News @ M-Media

တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

အောက်တိုဘာ-၂၉ ၂၀၁၃
M-Media
စုစည်းတင်ဆက်သူ- daythanix

Google ရဲ့ Project Shield

သတင်း website အသေးစားများ၊ ရွေးကောက်ပွဲ website များ၊ လူ့အခွင့်အရေး website များကဲ့သို့ အသေးစား website များအတွက် Google က သူတို့ကိုယ်တိုင် သုံးတဲ့ DDoS ကာကွယ်ရေးစနစ်ကို အသုံးပြုပြီး ဒီ website လေးတွေရဲ့ အချက်အလက် ကို  Google ဆက်သွယ်မှုက တစ်ဆင့် စီးဆင်းစေခြင်းနဲ့ ကာကွယ်ပေးသွားမည့် အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ https://projectshield.withgoogle.com/ ဖြစ်ပါတယ်
shield————————————————————–

တစ်ကိုယ်ရေသုံး လေသန့်စက်

Electrolux Design Lab ရဲ့ နည်းပညာသစ်ပြိုင်ပွဲမှာ  ရုရှနိင်ငံက Alexandr Kostin ရဲ့Hand Tree design concept ဆုရသွားပါတယ်။ ဒီလိုလက်မှာပတ်ထားရုံနဲ့ ပါတ်ဝန်းကျင်က လေထုကို သန့်စင်သွားနိုင်မယ်ဆိုရင် ကမ္ဘာ့လေထုကိုတောင် သန့်စင်သွားနိုင်မှာ ဖြစ်ပါတယ်။ Hand Tree လို့ နာမည်ပေးထားသလိုပဲ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။

handtree————————————————————–

ကမ္ဘာနဲ့ လ အကြား မြန်နှုန်းမြင့် ဆက်သွယ်ရေး နာဆာစမ်းသပ်

စက်တင်ဘာလအတွင်းက လွှတ်တင်ခဲ့တဲ့ လသို့သွားတဲ့ အာကာသယာဉ် LADEE နဲ့ ဆက်သွယ်ရာမှာ လေဆာ နည်းပညာသစ်နဲ့ ပို့လွှတ်စမ်းသပ်ခဲ့ပါတယ်။  download speedsကတော့ 622  Mbps ရှိပြီးတော့ upload rate ကတော့ 20 Mbps ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ အင်တာနက် ဆက်သွယ်မှု အမြန်နှုန်းကတော့  256 Kbps သာရှိပါတယ်။

————————————————————–

Sony Smart watch 2 အသစ် ကို ထုတ်ဖေါ်ပြသ

Sonyက  Smart watch 2 လက်ပတ်နာရီကို အရင်အပါတ်က ဈေးကွက်ကို ထုတ်ဖေါ်ပြသလိုက်ပါတယ်။ ဒေါ်လာ ၂၀၀ လောက်နဲ့ ရောင်းမယ့် ‘ဒီနာရီကို Android version အနည်းဆုံ 4.0 Ice Cream Sandwich သုံးတဲ့ မည်သည့် ဖုန်းနဲ့မဆို တွဲပြီးသုံးနိုင်ပါတယ်။ ဖုန်းနဲ့ ဆက်သွယ်မှုအတွက် bluetooth 3.0 ကို အသုံးပြု ထားပါတယ်။
sony

————————————————————–

LG ရဲ့ ကွေးညွတ်ထားတဲ့ မျက်နှာပြင်နဲ့G Flex

၆လက္မ မျက်နှာပြင်ရှိတဲ့ ကွေးညွတ်ထားတဲ့ မျက်နှာပြင်နဲ့ ဖုန်းကို LG က ထုတ်ဖေါ်ပြသလိုက်ပါတယ်။ အရင်အပါတ်ကလည်း Samsung က ကွေးညွတ်ထားတဲ့ မျက်နှာပြင်နဲ့ ဖုန်းတစ်မျိုး ထုတ်လုပ်ခဲ့ပါတယ်။ Samsung ရဲ့ ဖုန်းက လက်ဖဝါးထဲမှာ ကိုင်တွယ်လို့ ကောင်းအောင် ဘေးဘက်တွေ ကွေးထားတာ ဖြစ်ပြီး LG ရဲ့ ဖုန်းကတော့ မျက်နှာနဲ့ အဆင်ပြေနိုင်အောင် အထက်အောက် ကွေးညွတ်ထားပါတယ်။
LG

Comments

Leave a Reply