News @ M-Media

အိုစာမာဘင်လာဒင်ရုပ်အလောင်းအား ရေထဲပစ်ချ အစဖျောက်ခဲ့ခြင်းအပေါ် ကမ္ဘာ့ထိပ်တန်းအာလင်မ်များ၏တုန့်ပြန်သံများ

အလ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင် အား အမေရိကန် စီးနင်းတိုက်ခိုက်မှုအတွင် အသေဖမ်းဆီးရပြီးနောက် ၄င်းအား ပင်လယ်ထဲပစ်ချသဂြိုလ်ခဲ့ကြောင်း အမေရိကန်အစိုးရ သတင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်မှ ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းအပေါ် စွန္နီ မွတ်စလင်ကမ္ဘာ ၏ အထင်ကရ အစ္စလာမ့်တက္ကသိုလ်ဖြစ်သော အလ်အဇ်ဟရ် မှ ဂရင်န်း အီမာမ် ဒေါက်တာ အဟ်မဒ် အလ်တွိုင်ယိဘ်က ယင်းလုပ်ရပ်သည် အစ္စလာမ့် ရှရီအဟ်၏ အနှစ်သာရကို ဆန့်ကျင်မှု ဖြစ်ကြောင်း အပြင်းအထန် ဝေဖန်ရှုတ်ချလိုက်သည်။ ၄င်းက လူသားတန်ဖိုး၊ ဘာသာတရားအားလုံး ၏ စံနှုန်းများ နှင့် ဆန့်ကျင်ကြောင်း ပြစ်တင် ပြောဆိုလိုက်သည်။

ပါကစ္စတန် နိုင်ငံ အစ္စလာမာဘတ် မြို့ နှင့် ၆၂မိုင်ကွာတွင်ရှိ သော အဘောတ်တာဘတ် စီးနင်းတိုက်ခိုက် မှုအတွင်း အိုစမာ ဘင်လာဒင်အား အသေဖမ်းဆီးရမိခဲ့ကြောင်း ၊ ၄င်း၏ ရုပ်အလောင်း အားစစ်သုံးလေ ယာဉ်ပေါ်ကနေ ပင်လယ်ထဲသို့ပစ်ချ သဂြိုလ်ခဲ့ကြောင်း သတင်း များတွင်ပါရှိခဲ့သည်။အိုစမာ အထူးအမြတ် ထားရာ ဂူဗိမာန် အဖြစ် လူအများက သတ်မှတ်လာနိုင် သည့် အပေါ် ရှောင်ရှားလို ၍ ရေထဲသို့ ပစ်ချ သဂြိုလ်ခဲ့ကြောင်း ၊ အမေရိကန် တာဝန်ရှိသူများက ဖြေရှင်းချက် ပေးပါသည်။

ရှိုခ်ခွလ်အဇ်ဟရ် ဒေါက်တာ တွိုင်ယိဘ် က အိုစမာ ဘင်လာဒင်အလောင်း အား ရေထဲသို့ပစ် ချ အစေဖျောက်ပစ်သည့် လုပ်ရပ် မှာ သေသူ အား လေးစားတန်ဖိုးထား မြေမြုပ် သဂြိုလ်ပေးရန် ပြဌာန်းထားသော ၊ အစ္စလာမ့်ဥပဒေ ဆန့်ကျင်နေ သည့် အပြင်လူသားချင်းစာနာမှု တန်ဖိုးများနှင့် လည်း သွေဖီနေသည် ဟု ထောက်ပြခဲ့သည်။

အီဂျစ်နိုင်ငံမွဖ်သီချုပ် အလီဂိုးမားကလည်း “အမေရိကန်တွေ လုပ်ရပ်ကတော့ လုံးဝကို အစ္စလာမ်နဲ့ ဆန့်ကျင်နေတာပါ” ဟု ၄င်း ၊

အီဂျစ်မွဖ်သီ ချုပ်ဟောင်း ဒေါက်တာ နာဆီရ်ဖာရိဒ် ၀ါဆေလ် က မွတ်စလင်တစ်ဦး ကို အသက်ရှင်နေချိန်မှာပဲဖြစ်ဖြစ် သေဆုံးတဲ့အခါမှာပဲဖြစ်ဖြစ် လေးစားတန်ဖိုးထားရမှာပါ ..သေဆုံးခဲ့ပါကလည်း အစ္စလာမ့်စည်းမျဉ်းတွေနဲ့အညီ မြေမြှပ်သဂြိုလ်မှာ ဖြစ်ပါတယ်။ အမိန့်မနာခဲ့တဲ့ မွတ်စလင် တစ်ဦး ဖြစ်နေပါစေ သူ့ကို မွတ်စလင် ကဘရ်စတာန် သချိုင်း မှာပဲ ထားရှိ ရပါမယ်၊ မွတ်စလင်ပဲဖြစ်ဖြစ် မွတ်စလင်မဟုတ်သူကိုပဲ ဖြစ်ဖြစ် ဒီလိုမျိုးရေထဲ ပစ်ချ အလောင်းဖျောက်တာကို ဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ပါဘူး ဟု ၊ အီဂျစ်မွဖ်သီချုပ်ဟောင်း Dr. Nasr Farid Wasel က ဝေဖန်ခဲ့ပါသည်။ မွတ်စလင်မဟုတ်သူ အလောင်းတွေကို တမန်တော် မိုဟမ္မဒ် (ဆွ) ကိုယ်တော်တိုင် လေးလေးစားစားဖြင့် မြေမြုပ်သဂြိုလ်ခဲ့ ပုံများကို သမိုင်း မှာ အထင်အရှားရှိခဲ့ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။

အလ်အဇ်ဟရ်တက္ကသိုလ်မှ ပါမောက္ခ Taha Abu Kreisha ကလည်း ဘင်လာဒင် ရုပ်အလောင်း အားပင်လယ်ထဲသို့ပစ်ချခဲ့ခြင်းက အစ္စလာမ့် သွန်သင်ချက်ကို ဆန့်ကျင်သော အရိုသေမဲ့လုပ်ရပ် ဖြစ်ကြောင်း သုံးသပ်ဝေဖန်ပါသည်။

ကမ္ဘာ့မွတ်စလင်အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားရှိ သြဇာကြီးမားသော အင်ဒိုနီးရှား အိုလမာကောင်စီ က အမေရိကန်တို့ လုပ်ရပ်ပေါ် ရှုတ်ချဝေဖန်လိုက်ပါသည်။ “ ရာဇ၀တ်သား၊ တစ်ဦး ဖြစ်နေပါစေ သူရဲ့ရုပ်ကလပ်ကို တန်ဖိုးထားလေးစာရပါမယ်။ ၄င်းအလောင်းကို ကဖန် အ၀တ်ဖြူစပတ် ပြီး မြေမြှပ် သဂြိုလ် ရပါမယ်။ ဂျနဇာဆွလဟ် စောင့်တည်ရပါမယ်” ဟုဆိုခဲ့သည်။

ကိုး onislam

Comments

One response to “အိုစာမာဘင်လာဒင်ရုပ်အလောင်းအား ရေထဲပစ်ချ အစဖျောက်ခဲ့ခြင်းအပေါ် ကမ္ဘာ့ထိပ်တန်းအာလင်မ်များ၏တုန့်ပြန်သံများ”

  1. Nay Paing Oo Avatar
    Nay Paing Oo

    ဟုတ်တယ်ဗျ။ ကျနော်လဲ အဲ့ဒါတော့ ထောက်ခံတယ်။ အထိမ်းအမှတ်နေရာဖြစ်တယ်လို့ ပြောရအောင် အဲ့နေရာမှာ ဘာများလုပ်လို့ကော ရမှာမို့လဲ။ တစ်ကယ်သာ အိုစမာဘင်လာဒင်ရဲ့ ရုပ်ကလပ်ကို မြေကြီးထဲမှာ မြှုတ်နှံခဲ့မယ်ဆိုရင် အဲ့နေရာကို ယင်တစ်ကောင်တောင် မနားနိုင်အောင် အမေရိကန်က အစောင့်အကြပ်တွေ ချထားမှာပါ။ သူတို့ပြောတဲ့ အကြောင်းပြချက်က တစ်ကယ်တော့ဘာမှ ခိုင်လုံမှုမရှိပါဘူး။ ရှင်းရှင်းပြောရရင် စိတ်ဓာက်စစ်ဆင်ရေး လုပ်လိုက်တာပါ။ ငါတို့ အမေရိကန်ကို လာပြီး ထိပါးရင် ဒီလိုမျိုး အလောင်းတောင် ပြန်မရဘူးလို့ သူတို့ကို ဆန့်ကျင်သူတွေရဲ့ စိတ်ထဲမှာစွဲသွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ပဲ ထင်မြင်ယူဆမိပါတယ်။

Leave a Reply