မတ်လ ၂၅၊ ၂၀၁၂
M-Media
ဇာဏီ
အုတ်သကုန်း ။ ။ ပဲခူးတိုင်း အုတ်ဖိုပိုင် အုတ်သကုန်းမြို့တွင် အကြမ်းဖက်သမားများက ဗလီအားဖျက်ဆီးရန်ပြုလုပ်ပြီး မွတ်စလင်မ်ပိုင်ဆိုင်များနှင့် အိမ်များအား မတ်လ ၂၄-ရက် ညပိုင်းက ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်သမားများက ယမန်နေ့ညပိုင်းတွင် ပဲခူးတိုင်း အုတ်ဖိုပိုင် အုတ်သကုန်းမြို့ရှိ ဗလီအား ခဲများဖြင့် ထုပေါက်ခဲ့ပြီး ဗလီအား ဖျက်ဆီးရန် လုပ်ဆောင်ခဲ့သည်။ ခဲဖြင့် ပစ်ပေါက် ရမ်းကားမှုကြောင့် ဗလီရှိမှန်များ ကွဲသွားခဲ့ကြောင်း၊ ထို့နောက် ရပ်ကွက်အတွင်းရှိ မွတ်စလင်မ်များပိုင်သော လ္ဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင်များနှင့် မွတ်စလင်မ်အိမ်(၅)အိမ်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ မွတ်စလင်မ်ပိုင် ပေါင်မုန့်တိုက်တစ်တိုက်ကိုလည်း ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ရဲများရှိသော်လည်း ရဲမှ မနိုင်တော့၍ ပြန်ပြေးလာခဲ့ကြောင်း၊ မကြာမီ စစ်တပ်ရောက်လာခဲ့ပြီးမှ ပြန်လည်ငြိမ်သက်သွားကြောင်းသိရသည်။
အုတ်သကုန်းမြို့သည် ပဲခူးတိုင်း၊ အုတ်ဖိုအပိုင်တွင်တည်ရှိသော မြို့ငယ်လေးတစ်ခုဖြစ်ပြီး မင်းလှမြို့နှင့် ၅-မိုင်ခန့်သာ ကွာဝေးပြီး ရထားစီးသွားလျှင် ၁၀-မိနစ်ခန့်သာ သွားရသော မြို့ငယ်လေးဖြစ်သည်။
ယမန်နေ့ညက အုတ်သကုန်းတွင် ဖြစ်ပွားခဲ့သည့်နည်းတူ အုတ်သကုန်းရှိ ရေကျော်ရွာတွင်လည်း မွတ်စလင်မ်ဝတ်ပြုကျောင်းဆောင်ကို ၀ိုင်းဝန်းဖျက်ဆီးကြကြောင်းသိရသည်။ ရေကျော်ရွာမှာ ဆက်သွယ်ရေးခက်ခဲသောကြောင့် ယင်းသတင်း၏ အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း M-Media သတင်းထောက် ဇာဏီမှ သတင်းပေးပို့လာပါတယ်။
Leave a Reply
You must be logged in to post a comment.