News @ M-Media

၂၀၁၃ နိုဝင်ဘာမှ စပြီး မီတာခများ ဈေးတက်ပြီ

အောက်တိုဘာ- ၂၉
M-Media
သတင်း- KK

meters eco eye tranmitter၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး  မီတာခများ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း  လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာ၊ ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓါတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ ကာမိစေရန် မီတာ တယူနစ် နှုန်းထားများကို ပြင်ဆင် သတ်မှတ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါရှိသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် ဓါတ်အားခ နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) အများပြည်သူ (အိမ်သုံး)
————————————-
(၁) ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
(၂) ၁၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်

(ခ) အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ယာယီ)
———————————————————————
(၁) ၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
(၂) ၅၀၀၀၁ ယူနစ်နှင့်အထက် ၁၅၀ ကျပ်

(ဂ) အစိုးရဌာန
——————–
(၁) ရုံးသုံး ၅၀ ကျပ်
(၂) စက်မှုသုံး ၁၀၀ ကျပ်

အထက်ပါနှုန်းထားများ အတိုင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ငွေတောင်းခံလွှာများတွင် စတင်ပါရှိမည်ဟု ကြေညာချက်မှာ ဖော်ပြပါရှိသည်။

ကိုးကား-သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Comments

Leave a Reply