဆိုခြင်းကို လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ငြင်းဆို လိုက်သည်။

    ယခုလ ၇ ၇က်နေ့ထုတ် ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြခဲ့သော ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းတွင် ရိုဟင်ဂျာကို ထည့်သွင်းခြင်း မပြုဆိုသည့် သတင်းကို ငြင်းဆိုကြောင်း အဆိုပါဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ်က The Messenger ဂျာနယ်သို အတည်ပြုပြောကြားသည်။
    “ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်တယ်ဆိုမှတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူတွေအကုန်လုံးကို ကောက်ယူရမှာဖြစ်ပါတယ်။  အဲဒိမှာ တိုင်းရင်းသားခွဲခြားတာတွေ ၊ လူမျိုးခွဲခြားတာတွေ မ၇ှိဘူး၊ နိုင်ငံသားတွေ အပြင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသားတွေကိုပါ ထည့်သွင်း ကောက်ခံမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။
    မြန်မာနိုင်င့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေတွင် လူတယောက်သည် မြန်မာနိုင်ငံအတွင်း ၁၈၈၅ ခုနှစ် မတိုင်မီ နေတိုင်သူများ၏ တတိယမျိုးဆက်ကို နိုင်ငံသားအဖြစ်သတ်မှတ်သည်ဟု ဖော်ပြထားသည်။
    ရိုဟင်ဂျာတွေကို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရင် မထည့်သွင်းဘူးလို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်ဆိုပြီး ရေးသားထားတာ တွေ့ရတယ်။ ဒါဟာ လုံးဝ မဟုတ်ပါဘး ရေးတဲ့သူက ဥပဒေကို သေချာမသိဘဲ ရေးလိုက်တာ ဖြစ်ပါလိမ်မယ်” ဟု လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြည့်စွက် ပြောသည်။

  • ရိုဟင်ဂျာကိစ္စ အာဆီယံ အလေးထားစောင့်ကြည့်

    ရိုဟင်ဂျာကိစ္စ အာဆီယံ အလေးထားစောင့်ကြည့်

    ဇူလိုင် ၁၃ ရက်၊ ၂၀၁၂
    ဂျကာတာ

    အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်စူဝမ်

    အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်စူဝမ် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအရေးအား စိတ်ဝင်စားမှုရှိကြောင်း အာဆီယံတရားဝင် ဝက်ဘ်ဆိုက် သတင်းအရသိရသည်။ ဒေါက်တာဆူရင်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ မြန်မာနှင့် ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီးများကို ရိုဟင်ဂျာအရေးနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဝန်ကြီးများမှ အာဆီယံအသင်းနှင့် အတူတကွ လက်တွဲဆောင်ရွက်ရန်နှင့် အသင်းသို့ အခြေအနေများ တင်ပြရန် ကတိပြုခဲ့ကြသည်။

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ဤအရေးကိစ္စအား ၂၀၀၉-ခုနှစ်ကတည်းမှ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးသို့ ရောက်ရှိတင်ပြခဲ့ပြီး အသင်းမှ တာဝန်ပေး စောင့်ကြည့်နေကြောင်းလည်း သိရသည်။ အခြားအာဆီယံနိုင်ငံများသို့လည်း ရွှေ့ပြောင်းလုပ်သားများအဖြစ် ရောက်ရှိနေကြသော ရိုဟင်ဂျာလူမျိုးများ၏ ဒုက္ခများအပေါ် အာဆီယံပြည်သူများ၏ စိုးရိမ်ပူပန်မှုအားလည်း တန်ဖိုးထားနားလည်ကြောင်း  ဒေါက်တာဆူရင်က ပြောကြားသည်။

    “ဒီအကြောင်းကံမလှရှာသူတွေရဲ့ ဒုက္ခဆင်းရဲတွေကို မျက်စိဖွင့်နားဖွင့် စောင့်ကြည်နေမယ်” ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်စူဝမ်က ပြောပါတယ်။

     

    မောင်လှငွေ

    ကိုးကား – http://www.aseansec.org/27066.php