M-Media

ဥရောပရုပ်သံလွှင့် သမဂ္ဂက ကျင်းပမယ့် သီချင်းပြိုင်ပွဲ Eurovision Song Contest မှာ အစ္စရေးပါ၀င်မှုကို ဆန့်ကျင်သည့်အနေဖြင့် နှုတ်ထွက်တဲ့နိုင်ငံ ၅ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။
စပိန်၊ အိုင်ယာလန်၊ ဆလိုဗေးနီးယား၊ နယ်သာလန်နဲ့ အိုက်စလန်တို့ ဖြစ်ပါတယ်။ ဂါဇာမှာ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြိုင်ပွဲမှာ အစ္စရေးအဖွဲ့ကို ပါ၀င်ခွင့်မပြုဖို့ ပြိုင်ပွဲ၀င်နိုင်ငံတွေက တောင်းဆိုခဲ့ကြတာပါ။
ဥရောပရုပ်သံလွှင့် သမဂ္ဂက အစ္စရေးကို ပါ၀င်ခွင့်ပြုမယ်လို့ ကြေငြာခဲ့ပြီးနောက် နိုင်ငံတွေက အခုလို နှုတ်ထွက်သွားကြတာ ဖြစ်ပါတယ်။
Ref: BBC
