M-Media
March 25, 2013
မတ်လ ၂၄ ည ၁၀ နာရီခန့် မှစ၍ အကြမ်းဖက်လူရမ်းကားတစ်စုသည် ရန်ကုန်မြို့ မွတ်စလင်မ်အ များစုနေ ထိုင်ရာ ရပ်ကွက်များသို့  ကား ၂-စီးဖြင့် လှည့်ပတ်သွားလာ အော်ဟစ်နေပြီး တိုက်ခိုက်ရန် ညာသံပေးကြိုးစား ရာ ဒေသခံမွတ်စလင်မ်များက ဟန့်တားကာကွယ်ရန်ဆိုင်းပြင်းသဖြ
ထိုသို့ အကြိမ်ကြိမ်ကြိုးစားရာ မွတ်စလင်မ်များက ခေါင်းငုံမခံပဲ ပြန်လည်ဟန့်တားခုခံသဖြင့် တိုက်ခိုက်မှုမအောင်မြင်ခဲ့ကြော
မတ်လ ၂၅ ရက်နေ့  ၁ နာရီ ၃၀ မိနစ်ခန့်  တွင် M-Media မှ ဖုန်းနှင့် ဆက်သွယ်မေးမြန်းနေချိန်အတွင်း ကား နှစ်စီးခန့် ဖြင့် ၀င်ရောက်လာပြီး အော်သံများထွက်လာကြောင်း မွတ်စလင်မ်အမျိုးသမီးကပြောသည်။
“အလ္လာဟ်၊ ဒီမှာလာနေပြီ၊ ၁၀၁ လမ်းထိပ်က ရောင်နက်ပလီကို၊ ဒိုအာလုပ်ပါ (ဆုတောင်းပါ)။ လမ်းထိပ်မှာ ရောင်နက်ဗလီရှိတယ်။ အသံတွေ ဆူဆူညံညံကြားတယ်။ မွတ်စလင်မ်တွေကလည်း သက္ကဘီရ် (ဘုရားစာ) ရွတ်နေကြတယ်။”
အဆိုပါ အကြမ်းဖက်သမားများသည် ကားနှစ်စီးဖြင့် တမြို့ လုံး ပတ်သွားလျက်ပြီး မအူကုန်းမြို့နယ် လမ်းကျယ်၊ မင်္ဂလာတောင်ညွန်မြို့နယ် လမ်း-၁၂၀ ဗလီအနီးနှင့် တ၀ိုက်လမ်းများနှင့် ပန်းပဲတန်းတွင် ရန်စမှုများ ကြိုးစားပြီး ရောင်နက် ဗလီကိုလည်း ခဲများဖြင့် ပစ်ပေါက်သွားကြောင်း မျက်မြင်တဦးက M-Media ကို ပြောပြလာသည်။
Leave a Reply
You must be logged in to post a comment.