နိုဝင်ဘာ ၁၅-၂၀၁၃
M-Media
သီရိ
နေပြည်တော်။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဗိုလ်မှူးချုပ် အောင်သော်၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဒေါက်တာ မောင်မောင်ဌေး၊ ဦးဘုန်းဆွေနှင့် တာဝန်ရှိသူများသည် နေပြည်တော်တွင်ရောက်ရှိနေသော အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) အထွေထွေအတွင်းရေးမှူး မစ္စတာ အီမယ်လ်ဒင် အီဆန် အိုဂလူနှင့် OIC အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများပါသောအဖွဲ့အား နိုဝင်ဘာလ ၁၄ ရက် ညနေ ၄ နာ၇ီတွင် နိုင်ငံတော် သမ္မတအိမ်တော်ရှိ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဆော်ရေအားရေးဗီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မလေးရှားနိုင်ငံတို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး ထိုဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းသာယာရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ကိုးကား- သမ္မတရုံးဝဘ်ဆိုဒ်
Leave a Reply
You must be logged in to post a comment.