News @ M-Media

ထိုင်းက တက္ကသိုလ်တခု ကျောင်းသားများကို စာခိုး မချနိုင်အောင် A4 စာရွက်ဦးထုပ်ဝတ်ပြီး စာမေးပွဲဖြေခိုင်းခဲ့

သြဂုတ်လ- ၂၈ ရက်၊ ၂၀၁၃
M-Media

ay_116413965

ထိုင်းနိုင်ငံရှိ Kasetsart တက္ကသိုလ်က စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားများ စာကူးမချ နိုင်စေရန် စာရွက်ဖြင့်ပြုလုပ်ထားသည့် ဦးထုပ်များအား ၀တ်ဆင်စေခဲ့သည်ဟုသိရသည်။

Kasetsart တက္ကသိုလ်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ပါးနှစ်ဖက်အား A4 စာရွက်များဖြင့် ကာထားသည့် အဆိုပါ ဦးထုပ်ဝတ်ဆင်ထားသည့် ကျောင်းသားများ စာမေးပွဲဖြေဆိုနေသည့် ဓာတ်ပုံ လွှင့်တင်ပြီးနောက်ပိုင်း အပြု သဘောဆောင်သည့် မှတ်ချက်များနှင့် ဝေဖန် ကန့်ကွက်သည့် မှတ်ချက်များ ပေါ်ပေါက်လာပြီးနောက် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့က သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ထိုတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဖြစ်သူ Nattadon Rungruangkitkrai က “ဒီကိစ္စနဲ့ ပတ်သက်ပြီးကျောင်းသားတွေနဲ့ ကျနော်တို့မှာ သဘောတူညီချက် တစ်ခုရှိပါတယ်။ ဘယ်ကျောင်းသားကိုမှ ဒီဦးထုပ် ၀တ်ဆင်ဖို့ အတင်းအကျပ်မခိုင်းပါဘူး။

ဒီလိုဝတ်ဆင်ရတဲ့အတွက် သူတို့အားလုံး ပျော်ရွှင်နေကြပြီး၊ ဒါကို ရယ်စရာတစ်ခုအနေနဲ့သာ သဘောထားကြတာပါ။ ဒီလို ၀တ်ထားခြင်းဟာ စာမေးပွဲဖြေနေစဉ်မှာ ပိုပြီး စိတ်သက်သာရာရတယ်လို့ သူတို့ခံစားရပါတယ်။

ဒါဟာ ကျနော်တို့ တက္ကသိုလ်က ကျောင်းသားတွေ စာမေးပွဲဖြေတဲ့အခါ မရိုမသားလုပ်ကြတယ်လို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ တကယ်လို့ တခြားလူတွေက ကျနော်တို့ ကျောင်းသားတွေအပေါ်မှာ ဆိုးရွားတဲ့ အမြင်တွေနဲ့ မြင်လာတယ်ဆိုရင် အဲဒါအတွက် ကျနော်တောင်းပန်ပါတယ်” ဟု ပြောကြားခဲ့သည်။

တစ်ချို့သော အင်တာနက် သုံစွဲသူများက အဆိုပါလုပ်ရပ်အား တက္ကသိုလ်၏ ဂုဏ်သိက္ခာ ကျဆင်းစေသည့် ရှက်ဖွယ် လုပ်ရပ်ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ကြပြီး Nattadon က ထိုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ပထမဦးဆုံးနှင့် နောက်ဆုံး အကြိမ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကိုးကား- http://metro.co.uk
Picture: Kasetsart University/Facebook

Comments

Leave a Reply