News @ M-Media

Tag: UK

  • အင်္ဂလန်တွင် ဘီဘီစီရေဒီယိုက သောကြာနေ့တိုင်း အာဇန်သံ လွှင့်ပေးမည်

    အင်္ဂလန်တွင် ဘီဘီစီရေဒီယိုက သောကြာနေ့တိုင်း အာဇန်သံ လွှင့်ပေးမည်

    ဧပြီ ၉၊ ၂၀၂၀
    M-Media

    လန်ဒန်မြို့မှ ဗလီဝတ်ကျောင်းတော်တစ်ခု

    -အစ္စလာမ်ဘာသာဝင်တွေ သောကြာနေ့ နေအိမ်တွေမှာ ဝတ်ပြုဆုတောင်းနိုင်ဖို့အတွက် အင်္ဂလန်နိုင်ငံ ဒေသတစ်ချို့က ဘီဘီစီ အသံလွှင့်ရုံတွေဟာ အာဇန် နိဗ္ဗာန်ဆော်မှုကို ထုတ်လွှင့်ပေးနေတယ်လို့ သိရပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို တားဆီးရေးအတွက် ဗြိတိန်မှာ လူစုလူဝေးလုပ်တာကို တားမြစ်ထားပြီး လှုပ်ရှားသွားလာမှု ကန့်သတ်ချက်တစ်ချို့ကိုလည်း လုပ်ဆောင်ထားပါတယ်။ ဒါ့ကြောင့် ဗလီဝတ်ကျောင်းတော်တွေ အပါအဝင် ဘာသာရေးအဆောက်အဦးတွေအားလုံး ပိတ်ထားရပါတယ်။

    ဧပြီလ ၃ ရက် သောကြာနေ့က ကိုဗန်ထရီနဲ့ ဝါဝစ်ရှိုင်းယားဒေသတွေက ဘီဘီစီ အသံလွှင့်ရုံတွေဟာ ကာရီ အာဆင် (MBE) ရဲ့ အာဇန်သံကို လွှင့်ပေးခဲ့ပါတယ်။ ဒါဟာ ဗလီတွေ ပိတ်ထားတာကြောင့် အခက်အခဲဖြစ်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေ အဆင်ပြေစေဖို့အတွက် လွှင့်ပေးတာဖြစ်ပြီး ရမ်ဇာန်ဥပုသ်လအထိ လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ အပတ်စဉ် နိုင်ငံအတွင်းက ရှေ့ဆောင်အီမာမ်တွေ တစ်လှည့်စီ အာဇန်ဆိုမှာ ဖြစ်ပါတယ်။

    ဘီဘီစီရဲ့ ရေဒီယိုဂျာနယ်လစ်တစ်ဦးဖြစ်ပြီး အစီအစဉ် ဖန်တီးတင်ဆက်သူလည်းဖြစ်တဲ့ ဟယ်ရီ ဖာလေက ဘီဘီစီရဲ့ ဒီအစီအစဉ်ကို ဧပြီလ ၂ ရက်နေ့က သူ့ရဲ့ Tiwtter စာမျက်နှာကနေ ကြေငြာခဲ့ပြီး ယူကေက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကလည်း ကြိုဆိုခဲ့ကြပါတယ်။

    Ref: Business Recorder

  • ကိုရိုနာကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို အရေးပေါ်ခန်းထဲ ပို့ထားရ

    ကိုရိုနာကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို အရေးပေါ်ခန်းထဲ ပို့ထားရ

    ဧပြီ ၇၊ ၂၀၂၀
    M-Media

    ဧပြီ ၃ ရက်နေ့က ၈ျွန်ဆင်၏ ပုံ

    -COVID-19 ကူးစက်နေတဲ့ ​ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို မနေ့က အထူးကြပ်မတ်ကုသဆောင်ကို တင်လိုက်ရ​ပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ် ရာအဘ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    လွန်ခဲ့တဲ့ ၁၀ ရက်က ရောဂါကူးစက်ကြောင်း တွေ့ရှိခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် ဂျွန်ဆင်ဟာ မသက်သာတဲ့အတွက် တနင်္ဂနွေနေ့မှာ ဆေးရုံတင်လိုက်ရတာပါ။ ရောဂါလက္ခဏာ အခြေအနေက ပိုဆိုးလာတဲ့အတွက် တနင်္လာနေ့မှာ အထူးကြပ်မတ်ကုသခန်းထဲကို ရွှေ့လိုက်ရပါတယ်။

    ဝန်ကြီးချုပ်တာဝန်ကို ခေတ္တထမ်းဆောင်နေတဲ့ ရာအဘ်က ဂျွန်ဆင်ကို အောက်ဆီဂျင်ပေးခဲ့ရပေမယ့် အသက်ရှုစက်တော့ မတတ်ရဘူးလို့ ဒီကနေ့ ဝန်ကြီးချုပ်အိမ်ရှေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းထူးရင် တိုင်းပြည်ကို အချိန်နဲ့တစ်ပြေးညီအသိပေးမယ်လို့လည်း သူက ဆိုပါတယ်။

    ဘက်ကင်ဟမ်နန်းတော်ကလည်း ဝန်ကြီးချုပ်ရဲ့ အခြေအနေကို ဘုရင်မကြီးထံ မပြတ်သတင်းပို့နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဗိုင်းရပ်စ်ကူးစက်နေပေမယ့် ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း အစိုးရကို ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ ဂျွန်ဆင်ဟာ တနင်္လာနေ့က ရာအဘ်ကို ခေတ္တ တာဝန်လွှဲပေးခဲ့တာကြောင့် ဝန်ကြီးချုပ်အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref : BBC

  • 5G ကွန်ယက်နှင့် ကိုရိုနာဗိုင်းရပ်စ် ဆက်စပ်သည်ဆိုသည့် သတင်းမှား ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေ

    5G ကွန်ယက်နှင့် ကိုရိုနာဗိုင်းရပ်စ် ဆက်စပ်သည်ဆိုသည့် သတင်းမှား ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေ

    ဧပြီ ၆၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဟာ 5G ကွန်ယက်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ကောလဟာလတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ပြီးတဲ့နောက် ယူကေမှာ ဖုန်းတာဝါတိုင်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဖြစ်လာခဲ့ပါတယ်။

    အခုတစ်ပတ်အစောပိုင်းက ဘာမင်ဂမ်၊ လီဗာပူးလ်နဲ့ မာဆေးဆိုက်က မီလင်းမြို့တွေမှာ ဖုန်းတာဝါတိုင်တွေ မီးရှို့ခံခဲ့ရပါတယ်။ တယ်လီဖုန်းကုမ္ပဏီ Vodafone က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သူတို့ရဲ့ တာဝါတိုင်တွေ၊ O2 နဲ့ အတူ အသုံးပြုတဲ့ တာဝါတိုင်တွေကို ဖျက်ဆီးမှု အနည်းဆုံး ၄ ခု လောက် ဖြစ်ပွားခဲ့တယ်လို့ BBC သတင်းဌာနကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် ကုမ္ပဏီက အင်ဂျင်နီယာအချို့ စော်ကားခံရပြီး ဒါတွေအားလုံးဟာ အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ သတင်းမှားကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    5G ကွန်ယက်ကနေတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့တယ်၊ 5G ကွန်ယက်ဟာ လူ့ကိုယ်ခံအားကို အားနည်းစေပြီး ဗိုင်းရပ်စ် အလွယ်တကူ ကူးစက်စေနိုင်တယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေဟာ ဇန်နဝါရီလ လောက်ကတည်းက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကစလို့ မြေပြင်အထိ ရိုက်ခတ်မှု ရှိလာတာ ဖြစ်ပါတယ်။

    ဗြိတိန်သိပ္ပံပညာရှင်တွေက ဒီဝါဒဖြန့်မှုတွေကို ရှုတ်ချခဲ့ပြီး ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ရူးနှမ်းတဲ့ ပြောဆိုမှုသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ယူကေ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး အိုလီဗာ ဒိုဒင်က ဒီဝါဒဖြန့်မှုတွေကို ဖယ်ရှားရေး ပိုမိုအားထုတ်လုပ်ဆောင်ဖို့အတွက် ဆိုရှယ်မီဒီယာကုမ္ပဏီတွေကို အမိန့်ပေးထားပြီး၊ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဗီဒီယိုကတစ်ဆင့် အစည်းအဝေးလုပ်ဖို့လည်း ရှိနေပါတယ်။

    Ref: BBC

  • ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မသက်သာသောကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို ဆေးရုံတင်

    ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မသက်သာသောကြောင့် ဗြိတိန်ဝန်ကြီးချုပ်ကို ဆေးရုံတင်

    ဧပြီ ၆၊ ၂၀၂၀
    M-Media

    -CODID-19 ကူးစက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှာ ၁၀ ရက်ကြာပြီးနောက်ပိုင်း ရောဂါလက္ခဏာတွေ ဆက်ရှိနေတဲ့အတွက် မနေ့မှာ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

    ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ ဒီလိုဆေးရုံတင်တာဟာ ကြိုတင်ကာကွယ်မှုအတွက် တင်တာဖြစ်ပြီး အရေးပေါ်တင်တာမျိုးမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

    ဘောရစ်ဂျွန်ဆင်မှာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း မတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ထင်ရှားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ပထမဆုံးကူးစက်သူ ဖြစ်လာတာပါ။

    အဲဒီနောက် သီးသန့်ခွဲခြား နေထိုင်နေပေမယ့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး နေ့စဉ်အစည်းအဝေးတွေကို ဥက္ကဌအဖြစ် ဗီယိုကနေတစ်ဆင့် တက်ရောက်ခဲ့ပြီး၊ ပြည်သူလူထုကို အားပေးနှစ်သိမ့်တဲ့ ဗီဒီယိုတွေကိုလည်း လွှင့်တင်ခဲ့ပါတယ်။

    သောကြာနေ့က လွှင့်တင်တဲ့ဗီဒီယိုမှာ သက်သာလာပြီဖြစ်ပေမယ့် အဖျားရှိနေသေးတယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။ ဂျွန်ဆင်ဟာ အစိုးရကို ဆက်လက်တာဝန်ယူသွားမယ်လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ဗြိတိသျှအိမ်ရှေ့မင်းသား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရ

    ဗြိတိသျှအိမ်ရှေ့မင်းသား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရ

    မတ် ၂၅၊ ၂၀၂၀
    M-Media

    -ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်လို့ အိမ်ရှေ့စံအိမ်တော်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အသက် ၇၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝေးလ်မြို့စားဟာ အဲလိဇဘက်ဘုရင်မကြီးရဲ့ သားတော်ဖြစ်ပြီး ထီးမွေနန်းလျာကို ဆက်ခံရမယ့်သူပါ။ လက်ရှိမှာ မင်းသားရော၊ ကြင်ယာ​တော် ကမီလာပါ သီးခြားနေထိုင်နေပါတယ်။ မင်းသားဟာ ရောဂါလက္ခဏာ အနည်းငယ်သာပြသပြီး ကျန်းကျန်းမာမာရှိ​နေကာ ကြင်ယာတော်မှာတော့ ဗိုင်းရပ်စ်ပိုး မတွေ့ရဘူးလို့ အိမ်ရှေ့စံအိမ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    ​အဲလိဇဘက်ဘုရင်မကြီးဟာ ချားလ်စ်မင်းသားကို နောက်ဆုံး မတ်လ ၁၂ ရက်နေ့မှာ တွေ့ခဲ့ပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေ ကောင်းနေတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။ ဘုရင်မကြီးဟာ သူ့ရဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အကြံဉာဏ်တွေကို နားထောင်လိုက်နာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ချားလ်စ်မင်းသားဟာ လူတော်တော်များများနဲ့ တွေ့ဆုံခဲ့တာကြောင့် ဘယ်သူ့ထံကနေ ကူးစက်သလဲဆိုတာ အတိအကျပြောလို့မရကြောင်း ဗြိတိန် အမျိုးသား ကျန်းမာရေးဌာနက ပြောပါတယ်။ မင်းသားဟာ မတ်လ ၁၂ ရက်နေ့မှာ နောက်ဆုံး လူမြင်ကွင်းထွက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း အိမ်ကနေ အလုပ်လုပ်ဆောင်တာပါ။

    Ref: BBC