ဇူလိုင် ၁၃ ရက်၊ ၂၀၁၂
ဂျကာတာ

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်စူဝမ် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအရေးအား စိတ်ဝင်စားမှုရှိကြောင်း အာဆီယံတရားဝင် ဝက်ဘ်ဆိုက် သတင်းအရသိရသည်။ ဒေါက်တာဆူရင်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ မြန်မာနှင့် ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီးများကို ရိုဟင်ဂျာအရေးနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဝန်ကြီးများမှ အာဆီယံအသင်းနှင့် အတူတကွ လက်တွဲဆောင်ရွက်ရန်နှင့် အသင်းသို့ အခြေအနေများ တင်ပြရန် ကတိပြုခဲ့ကြသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ဤအရေးကိစ္စအား ၂၀၀၉-ခုနှစ်ကတည်းမှ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးသို့ ရောက်ရှိတင်ပြခဲ့ပြီး အသင်းမှ တာဝန်ပေး စောင့်ကြည့်နေကြောင်းလည်း သိရသည်။ အခြားအာဆီယံနိုင်ငံများသို့လည်း ရွှေ့ပြောင်းလုပ်သားများအဖြစ် ရောက်ရှိနေကြသော ရိုဟင်ဂျာလူမျိုးများ၏ ဒုက္ခများအပေါ် အာဆီယံပြည်သူများ၏ စိုးရိမ်ပူပန်မှုအားလည်း တန်ဖိုးထားနားလည်ကြောင်း ဒေါက်တာဆူရင်က ပြောကြားသည်။
“ဒီအကြောင်းကံမလှရှာသူတွေရဲ့ ဒုက္ခဆင်းရဲတွေကို မျက်စိဖွင့်နားဖွင့် စောင့်ကြည်နေမယ်” ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်စူဝမ်က ပြောပါတယ်။
မောင်လှငွေ
ကိုးကား – http://www.aseansec.org/27066.php

Leave a Reply
You must be logged in to post a comment.