News @ M-Media

ဇွန် ၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

ဇွန် ၇၊၂၀၁၃
M-Media

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီမှ ပြည်သူများ၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများအား လျို့ဝှက်သိမ်းဆည်းခဲ့
အမေရိကန် တယ်လီဖုန်းကုမ္ပဏီ ဗာရီဇွန် (Verizon) အား ကမ္ဘာ့အကြီးဆုံး စုံစမ်း ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားလုံခြုံရေး အေဂျင်စီအဖွဲ့  US National Security Agency (NSA) မှ “ အမေရိကန်နိုင်ငံအတွင်း ပြည်သူ အချင်းချင်း နေ့စဉ်ခေါ်ဆိုခဲ့သော ဖုန်းမှတ်တမ်းများ နှင့် ပြည်ပမှ ၄င်းတို့ထံ အမေရိကန်နိုင်ငံ အတွင်းသို့ခေါ်ဆိုခဲ့သော ဖုန်းမှတ်တမ်းများအား တင်ပြရန် ” လျှို့ဝှက် ညွှန်ကြားခဲ့ကြောင်း The Washington Post သတင်းစာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
Read More

အာဟာရပြည့်ဝရေး ကိစ္စသည် ကမ္ဘာ့ဦးစားပေး ဖြစ်ကို ဖြစ်ရမည်ဟု သုတေသနပညာရှင်များ ပြောကြား
ငါးနှစ်အောက် ကလေးငယ်များ၏ သေဆုံးမှု ၄၅% သည် အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သည်ဟု Lancet ဆေးပညာဂျာနယ်ပါ သုတေသနပြုချက်တွင် ဖော်ပြထားပါသည်။ ၎င်းသုတေသနအရ အာဟာရချို့တဲ့ခြင်းကြောင့်  ငါးနှစ်အောက် ကလေးငယ်ပေါင်း ၃.၁သန်းခန့် နှစ်စဉ် သေဆုံးနေကြရသည်။
Read More

မြောက်ကိုးရီးယားတို့ အရေးပေါ်ဆက်သွယ်မှု လိုင်းပြန်ဖွင့်ပြီ
မြောက်ကိုးရီးယားတို့သည် တောင်ကိုးရီးယားနှင့် စက်မှုဇုန်အရေးဆွေးနွေးမည့်နေရာကို ပြောကြားကြပြီးနောက် အဓိက ရေးပေါ်ဆက်သွယ်မှု ဖုန်းလိုင်းကို ပြန်လည်သုံးစွဲပြီဖြစ်သည်။ ပြုံးယမ်းအစိုးရက မတ်လအတွင်းပိတ်ထားခဲ့သည့် ကြက်ခြေနီလိုင်းကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သောကြာနေ့ အစောပိုင်းတွင် ကြေ ညာလိုက်သည်။
Read More

ဆီးရီးယားဒုက္ခသည်တွေအတွက် ဒေါ်လာသန်းပေါင်း ၄ ထောင်ကျော်လိုအပ်
ဒီနှစ်ကုန်လောက်ရောက်ရင် ဆီးရီးယားနိုင်ငံက ဒုက္ခသည် အရေအတွက်ဟာ သုံးသန်းခွဲလောက် ရှိလာတော့မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းလိုက်ပါတယ်။ ဆီးရီးယားပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့  ဒီဒုက္ခသည်တွေအတွက် အရေးပေါ် ကယ်ဆယ်ကူညီရေးရန်ပုံငွေ အဖြစ် ဒေါ်လာသန်းပေါင်း လေးထောင်ကျော် ချထားပေးဖို့လည်း ကုလသမဂ္ဂအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
Read More

ပါကစ္စတန်အစိုးရသစ် စစ်သွေးကြွပြဿနာကိုဖြေရှင်းမည်
ပါကစ္စတန်ဝန်ကြီးချုပ်သစ် Nawaz Sharif ဟာ နိုင်ငံတွင်းရင်ဆိုင်နေရတဲ့ စီးပွားရေးကျဆင်းမှု၊ စွမ်းအင်ပြဿနာနဲ့ စစ်သွေးကြွအန္တရာယ်တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းသွားနိုင်ဖို့ အတွက် ပြည်ထောင်စု အစိုးရ၀န်ကြီးအဖွဲ့ဝင် ၂၅ ဦးကို သောကြာနေ့က မိတ်ဆက်ပေးလိုက်ပါတယ်။

Read More

ဆန္ဒပြတောင်းဆိုမှုတွေ တူရကီဝန်ကြီးချူပ် လိုက်လျောမည်မဟုတ်
တူရကီနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို အစပျိုးခဲ့တဲ့ အီစတန်ဘူ မြို့လယ်က ပန်းခြံငယ်တခုကို ပြန်လည်ပြုပြင်ရေး အစီအစဉ်ကို ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားမှာပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ၀န်ကြီးချုပ် Recep Tayyip Erdogan ကပြောလိုက်ပါတယ်။
Read More

တရုတ်အမေရိကန် ထိပ်သီးဆွေးနွေးပွဲစ
ကမ္ဘာ့ သြဇာအကြီးမားဆုံး ခေါင်းဆောင် နှစ်ယောက်တို့ဟာ ညစာ စားသောက်ကြရင်း အလွတ်သဘော ကမ္ဘာ့အရေးကြီး ပြဿနာတွေ ပြောကြ ဆိုကြမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင် နှစ်ယောက်ကြား အလုပ် သဘောရော ပုဂ္ဂိုလ်ရေးပါ ဆက်ဆံရေး တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။

Read More

Smart ဗီဇာ အတွက် အာဆီယံ ၄ နိုင်ငံ သဘောတူ
ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အတွက် အလွယ်တကူ သွားလာ နိုင်မယ့် ဗီဇာမျိုး ထုတ်ပေး နိုင်ရေး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့ သဘောတူ လက်မှတ် ရေးထိုး လိုက်ကြ ပါတယ်။
Read More

အိုဘားမားထံ ကြက်ဆူဆီအဆိပ်ပါ စာပေးပို့မှုဖြင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီး
အမေရိကန်သမ္မတ ဘာရတ် အိုဘားမား၊ နယူးယောက်ခ်မြို့တော်ဝန် မိုက်ခ် ဘလွန်းဘတ်ဂ်နှင့် တရားမဝင်လက်နက်ဆန့်ကျင်ရေးအဖွဲ့မှ ဒါရိုက်တာတို့ လိပ်မူ၍ ကြက်ဆူဆီအဆိပ် ပါဝင်သော စာသုံးစောင် ပေးပို့ခဲ့မှုနှင့် ဆက်စပ်၍ တက္ကဆက်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
Read More

Comments

Leave a Reply