News @ M-Media

Tag: SaudiArabia

  • MERS ဗိုင်းရပ်စ်ကြောင့် ဆော်ဒီတွင် သေဆုံးသူ ၁၆၀ ထိ ရှိလာ၊ အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားနေ

    မေ ၁၆၊ ၂၀၁၄
    M-Media

    – အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ် MERS ကြောင့် လူ ၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဆော်ဒီကျန်းမာရေးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ထိုဗိုင်းရပ်စ်ကြောင့်သေဆုံးသူမှာ ၁၆၀ အထိ ရှိလာပြီဖြစ်သည်။

    saudi-mers-masks

    သေဆုံးသွားသူများမှာ အသက် ၅၄ နှစ်မှ ၇၂ နှစ်အရွယ်ရှိ သက်ကြီး ရွယ်အိုများဖြစ်ကြသည်။ MERS ဗိုင်းရပ်စ် ကူးစက်မှုကို ၂၀၁၂ ခုနှစ်တွင် ဆော်ဒီ၌ စတင်တွေ့ရှိခဲ့ရပြီး၊ ယခုအချိန်အထိ ကူးဆက်မှု ၅၁၄ ခု ရှိနေပြီဟု မှတ်တမ်းများအရ သိရသည်။ အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ နယ်သာလန်၊ ယူအေအီးနှင့် အမေရိကန်နိုင်ငံများတွင်လည်း အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးဆက်သူများကို တွေ့ရှိခဲ့ရပြီး ထိုသူများမှာ ဆော်ဒီသို့ ရောက်ဖူးသူများဖြစ်ကြသည်။

    ကူးစက်မှုကို တားဆီးထိန်းချုပ်ရန်၊ ဗိုင်းရပ်စ်၏ အချက်အလက်များကို ပိုမိုစုဆောင်းရန်နှင့် အာဖရိကကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော နိုင်ငံများသို့ ပြန့်ပွား မသွားအောင် တားဆီးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းထားသည်။ လက်ရှိအချိန်အထိ MERS ဗိုင်းရပ်စ်အား သေစေနိုင်သည့် ဆေးမရှိသေးပေ။

    MERS ဗိုင်းရပ်စ် မှာ ၂၀၀၃ ခုနှစ်က ပြန့်ပွားခဲ့သည့် ဆားစ် ဗိုင်းရပ်စ်နှင့် ဆင်တူပြီး ဆားစ်ရောဂါကဲ့သို့ပင် ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အပူချိန်မြင့်မားခြင်းနှင့် အဆုတ်ရောဂါတို့ ဖြစ်ပွားနိုင်သည်။ ထို့ပြင် MERS ဗိုင်းရပ်စ်မှာ ကျောက်ကပ်ရောဂါလည်း ဖြစ်ပွားစေနိုင်သည်။

    Ref: AFP, Riyadh

    mers-infographic-data

     

  • ပိုလျှံအစားအသောက်များ ဆင်းရဲ နွမ်းပါးသူများကို လှူဒါန်းနိုင်ဖို့ ဆော်ဒီနိုင်ငံသား တစ်ဦး ထူးခြားတဲ့ စိတ်ကူး

    မေ ၅ ၊ ၂၀၁၄
    M-Media

    – ဆင်းရဲနွမ်းပါးသူများအား လှူဒါန်းရန်အတွက် ပိုလျှံအစားအသောက်များ ထည့်နိုင်ရန်အလို့ငှာ ဆော်ဒီနိုင်ငံသား တစ်ဦးက ၎င်း၏ အိမ်ရှေ့တွင် ရေခဲသေတ္တာတစ်လုံးကို ချထားပေးသည်ဟု သိရသည်။
    fridge
    ဆော်ဒီအာရေဗျနိုင်ငံ ဟာအီလ်မြို့တွင် နေထိုင်သည့် လူတစ်ဦးဖြစ်ပြီး ဟာအီလ်မြို့ အုပ်ချုပ်ရေး တာဝန်ရှိသူ ရှိခ်မိုဟာမက် အလ်-အရီဖီကလည်း ထိုလုပ်ရပ်မှာ ဟုတ်မှန်ကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် အတည်ပြုခဲ့သည်။

    “ဟာအီလ်မြို့က လူတွေဟာ ရက်ရောတယ်လို့ ကျွန်တော် အမြဲတမ်းပြောပါတယ်။ ပိုလျှံတဲ့ အစားသောက်တွေ ထည့်ထားဖို့အတွက် လူတစ်ယောက်က သူ့အိမ်ရှေ့မှာ ရေခဲသေတ္တာ တစ်လုံးကို ထားပေးခဲ့ပါတယ်။ လိုအပ်နေသူတွေ အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ လှူဒါန်းပေးခြင်းပါ။ အို- ဟာအီလ်ရေ.. နှစ်သက်မိပါဘိ” ဟု ရေးသားထားသည်။

    အလ်-အရီဖီ၏ ထိုရေးသားမှုအား Twitter အသုံးပြုသူများက သြဘာပေးခဲ့ကြပြီး အကြိမ် ၅၀၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြသည်။ ယခုကဲ့သို့ အလှူဒါနပြုရေး ဆောင်ရွက်မှုများကို ဖော်ပြပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အခြားသော လှူဒါန်းမှုများအတွက်လည်း အတုယူစရာ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း Twitter အသုံးပြုသူများက ရေးသားခဲ့ကြသည်။ ထို့ပြင် ဟာအီလ် မြို့သားများ၏ သဒ္ဓါတရား ထက်သန်မှု အတွက် ၀မ်းမြောက်မိကြောင်းလည်း ပါဝင်ပြီး၊ ကောင်းမွန်သော ရည်ရွယ်ချက်ဖြစ်သည်ဟု ထည့်သွင်း ရေးသားခဲ့ကြသည်။

    Ref: Riyadh Connect

  • မိသားစုတွင်း အမျိုးသမီးများကို အနိုင်ကျင့်မှု အတွက် နစ်နာကြေးနှင့် ပြစ်ဒဏ်ပေးရန် ဥပဒေသစ် ဆော်ဒီပြဌာန်း

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    domashnee_nasilie– အမျိုးသားတစ်ဦးမှာ မိသားစုအတွင်းရှိ အမျိုးသမီး တစ်ဦးဦးအား စိတ်ပိုင်းဆိုင်ရာ၊ စကားလုံးနှင့် ရုပ်ပိုင်းဆိုင်ရာ အရ အနိုင်ကျင့်စော်ကားသည်ဟု အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါက နစ်နာကြေးပေးဆောင်ရန်နှင့် ထောင်ဒဏ် ကျခံရမည့် ဥပဒေသစ်တစ်ရပ်ကို ဆော်ဒီ တရာရုံးချုပ်ကောင်စီက သတ်မှတ်ခဲ့သည်ဟု သိရသည်။

    အမျိုးသမီးများအား အနိုင်ကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ကြောင်း ထင်ရှားပါက ကျူးလွန်သူ အမျိုးသားမှာ ကျူးလွန်ခြင်းခံရသူ အမျိုးသမီးအား ဆော်ဒီရီယဲလ် ၅၀၀၀ မှ ၅၀၀၀၀ အကြား နစ်နာကြေး ပေးဆောင်  ရမည်ဖြစ်ပြီး ထောင်ဒဏ် ၁ လမှ ၁ နှစ်အထိလည်း ကျခံရမည်ဖြစ်သည်။ ပြစ်မှု ကျူးလွန်ကြောင်း အထောက်အထား အဖြစ် ပြည်သူ့ရေးရာ ၀န်ကြီးဌာနမှ ပေးပို့သော ဆေးစာအရ တရားရုံးမှ အမိန့် ချမှတ်မည်ဟု အဆိုပါ ၀န်ကြီးဌာနမှ အလ်-ဟာဘီက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

    ထို့ပြင် ထိုဥပဒေမှာ ခင်ပွန်းများ၊ အကို၊ မောင်များ၊ သားများနှင့် မိသားစုအတွင်း ဆက်နွယ် ပတ်သက်နေသည့် အခြားသော အမျိုးသားများအပေါ် အကျုံးဝင်ကြောင်း ဟာဘီက ဆိုသည်။

    “အနိုင်ကျင့်ခံရသူဟာ သမီး၊ ညီမ၊ အစ်မ၊ ဇနီး၊ မြေးမြစ် စသည်တို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနိုင်ကျင့်မှုကြောင့် အမျိုးသမီးဟာ မသန်စွမ်းဖြစ် သွားမယ်၊ သေသွားမယ်ဆိုရင် နစ်နာကြေးနဲ့တင် မရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူဟာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရပါမယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ဒီဥပဒေအတွက် နိုင်ငံတစ်ဝှမ်းမှာ လွန်ခဲ့တဲ့ သုံးလကတည်းက workshop တွေ လုပ်ခဲ့ပါတယ်။ ၀န်ကြီးဌာနကလည်း ဒီဥပဒေမူကြမ်းထွက်လာဖို့ အကြံဥာဏ်တွေ ပေးခဲ့ပါတယ်” ဟု ဟာဘီက ပြောကြားခဲ့သည်။

    အမျိုးသမီးများအား ကာကွယ်ပေးထားသည့် ထိုဥပဒေအား အမျိုးသမီးများကလည်း ကြိုဆိုခဲ့သည်။

    “ဒါဟာ အနိုင်ကျင့်ခံရတဲ့အမျိုးသမီးတွေ၊ အိမ်ထောင်ရေးထဲမှာ နေထိုင်ဖို့ အဓ္ဓမ ခိုင်းစေခံရသူ အမျိုးသမီးတွေအတွက် သတင်းကောင်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ ဘ၀သစ်စဖို့အတွက် ပိုက်ဆံမရှိကြပါဘူး။ ကျွန်မ ယောက်ျားက နှစ်ပေါင်းများစွာ ကျွန်မကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်အောင် အနိုင်ကျင့်ခဲ့ပါတယ်။ ကျွန်မမှာ အပြင်ထွက်ဖို့၊ အခန်းငှားဖို့ ပိုက်ဆံမရှိတဲ့အတွက် သူ့ကို မစွန့်ခွာနိုင်ခဲ့ဘူး။ ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မသားလေး အလုပ်ရပြီး အခန်းခပေးနိုင်တဲ့ အချိန်မှာ သူကိုစွန့်လွှတ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အနိုင်ကျင့်သောခင်ပွန်းဖြစ်သူနှင့် ကွာရှင်းထားသည့် ဟာနန် မိုဟာမက်က ပြောကြားခဲ့သည်။

    ထို့ပြင် ယခုဥပေဒမှာ ကောင်းမွန်သောဆုံးဖြတ်ချက်ဖြစ်ပြီး အစိုးရက အမျိုးသမီးများအား ကာကွယ်ပေးမည်ဖြစ်သောကြောင့် အမျိုးသမီးများမှာ ၎င်းတို့၏ ခင်ပွန်းများအပေါ် မှီခိုစရာမလိုတော့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Arabnews

  • ဆော်ဒီ၏ စစ်အသုံးစားရိတ် ကမ္ဘာ စတုတ္ထ အများဆုံးဖြစ်လာ၊ အရှေ့အလယ်ပိုင်းတွင် ထိပ်ဆုံးဖြစ်

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ၏ ကာကွယ်ရေးအသုံးစားရိတ်မှာ အရှေ့အလယ်ပိုင်းတွင် အမြင့်ဆုံးဖြစ်သည်ဟု လေ့လာမှုများအရ သိရသည်။

    20144141488680734_20

    ၂၀၁၂ ခုနှစ်မှစ၍ အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ကာကွယ်ရေးအသုံးစားရိတ်များကို ပိုမိုသုံးစွဲလာခဲ့ပြီး ဆော်ဒီ၏ ကာကွယ်ရေးအသုံးစားရိတ်မှာ ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၆၇ ဘီလီယံရှိခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့၏ မှတ်တမ်းများကဆိုသည်။

    ထိုပမာဏမှာ ၂၀၁၂ ခုနှစ် အသုံးစားရိတ်ထက် ၁၄ ရာခိုင်နှုန်း ပိုခဲ့ပြီး ယူကေ၊ ဂျပန်နှင့် ပြင်သစ်တို့ကိုကျော်တက်ခဲ့သည်။ ဆော်ဒီ၏ ကာကွယ်ရေးအသုံးစားရိတ်မှာ ၁၀ နှစ်အတွင်း နှစ်ဆကျော်ရှိလာပြီး၊ ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ပြီးနောက် ကမ္ဘာပေါ်တွင် ကာကွယ်ရေးအသုံးစားရိတ် စတုတ္ထအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။

    ၂၀၁၃ ခုနှစ် အရှေ့အလယ်ပိုင်းနိုင်ငံများအားလုံး၏ ကာကွယ်ရေးအသုံစားရိတ်မှာ ၂၀၁၂ ခုနှစ်ကထက် ၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု အဆိုပါ သုတေသနအဖွဲ့က ဆိုသည်။ ဘာရိန်နှင့် အီရတ်နိုင်ငံတို့၏ ၂၀၁၃ ခုနှစ် ကာကွယ်ရေးအသုံးစားရိတ်များမှာ ၂၆ နှင် ၂၇ ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့ပြီး အီရန်၊ ကာတာ၊ ဆီးရီးယားနှင့် ယူအေအီးနိုင်ငံတို့၏ ၂၀၁၃ ကာကွယ်ရေးအသုံစားရိတ် အချက်အလက်များကိုမူ ရရှိခဲ့ခြင်းမရှိချေ။

    Al Jazeera
  • တိုက်လေယာဉ်မှူးဟောင်း ဒု- လက်ထောက် ၀န်ကြီးချုပ် Muqrin အား ဒုတိယ အိမ်ရှေ့စံအဖြစ် ဆော်ဒီခန့်အပ်

    မတ် ၂၉ ၊ ၂၀၁၄
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ၏ ထောက်လှမ်းရေးအကြီးအကဲဟောင်း Muqrin အား ဆော်ဒီတော်ဝင်မိသားစုက ဒုတိယ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့သည်ဟုသိရသည်။

    d93bdd37-a9e6-4566-b425-0b0d9eb5df87_4x3_296x222
    photo-Al Arabiya

    အသက် ၆၈ နှစ်အရွယ်ရှိ မင်းသား Muqrin bin Abdulaziz မှာ ဆော်ဒီအာရေဗျနိုင်ငံကို တည်ထောင်သူ ဘုရင် Abdulaziz al-Saud ၏ အငယ်ဆုံးသားဖြစ်သည်။

    ဆော်ဒီနိုင်ငံအား အသက် ၉၀ အရွယ်ရှိပြီဖြစ်သည့် ဘုရင် Abdullah  က လက်ရှိတွင် အုပ်ချုပ်နေပြီး Muqrin ၏ ဖအေတူ အမေကွဲ အကိုတော်သူ Salman က အိမ်ရှေ့မင်းသားအရာတွင် ရှိနေသည်။

    လွန်ခဲ့သည့်တစ်နှစ်က တိုင်းပြည်၏ ဒုတိယ လက်ထောက်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် Muqrin မှာ ယခုအခါ ထီးနန်းဆက်ခံရန် စောင့်ဆိုင်းနေရသည့် အိမ်ရှေ့မင်းသားနှင့် ရာထူးခြင်း တူညီသွားပြီဖြစ်သည်။

    ပထမအိမ်ရှေ့မင်သား Salman  မှာ ကျန်းမာရေးဆိုးရွားနေပြီး ထီးနန်းဆက်ခံမှုစာရင်းမှ ထုတ်ပယ်ရန်အတွက် ဆုံးဖြတ်ဖွယ်ရှိနေသောကြောင့် ယခုကဲ့သို့ ခန့်အပ်ခြင်းဖြစ်သည်ဟု ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက AFP သတင်းဌာနသို့ပြောကြားခဲ့သည်။

    “ထီးနန်းဆက်ခံဖို့ နေရာလွတ်သွားတဲ့အခါ အစားထိုးနိုင်ဖို့အတွက် မင်းသား Muqrin ကို သစ္စာတော်ခံ ဒုတိယ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့တာပါ။ နိုင်ငံရဲ့ဘုရင်နဲ့ အိမ်ရှေ့မင်းသားနေရာ တစ်ချိန်းတည်း လစ်လပ်သွားတဲ့အခါ သစ္စာတော်ခံဘုရင်အဖြစ် ခန့်အပ်နိုင်ဖို့ပါ” ဟု ဆော်ဒီတော်ဝင်ခုံရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Muqrin မှာ ငယ်ရွယ်စဉ်က တိုက်လေယာဉ်မှူးအဖြစ် ဗြိတိန်တွင် သွားရောက်လေ့ကျင့်ခဲ့ပြီး၊ ဘုရင် Abdullah  က စတင်ခဲ့သည့် စီးပွားရေးနှင့် လူမှုရေး ဂရုတစိုက် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်ဖွယ်ရှိသည်ဟု လေ့လာသူများကဆိုသည်။
    Agencies