အောက်တိုဘာ ၁၃၊ ၂၀၁၃
M-Media
အငယ်လေး
ဒလ ။ ။ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တောင်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ၂၀၀၈-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးဟောပြောပွဲတစ်ရပ်ကို ယနေ့ နံနက် ၉း၀၀-နာရီ အချိန်၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဦးကိုနီမှ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပေဒတစ်ခု သတ်မှတ်ဖို့ ပထမဆုံး စဉ်းစားရမယ့် တစ်ခုက ပြည်သူ့ဆန္ဒနှင့် အညီရေးရန်၊ စဉ်းစားရမည့် အချက်အနေနှင့် ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ပါလီမန် ဒီမိုကရေစီစနစ် နဲ့အုပ်ချူပ်တဲ့နိုင်ငံတိုင်းမှာ နိုင်ငံတော်ရဲ့ မူလ အာဏာပိုင်ရှင်က ပြည်သူလူထုဖြစ်ကြောင်း၊ ပြည်သူ ရွေးချယ်သည့် သူသည်သာ လွှတ်တော်အမတ်ဖြစ်ခွင့်ရှိတယ်ပြီး လွှတ်တော်ကို သွားခွင့်ရှိကြောင်းနှင့် ဥပဒေကို ပေးခွင့်မရှိကြောင်း ပြောပါတယ်။ ဆက်လက်၍ ပြည်သူကပဲ နိုင်ငံတော် အာဏာကိုပိုင်လို့ ပြည်သူရွေးတဲ့သူကပဲ နိုင်ငံတော်ကိုအုပ်ချူပ်ခွင့်ရှိကြောင်းတို့ကို ရှင်းလင်း ဆွေးခဲ့ပါတယ်။
၎င်းနောက် ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင် ဦးထွန်းရင်ကလည်း “ဒီနေ့ ၁၃.၁၀.၂၀၁၃ ရက်နေ့မှာ ကျင်းပတဲ့ အဓိက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒလမြို့နယ် တောင်ပိုင်းခရိုင် ရန်ကုန်တိုင်းဒေသကြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာဟောပြောပွဲ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့အသံ လွတ်တော်အသံ၊ လွတ်တော်အသံဟာ ပြည်သူလူထုရဲ့အသံလို့ ပြောထားပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုရဲ့အသံကိုနားထောင်နေပါတယ်။ အထူးသဖြင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကို ဘယ်လောက် ကိုယ်စားပြုသလဲ၊ ပြည်သူလူထုရဲ့ ဆန္ဒ ဘယ်လောက်ထိပါသလဲ၊ ပြည်သူလူထုရဲ့ ဆန္ဒဟာ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ်မှာ ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုမြင်သလဲ ဆိုတဲ့အသံပါ။ ဒီရည်ရွယ်ချက်ကို ကျွန်တော်တို့က အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါတယ်။ ဒီနေ့ ပြည်သူ လူထု တက်လာတဲ့ ၁၀၀၀ ဝန်းကျင် လောက် လူထုမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အသစ်ရေးဆွဲမလား ဒါမှမဟုတ် ပြင်မလား ဒါမှမဟုတ် အစားထိုးဖြည့်စွက်မလား ဒါသူတို့ရဲ့ သဘောထား ဆန္ဒအမှန်ကို ကျွန်တော်တို့သိချင်လို့ လူထုရဲ့သဘောထား ဆန္ဒအမှန်ကိုထင်ဟပ်စေချင်လို့ ဒီပွဲကို စီစဉ်ခြင်းဖြစ်ပါတယ်လို့ ဒလမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား ဦးထွန်းရင်ကပြောကြားသွားခဲ့ ပါတယ်။
ထို့နောက် ပြည်သူလူထုရဲ့သဘောထား ဆန္ဒအမှန်ကိုကောက်ခံရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့အတွက် ၉၀% ကျော်ထောက်ခံခဲ့ပြီး ၊ အသစ်ရေးဆွဲရာမှာ တော့ ၁၀% ကျော်သာ ထောက်ခံခဲ့ကြောင်း ဤကောက်ခံမှုကို ၎င်းအခမ်းနားရဲ့ သဘာပတိ ဦးမြင့်ဌေးမှ အတည်ပြုပေးခဲ့ပါတယ်။
အခမ်းအနားသို့ လူအင်အား ၁၀၀၀ ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြပါတယ်။
Leave a Reply
You must be logged in to post a comment.